- အစိုးရ တော်တော်ရီစရာ ကောင်းတယ်ဗျ ။
ငါးလောင်းပြိုင် လူသတ်မှု
ကချင်ဆရာမနှစ်ဆုံး သေဆုံးမှု
ဦးပါကြီး အသတ်ခံရမှု
မြို့လယ်ခေါင်မှာတွေ့တဲ့ ဘိန်းမှုတွေ
ဇေကမ္ဘာဝင်းထဲက မူးယစ်ဆေးဝါး ကားတစ်စင်းလုံးမိတဲ့ အမှုတွေကျ ရအောင် မစုံစမ်းမဖော်ထုတ်ဘဲ
ဘာမှမဟုတ်တဲ့ ခင်ဗျားတို့ပုံတွေ photo shop လုပ်ပြီး လူမှုကွန်ယက်ပေါ်တင်တဲ့အမှုကျ မရမက စုံးစမ်းနေကြတယ်။ ဖင်ထဲ ခဲဝင်သလို မနေနိုင်မထိုင်ဖြစ်ပြီး အရေးယူချင်နေကြတယ်။
သူ့တို့ထိရင်သာ တီ ဆားနဲ့တို့သလို မခံနိုင်ဖြစ်နေတာ။ လူထုခေါင်းဆောင်ကို စော်ကားတာတွေ ခြိမ်းခြောက်တာတွေကျ ထိထိရောက်ရောက် အရေးယူပေးတာမရှိဘူး။
ဒါ့အပြင် သူတို့ကို ဆောင်းပါးနဲ့ထိထိမိမိ ဝေဖန်တဲ့သူတွေ သရော်စာရေးတဲ့သူတွေကိုတောင် အရေးယူချင်နေတဲ့ သဘောရှိတယ်။
ကိုယ်ကကျတော့ မှန်တာဘာမှမလုပ်ဘဲ အမှန်တရားကို ပြောတဲ့သူတွေကိုတော့ ဖမ်းလားဆီးလား လုပ်ချင်ကြတယ်။
You တို့ရဲ့ အဖြစ်က သုဘရာဇာတစ်ယောက် သရဲကြောက်သလို ဖြစ်နေပြီ။
ခင်ဗျားတို့ အခုလို အရေးယူတာ ဒီမိုကရက်တစ်တွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတာပဲ။ ဒီမိုကရက်တွေက အလကား စာရေးနေကြတာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ မဟာအမှားကြီးတွေကို ခင်ဗျားတို့ သိအောင်လို့ရေးနေကြတာ။ အခုလို ဖမ်းဆီးပြတာဟာ ဒီမိုကရက်တွေရဲ့ စာတွေကို ခင်ဗျားတို့ ဖတ်ကြတယ်ဆိုတဲ့ သက်သေပဲ။ ဒါ့အပြင် 'ဓားသွားထက် ကလောင်သွားကထက်တယ်'ဆိုတဲ့ စကားပုံကို သက်သေပြလိုက်တာပဲ။
ခင်ဗျားတို့က ကိုယ်ခန္ဓာက ပိုလီယို၊ စိတ်ဓာတ်က ဇီကာဗိုင်းရပ်၊ ဦးနှောက်က သူငယ်နာဦးနှောက်ပိုင်ရှင်ေ တွ။
ပြည်သူတစ်ရပ်လုံးကို ရာစုနှစ်တစ်ဝက်ကျော် ညှင်းပန်းနှိပ်စက်တာကိုတော့ မမြင်ဘူး။ ခင်ဗျားတို့ကို စာလေးတစ်ကြောင်း ဓာတ်ပုံတစ်ပုံနဲ့ သရော်တာကျတော့ နောက်ဆုံးအဆင့် ကင်ဆာရောဂါသည်လို သည်းပြနေတယ်။
ပြောတော့ဒီမိုကရေစီ၊ လုပ်နေတာက အာဏာရှင် လုပ်ရပ်
ဇင်ဘာဘွေ သမ္မတ မူဂါဘီကတောင် ယုတ်ညံတဲ့နေရာမှာ ဆရာခေါ်ရလောက်တယ်။ ခင်ဗျားတို့အဖြစ်က တခြားနိုင်ငံတွေကြည့်ရင် ရီလည်းရီချင်စရာ၊ ရှက်စရာလည်း ကောင်းတယ်။ အပ်ပျောက်ရာဆင်စီးရှာ၊ ဆင်ပျောက်ရာ ဇကာနဲ့ချဆိုသလို မလုပ်သင့် မလုပ်အပ်တာတွေ လုပ်နေတာကိုး။
ခေတ်ကိုကလည်း 'သူခိုးက လူလူ'ဟစ်နေတဲ့ ခေတ်ဗျ။
မကောင်းတာလုပ်တဲ့သူတွေ ကြီးပွားနေတဲ့ခေတ်။
ဘာပဲပြောပြော အခုလို ဖမ်းဆီးအရေးယူပြလို့ ဒီမိုကရက်တွေ လက်တွန့်သွားလိမ့်မယ် မထင်လေနှင့်။ တက်ကျိုးရင် လက်နဲ့လှော်မယ့်သူတွေ အများကြီးရှိတယ်ဆိုတာ သိစေချင်တယ်ဗျာ ။
Yar Pyae - Newzealand
.
Credit : Yar Pyae - Newzealand
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
15-02-2016
ငါးလောင်းပြိုင် လူသတ်မှု
ကချင်ဆရာမနှစ်ဆုံး သေဆုံးမှု
ဦးပါကြီး အသတ်ခံရမှု
မြို့လယ်ခေါင်မှာတွေ့တဲ့ ဘိန်းမှုတွေ
ဇေကမ္ဘာဝင်းထဲက မူးယစ်ဆေးဝါး ကားတစ်စင်းလုံးမိတဲ့ အမှုတွေကျ ရအောင် မစုံစမ်းမဖော်ထုတ်ဘဲ
ဘာမှမဟုတ်တဲ့ ခင်ဗျားတို့ပုံတွေ photo shop လုပ်ပြီး လူမှုကွန်ယက်ပေါ်တင်တဲ့အမှုကျ မရမက စုံးစမ်းနေကြတယ်။ ဖင်ထဲ ခဲဝင်သလို မနေနိုင်မထိုင်ဖြစ်ပြီး အရေးယူချင်နေကြတယ်။
သူ့တို့ထိရင်သာ တီ ဆားနဲ့တို့သလို မခံနိုင်ဖြစ်နေတာ။ လူထုခေါင်းဆောင်ကို စော်ကားတာတွေ ခြိမ်းခြောက်တာတွေကျ ထိထိရောက်ရောက် အရေးယူပေးတာမရှိဘူး။
ဒါ့အပြင် သူတို့ကို ဆောင်းပါးနဲ့ထိထိမိမိ ဝေဖန်တဲ့သူတွေ သရော်စာရေးတဲ့သူတွေကိုတောင်
ကိုယ်ကကျတော့ မှန်တာဘာမှမလုပ်ဘဲ အမှန်တရားကို ပြောတဲ့သူတွေကိုတော့ ဖမ်းလားဆီးလား လုပ်ချင်ကြတယ်။
You တို့ရဲ့ အဖြစ်က သုဘရာဇာတစ်ယောက် သရဲကြောက်သလို ဖြစ်နေပြီ။
ခင်ဗျားတို့ အခုလို အရေးယူတာ ဒီမိုကရက်တစ်တွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတာပဲ။ ဒီမိုကရက်တွေက အလကား စာရေးနေကြတာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ မဟာအမှားကြီးတွေကို ခင်ဗျားတို့ သိအောင်လို့ရေးနေကြတာ။ အခုလို ဖမ်းဆီးပြတာဟာ ဒီမိုကရက်တွေရဲ့ စာတွေကို ခင်ဗျားတို့ ဖတ်ကြတယ်ဆိုတဲ့ သက်သေပဲ။ ဒါ့အပြင် 'ဓားသွားထက် ကလောင်သွားကထက်တယ်'ဆိုတဲ့ စကားပုံကို သက်သေပြလိုက်တာပဲ။
ခင်ဗျားတို့က ကိုယ်ခန္ဓာက ပိုလီယို၊ စိတ်ဓာတ်က ဇီကာဗိုင်းရပ်၊ ဦးနှောက်က သူငယ်နာဦးနှောက်ပိုင်ရှင်ေ
ပြည်သူတစ်ရပ်လုံးကို ရာစုနှစ်တစ်ဝက်ကျော် ညှင်းပန်းနှိပ်စက်တာကိုတော့
ပြောတော့ဒီမိုကရေစီ၊ လုပ်နေတာက အာဏာရှင် လုပ်ရပ်
ဇင်ဘာဘွေ သမ္မတ မူဂါဘီကတောင် ယုတ်ညံတဲ့နေရာမှာ ဆရာခေါ်ရလောက်တယ်။ ခင်ဗျားတို့အဖြစ်က တခြားနိုင်ငံတွေကြည့်ရင် ရီလည်းရီချင်စရာ၊ ရှက်စရာလည်း ကောင်းတယ်။ အပ်ပျောက်ရာဆင်စီးရှာ၊ ဆင်ပျောက်ရာ ဇကာနဲ့ချဆိုသလို မလုပ်သင့် မလုပ်အပ်တာတွေ လုပ်နေတာကိုး။
ခေတ်ကိုကလည်း 'သူခိုးက လူလူ'ဟစ်နေတဲ့ ခေတ်ဗျ။
မကောင်းတာလုပ်တဲ့သူတွေ ကြီးပွားနေတဲ့ခေတ်။
ဘာပဲပြောပြော အခုလို ဖမ်းဆီးအရေးယူပြလို့ ဒီမိုကရက်တွေ လက်တွန့်သွားလိမ့်မယ် မထင်လေနှင့်။ တက်ကျိုးရင် လက်နဲ့လှော်မယ့်သူတွေ အများကြီးရှိတယ်ဆိုတာ သိစေချင်တယ်ဗျာ ။
Yar Pyae - Newzealand
.
Credit : Yar Pyae - Newzealand
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
15-02-2016

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။