Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 19, 2015

စာသူငယ်ရဲ့ ကြိုတင်မဲလား ခဲလုံးကြီးလို လိုချင်မဲလား


စာသူငယ်ရဲ့ ကြိုတင်မဲလား ခဲလုံးကြီးလို လိုချင်မဲလား

|| ရီနေနိုင် ||

လွန်ခဲ့တဲ့ငါးနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးမှာလည်း သပိတ်မှောက် သူ မှောက်တဲ့တိုင် အချိန်ကုန်ငွေကုန် လူပင်ပန်းခံပြီး မဲဆွယ်စည်းရုံးကြ၊ တစ်နေကုန် အာရုံစိုက် မဲထည့်ကြနဲ့ စိတ်ဝင်တစား ပါဝင်လှုပ်ရှားခဲ့သူလည်း များစွာရှိခဲ့ပါတယ်။ ဒါပေမဲ့ မဲရုံပိတ်ချိန်မှာ ရေတွက်ပြီးသမျှ မဲတွေ ဟာ နောက်မှ အထုပ်အထည်လိုက် ရောက်လာတဲ့ ကြိုတင်မဲ ဆူနာမီလှိုင်းကြီးအောက် မြုပ်ကုန်ပြီး မဲရလဒ်တွေ ဇောက်ထိုး ပြောင်းသွား ခဲ့တယ်လေ။ ဒါကို ရှုံးသူရော နိုင်သူပါသိ၊ ကမ္ဘာသိ၊ မြန်မာသိ၊ စင်္ကြ၀ဠာသိ မဟုတ်လားဗျာ။

နောင်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကြိုတင်မဲနဲ့ အနိုင်ယူခဲ့တယ် ဆိုတာ ကို ပြောတဲ့အခါ အာဏာရ ပါတီကြီးဘက်က ခါးခါးသီးသီး ငြင်းတာ မျိုးတောင် မတွေ့ရတော့ဘဲ ဒီလိုအထင်မှားစရာတွေ ဖြစ်ခဲ့တယ်ဆိုတာ မျိုးလောက်ပဲ ကွယ်ငြင်းကလေး ငြင်းတာပဲ မြင်ရပါတယ်။

မကြာသေးမီက မက်စင်ဂျာသတင်းဂျာနယ်က လက်ရှိရွေးကော်ဥက္ကဋ္ဌကြီးကို အင်တာဗျူးရာမှာ “၂၀၁၀ အခြေ အနေလည်း ရှိထားတော့ ကြိုတင်မဲနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ သံသယတွေ ရှိနေပါတယ်၊ အဲဒီ အတွက်ရော ဘာများ ပြောစရာရှိပါသလဲ” ဆိုတဲ့ မေးခွန်းကိုမေးခဲ့တာ တွေ့ရပါသဗျာ။
အဲဒီတော့ ဥက္ကဋ္ဌကြီးက စဖြေပုံက “ပြောရင်တော့လေ၊ ကျွန်တော်လည်း အကြိမ်ကြိမ် ပြောနေတာပါ၊ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေကြတာ” တဲ့ ခင်ဗျ။ ဟုတ်ပါ့ခင်ဗျား။ စာသူငယ်ကို မှန်ခဲ့တဲ့ ခဲလုံးကြီးကဖြင့် မတန်တဆ ဧရာမကြီးပါပဲ ဥက္ကဋ္ဌကြီးခင်ဗျား။

ဥက္ကဋ္ဌကြီးရဲ့ ဒီအဖြေကိုထောက်ရင် ပထမအချက်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ အဲဒီ တုန်းက ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ခဲ့သူ အနေနဲ့ ကြိုတင်မဲနဲ့ အနိုင်ယူခဲ့တာ အမှန်ပါပဲ ဆိုတာကို အတည်ပြုပေးလိုက်တာလို့ ယူသော်ရ၏ မဟုတ်ပါလား။ ဒုတိယအချက် အနေနဲ့တော့ အကောင်းမြင်သဘော ပြောရရင် “အဲဒီတုန်းက ကိုယ်ဇွတ်လုပ်သမျှ ခံရမယ့် ပြည်သူတွေကို ရက်ရက်စက်စက် မတရားလုပ်ခဲ့မိပါတယ်ဗျာ” လို့ စိတ်မကောင်းများ ဖြစ်သွားတာလားလို့ စဉ်းစား ကြည့်ချင်ပါတယ်။ စိတ်ကူးယဉ် ကြည့်မိမယ်ဆိုရင် ခဲမှန်ဖူးတဲ့ စာသူငယ် ကျွန်တော်တို့တစ်တွေ ကိုယ့်ကိုယ် ကိုယ် အခုမှ သနားပြီး မျက်ရည်များတောင် ကျသွားနိုင်ပါတယ်ဗျာ။
ဒီလိုပြောတာဟာ ဥက္ကဋ္ဌကြီးကို လှောင်ပြောင်လိုက်တာပဲလို့ ထင်သူက ထင်မှာပေမယ့် ဒီလို မဟုတ်ပါဘူးဗျာ။ ဥက္ကဋ္ဌကြီးရဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်မှုကို တန်ဖိုးထားလို့သာ သရုပ်ဖော် တင်ပြနေမိတာပါ။ ဘာကြောင့်လဲဆိုတော့ တာဝန်ရှိ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ၂၀၁၀ မှာ ဒီလိုဖြစ်ခဲ့တာ ပါပဲလို့ ဝန်ခံပြောနေတဲ့ တိုင်အောင် တချို့ ကြားလူ ဆိုသူတွေကတောင် ငြင်းပေး နေတာတွေ မြင်နေကြားနေ ရလို့ပါ။

ဥပမာတစ်ခု ပြောရရင် ဘက်မလိုက်ဘဲ ကြားနေမယ်လို့ ပြော ပြောနေတဲ့ မီဒီယာကြီးတစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ MRTV Entertainment ချယ်နယ်ကနေ မကြာသေးမီက ရွေးကောက်ပွဲ သရုပ်ဖော် ပညာပေးဇာတ်လမ်းကြီးတစ်ခု တင်ဆက်သွားခဲ့သဗျ။ မိုးထက်ယံလင်း မီဒီယာကနေ ဒီဇာတ်လမ်းဟာ ဘယ် ဘက်ကိုမှ မလိုက်ဘဲ ကြားနေပါတယ်ဆိုတဲ့ သရုပ်ပေါ်အောင် အတော်လေး ကြိုးစားရေးသား ရိုက်ကူးထားပုံ ပေါ်ပါတယ်။

ဒီဇာတ်လမ်းမှာ အကယ်ဒမီနေအောင်က (သူတို့ရပ်ကွက်က) ကော်မရှင် ဥက္ကဋ္ဌကြီးအဖြစ် သရုပ်ဆောင်သဗျ။ ဦးနေအောင်တို့များ ရုပ်ရှင်ထဲမှာ ပြုံးပြုံးပြုံးပြုံးနဲ့ သဘောကောင်းချက်များ။ သူ့ကို ပုတ်ခတ်စော်ကား အသားလွတ် ပြောစကားတွေကို တောင် စိတ်မဆိုးရှာဘူးဗျ။ “သုံးဆယ်ရာခိုင်နှုန်းပဲ မှန်နိုင်တယ်၊ မဲစာရင်းမှန်ဖို့က ခင်ဗျားတို့ ပြည်သူ တွေ၊ မီဒီယာတွေရဲ့ တာဝန်ပဲ” စသဖြင့်လည်း မပြောရှာဘူးခင်ဗျ။ ပြောခဲ့တဲ့အတိုင်း ဒီဇာတ်လမ်းမှာ တတ်နိုင်သမျှ ကြားနေပြထားတာပုံက ရပ်ကွက်ထဲမှာ ရွေးကောက်ပွဲနီးချိန် အဓိကပြိုင်ဘက် ပါတီကြီး နှစ်ခု ရှိတဲ့အကြောင်း၊ တစ်ခုကတော့ အစဉ်အလာရှိပြီး သူတို့ပဲ အနိုင်ရမယ်လို့ ထင်တဲ့ပါတီနဲ့ တစ်ဖက်ကတော့ ဟိုဘက်က လုပ်သမျှ တစ်ခုမှ အကောင်း မထင်၊ အဆိုးထင်တတ်တဲ့ ရန်လိုတတ်တဲ့ ပါတီဆိုပြီး နှစ်ခုရှိကြောင်း ပေါ်လွင်အောင် ပြပါတယ်ဗျာ။

လက်ရှိ အနိုင်ရထားတဲ့ ပါတီကြီးက ပါတီဝင်အဖြစ် ဦးမိုးဒီက သရုပ်ဆောင်ပြီး တစ်ဖက်က အဆိုးမြင် ရန်လိုသူများ အဖြစ် ရွှေအိုး တို့၊ ဇော်ဦးတို့က သရုပ်ဆောင်ကြသဗျ။ ရွှေအိုးတို့ ဇော်ဦး တို့ဟာ အလကားနေရင်း ဒေါသဖြစ် ရန်လိုနေကြတာ၊ ဒီမိုကရေစီဆိုပြီး ဆိုက်ကားကို လမ်းမဖယ်ပေးချင်တာ စသဖြင့် အိုဗာလုပ်ကွက်တွေက လွဲရင် သူတို့ပြောနေကြတဲ့ “အရင် ရွေး ကောက်ပွဲတုန်းက နောက်ဆုံးမှ ဒီပါတီ ကပ်နိုင်သွားတာကို မကျေနပ်ဆုံးပဲ” ဆိုတာမျိုး၊ “ခင်ဗျားတို့ ရွေးကောက်ပွဲပြီး ရင် ဒီလမ်းကို ခင်းမယ်ဆိုတဲ့ ကတိကို မတည်ဘူး” တို့ ဆိုတာတွေက ဒီနေ့ အပြင်မှာ ပြောဆိုနေကြတာတွေကို ထင်ဟပ်နိုင်သားခင်ဗျ။

ဒါတင် ဘယ်ကမလဲ၊ ဦးမိုးဒီကြီးက ရွေးကောက်ပွဲမှာ သူ့ကို မဲထည့်ဖို့ ရပ်သူ ရွာသူတွေအပေါ် ဩဇာသုံးနိုင်ရေး ရွာဦးကျောင်း ဆရာတော် သွားချဉ်းကပ် ပုံ ကလည်း လက်ရှိ အခင်းအကျင်းကို တိုက်ရိုက်ထိတဲ့ အကွက်ပါပဲဗျာ။ ဒီတော့ ဒီဇာတ်ကို ရေးသူ၊ ရိုက်သူ ထုတ်လွှင့်သူတွေက “ကြားနေတဲ့ ဟာပဲ ဟာပဲ” လို့ ပြောနေပုံပေါက်နေတာကို လက်ခံလို့ ရပါတယ်။ တချို့ အပြင်မှာ မရှိနိုင်တဲ့ စော်ကားတာ၊ ရန်လိုတာမျိုး အိုဗာလုပ်ပြတာကိုလည်း သည်းခံကြည့်လို့ ရပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းဘေးဆိုင် ဝင်စားမိရင် “မင်းဟာကလည်း ယင်တလောင်းလောင်းနဲ့” လို့ မပြောအပ် သလိုဘဲ ပြန်ကြားရေးပိုင် မီဒီယာက လွှင့်တာ ထိုင်ကြည့်မိရင်လည်း “မင်းဟာက ယင်တလောင်းလောင်းနဲ့” လို့ ပြောကြည့်လို့ရလားလို့ မမေး ပါဘူး။ အောင့်ဧည်းသည်းခံ ကြည့်လို့ရပါတယ်။

ဒါပေမဲ့ အရင် ရွေးကောက်ပွဲမှာ အာဏာရပါတီက မဲရေပြီးကာနီးမှ ကပ်နိုင် တာလို့ တစ်ဖက်က ရန်လိုအုပ်စုက စွပ်စွဲတာက အပြင်မှာ ပြောနေတဲ့ “ထပ်ရောက်လာတဲ့ ကြိုတင်မဲ အထုပ်လိုက်ကြောင့်” ဆိုတာနဲ့ လေသံကွာနေ ပါတယ်။ ဒီနေရာမှာ ကော်မရှင်တာဝန်ရှိ လူကြီးမင်းဖြစ်တဲ့ နေအောင် က ပြန်ရှင်းပြပြန်တော့ အရင်ရွေးကောက်ပွဲမှာ မဲထည့်တဲ့အခါ မဲဘယ်လို ထည့်ရမယ် ဆိုတာကို ပညာပေး အကြိမ်ကြိမ် လုပ်ပေမယ့် ဘယ်သူကမှ စိတ်ဝင်တစား မရှိခဲ့ကြောင်း၊ ဒါကြောင့် ပယ်မဲတွေ များခဲ့ရကြောင်း ရှင်းပြပြီး ပယ်မဲများလို့သာ ရှုံးကြရတာဖြစ်ကြောင်း အဖြေထုတ်ပေးပါတယ်။

ပယ်မဲက တစ်ဖက်တည်းမှာ ဖြစ်တယ်ဆိုတာကပဲ အံ့ဩစရာကောင်း မနေဘူးလား။ နေအောင် ထုတ်ပေးတဲ့ ဒီအဖြေဟာ အဖြေမှန် မဟုတ်ဘူး ဆိုတာ လူတိုင်းသိပါတယ်။ ဘယ်ဘက်က လူမဆို ကြည့်သူတိုင်း သိမှာလို အခုဇာတ်ကား ဖန်တီးသူများလည်း မသိစရာ မရှိပါဘူး။

ဒီနေရာမှာ ဒီဇာတ်ကား ဖန်တီးသူများကို “ခင်ဗျားတို့ အမှန်အတိုင်း မပြောရဲ ဘူးလား” လို့ လက်ညှိုးထိုး အပုတ်မချပါဘူး။ မြန်မာပြည်သား၊ မြန်မာပြည် အကြောင်း သိနေတဲ့ဟာပဲ။ ဒါပေမဲ့ အမှန်ပြောလို့ မရရင် မပြောဘဲ ထားတာက ပိုကောင်းပါတယ်။ မဲဆန္ဒရှင် ပြည်သူကို ပုတ်ခတ်စော်ကား တဲ့ အကြောင်းပြချက်မျိုး မပေးသင့်ပါဘူး။

တကယ်တော့ ဒီဇာတ်ကားမှာ အရင်ရွေးကောက်ပွဲအကြောင်း ပြန် မပြောသင့်ပါဘူး။ ပြောလို့ ကောင်းစရာတစ်ကွက်မှ မရှိတဲ့ဟာပဲ။

အင်တာဗျူးကို ဥက္ကဋ္ဌကြီးက ဖြေရာမှာဆိုရင် တစ်နေရာမှာ “၂၀၁၀ ကျွန်တော်မလုပ်လို့ မသိပါဘူး” ဆိုပြီး ပြောသွားတာ ရှိပါတယ်။ ဒါက အမှန်ပဲ လေ။ အခု ဇာတ်ကား ဖန်တီးသူများဟာ ဥက္ကဋ္ဌကြီးလောက်မှ ရိုးသားမှု ပါးနပ်မှု မရှိဘူးလို့ ဆိုရမလို ဖြစ်နေပါတယ်။ တကယ်တော့ နေအောင် ပြောရမှာက အရင်က ဖြစ်ခဲ့တာတွေ ထားလိုက်စို့၊ အခု ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတာ ဝိုင်းလုပ်ရအောင်၊ အခု ကြိုတင်မဲမှာ အမှားအယွင်း အတိမ်းအစောင်း မဖြစ်အောင် ဘယ်လိုတွေ ကာကွယ်ထားပါတယ် စသဖြင့်သာ ရှင်းပြနိုင်ရင် သာ ပညာပေး ဇာတ်လမ်းအစစ် ဖြစ်နိုင်မယ်မဟုတ်လား။

အခု ပြောရင်းဆိုရင်း ဒီရက်ပိုင်းမှာပဲ စင်ကာပူတို့၊ ကိုရီးယားတို့မှာ ကြိုတင်မဲတွေ စပေးနေ ပါပြီ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ စတယ် ဆိုတာနဲ့ အသံပလံတွေက ထွက်လာတာပါပဲ။ မဲစာရင်းတွေမှာ မြို့နယ် အလိုက်တောင် ကျန်ခဲ့တာတွေ ရှိသတဲ့။ တောင်ကိုရီးယား မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်ဆိုရင် မြို့နယ်အလိုက် ပြုတ် ကျန်ခဲ့သတဲ့။

အမေရိကန်က မဲပေးမယ့် သူတစ်ယောက် ပြောတာကလည်း သူက မဲစာရင်းထဲ ပါပေမယ့် သူ့ကြိုတင်မဲ လက်မှတ်ပါမလာလို့ မဲပေးလို့ မရဘူးလို့ဆို ပါသတဲ့။ သူက တခြားပြည်နယ် တစ်ခုကနေ သံရုံး ကို လေယာဉ်နဲ့ တမင်သွား မဲပေးရမှာ ဖြစ်ပေမယ့် အခု လေယာဉ် လက်မှတ် ဝယ်ပြီးကာမှ မဲပေးလို့မရဘူး ဖြစ်နေ သတဲ့။ တောင်ကိုရီးယားမှာဆိုရင် သံရုံးက ကြိုတင်မဲပေးမယ့်နေ့မှ မဲစာရင်းကို ကြေညာတာမို့ မဲစာရင်းထဲ ပါမပါ စစ်ဆေးဖို့ အခက်အခဲ ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုပဲ စင်ကာပူနိုင်ငံက မဲပေးသူများကလည်း ရွေးကောက်ပွဲအကြောင်း သိပ်မသိတော့ မဲ လက်မှတ်က တစ်ရွက်လား၊ နှစ်ရွက်လား၊ သုံးရွက်လား ဆိုတာတောင် မသိသူတွေလည်း ရှိသတဲ့။ တချို့က မဲတစ်ရွက်တည်း တစ်ကြိမ်ပေးရင် ပြီးပြီ ထင်သူတွေလည်း ရှိတယ်။ တချို့ကတော့ ပြည်သူ့ လွှတ်တော် မဲလက်မှတ်ကို မရဘဲ ကျန်လွှတ်တော်နှစ်ရပ်ကိုပဲ ထည့်ခဲ့တာ မျိုးလည်း ရှိသတဲ့။ တချို့နိုင်ငံတွေမှာဆို မဲရုံမှူးက လက်မှတ် မထိုးထား လို့ တောင်းပန်ပြီး အထိုးခိုင်းရတာလည်း ရှိသတဲ့။ မဲရုံမှူးက မေ့လို့လား၊ နားမလည်လို့လား၊ ခဲလုံးကြီးကြီး ထိပါများလို့ ဒေါသဖြစ်၊ ရန်လိုနေတဲ့ စာသူငယ်တွေကတော့ ဒါဟာ တမင်လုပ်တာလို့ ထင်ကြပါတယ်။

ဒီနေ့မနက် အာအက်ဖ်အေ အသံလွှင့် မီဒီယာမှာလည်း ကြိုတင်မဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မဲရုံတွင်း မဲထည့်စဉ်နဲ့ မဲထည့်ပြီး မဲရေတွက် ရာမှာ မမှန်မကန် မလုပ်နိုင်အောင် ကာကွယ်ထားတာတွေ ရှိပေမယ့် ကြိုတင်မဲနဲ့ ပတ်သက်ပြီး ကြိုတင်မဲတွေကို ကော်မရှင်က လက်ခံပြီး မဲပုံးထဲ ထည့်ရာမှာ သက်သေ သို့မဟုတ် စောင့်ကြည့်သူ မရှိဘဲ ထည့်မှာဖြစ်တဲ့ အတွက် အဲဒီနေရာမှာ ချို့ယွင်း အားနည်းချက် ရှိနေတာကို ထောက်ပြ သွားပါတယ်။ ဒီနေရာမှာ ကော်မရှင်က မဲစာရွက်ကို လဲလိုက် နိုင်တာမို့ မဲခိုးပေးလို့ရတဲ့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။ အမှန်တော့ ဒီလို ချို့ယွင်းချက် ရှိနေတာဟာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေနဲ့ မဲဆနရှင်တွေကိုချည်း ထိခိုက်တာ မဟုတ်ပါဘူး။ ဒီအပေါက်ကနေ ကော်မရှင်ကိုလည်း စွပ်စွဲစရာ ဖြစ်နေတဲ့ အတွက် ကော်မရှင် ဟာလည်း ဥပဒေ အကာအကွယ်ကို မရသလို ဖြစ်နေ ပါတယ်။ ဒါက ကြိုတင်မဲနဲ့ ပတ်သက်ပြီး ပူပန်စရာ ဖြစ်နေတာတစ်ခုပါပဲ။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အားလုံးသိတဲ့အတိုင်း မဲရေပြီးချိန် မှာ နိုင်ဖို့ ဘယ်လောက်လိုနေတာလဲ၊ ငါးရာလား၊ တစ်ထောင်လား၊ လိုသလောက် မဲကို ကြိုတင်မဲအဖြစ် သယ်လာပေးမှာမို့ 'ကြိုတင်မဲ' ဟာ လိုချင်သလောက် ရတဲ့ 'လိုချင်မဲ' ဖြစ်ခဲ့တာကိုး။

ဒီဖြစ်ရပ်ဟာ အိပ်မက်ဆိုးလို့ ခြောက်လှန့်နေတာမို့ ရွေးကော်ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ပြည်သူတွေကို စာသူငယ်နဲ့ ခိုင်းနိုင်း တင်စားရတဲ့အထိ ဖြစ် ရတာပါ။ ဒီကနေ့ နိုင်ငံတကာကရော ပြည်သူတွေကပါ ပူပန်နေတာက အမျိုးမျိုးညစ်ပတ် အနိုင်ကျင့်တာ ခံရနေကျ ကျွန်တော်တို့ စာသူငယ်တွေ အတွက် ခဲကြီးကြီးနဲ့ ထုဖို့ ကြံထားပြန်ရာမှာ ဒီတစ်ခေါက်က ကြိုတင်မဲ ခဲကြီးကြီးလား၊ ပယ်မဲဆိုတဲ့ ဧရာမ ခဲလုံးကြီးလား ဆိုတာပါပဲ။

လက်နောက်ပစ်ပြီး ပြုံးနေတဲ့ ကော်မရှင်ကြီးရဲ့ လက်ထဲမှာ “သန့်ရှင်း မျှတခြင်း” စိပ်ပုတီး ကလွဲပြီး ညစ်ပတ်ပစ်ခတ်ဦးမယ့် ဘာခဲမှ မရှိနေဘူး ဆိုမှသာ ကျွန်တော်တို့ နိုင်ငံရဲ့သိက္ခာ၊ ကျွန်တော် တို့ လူမျိုးရဲ့ သမိုင်းဟာ အများနှာခေါင်းရှုံ့စရာ ထပ်မဖြစ်မယ့်အကြောင်း သတိကောင်းကောင်း ထားကြစေချင်ပါရဲ့ ခင်ဗျား။

ရီနေနိုင်

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။