"ဆည်းဆာတို့၏အနာဂတ်" (မင်းလူ)
========================
သက်ကြီးရွယ်အိုတွေမှာ အနာဂတ်ရှိသလား။ ရှိလျှင် ဘယ်လိုမျိုးလဲ။ သက်ကြီးရွယ်အိုတွေကတော့ သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုသဘောထားသလဲ စဉ်းစားကြည့်မိပါသည်။
နုပျိုသူတို့အတွက် အနာဂတ်ဆိုသည်မှာ တက်သစ်စ နံနက်ခင်းနေရောင်ခြည်နှင့်တူပြီး လူအိုများအတွက်တော့ အနာဂတ်ဆိုသည်မှာ ညနေဆည်းဆာရောင်ခြည်နှင့် တူသည်ဟု ဆိုကြသည်။
နံနက်ခင်းနေခြည်သည် အားတက်စရာအတိဖြစ်၏။ ရှေ့ဆက်ပြီး ပိုမိုလင်းလက်တောက်ပလာဖို့သာရှိသည်။
ထို့အတူ ပိုမိုပူပြင်းလာစရာလည်း ရှိနေ၏။ တစ်နေ့တာလုံး ပင်ပင်ပန်းပန်း
လှုပ်ရှားရုန်းကန်ဖို့ အချက်ပြသည့် အလင်းရောင်လည်း ဖြစ်နိုင်သည်။
ဆည်းဆာကတော့ မှိန်ဖျော့လွန်းသည်။ အားမရှိ။ မကြာခင် အမှောင်ထဲမှာ ပျောက်ကွယ်ရတော့မည်။ ခြေကုန်လက်ပန်းကျနေသူ တစ်ယောက်နှင့်ပင် တူသေးတော့သည်။ ထို့အတူ ဆည်းဆာတွင် အပူအားနည်းသွားပြီ။ အေးချမ်းငြိမ်သက်ခြင်း အရိပ်တွေလွှမ်းလာပြီ။ နှစ်ခြိုက်စွာ အနားယူအိပ်စက်ဖို့ အစပျိုးသည့်ကာလ။
သက်ကြီးရွယ်အိုတို့သည် ဆည်းဆာကို ဘယ်လိုမြင်ကြပါမည်နည်း။
သူအိုတို့ အနာဂတ်ကို ရှုမြော်ပုံ၊ ပြင်ဆင်ပုံတို့တွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြပါ။
အနောက်နိုင်ငံမှ လူတွေက အိုမင်းခြင်းကို အထီးကျန်ခြင်းဟု ယူဆကြသည်။ သူတို့ကြီးလာလျှင် လင်မယားနှစ်ယောက်တည်း သို့မဟုတ် တစ်ယောက်တည်းသာ နေကြရသည်။ မိမိတို့ပိုင်သော အိမ်၊ သို့မဟုတ် တိုက်ခန်းကျဉ်းကလေးများမှာ၊ တစ်ချို့လည်း ဘိုးဘွားရိပ်သာများမှာ နေကြရသည်။
သူတို့မှာ သားထောက်သမီးခံ မရှိလို့တော့မဟုတ်။ သူတို့ထုံးစံအရ သားသမီးများက အရွယ်ရောက်လျှင် သီးခြားနေကြရသည်။ တစ်ချို့ဆိုလျှင် သားသမီးတွေက ချမ်းသာကြွယ်ဝကြပါလျက် ဘိုးဘွားရိပ်သာမှာ သွားနေကြသည်။ ဒီအတွက် ဘယ်လိုမှ မကျေမနပ်မဖြစ်။ ဘယ်သူကမှလည်း သားသမီးတွေကို မကဲ့ရဲ့ကြ။
တစ်ခုတော့ရှိသည်။ သူတို့ဆီမှာ ကုသိုလ်ဖြစ် ဘိုးဘွားရိပ်သာတွေ ရှိသလို အခကြေးငွေပေးပြီး နေရသော ပုဂ္ဂိလိက ဘိုးဘွားရိပ်သာတွေလည်းရှိ၏။ ငွေကြေးတတ်နိုင်သူတွေ နေကြသည်။ တချို့လည်း သားသမီးတွေက သွားထားပေးတာမျိုးရှိ၏။
သူတို့သည် ကိုယ့်အားကိုယ်ကိုးလိုစိတ် မွေးမြူပေးသည်ဟူသောအကြောင်း ပြချက်ဖြင့်ကလေးတွေကို
မွေးကတည်းက မိဘနှင့် တူတူသိပ်လေ့မရှိ။ အခန်းထောင့်မှာ
သီးခြားပုခက်လေးဖြင့် ထားသည်။ သိတတ်တဲ့အရွယ်ရောက်တာနဲ့
အခန်းခွဲပစ်လိုက်သည်။ ထို့ကြောင့်သားသမီးတွေကလည်း အသက်ကြီးလာသော မိဘကို တသီးတခြားထားခြင်းဖြင့် လက်စားချေကြသလိုဖြစ်နေ၏။ ဝဋ်လည်ခြင်းတစ်မျိုးဟု ဆိုလျှင်လည်း ဆိုနိုင်မည်ထင်၏။
သူတို့လူမျိုးတွေက အသက်အရွယ် အိုမင်းလာပြီဆိုလျှင် ဘဝ၏ ကျန်ရှိသော ကာလများကို အကျိုးရှိစွာ အသုံးချချင်ကြသည်။ အများအကျိုးလည်းဖြစ်ချင်ဖြစ်မည်။ ကိုယ်တစ်ဦးတည်းအတွက်လည်း ဖြစ်ချင်ဖြစ်မည်။
တချို့က တစ်သက်လုံး ရှာလာခဲ့သမျှ ငွေကြေးဥစ္စာများကို နောက်ဆုံးအချိန်လေးတွင် ရနိုင်သလောက် သုံးဖြုန်းနိုင်ပြီး စည်းစိမ်အပြည့် ခံစားသွားကြသည်။ တချို့လည်း မိမိဝါသနာပါရာ အလုပ်များလုပ်ကြသည်။ သစ်ပင်စိုက်ခြင်း၊ ခရီးသွားခြင်း၊ လိပ်ပြာငှက်တို့လေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ရှေးဟောင်းပစ္စည်းများ ရှာဖွေစုဆောင်းခြင်း၊ စာရေးခြင်းစသည်တို့ဖြစ်၏။
တမလွန်အတွက် ဘုရားတရားဘက် အာရုံစိုက်သူမျိုးတော့ နည်းပါးလှသည်ဟု ဆိုရမည်။
ကျွန်တော်တို့ အရှေ့တိုင်းသားတွေကတော့ အိုမင်းခြင်းကို လူ့ဘဝ၏ ဖြစ်မြဲဓမ္မတာအဖြစ် ကြည်ဖြူစွာ ဆက်ခံလေ့ရှိကြ၏။ အိုမင်းခြင်းကို ဉာဏ်ပညာကြီးခြင်း၊ အတွေ့အကြုံများခြင်း၊ ရင့်ကျက်ခြင်း စသည်ဖြင့် အကောင်းဘက် မြင်လေ့ရှိသည်။
အရှေ့တိုင်းက သက်ကြီးရွယ်အိုတို့သည် များသောအားဖြင့် အထီးကျန်ဆန်ခြင်းလည်း မရှိကြ။ မိသားစု နေထိုင်မှုပုံစံကြောင့် ဖြစ်၏။ မွေးရာမှ သေသည်အထိ မိသားစု သိုက်သိုက်ဝန်းဝန်းနေလေ့ရှိ ကြ၏။
ကလေးမွေးလာလျှင် ကိုယ်နှင့်အတူ သိပ်သည်။ တော်တော်အရွယ်ရောက်မှပင် အိပ်ရာခွဲလေ့ရှိကြ၏။ တချို့ဆိုလျှင် အပျိုပေါက်၊ လူပျိုပေါက်ဖြစ်မှပင် မိဘနှင့် အိပ်ရာခွဲတာမျိုးရှိသည်။ ပညာစုံတော့လည်း မိဘနှင့်တူတူ။ အိမ်ထောင်ကျလျှင် ဒီဘက်မိဘအိမ် မဟုတ်လျှင် ဟိုဘက်မိဘအိမ်မှာပဲ နေလေ့ရှိသည်။ သူတို့က သားသမီးတွေ ဆက်မွေးလာတော့လည်း အဘိုးအဘွား၊ အဖေအမေ၊ မြေးမြစ်တွေ တစ်ပြုံတစ်မကြီး စုပေါင်းနေကြပြန်သည်။ အိမ်က ကျဉ်းနေလျှင် ဟိုဘက်တစ်ဆောင် ဒီဘက်တစ်ဆောင်ချဲ့ထွင်ကြမည် ။
သက်ကြီးရွယ်အိုများအနေနှင့် လည်း ဘာမှသိပ်ပူပန်စရာမလို။ သားသမီးတို့အနေနှင့် မိအိုဖအိုတို့ကို ကျွေးမွေးပြုစုစောင့်ရှောက် ဖို့တာဝန်ရှိသည်ဟု အလိုအလျှောက် နားလည်ပြီးသားဖြစ်သောကြောင့် ပါပဲ။
ဒါက ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံဖြစ်၏။
ခေတ်တွေက ပြောင်းလာသည်။ လူနေမှုပုံစံတွေ ပြောင်းလာသည်။ ထိုအခါ အာရှမှ သက်ကြီးရွယ်အိုတွေအဖို့လည်း မျက်ခုံးလှုပ်စရာဖြစ်လာ၏။
လူဦးရေ တိုးလာသဖြင့် နေစရာမြေနေရာ ကျဉ်းလာသည်။ စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်လာသောကြော င့် လူတစ်ယောက်ကိုကျွေးထားဖို့ဆိုတာ အရင်လောက်မလွယ်တော့။ အရွယ်ရောက်ပြီး အိမ်ရှိလူကုန်အလုပ်လုပ်ကြရသ ဖြင့် လူအိုတွေကို ဂရုတစိုက် စောင့်ရှောက်နိုင်ဖို့အခက်အ ခဲတွေဖြစ်လာ၏။ အလုပ်အကိုင်အဆင်ပြေသည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရမှုများလာသဖြင့် မိဘနှင့် အတူမနေနိုင်သူတွေများလာသည်။ လူတွေကလည်း အသက်ပိုရှည်လာကြသဖြင့် အမိအဖသာမက အဘိုးအဘွားတွေကိုပါ စောင့်ရှောက်ရတဲ့ဝန်တွေပိုလာသည်။
ဒီပြဿနာကို အခံစားရဆုံးမျာ အတိုးတက်ဆုံးနိုင်ငံများပင် ဖြစ်နေ၏။ သူတို့နိုင်ငံတွေက အရမ်းတိုးတက်သည်။ လူနေမှုစားရိတ်ကလည်းခေါင်ခို က်နေသည်။ တိုက်ခန်းတွေက လူပိုမထားနိုင်လောက်အောင် ကျဉ်းမြောင်းလှသည်။ သက်ကြီးရွယ်အိုများသည် လူပိုတွေလိုဖြစ်လာ၏။
သားသမီးတွေက မိဘတွေကို ကျွေးမွေးပြုစုချင်ပါလျက် အချိန်မပေးနိုင်၊ ငွေကြေးမတတ်နိုင်တာမျိုးလည်း
ရှိလာ၏။ တချို့လည်း တာဝန်ဝတ္တရား အရဖြစ်စေ၊ အများသူငါ
ကဲ့ရဲ့မှာစိုးလို့ဖြစ်စေ၊ လူအိုတွေကို စောင့်ရှောက်ရသော်လည်း စိတ်ထဲက
သိပ်မပါတော့တာမျိုး ဖြစ်လာသည် ဟုဆို၏။
စင်ကာပူနိုင်ငံမှ သတင်းတစ်ပုဒ်ကို ဖတ်ဖူးသည်။ သူတို့ဆီမှာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်မှုအားနည်း လာသဖြင့် သတိပေးလှုံ့ဆော်ထားခြင်းဖြစ် ၏။
မိဘတွေကို ကျွေးမွေးထောက်ပံ့ရန် ပျက်ကွက်သော သားသမီးများကို မိဘများက
တရားစွဲပိုင်ခွင့်ရှိသော ဥပဒေတစ်ရပ်ပြဌာန်းရန် စဉ်းစားနေသည်ဟုလည်း သိရ၏။
ကျွန်တော်တို့ဆီမှာတော့ ဒီလောက်အခြေအနေ မဆိုးလှသေးပါ။ အိမ်မှာ အဘိုးကြီး၊ အဘွားကြီးတစ်ယောက်ယောက်ရှိလျှင်
အိမ်ကျက်သရေရှိသည်ဟု ယူဆကြသေးသည်။ အနည်းဆုံးမိဘကို
လုပ်ကျွေးနိုင်သည်ဆိုပြီး ဂုဏ်ယူစရာ ပြယုဂ်လေးတစ်ခုတော့ ဖြစ်သေးသည်ဟု
လက်ခံကြသေးသည်။
ဒါတောင်မှ တစ်သက်လုံး တစ်ယောက်တည်းကုန်းရုန်းရှာေ ဖွပြီး ကျွေးမွေးခဲ့၊ ပညာစုံအောင် သင်ပေးခဲ့သော မိဘနှစ်ပါးကို သားသမီးလေးငါးခြောက်ယောက်က ပြည့်စုံအောင် ပြန်ပြီးမထောက်ပံ့နိုင်တာမျိုးတွေ့ကြုံစ ပြုလာကြပြီ။
သက်ကြီးရွယ်အိုတို့သည် သူတို့၏ အနာဂတ်ကို ဘယ်လိုရှုမြင် သုံးသပ်ကြသလဲဟု ကျွန်တော်တစေ့တစောင်း အကဲခတ်ကြည့်သည်။ တချို့မှာ သူတို့ပြောသော စကားတွေထဲက ကောက်ချက်ဆွဲယူရခြင်းဖြစ်ပြီး တချို့ကတော့ မသိမသာ တီးခေါက်မေးမြန်းကြည့်ရာမှ သိရခြင်းဖြစ်၏။
အဘိုးကြီးတစ်ယောက်က....
" ဟ... ငါတို့ရဲ့ အနာဂတ်က သေဆုံးခြင်းပဲပေါ့ကွ "
ဟု ခပ်ပြတ်ပြတ် ပြောသည်။
အဘွားကြီးတစ်ယောက်ကတော့...
" အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ ဘယ်သူမှ လွန်ဆန်နိုင်တာမှ မဟုတ်ဘဲ၊ မသေခင် စိတ်နှလုံး၊ အေးအေးချမ်းချမ်း နေသွားဖို့ပဲ အရေးကြီးတယ် "
ဟုဆို၏။
" တစ်သက်လုံး သူများတွေအတွက် လုပ်လာပြီးပြီ မသေခင်တော့ကိုယ့်အတွက်ပါအော င် လုပ်ရမှာပဲ "ဆိုပြီး ဘုရားတရားဘက် အာရုံနှစ်ထားသူလည်းရှိ၏။
ပညာရှင်တစ်ယောက်ကတော့....
" ငါလုပ်ချင်တာတွေ အများကြီးရှိသေးတယ်၊ အချိန်က သိပ်မရတော့ဘူးကွာ "
ဟု အားမလိုအားမရ ပြောသည်။
" ငါကတော့ ရသမျှ အချိန်ကလေးအတွင်းမှာ၊ လူအများအကျိုးအတွက် တတ်နိုင်သလောက် လုပ်သွားဦးမှာပဲ "
ဟု ပရဟိတဝါသနာကြီးသူ အဘိုးကြီးတစ်ယောက်က ဆို၏။
" ကံတရားပေါ့ကွယ်၊ လောကဓံက ဘယ်လိုဖန်တီးလာဦးမယ်မှန်းမှ မသိဘဲ "
ဟု အဘွားကြီးတစ်ယောက်က မရေမရာပြောသည်။
" ငါ့ရဲ့ အနာဂတ်ကတော့ ဟောဒီငါ့ရဲ့မြေးတွေပေါ့ကွ"
သူကတော့ သူ့အနာဂတ် မျိုးဆက်သစ်တို့ထံ ယုံကြည်စွာပုံအပ်ထားပုံရ၏။
ဒီထဲမှာ ထူးခြားသည့် အဘိုးကြီးတစ်ယောက်ရှိ၏။ သူသည် တစ်ချိန်က ဘဝမှာ အောင်မြင်မှုတွေ ရခဲ့သူဖြစ်၏။ သူနှင့် ဆက်နွယ်ရာအသိုင်းအဝိုင်းမှာ လည်း လူအများက လေးစားကြည်ညိုခဲ့ရသူဖြစ်၏။
သူက ပညာရှိဖြစ်သောကြောင့် ကျွန်တော်ကလည်း သူ့အနာဂတ်နှင့်ဆိုင်သော မေးခွန်းကို ပညာတတ်ဆန်ဆန် သွယ်ဝိုက်၍မေးသည်။
" ဆရာကြီးအနေနဲ့ မနက်ဖြန်အတွက် ဘယ်လိုစိတ်ကူး၊ ဘယ်လိုအစီအစဉ်တွေများချမှတ် ထားပါသလဲ "
သူသည် " နက်ဖြန်...နက်ဖြန်... "ဟုခပ်တိုးတိုး ရေရွတ်ပြီး ဟိုးအဝေးတစ်နေရာသို့ အတော်ကြာအောင် ငေးကြည့်နေ၏။ ပြီးတော့မှ....
" အိမ်း...မနက်ဖြန်ကျရင် မနက်စောစောထပြီး လမ်းထိပ်က ဆိုင်မှာ မလိုင်နဲ့ နံပြားစားမယ်လို့ စိတ်ကူးထားတယ် " ဟုပြန်ပြောလိုက်လေသည်။
လူငယ်ဆိုတာ
အနာဂတ်ရဲ့
မျိုးဆက်သစ်
သက်ကြီးရွယ်အိုပါပဲ။
-------------------------- ----------
မင်းလူ
၃၊၁၀၊ ၉၉။
သက်ကြီးရွယ်အိုစာအုပ်။
ဩဂုတ်၊ ၂၀၁၂။
========================
သက်ကြီးရွယ်အိုတွေမှာ အနာဂတ်ရှိသလား။ ရှိလျှင် ဘယ်လိုမျိုးလဲ။ သက်ကြီးရွယ်အိုတွေကတော့ သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုသဘောထားသလဲ စဉ်းစားကြည့်မိပါသည်။
နုပျိုသူတို့အတွက် အနာဂတ်ဆိုသည်မှာ တက်သစ်စ နံနက်ခင်းနေရောင်ခြည်နှင့်တ
နံနက်ခင်းနေခြည်သည် အားတက်စရာအတိဖြစ်၏။ ရှေ့ဆက်ပြီး ပိုမိုလင်းလက်တောက်ပလာဖို့သ
ဆည်းဆာကတော့ မှိန်ဖျော့လွန်းသည်။ အားမရှိ။ မကြာခင် အမှောင်ထဲမှာ ပျောက်ကွယ်ရတော့မည်။ ခြေကုန်လက်ပန်းကျနေသူ တစ်ယောက်နှင့်ပင် တူသေးတော့သည်။ ထို့အတူ ဆည်းဆာတွင် အပူအားနည်းသွားပြီ။ အေးချမ်းငြိမ်သက်ခြင်း အရိပ်တွေလွှမ်းလာပြီ။ နှစ်ခြိုက်စွာ အနားယူအိပ်စက်ဖို့ အစပျိုးသည့်ကာလ။
သက်ကြီးရွယ်အိုတို့သည် ဆည်းဆာကို ဘယ်လိုမြင်ကြပါမည်နည်း။
သူအိုတို့ အနာဂတ်ကို ရှုမြော်ပုံ၊ ပြင်ဆင်ပုံတို့တွင် လူမျိုးတစ်မျိုးနှင့်တစ်မျု
အနောက်နိုင်ငံမှ လူတွေက အိုမင်းခြင်းကို အထီးကျန်ခြင်းဟု ယူဆကြသည်။ သူတို့ကြီးလာလျှင် လင်မယားနှစ်ယောက်တည်း သို့မဟုတ် တစ်ယောက်တည်းသာ နေကြရသည်။ မိမိတို့ပိုင်သော အိမ်၊ သို့မဟုတ် တိုက်ခန်းကျဉ်းကလေးများမှာ၊
သူတို့မှာ သားထောက်သမီးခံ မရှိလို့တော့မဟုတ်။ သူတို့ထုံးစံအရ သားသမီးများက အရွယ်ရောက်လျှင် သီးခြားနေကြရသည်။ တစ်ချို့ဆိုလျှင် သားသမီးတွေက ချမ်းသာကြွယ်ဝကြပါလျက် ဘိုးဘွားရိပ်သာမှာ သွားနေကြသည်။ ဒီအတွက် ဘယ်လိုမှ မကျေမနပ်မဖြစ်။ ဘယ်သူကမှလည်း သားသမီးတွေကို မကဲ့ရဲ့ကြ။
တစ်ခုတော့ရှိသည်။ သူတို့ဆီမှာ ကုသိုလ်ဖြစ် ဘိုးဘွားရိပ်သာတွေ ရှိသလို အခကြေးငွေပေးပြီး နေရသော ပုဂ္ဂိလိက ဘိုးဘွားရိပ်သာတွေလည်းရှိ၏။
သူတို့သည် ကိုယ့်အားကိုယ်ကိုးလိုစိတ် မွေးမြူပေးသည်ဟူသောအကြောင်း
သူတို့လူမျိုးတွေက အသက်အရွယ် အိုမင်းလာပြီဆိုလျှင် ဘဝ၏ ကျန်ရှိသော ကာလများကို အကျိုးရှိစွာ အသုံးချချင်ကြသည်။ အများအကျိုးလည်းဖြစ်ချင်ဖြစ
တချို့က တစ်သက်လုံး ရှာလာခဲ့သမျှ ငွေကြေးဥစ္စာများကို နောက်ဆုံးအချိန်လေးတွင် ရနိုင်သလောက် သုံးဖြုန်းနိုင်ပြီး စည်းစိမ်အပြည့် ခံစားသွားကြသည်။ တချို့လည်း မိမိဝါသနာပါရာ အလုပ်များလုပ်ကြသည်။ သစ်ပင်စိုက်ခြင်း၊ ခရီးသွားခြင်း၊ လိပ်ပြာငှက်တို့လေ့လာခြင်း၊
တမလွန်အတွက် ဘုရားတရားဘက် အာရုံစိုက်သူမျိုးတော့ နည်းပါးလှသည်ဟု ဆိုရမည်။
ကျွန်တော်တို့ အရှေ့တိုင်းသားတွေကတော့ အိုမင်းခြင်းကို လူ့ဘဝ၏ ဖြစ်မြဲဓမ္မတာအဖြစ် ကြည်ဖြူစွာ ဆက်ခံလေ့ရှိကြ၏။ အိုမင်းခြင်းကို ဉာဏ်ပညာကြီးခြင်း၊ အတွေ့အကြုံများခြင်း၊ ရင့်ကျက်ခြင်း စသည်ဖြင့် အကောင်းဘက် မြင်လေ့ရှိသည်။
အရှေ့တိုင်းက သက်ကြီးရွယ်အိုတို့သည် များသောအားဖြင့် အထီးကျန်ဆန်ခြင်းလည်း မရှိကြ။ မိသားစု နေထိုင်မှုပုံစံကြောင့် ဖြစ်၏။ မွေးရာမှ သေသည်အထိ မိသားစု သိုက်သိုက်ဝန်းဝန်းနေလေ့ရှိ
ကလေးမွေးလာလျှင် ကိုယ်နှင့်အတူ သိပ်သည်။ တော်တော်အရွယ်ရောက်မှပင် အိပ်ရာခွဲလေ့ရှိကြ၏။ တချို့ဆိုလျှင် အပျိုပေါက်၊ လူပျိုပေါက်ဖြစ်မှပင် မိဘနှင့် အိပ်ရာခွဲတာမျိုးရှိသည်။ ပညာစုံတော့လည်း မိဘနှင့်တူတူ။ အိမ်ထောင်ကျလျှင် ဒီဘက်မိဘအိမ် မဟုတ်လျှင် ဟိုဘက်မိဘအိမ်မှာပဲ နေလေ့ရှိသည်။ သူတို့က သားသမီးတွေ ဆက်မွေးလာတော့လည်း အဘိုးအဘွား၊ အဖေအမေ၊ မြေးမြစ်တွေ တစ်ပြုံတစ်မကြီး စုပေါင်းနေကြပြန်သည်။ အိမ်က ကျဉ်းနေလျှင် ဟိုဘက်တစ်ဆောင် ဒီဘက်တစ်ဆောင်ချဲ့ထွင်ကြမည်
သက်ကြီးရွယ်အိုများအနေနှင့်
ဒါက ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံဖြစ်၏။
ခေတ်တွေက ပြောင်းလာသည်။ လူနေမှုပုံစံတွေ ပြောင်းလာသည်။ ထိုအခါ အာရှမှ သက်ကြီးရွယ်အိုတွေအဖို့လည်း
လူဦးရေ တိုးလာသဖြင့် နေစရာမြေနေရာ ကျဉ်းလာသည်။ စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်လာသောကြော
ဒီပြဿနာကို အခံစားရဆုံးမျာ အတိုးတက်ဆုံးနိုင်ငံများပင်
သားသမီးတွေက မိဘတွေကို ကျွေးမွေးပြုစုချင်ပါလျက် အချိန်မပေးနိုင်၊ ငွေကြေးမတတ်နိုင်တာမျိုးလည်
စင်ကာပူနိုင်ငံမှ သတင်းတစ်ပုဒ်ကို ဖတ်ဖူးသည်။ သူတို့ဆီမှာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်မှုအားနည်း
ကျွန်တော်တို့ဆီမှာတော့ ဒီလောက်အခြေအနေ မဆိုးလှသေးပါ။ အိမ်မှာ အဘိုးကြီး၊ အဘွားကြီးတစ်ယောက်ယောက်ရှိလ
ဒါတောင်မှ တစ်သက်လုံး တစ်ယောက်တည်းကုန်းရုန်းရှာေ
သက်ကြီးရွယ်အိုတို့သည် သူတို့၏ အနာဂတ်ကို ဘယ်လိုရှုမြင် သုံးသပ်ကြသလဲဟု ကျွန်တော်တစေ့တစောင်း အကဲခတ်ကြည့်သည်။ တချို့မှာ သူတို့ပြောသော စကားတွေထဲက ကောက်ချက်ဆွဲယူရခြင်းဖြစ်ပြ
အဘိုးကြီးတစ်ယောက်က....
" ဟ... ငါတို့ရဲ့ အနာဂတ်က သေဆုံးခြင်းပဲပေါ့ကွ "
ဟု ခပ်ပြတ်ပြတ် ပြောသည်။
အဘွားကြီးတစ်ယောက်ကတော့...
" အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ ဘယ်သူမှ လွန်ဆန်နိုင်တာမှ မဟုတ်ဘဲ၊ မသေခင် စိတ်နှလုံး၊ အေးအေးချမ်းချမ်း နေသွားဖို့ပဲ အရေးကြီးတယ် "
ဟုဆို၏။
" တစ်သက်လုံး သူများတွေအတွက် လုပ်လာပြီးပြီ မသေခင်တော့ကိုယ့်အတွက်ပါအော
ပညာရှင်တစ်ယောက်ကတော့....
" ငါလုပ်ချင်တာတွေ အများကြီးရှိသေးတယ်၊ အချိန်က သိပ်မရတော့ဘူးကွာ "
ဟု အားမလိုအားမရ ပြောသည်။
" ငါကတော့ ရသမျှ အချိန်ကလေးအတွင်းမှာ၊ လူအများအကျိုးအတွက် တတ်နိုင်သလောက် လုပ်သွားဦးမှာပဲ "
ဟု ပရဟိတဝါသနာကြီးသူ အဘိုးကြီးတစ်ယောက်က ဆို၏။
" ကံတရားပေါ့ကွယ်၊ လောကဓံက ဘယ်လိုဖန်တီးလာဦးမယ်မှန်းမ
ဟု အဘွားကြီးတစ်ယောက်က မရေမရာပြောသည်။
" ငါ့ရဲ့ အနာဂတ်ကတော့ ဟောဒီငါ့ရဲ့မြေးတွေပေါ့ကွ"
သူကတော့ သူ့အနာဂတ် မျိုးဆက်သစ်တို့ထံ ယုံကြည်စွာပုံအပ်ထားပုံရ၏။
ဒီထဲမှာ ထူးခြားသည့် အဘိုးကြီးတစ်ယောက်ရှိ၏။ သူသည် တစ်ချိန်က ဘဝမှာ အောင်မြင်မှုတွေ ရခဲ့သူဖြစ်၏။ သူနှင့် ဆက်နွယ်ရာအသိုင်းအဝိုင်းမှာ
သူက ပညာရှိဖြစ်သောကြောင့် ကျွန်တော်ကလည်း သူ့အနာဂတ်နှင့်ဆိုင်သော မေးခွန်းကို ပညာတတ်ဆန်ဆန် သွယ်ဝိုက်၍မေးသည်။
" ဆရာကြီးအနေနဲ့ မနက်ဖြန်အတွက် ဘယ်လိုစိတ်ကူး၊ ဘယ်လိုအစီအစဉ်တွေများချမှတ်
သူသည် " နက်ဖြန်...နက်ဖြန်... "ဟုခပ်တိုးတိုး ရေရွတ်ပြီး ဟိုးအဝေးတစ်နေရာသို့ အတော်ကြာအောင် ငေးကြည့်နေ၏။ ပြီးတော့မှ....
" အိမ်း...မနက်ဖြန်ကျရင် မနက်စောစောထပြီး လမ်းထိပ်က ဆိုင်မှာ မလိုင်နဲ့ နံပြားစားမယ်လို့ စိတ်ကူးထားတယ် " ဟုပြန်ပြောလိုက်လေသည်။
လူငယ်ဆိုတာ
အနာဂတ်ရဲ့
မျိုးဆက်သစ်
သက်ကြီးရွယ်အိုပါပဲ။
--------------------------
မင်းလူ
၃၊၁၀၊ ၉၉။
သက်ကြီးရွယ်အိုစာအုပ်။
ဩဂုတ်၊ ၂၀၁၂။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။