ပြောင်းလဲသွားမယ့် အခမ်းအနား
“ ပြောင်းလဲမှုတိုင်း ကောင်းရမယ်လို့ ကြိုတင် မသိနိုင်ပေမဲ့ လူတိုင်းက ပြောင်းလဲမှုကို နှစ်သက်ကြပါတယ်” ပြောင်းလဲမှုတိုင်းမှာ အကောင်း သို့မဟုတ် အဆိုး တစ်ဘက်ဘက်ကိုတော့ ရွေ့သွားမှာတော့ အမှန်ပါ။
တိုးတက်တဲ့ ပြောင်းလဲမှုဖြစ်ဖို့ နိုင်ငံ တစ်နိုင်ငံအတွက် ခေါင်းဆောင်ကောင်း တစ်ယောက် ရွေးထုတ်နိုင်ဖို့ အဓိကကျသလို တိုးတက်တဲ့ အိမ်ထောင်ရေး တစ်ခု ထူးထောင်နိုင်ဖို့အတွက်လည်း မိမိရဲ့ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။
အဲသလိုပဲ သီတင်းကျွတ် အခါသမယလည်း ကျရောက်ခါနီးလာပြီးမို့ နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့ ရည်ရွယ်ထားသူတွေအတွက် အကောင်းနဲ့ အဆိုးရဲ့ အလယ်ဗဟိုမှာ ရပ်တန့်နေရာယူထားတဲ့ အချိန်အခါလို့ ပြောရင်လည်း ရပါတယ်။
ရွေးချယ်မှုတိုင်းကို အသဲနှလုံးချည်းကိုပဲ ယုံစားလို့ မရသလို ဦးနှောက်လဲ ထည့်ပြီး ဆုံးဖြတ်ပါမှ ပျော်ရွှင်စရာ အခမ်းအနားလေးတစ်ခုအဖြစ် ဖန်းတီးနိုင်ပါလိမ့်မယ်။ အဲလိုပဲ ဦးနှောက်ချည်းပဲ အားကိုပြီး ငါ တိုးတက်ဖို့ သူ့ကို အသုံးချလိုက်မယ်ဆိုပြီးလည်း
တစ်ဖက်သက် မဆုံးဖြတ်လိုက်ပါနဲ့။ ငါးစာကိုပဲ မြင်ပြီး ငါးမျှားချိတ်ကြောင့်
ဘဝပျက်ရတဲ့ အဖြစ်ကိုလည်း မမေ့ပါနဲ့။ ဦးနှောက်ရော နှလုံးသားရောက ( ၅၀+၅၀ =
၁၀၀) အပြည့် ဖြစ်သွားတဲ့သူကို ရွေးချယ်လက်ထပ်လိုက်ပါ။ တွန့်ဆုတ်နေလည်း
အဖြေက တစ်ခုပဲ ထွက်မှာမို့ ရဲရဲသာ အမှတ်ပေးလိုက်ပါတော့။
တစ်ခုရှိတာက မိမိစိတ်ကြိုက် ဆုံးဖြတ်ရွေးချယ်တဲ့ ပြောင်းလဲမှုကို တိုးတတ်ကို တိုးတက်ရမယ်လို့ တစ်ထစ်ချ မမျှော်လင့်လိုက်ပါနဲ့။ ကောင်းကောင်းဆိုးဆိုး ဖြစ်လာသမျှကို ရင်ဆိုင်နိုင်တဲ့ စိတ်ပဲ မွေးစေချင်ပါတယ်။
ပျော်စရာအပြည့် ရှိနေပြီး အကောင်းဆုံး ပြောင်းလဲမှု အခမ်းအနားဖြစ်စေမယ့် သူမျိုးကိုသာ Yangon life ကို အားပေးချစ်ခင်သူ စာဖတ်မိတ်ဆွေအပေါင်း ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
#Yangonlife #SocialInterest #WeddingCeremony
Photo Credit to - Google
လီလီ
“ ပြောင်းလဲမှုတိုင်း ကောင်းရမယ်လို့ ကြိုတင် မသိနိုင်ပေမဲ့ လူတိုင်းက ပြောင်းလဲမှုကို နှစ်သက်ကြပါတယ်” ပြောင်းလဲမှုတိုင်းမှာ အကောင်း သို့မဟုတ် အဆိုး တစ်ဘက်ဘက်ကိုတော့ ရွေ့သွားမှာတော့ အမှန်ပါ။
တိုးတက်တဲ့ ပြောင်းလဲမှုဖြစ်ဖို့ နိုင်ငံ တစ်နိုင်ငံအတွက် ခေါင်းဆောင်ကောင်း တစ်ယောက် ရွေးထုတ်နိုင်ဖို့ အဓိကကျသလို တိုးတက်တဲ့ အိမ်ထောင်ရေး တစ်ခု ထူးထောင်နိုင်ဖို့အတွက်လည်း
အဲသလိုပဲ သီတင်းကျွတ် အခါသမယလည်း ကျရောက်ခါနီးလာပြီးမို့ နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့ ရည်ရွယ်ထားသူတွေအတွက် အကောင်းနဲ့ အဆိုးရဲ့ အလယ်ဗဟိုမှာ ရပ်တန့်နေရာယူထားတဲ့ အချိန်အခါလို့ ပြောရင်လည်း ရပါတယ်။
ရွေးချယ်မှုတိုင်းကို အသဲနှလုံးချည်းကိုပဲ ယုံစားလို့ မရသလို ဦးနှောက်လဲ ထည့်ပြီး ဆုံးဖြတ်ပါမှ ပျော်ရွှင်စရာ အခမ်းအနားလေးတစ်ခုအဖြစ် ဖန်းတီးနိုင်ပါလိမ့်မယ်။ အဲလိုပဲ ဦးနှောက်ချည်းပဲ အားကိုပြီး ငါ တိုးတက်ဖို့ သူ့ကို အသုံးချလိုက်မယ်ဆိုပြီးလည်း
တစ်ခုရှိတာက မိမိစိတ်ကြိုက် ဆုံးဖြတ်ရွေးချယ်တဲ့ ပြောင်းလဲမှုကို တိုးတတ်ကို တိုးတက်ရမယ်လို့ တစ်ထစ်ချ မမျှော်လင့်လိုက်ပါနဲ့။ ကောင်းကောင်းဆိုးဆိုး ဖြစ်လာသမျှကို ရင်ဆိုင်နိုင်တဲ့ စိတ်ပဲ မွေးစေချင်ပါတယ်။
ပျော်စရာအပြည့် ရှိနေပြီး အကောင်းဆုံး ပြောင်းလဲမှု အခမ်းအနားဖြစ်စေမယ့် သူမျိုးကိုသာ Yangon life ကို အားပေးချစ်ခင်သူ စာဖတ်မိတ်ဆွေအပေါင်း ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
#Yangonlife #SocialInterest #WeddingCeremony
Photo Credit to - Google
လီလီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။