Facebook တည်ထောင်သူနဲ့ CEO အဖြစ်လုပ်ကိုင်နေတဲ့သူဖြစ်တဲ့ Mark Zuckerberg (မာ့ခ်ဇူကာဘတ်) ဟာဆိုရင်တော့ သူ့အနေနဲ့ တစ်နှစ်လစာအနေနဲ့ တစ်ဒေါ်လာသာ ရရှိပါတယ်။ သူဟာဆိုရင်တော့ နောက်ပိုင်းကာလတွေမှာ ရရှိနေတဲ့ Facebook ရဲ့ ဘောက်ဆူးအပိုပိုက်ဆံတွေနဲ့ ၊အမြတ်ငွေတွေအားလုံးကိုလည်းမယူဘဲနဲ့ ငြင်းပယ်ထားတဲ့သူတစ်ယောက်ပါ။
သူဟာ ဒီလိုလုပ်ရပ်တွေ ပြုလုပ်နေပေမယ့်လည်း သူပိုင်ဆိုင်ထားတဲ့ Facebook ရဲ့ ရှယ်ယာတွေက ဘီလျံနာတစ်ယောက်ဖြစ်အောင် တွန်းတင်ပေးခဲ့တာပါ။ ဇူကာဘတ်ဟာဆိုရင်တော့ ၂၀၁၁ ခုနှစ်မှာတော့ တစ်နှစ်လုပ်ခ ဒေါ်လာငါးသိန်းရယူခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ တစ်နှစ်လုပ်ခငွေ တစ်ဒေါ်လာသာယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဘာ့ကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။
“ ကျွန်တော်က ဒီအချိန်မှာတော့ ကိုယ့်အတွက်လုံလောက်နိုင်မယ့် ပိုက်ဆံကို ရှာဖွေနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ အခုဆိုရင်တော့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးအရာတွေကို ဆက်လက်တီထွင်နိုင်ဖို့ပဲ ကြိုးစားနေပါတယ်။ ကျွန်တော်လူသားတွေကို Facebook ဆိုတဲ့ အရာတစ်ခုနဲ့ အကူအညီပေးနိုင်ခဲ့ပြီ။ သူတို့ရဲ့ အကြောင်းအရာတွေကို ကမ္ဘာအနှံ့ ဝေမျှနိုင်ဖို့နဲ့ ချိတ်ဆက်နိုင်ဖို့ စွမ်းအားတွေကို ကျွန်တော်ပေးနိုင်ခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့တော့ ကမ္ဘာကြီးမှာ လိုအပ်နေတဲ့ နည်းပညာတွေကို ဖြည့်စွက်ပေးနိုင်မယ့် လူတစ်ယောက်အဖြစ်ပဲ နေထိုင်ချင်တော့တယ် ” လို့ ဇူကာဘတ်က ပြောပါတယ်။
တခြားသူ့လိုပဲ တစ်နှစ်ကို လစာတစ်ဒေါ်လာသာ ရယူနေတဲ့သူတွေကတော့ Oracle ရဲ့ CEO ဖြစ်သူ Larry Ellison နဲ့ Google ရဲ့ co-founder ဖြစ်တဲ့ Larry Page တို့ပဲဖြစ်ပါတယ်။သူတို့ဒီလိုတစ်ဒေါ်လာကို ထူးဆန်းဖွယ်ရယူနေရတာကလည်း အမေရိကန်နိုင်ငံရဲ့ နိုင်ငံသားတစ်ဦးမှာ ဝင်ငွေအနည်းဆုံး တစ်ဒေါ်လာတော့ရှိရမယ်ဆိုတဲ့ ဥပဒေကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။
Mark Zuckerberg ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့မှတ်တမ်းတွေအရတော့ ဒေါ်လာ ၄၆ ဘီလျံကြွယ်ဝပြီးတော့ ကမ္ဘာ့ဆဋ္ဌမမြောက် အကြွယ်ဝဆုံးသူဋ္ဌေးတစ်ယောက်လည်း ဖြစ်ပါတယ်။
( Paing A K )
Search Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။