"ဂလဲ့စား"
ယောက်ျားဖြစ်သူ ရုံးကပြန်အလာ လမ်းမှာပဲရှိသေးတယ် သူ့မိန်းမဆီက ဖုန်းဝင်လာတယ်… …
‘ယောက်ျားရေ… ရှင်အိမ်ပြန်လာရင် ကျမအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်ခဲ့စမ်းပါ’
‘အေး.. အေး…’

လမ်းထိပ်က စတိုးဆိုင်မှာ လိုအပ်တဲ့ဟာ ဝင်ဝယ်ပြီး ပြန်လာတယ်။
အိမ်ရောက်လို့ ပါလာတဲ့အထုပ်ကို မိန်းမကိုပေးလိုက်တယ်။
မိန်းမက ဖွင့်ကြည့်ပြီး အော်ပါလေရော… …
“ဟမ်… ကျမမှာတာ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်လေ’
‘အေးလေ…’
‘ခု ရှင်ဝယ်လာတာက ရိုးရိုးဂွမ်းထုပ်နဲ့ နိုင်လွန်ချည်ကြိုးတွေပါလား’
ဒီတော့..
ယောက်ျားလုပ်သူက မေးတယ်… …
‘မနေ့က မင်းဈေးသွားတော့ င့ါအတွက် ဘာဝယ်လာလဲ မှတ်မိလား’
‘ဆေးရွက်ကြီးမှုန့်နဲ့ စက္ကူတွေလေ’
‘ငါဝယ်ခိုင်းတာ စီးကရက်ကွ’’’
‘စက္ကူထဲကို ဆေးရွက်ကြီးမှုန့်ထည့်ပြီးလိပ်သောက် အတူတူပဲ၊ ဈေးသက်သာတယ်’
ဆိုတော့…
ယောက်ျားက ပြန်ပြောတယ်… …
‘အေး… မင်းလည်း ဂွမ်းထုပ်ကိုဖင်မှာကပ်ပြီး ကြိုးနဲ့ခါးပတ်ချည်၊ အတူတူပဲ၊ ဈေးသက်သာတယ်’
‘ငင်…’
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။ https://www.facebook.com/thanlayko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။