Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 19, 2015

ကွန်ပြူတာ တစ်လုံး၏ ဖွင့်ဟ၀န်ခံချက်


ကွန်ပြူတာ တစ်လုံး၏ ဖွင့်ဟ၀န်ခံချက်

===================

ကျွန်တော်ဟာ ကွန်ပြူတာတစ်လုံးပါ..


ပိုပြီးပြည့်စုံအောင် ပြောရရင်တော့ အင်တာနက် စင်တာ တစ်ခုက ဒေါင့်ဆုံးချောင်ကျကျ မှာ နေရတဲ့ ကွန်ပြူတာ တစ်လုံးပေါ့ဗျာ..



အခန်း (၁)

အဲဒီနေ့က ဆိုင်ဖွင့် ပွဲ လုပ်တယ်..

ကျွန်တော့် သခင်ရယ်. သူ့ သားလေး လမင်းရယ်

့ဂိမ်းဆော့နေကြတယ်

ဘေးက သခင်မ ကတော့ ပွဲ ကြည့် ပရိတ်သတ်ပေါ့...

ပျော်မဆုံး တစ်ပြုံးပြုံးနဲ့ ပေါ့...

သူတို့ကို ကြည့်ပြီး...

ကျွန်တော်လည်း ဘယ်လောက်ပျော်တယ် ဆိုတာပြလိုက်ချင်ပေမယ့်

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...

+++++

အခန်း(၂)

သူ့ချစ်သူနဲ့ ချတ်တင် (chatting) လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရှက်ပြုံးလှလှတွေရယ်

ရပ်ဝေးက သားဖြစ်သူနဲ့ စကားပြောရင်း ဘေးလူတွေ မမြင်အောင် မျက်ရည်သုတ်နေရှာတဲ့ ဒေါ်ဒေါ်ကြီးရယ်..

ဘေးလူတွေ ကိုအကဲခတ်လိုက် ကျွန်တော့်ကို ကြည့်လိုက် လုပ်နေတဲ့ ဟိုလူကြီးရဲ့ ကျီးကန်းတောင်မှောက်မျက်လုံ
းတွေရယ်...

အထူးသဖြင့် လူရှင်းရင် ကျွန်တော့်ဆီ လာလာ ကစားတဲ့ လမင်းလေးရယ်..

စ သဖြင့်.. စ သဖြင့်...

ကျွန်တော်ရဲ့ နေ့စဉ်ဘ၀ ကတော့ တစ်နေ့နဲ့ တစ်နေ့ မထူးခြားပါဘူး.

အားလုံးရဲ့ အလိုကို ဖြည့်ဆည်းပေးနိုင်တဲ့ ..

အတိုင်းမသိ ကျွန်တော့ ပီတိကို သိစေချင်ခဲ့ပေမယ့်

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...

++++

အခန်း(၃)

တစ်နေ့...

သခင်မ က လမင်းလေးကို ကျောင်းသွားပို့နေတယ်...

နေ့တိုင်းလောက် နီးနီး ကျွန်တော့်ဆီမှာ အချိန်မှန်မှန် လာသုံးတဲ့ ကောင်မလေးတစ်ယောက်

သူသုံးနေကျ website တစ်ခုက ဘာဖြစ်တယ် မသိဘူး အကူအညီတောင်းလိုက်တော့ ကျွန်တော့်သခင်က လာကြည့်ပေးတယ်..

သခင်က သူမရဲ့ ခေါင်းပေါ်က ကျော်ပြီး အခက်အခဲကို ဖြေရှင်းပေးနေခိုက်...

အမှတ်တမဲ့ သူမက လှည့်ပြီး စကားအပြောမှာ......

ဘာဖြစ်သွားကြလဲ မသိဘူး ... သူတို့လူတွေလဲ ဓါတ်လိုက်တတ်တယ်ထင်တယ်...

ကျွန်တော်မေးကြည့်ချင်ပေမယ်
့...

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...

+++++

အခန်း(၄)

ဒီရက်ပိုင်းတွေမှာတော့...

အဲဒီလာနေကြကောင်မလေးကလဲ သူ့အင်တာနက်စာမျက်နှာတွေမှာ
ခနခန အခက်အခဲတွေဖြစ်တယ်...

အခက်အခဲဖြစ်တိုင်းလဲ သခင်ဘဲ လာဖြေရှင်းပေးတယ်....ဘာလို့
လဲတော့ကျွန်တော်လဲမသိဘူး..

ဒါပေမယ့် ထူးခြားတာကတော့...

သခင်မက လမင်းလေးကို ကျောင်းမှာ သွားစောင့်တဲ့ အချိန်ဖြစ်နေတယ်..

ဝန်ထမ်းနှစ်ယောက်က အဲဒီအချိန်တိုင်းမှာ အမြဲမရှိဘူးဖြစ်နေတတ်တယ်...

မကြာခင် စစ်ကြေညာသံကို ကြားရတော့မလိုလို...

မိုးညစ်ညစ်ကြီးတွေဘဲ အုန်းအုန်းချရွာတော့မလိုလို
...

အမျိုးအမည်မသိ ဝေဒနာတစ်ခု ကျွန်တော့်ရင်ထဲ ဖြတ်စီးသွားပေမယ့်

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...

+++++

အခန်း(၅)

ဖြတ်စီးသွာတဲ့ ကျွန်တော့်ရဲ့ ဒီဝေဒနာဟာ မှုန်တိုင်းရဲ့ နိမိတ် ဆိုတာ..

အဲဒီနေ့က သခင်မ ကလေးကျောင်းပို့ပြီးပြန်လာတ
ယ်..

ခါတိုင်းနေ့တွေလိုကျောင်းမှ
ာ မစောင့်ဘူး...

ဟိုကောင်မလေးလဲမလာဘူး

ဝန်ထမ်းလေးတွေကတော့ ထုံးစံအတိုင်း ရှိမနေဘူး..

ကျွန်တော့်ရှေ့မှာ သခင်မ လာထိုင်တယ် ဒါပေမယ့် ကျွန်တော့်ကို ကြည့်မနေဘူး

သခင်ကတော့ သူမဘေးမှာရပ်နေတယ်

သခင်မ ငိုနေတယ်.. အံကိုကြိတ်ပြီး

နှစ်ကိုယ်ကြား စာ အသံနဲ့ ပြောတယ်.. (ကျွန်တော်ပါကြားတော့ သုံးကိုယ်ကြားပေါ့)

သူမရှက်တယ် ဆိုတဲ့ အကြောင်းလဲပါရဲ့

သခင်ကလဲ..

အဲဒါ မတရားစွပ်စွဲမှုတွေ ဆိုတာရော..

ကျိန်ဆိုမှုသက်သေတွေနဲ့ ပေါင်းပြီး....

နောင်မဖြစ်စေရပါဘူးဆိုတဲ့ ကတိတွေ အထပ်ထပ်အခါခါပေးနေတယ်

ရှုပ်ထွေးနေတဲ့ ခေါင်းကျွန်တော့ခေါင်းကို ဇဝေဇ၀ါ နားလည်မှုတွေနဲ့

တဗြင်း ဗြင်းကုတ်လိုက်ချင်ပေမယ့်..
.

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...



အခန်း(၆)

သခင်မလဲ အခုတလော ဆိုင်ကို မလာသလောက်ဘဲ ...

လာရင်လဲ စကားများပြီး ပြန်သွားတာချည်းဘဲ

ထုံးစံအတိုင်းဘဲ သူမကတော့ ငိုရသူဘဲပေါ့..

အဲဒီအချိန်တွေမှာ

ကောင်မလေးဆိုင်ကို လူကိုယ်တိုင် မလာတော့ပါဘူး..

လူကိုယ်တိုင် မလာတော့ဘူး.. ဆိုတော့ ဖုန်းဘဲဆက်တာပေါ့..

ဖုန်းလာပြီး မကြာခင်မှာ သခင်လဲ ထွက်သွားရော..

တစ်ခါတစ်လေ အပေါက်ဝမှာ ပေါ်လာပြီး ပြန်ပျောက်သွားတဲ့ အထဲမှာ သခင်ပါသွားတယ်..

နောက်တော့..

ချစ်လှပါချည်ရဲ့ ဆိုခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော် အပြန်အလှန်နားလည်မှုတွေ..

အလွဲသုံးစားတွေ အောက်မှာ ပျောက်ခဲ့ ရတဲ့ ယုံကြည်မှုတွေ...

အံ့သြ မှင်သက်စွာနဲ့ ကျွန်တော် သခင်မအတွက် သက်သေလုပ်ပေးချင်ပေမယ့်...

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...



အခန်း (၇)

လမင်းလေး... အရင်လို game မဆော့တော့ဘူး..

အင်မတန် သွက်လက် ချက်ချာတဲ့ ကလေး

မှိုင်တွေငေးမောနေတယ်...

ပြီးတော့.. ကျွန်တော့်ဆီမှာ ပုံဆွဲနေတယ်...

အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကိုဖက်ထားတယ်..

သူတို့နှစ်ယောက်လုံး မှာ မျက်ရည်တွေနဲ့

ပြီးတော့ သူတို့ နှစ်ယောက်ကို ကျောခိုင်းသွားတဲ့ လူတစ်ယောက်

အဲဒီအောက်မှာ စာတန်းလေးတစ်ခု..

"သားတို့ကို ထားခဲ့ပြီးမသွားပါနဲ့ ဖေဖေရယ်" တဲ့
သူကလေး ငိုနေပြီဗျာ..

အင်မတန်မှ နုနယ်တဲ့ နှလုံးသားပိုင်ရှင်လေးတစ်ယေ
ာက်

ရှေ့ လျှောက် လောက ကြီးကို ဘယ်လိုရင်ဆိုင်ရမှာလဲ...

လူကြီးတွေအတွက် ဓါတ်တစ်လိုက်စာ အခိုက်အတန့် လေးရဲ့ ရလဒ်ဟာ

ဒီကလေးအတွက် တစ်ဘ၀စာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်သွားနိုင်တယ် ဆိုတာ...

အရွယ်နဲ့မမျှ ကလေးရဲ့ လှစ်ဟာမှု ကို ထွေးပွေ့ နှစ်သိမ့်မှုတွေပေးချင်ခဲ့ေ
ပမယ့်..

ကျွန်တော်ဟာ ကွန်ပြူတာပါ

ကွန်ပြူတာဟာ ကွန်ပြူတာလိုဘဲ နေရပါတယ်...



*******

******

နှလုံးသားနှင့် ခံစားနိုင်ကြပါစေ....

မိကောက်

#သုတဇုန်

www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။