ခွေးက ရန်မူတဲ့ပုံပေါက်တာနဲ့ ထွက်မပြေးပါနဲ့။ သားကောင်ကိုလိုက်ပြီးဖမ်းရမယ်ဆိုတဲ့ ခွေးရဲ့တိရိစ္ဆာန်စိတ်ကို လှုံ့ဆော်ပေးသလိုဖြစ်သွားပါလိမ့်မယ်။
၁ - ကြောက်ကြောင်းမပြနဲ့
ခွေးကိုယုံကြည်မှုရသွားစေမှာဖြစ်တာကြောင့် သူ့ကို ကြောက်တဲ့ပုံစံမလုပ်ပါနဲ့။ သူ့ကိုခြိမ်းခြောက်တဲ့ ပုံလည်းမလုပ်ပါနဲ့။ တည်ငြိမ်ပါ။
၂ - အနားကပ်လာရင်
play
အနားကိုဖြေးဖြေးချင်းကပ်လာရင် သစ်ပင်တစ်ပင်လို လက်နှစ်ဖက်ကို ဘေးကပ်ပြီး ငြိမ်ငြိမ်လေးရပ်နေပါ။ မျက်လုံးချင်းမဆုံပါနဲ့။
၃ - မပြေးနဲ့
play
ခွေးက ရန်မူတဲ့ပုံပေါက်တာနဲ့ ထွက်မပြေးပါနဲ့။ သားကောင်ကိုလိုက်ပြီးဖမ်းရမယ်ဆိုတဲ့ ခွေးရဲ့တိရိစ္ဆာန်စိတ်ကို လှုံ့ဆော်ပေးသလိုဖြစ်သွားပါလိမ့်မယ်။
၎ - အာရုံလွှဲ
play
ခွေးဟာထွက်မသွားသေးဘဲ သင့်ကိုဆက်ရန်မူတယ်ဆိုရင် အာရုံလွဲတဲ့အနေနဲ့ သင့်မှာပါလာတဲ့ ပစ္စည်းတစ်ခုကို သူကိုက်ဖို့ထိုးပေးလိုက်ပါ။
၅ - ရင်ဆိုင် အမိန့်ပေး
play
မာမာထန်ထန်ဟန်နဲ့ အော်ငေါက်ထုတ်ပါ။
၆ - ပြန်တိုက်
play
သူက ဝင်ကိုက်လာတယ်ဆိုရင်တော့ လျင်လျင်မြန်မြန်ပဲ ခြေထောက်နဲ့ဖြတ်ကန်တာမျိုး ကိုယ့်ဘက်ကအရင်လုပ်ပါ။
၇ - ခန္ဓာကိုယ်ကိုသုံး
play
ခွေးတွေဟာ အကိုက်သမားတွေဖြစ်ပါတယ်။ နပန်းမလုံးနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်၊ သင့်ဒူးခေါင်းတွေကို သုံးပြီး ဝိတ်နဲ့တက်ဖိထားပါ။
၈ - သတိထား
play
မျက်နှာ၊ရင်ဘတ်နဲ့ လည်ပင်းတွေကိုသတိထားပါ။ ဒီနေရာတွေဟာ ခွေးတွေတိုက်ခိုက်ဖို့ လွယ်ပါတယ်။
၉ - ဖြည်းဖြည်း
play
ခွေးဟာ သင့်ကို စိတ်မဝင်စားတော့ဘူးဆိုရင်လည်း အဆိုပါနေရာကနေ အလျင်စလိုမထွက်ပါနဲ့။ ဖြည်းဖြည်းချင်းထွက်ပါ။
Credit - Duwun
Search Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။