လူငယ်တွေကို အလေးထားသူများ
တက္ကသိုလ်မှာ နည်းပညာလေးကို ဟိုစပ်စက် သည်စပ်စပ် စမ်းသပ်ရင်းက အောင်မြင်ကျော်ကြားသွားတဲ့ သူတွေထဲမှ ဇပ်ကာဘတ်ဆိုတဲ့ ငနဲလေးတစ်ယောက်လည်းပါသဗျ။ ခုဆို ကျွန်တော်နဲ့ ကျွန်တော့် မိတ်ဆွေတွေ ဆက်သွယ်ပြောဆိုခွင့်ရနေတာ အဲဒီ ငနဲလေး ကျေးဇူး အများကြီးပါတယ်။ သူ့ကြောင့် Facebook ဆိုတာကြီး ဖြစ်ပေါ်လာခဲ့တာလေ။
အဲဒီ ငနဲလေးက ၁၉၈၄ ခုနှစ်ဖွားဆိုတော့ ခုမှ အသက် ၃၂ နှစ်ပဲရှိသေးတာ။ Facebook ရဲ့ CEO တဲ့ဗျာ။ ပိုင်ဆိုင်မှုကလည်း ဒေါ်လာ ၃၆ ဘီလီယံလောက်ချမ်းသာနေတာ။ ကျွန်တော်တို့နိုင်ငံမှာ သူ့အရွယ်နဲ့ သမာအာဇီဝ လုပ်စားပြီးတော့ သူ့လိုချမ်းသာတဲ့သူများ ရှိရဲ့လား။
အမေရိကန်ပြည်ထောင်စုမှာ သူဖွင့်ထားတဲ့ Fac ebook ကုမ္ပဏီကို တွေ့ဖူးကြမှာပေါ့။ ဂိုဒေါင်ကြီးလိုအထဲမှာ အားလုံးတစ်ပြေးညီ ညီအစ်ကို မောင်နှစ်မတွေလို ပျော်ရွှင်စွာ လုပ်ကိုင်နေကြတာ။ အဆင့်အတန်းလည်း ဘာမှ ခွဲခြားမှုမရှိ အလုပ်ဖြစ်ရေးကို ဦးစားပေးနေတဲ့ အဲဒီ ငတိလေးဆီကို စင်ကာပူနိုင်ငံက ဝန်ကြီးချုပ် လီဆင်လွန်းက သွားရောက်တွေ့ဆုံတဲ့သတင်း မကြာသေးမီက ဖတ်လိုက်ရပါတယ်။
လီဆင်လွန်းဟာ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ကွန်ပျူတာ Code တွေကို ရေးနိုင်တဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ပဲဗျ။ ကွန်ပျူတာနည်းပညာအကြောင်း ကောင်းကောင်း နားလည်သလို ပညာရှင်တွေကို ကြီးသည် ငယ်သည်မရွေး အားပေးတတ်တဲ့ပုဂ္ဂိုလ် လည်းဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတစ်ယောက်က သူ့ဆီကိုလာလည်တယ်ဆိုတော့ ဇပ်ကာဘတ်လည်း အရမ်း ဝမ်းသာသွားတော့တာပေါ့။ ချက်ချင်း အွန်လိုင်းပေါ်ကို ပုံတွေ ကောက်တင်တယ်။ သူ့ဆီကို အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ် မစ္စတာ နရန်ဒါ မိုဒီလည်း ၂၀၁၅ စက်တင်ဘာလက လာတွေ့ခဲ့ဖူးတယ်။
ဇပ်ကာဘတ်ဆိုတာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ကေ တာင်
လာပြီးတော့ နှုတ်ဆက် ဂုဏ်ပြုရလောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့
ကောင်လေးဖြစ်သွားပြီဗျာ။ လူငယ်တွေ တိုးတက်အောင် တိုင်းပြည်တစ်ပြည်မှာ
မြေတောင်မြှောက်ပေးနိုင် တဲ့ ခေါင်းဆောင် ကောင်းတွေ လိုပါတယ်။
လူငယ်တွေကို အခွင့်အလမ်းတွေ၊ ဖန်တီးခွင့်တွေ၊ လုပ်ဆောင်ခွင့်တွေ၊
အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဖန်တီးပေးထားရင် လူငယ်တွေဟာ သူတို့
ဘယ်လမ်းကို ဘယ်လိုသွားရမယ်ဆိုတာ သိကြပါတယ်ဗျာ ။
လမ်းပိတ်ထားရင် လူငယ်ဆိုတာ ထိုးဖောက်ထွက်မှာပဲဗျ။ ထိုးဖောက်ထွက်လိုက်တဲ့ တစ်ဘက်မှာလည်း ထောင်တံခါးကို ဖွင့်ထားပြီး ဆွဲထည့်သွားတယ်ဆိုရင် လူငယ်တွေအတွက် အနာဂတ်ဆိုတာ ဘယ်ရှိနိုင်တော့ မှာလဲ။
တိုးတက်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေဟာ လူငယ်တွေကို ဘယ်လိုလေးစားရမယ်၊ တန်ဖိုးထားရမယ်၊ မြေ တောင်မြှောက်ရမယ်၊ ချီးမြှင့်ဂုဏ်ပြုရမယ် ဆိုတာ ကောင်းကောင်းသိကြတယ်။ လူငယ်ဆိုတာကို လက်မြှောက်တာနဲ့ ထောင်ထဲရောက်အောင် ပို့နေတဲ့ နိုင်ငံတွေကတော့ လူငယ်နဲ့ ခေါင်းဆောင်ဆိုတာ ဘယ်တော့မှ အစေးကပ်မှာလည်း မဟုတ်ပါဘူးဗျာ။
Tin Nyunt
တက္ကသိုလ်မှာ နည်းပညာလေးကို ဟိုစပ်စက် သည်စပ်စပ် စမ်းသပ်ရင်းက အောင်မြင်ကျော်ကြားသွားတဲ့ သူတွေထဲမှ ဇပ်ကာဘတ်ဆိုတဲ့ ငနဲလေးတစ်ယောက်လည်းပါသဗျ။ ခုဆို ကျွန်တော်နဲ့ ကျွန်တော့် မိတ်ဆွေတွေ ဆက်သွယ်ပြောဆိုခွင့်ရနေတာ အဲဒီ ငနဲလေး ကျေးဇူး အများကြီးပါတယ်။ သူ့ကြောင့် Facebook ဆိုတာကြီး ဖြစ်ပေါ်လာခဲ့တာလေ။
အဲဒီ ငနဲလေးက ၁၉၈၄ ခုနှစ်ဖွားဆိုတော့ ခုမှ အသက် ၃၂ နှစ်ပဲရှိသေးတာ။ Facebook ရဲ့ CEO တဲ့ဗျာ။ ပိုင်ဆိုင်မှုကလည်း ဒေါ်လာ ၃၆ ဘီလီယံလောက်ချမ်းသာနေတာ။ ကျွန်တော်တို့နိုင်ငံမှာ သူ့အရွယ်နဲ့ သမာအာဇီဝ လုပ်စားပြီးတော့ သူ့လိုချမ်းသာတဲ့သူများ ရှိရဲ့လား။
အမေရိကန်ပြည်ထောင်စုမှာ သူဖွင့်ထားတဲ့ Fac ebook ကုမ္ပဏီကို တွေ့ဖူးကြမှာပေါ့။ ဂိုဒေါင်ကြီးလိုအထဲမှာ အားလုံးတစ်ပြေးညီ ညီအစ်ကို မောင်နှစ်မတွေလို ပျော်ရွှင်စွာ လုပ်ကိုင်နေကြတာ။ အဆင့်အတန်းလည်း ဘာမှ ခွဲခြားမှုမရှိ အလုပ်ဖြစ်ရေးကို ဦးစားပေးနေတဲ့ အဲဒီ ငတိလေးဆီကို စင်ကာပူနိုင်ငံက ဝန်ကြီးချုပ် လီဆင်လွန်းက သွားရောက်တွေ့ဆုံတဲ့သတင်း မကြာသေးမီက ဖတ်လိုက်ရပါတယ်။
လီဆင်လွန်းဟာ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ကွန်ပျူတာ Code တွေကို ရေးနိုင်တဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ပဲဗျ။ ကွန်ပျူတာနည်းပညာအကြောင်း ကောင်းကောင်း နားလည်သလို ပညာရှင်တွေကို ကြီးသည် ငယ်သည်မရွေး အားပေးတတ်တဲ့ပုဂ္ဂိုလ် လည်းဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတစ်ယောက်က သူ့ဆီကိုလာလည်တယ်ဆိုတော့ ဇပ်ကာဘတ်လည်း အရမ်း ဝမ်းသာသွားတော့တာပေါ့။ ချက်ချင်း အွန်လိုင်းပေါ်ကို ပုံတွေ ကောက်တင်တယ်။ သူ့ဆီကို အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ် မစ္စတာ နရန်ဒါ မိုဒီလည်း ၂၀၁၅ စက်တင်ဘာလက လာတွေ့ခဲ့ဖူးတယ်။
ဇပ်ကာဘတ်ဆိုတာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ကေ
လမ်းပိတ်ထားရင် လူငယ်ဆိုတာ ထိုးဖောက်ထွက်မှာပဲဗျ။ ထိုးဖောက်ထွက်လိုက်တဲ့ တစ်ဘက်မှာလည်း ထောင်တံခါးကို ဖွင့်ထားပြီး ဆွဲထည့်သွားတယ်ဆိုရင် လူငယ်တွေအတွက် အနာဂတ်ဆိုတာ ဘယ်ရှိနိုင်တော့ မှာလဲ။
တိုးတက်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေဟာ လူငယ်တွေကို ဘယ်လိုလေးစားရမယ်၊ တန်ဖိုးထားရမယ်၊ မြေ တောင်မြှောက်ရမယ်၊ ချီးမြှင့်ဂုဏ်ပြုရမယ် ဆိုတာ ကောင်းကောင်းသိကြတယ်။ လူငယ်ဆိုတာကို လက်မြှောက်တာနဲ့ ထောင်ထဲရောက်အောင် ပို့နေတဲ့ နိုင်ငံတွေကတော့ လူငယ်နဲ့ ခေါင်းဆောင်ဆိုတာ ဘယ်တော့မှ အစေးကပ်မှာလည်း မဟုတ်ပါဘူးဗျာ။
Tin Nyunt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။