Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 25, 2015

မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မပန်ထွာ

"မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မပန်ထွာ"
ဒီအကြောင်းကို သိရှိသူအင်မတန်နည်းပါးပါလိမ့်မယ်။ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင်ကျန်ရှိနေသေးတဲ့ကျိန်စာတွေ၊ ပရလောကသားတွေအပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ကို စိမ်ခေါ်နေပါတော့တယ်။ ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း၂၉၂မိုင်ကွာဝေးပါတယ်။တောင်တွင်းကြီးကနေ ၁၂မိုင်အကွာမှာတည်ရှိပါတယ်။မိုးနည်းရေရှားအရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်းကရေကို အဓိကအားထားကြရပါတယ်။ဒါ့အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန်အချို့ရှိသော်လည်း ယခုအခါရေခမ်းခြောက်သလောက်ရှိနေပါပြီ။

ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေကအသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီသက်တမ်းရှိနေကြပါတယ်။အမြင့်က လူတစ်ရပ်လောက်ပဲရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မရဲ့ ဆုတောင်းတစ်ခုပါ။ "ငါလာမှကြီး၊ ငါလာမှသီး" ဆိုတဲ့ဆုတောင်းအတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မလူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာလို့ အဆိုရှိပါတယ်။
ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ်လို့ခေါ်တဲ့ ဥယျာဉ်တစ်ခုရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မလက်ထက်တော်မှ ယနေ့အထိအင်ကြင်းပင်တစ်ပင်မှမရှိခဲ့ဖူးပါဘူး။ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်းအကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာတဝိုက်မှာတွေ့နေရဆဲပါ။ဒီအင်ကြင်းဥယျာဉ်ကို ပန်ထွာဘုရင်မက ဗိဿနိုးနတ်မင်းကြီးကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ဥယျာဉ်ထဲမှာ အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီးရဲ့ အမိန့်နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲကိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။ယခုထိလည်း ဘယ်ကမှန်းမသိတဲ့အင်ကြင်းပွင့်တွေရောက်နေဆဲပါ။
အထူးသဖြင့် ပန်ထွာဘုရင်မတည်ခဲ့တဲ့ ရွှေရောင်တော်စေတီမှာ အင်ကြင်းပန်းတွေကို ဘုရားပန်းလှူထားတာအပြင် ဘုရားရင်ပြင်တဝိုက်ပြန့်ကြဲစွာရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အင်ကြင်းပန်းတွေဘယ်ကလာသလဲဆိုတာကိုတော့ ဘုရင်မ ပန်ထွာရဲ့ ဝိဥာဉ်သာသိပါလိမ့်မယ်။✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့်မရှိပါဘူး။ စည်းကမ်းတွေအရမ်းတင်းကြပ်ပါတယ်။ ဝိနည်းနဲ့ မညီတဲ့ ရဟန်းတွေနေခွင့်မရှိပါဘူး။နေခွင့်မရှိလို့လည်း ပန်ထွာဘုရင်မရဲ့ ဝိဥာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်းတဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော်ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာရှိပါတယ်။ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီးပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာနဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင်မဝိဥာဉ်ကလက်မခံတာပါ။
ရှေးဟောင်းသုတေသနဌာနက ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော်များများတူးဖော်ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ ✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မရဲ့ ဝိဥာဉ်ကိုမြင်ခဲ့ကြရတယ်လို့ ပြောကြပါတယ်။တစ်ချို့ ကတော့ မဟာမြိုင်တောကြီးရဲ့တောစောင့်နတ်ဖြစ်နေတယ်လို့ ဆိုပြန်ပါတယ်။အမှားအယွင်းမလုပ်ရဲကြပါဘူး။တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာဘုရင်မကအသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေနီးပါးရှိတယ်လို့ဆိုပါတယ်။ ဒီအချက်ကတော့ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ၇ပေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အရိုးစုနေရာကိုတူးဖော်မိရာကနေ ပန်ထွာဘုရင်မရဲ့ အရိုးစုလို့ ယူဆခဲ့ရာက ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။ဗိဿနိုးမြို့ဟောင်းထဲမှာညအချိန်တစ်ယောက်ထဲသွားဝံ့သူမရှိပါဘူး။ပန်ထွာဘုရင်မရဲ့ ဝိဥာဉ်ဓာတ်က ခြောက်ခြားအောင်လွှမ်းမိုးထားဆဲပါ။ ✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨အနီးအနားကရွာတွေက ရွာခံတွေလည်းမသွားရဲပါဘူး။ ပန်ထွာဘုရင်မကို နတ်နန်းဆောက်ကိုးကွယ်တဲ့ဓလေ့ယနေ့အထိရှိပါတယ်။ နတ်ဆက်ရာမှာလည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာဆက်သရပါတယ်။အသား၊ငါးမဆက်ရပါ။✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ဟောင်းကြီးက သွားရောက်လည်ပတ်သူနည်းပါးစွာနဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ဒါပေမယ့် ဗိဿနိုးမြို့ကို သွားရောက်ပြီး ပန်ထွာဘုရင်မကို မပျင်းရအောင် မကြာခဏဆိုသလို အနည်းဆုံးတစ်နှစ်တစ်ခေါက်၊နှစ်ခေါက် သွားရောက်ဂါရဝပြုနေကြတဲ့ လူအချို့တော့ရှိနေပါတယ်။ အဲဒီလူတွေကတော့ ပန်ထွာဘုရင်မကို သစ္စာရှိပါ့မယ်လို့ သစ္စာဆိုပြီး ဗိဿနိုးမြို့ရဲ့နောက်ဆုံးအချိန်ထိ သရေခေတ္တရာတပ်တွေကို ခုခံရင်း အသေခံတိုက်ပွဲဝင်သွားတဲ့ ပန်ထွာဘုရင်မရဲ့ စစ်သူကြီးလေးဦးနဲ့ သူတို့ရဲ့ အနွယ်တော်တွေထဲက လူ့ဘဝကို ပြန်လည်ရရှိသူတွေဖြစ်ပါကြောင်း။ ။✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ဒီပိုစ့်ကို Տհɑɾҽ ရတဲ့အကြောင်းက မြန်မာ့ ရှေးဟောင်းမြို့ တော်ကြီးတစ်ခုရှိနေတာကို သိစေချင်တဲ့ရည်ရွယ်ချက်၊ ဆွတ်ပျံ့ကြည်နူးစရာ ဝမ်းနည်းကြေကွဲစရာကောင်းလွန်းလှတဲ့ အလွန်ထက်မြက် တန်ခိုးထွားလှတဲ့ ဘုရင်မတစ်ပါးရဲ့ဘဝဇာတ်ကြောင်းကို သိရှိစေသောရည်ရွယ်ချက်နဲ့မို့ အမှားအယွင်းပါရင်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေခင်ဗျား ☺️
Credit - Lu Myanmar
Photo credit: from post comments
Thanks to all friends for photos and explanations 😊

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B