သောက်သုံးမကျတဲ့ တောဆင်လိုက်အဖွဲ့နှင့် အလွဲများ
တောဆင်လိုက်တုန်းက ကောင်းကောင်းသိလာခဲ့တာကတော့ ဒေါက်တာဝမ်ထွန်းဦးဆောင်တဲ့ ဆင်ဖမ်းအဖွဲ့ရဲ့ တစက်ကလေးမှ သောက်သုံးမကျတဲ့လုပ်ပုံကိုင်ပုံတွေပေါ့ဗျာ.
ဘယ့်နှယ့်ဗျာ.အဲဒီဆင်တွေကြောင့် လူတယောက်သေ၊ငါးဦးဒဏ်ရာရပြီးပြီ.ဒါပေမယ့် သူတို့က အေးတိအေးစက်နဲ့ စိတ်မပါလက်မပါလုပ်နေကျတာမို့ အဲဒီလိုပြောတာပါ.
ကျနော်တို့ညောင်ဦးကိုရောက် တာက ပြီးခဲ့တဲ့လ၂၅ရက် ညနေပိုင်း.နေရာက တောဆင်တွေအောင်းနေတဲ့ တူရင်တောင်ကြောဘက်က ရွာထိပ်ပေါ့ဗျာ.တကယ်တော့ တောဆင်နဲ့ ရွာနဲ့က နီးနီးလေးပါ.ဒါပေမယ့်ဗျာ.မြ င်လိုက်ရတာက .မြက်ခင်းပြင်မှာ ဖျာလေးခင်းပြီး ခယက ဥက္ကဌရယ်.မြို့နယ်ရဲမှုးရယ်.အဲဒီဆင်ဆရာဝန်ရယ် သစ်တောဦးစီးကလူတွေက လေထိုင်ပေါနေကြတယ်.အချိန်က အများကြီးကျန်သေးတယ်.ဒါပေမယ့် ဘာမှ မလုပ်.လေထိုင်ပေါပြီး မှောင်မှ ပြန်သွားကြတယ်
.နောက်ရက်မနက်ကျ ဆင်တွေကိုလိုက်ရှာကြတာတဲ့. သူတို့ဘာမှမသိဘူး.ရွာသားတွေ ပြောသမျှ တကောက်ကောက်လိုက်နေတာ..နေ့လ ယ်ကျ ဆင်အယဉ်သုံးကောင်ရောက်လာပြီ . ကားပေါ်ကတောင် မချဘူးဗျာ. ရွာသားတွေက သူတို့ရွာတွေဘက်ကို ဆင်တွေဝင်လာပြီ.ဘယ်လျှိုနား မှာ အောင်းနေပြီဆိုလဲ သူတို့က တုပ်တုပ်ကိုမလှုပ်ဘူး.အဲဒီရွာထိပ်က ထမင်းဆိုင်မှာ အေးအေးဆေးဆေးဘီယာထိုင်သောက် နေကြတာ ကျနော်အချိန်မှတ်ထားတယ်.နေ့ လယ်၁၁လောက်ကနေ ညနေသုံးနာရီကျော်အထိပဲဗျ.
သုံးနာရီခွဲလောက်မှ ဆင်တွေနောက် ခြေရာခံလိုက်နေတဲ့အဖွဲ့ဆီက တွေ့ပြီဆိုတဲ့ဖုန်းသတင်းဝင် လာတယ်.အဲဒီကျမှ ကောက်ခါငင်ကာနဲ့ ထထွက်ကြတယ်.ခက်တာက အဲဒီဆင်တွေကိုလိုက်မောင်းမယ်ဆိုတဲ့ ဆင်အယဉ်တွေကိုကားပေါ်ကနေ မချရသေးဘူး.လေးနာရီကျော်မှ ကျောက်ပန်းတောင်းမီးသဂြိုလ် စက်ဆီကို ဆင်ယဉ်တွေကားနဲ့ခေါ်လာတယ်.ဆင်ဦးစီးတွေကြည့်ရတာလဲ ကျွမ်းကျင်ပုံမပေါ်ပါဘူး.အဲဒီဆင်အယဉ်တွေကိုကားပေါ်က ချ၊ကြိုးတွေဘာတွေချည်တာကိုက တနာရီလောက်ကြာတယ်.တကယ်တမ်း ဒီဆင်အယဉ်တွေကို နေ့လယ်ကတည်းက ကားပေါ်က ချထားပြီး အဆင်သင့်လုပ်ထားသင့်တာလေ.သောက်ပျင်းတွေဆိုတော့ လုပ်ရကောင်းမှန်းမသိကြပါဘူး ..ဟိုဝေ့ဒီဝေ့လုပ်နေတာကိုတော်တော်ကြာတယ်.ညနေမှောင်တော့ မှပဲ ထွက်သွားတယ်.ဆင်အယဉ်တွေလည်း အဲဒီလျှိုထဲရောက်ရော တောဆင်တွေက မရှိတော့ဘူးတဲ့.ဒီလောက်ဝေ့ဝိုက်နေမှတော့ ဘယ်လိုလုပ် မှီမလဲလေဗျာ.
မြင်သာထင်သာရှိတုန်း မောင်းလိုက်ရင် နတ်မောက်ဘက် ရောက်သွားမယ့်ကိစ္စဗျာ.ဒီတို င်းဝေ့နေကြတာနဲ့ ဆင်တွေက ညောင်ဦး၊ကျောက်ပန်းတောင်းန ယ်ထဲ လျှောက်သွားနေတာ ခြောက်ရက်ရှိပြီကိုး.
ညနေလေးနာရီခွဲလောက်မှ လူစစုတယ်။ ဆင်အယဉ်တွေက အဲဒီအချိန်ထိ ရောက်မလာသေးဘူး.ငါးနာရီကျော်မှ ဆင်အယဉ်လေးကောင်ရောက်လာတယ်. ဆင်အယဉ်နှစ်ကောင်က ရိုးထဲကို ဝင်မယ်.နှစ်ကောင်က ဘေးကနေ စောင့်မယ်တဲ့.ကျနော်တို့လည်း ဆင်အယဉ်နောက်က လိုက်ဖို့ပြင်တော့ လူပိုတွေပါနေတယ်.လူပိုတွေပါ နေတယ်ဆိုပြီး မောင်းထုတ်တယ်.ဘာတွေမဟုတ်တာ လုပ်ဖို့ကြံစည်နေလဲမှ မသိတာဗျာ.မီဒီယာကိုလုံးဝအဝင်မခံဘူး.
.ရွာသားတွေဆိုရင်လည်း အော်လိုက်ငေါက်လိုက်တာ မပြောပါနဲ့တော့..ရဲတွေကလည်း ရွာသားတွေကို ခဗျားတို့ကို ဖမ်းပစ်မှာ.ဖမ်းပစ်မှာဆိုပြီး လော်စပီကာကြီးနဲ့ အော်ပြီး ခြိမ်းခြောက်သဗျဆင်ပေါက်စလေးတကောင်လည်း ကျနော်တို့မီဒီယာတွေမရှိတုန်း ဖမ်းပြီးပြီ. သစ်လုပ်ငန်းထဲ ခိုင်းစားတော့မှာလေး.တကယ်တမ်း ဆင်ပေါက်စလေးကို မိသားစုဆီပို့ပေးမယ်ဆို လွယ်လွယ်လေးပါဗျာ.တခါတည်းခေါ်လာပြီး ဒီရိုးထဲ ထည့်ပေးလိုက်ရင် ပြီးနေပြီပဲ. ခဏနေတော့ ဆင်အယဉ်နှစ်ကောင်ရိုးထဲကို ဝင်သွားတယ်.အထဲက ခေါင်းဆောင်ဆင်ကြီးကလည်း ပြန်ခံချတာ တကျီကျီနဲ့ သစ်ကိုင်းကျိုးသံတွေနဲ့ ဆူညံနေတာပါပဲ. အဲဒီအချိန်မှာ အပြင်က စောင့်နေတဲ့ ဆင်အယဉ်နှစ်ကောင်က ရိုးထဲ လိုက်ဝင်ဖို့လုပ်တယ်.ဦးဝမ် ထွန်းက အဝင်မခံဘူးဗျာ.ဒါတင်မကသေးဘူး.အထဲမှာ ရောက်နေတဲ့ ဆင်အယဉ်နှစ်ကောင်ကို ပြန်ထွက်ခိုင်းတယ်.ပြီးတော့ မင်းတို့ကောင်တွေ ဘာမှမလုပ်နဲ့ .အဲဒီနားမှာပဲ ရပ်နေတဲ့..စဉ်းစားသာကြည့်တော့ .ပြောတော့သာ ဆင်လိုက်ဖမ်းတယ်.ဆင်လိုက်မောင်းတယ်နဲ့ တကယ်ကျ အပြင်ကနေ ရပ်ခိုင်းထားတာဗျ.တောဆင်တွေ က သောက်ဂရုစိုက်နေပါဦးမယ်ဗျာ .ဒီလိုပုံစံနဲ့.ခဏနေကျတော့ ရှေ့က လူတွေက ဖုန်းဆက်တယ်.တောဆင်တွေလှုပ်ရှားနေပြီတဲ့..တကယ်တမ်း နောက်က လိုက်ခိုင်းရမှာ.အဲဒါကို မလိုက်ခိုင်းသေးပဲ ဝေ့ဝိုက်နေတာ အူယားစရာပါပဲဗျာ.တော်တော်လေးကြာမှ ဆင်ဦးစီးတွေကို လိုက်တော့ဆိုပြီးအချက်ပေးတယ်.တော်တော်မှောင်နေပြီဗျာ.ရိုးထဲကနေ လိုက်ရမှာ ဘယ်လောက်အန္တရယ်များမလဲ.အံမယ်.သူကကျ ဘာလုပ်တယ်မှတ်လဲဗျ.အိမ်ပြန် ဖို့ ကားတံခါးလေးဖွင့်နေပြီလေ.လူ ကြီးဆိုတာ ဒါပါပဲဗျာ.လက်အောက်ငယ်သားကို လှည့်ကြည့်ဖို့ တွေးတက်တဲ့သူတွေ ရှားပါတယ်.းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
…………………………………………………………………… ………
မပြီးသေးဘူးဗျ.ဆက်ဖတ်ပေးကြဦး.
တကယ်တော့ဒီလိုပို့စ်မျိုးက ခေါင်းစဉ်ပြူးတူးပြဲတဲပေး၊အ လယ်မှာ အချက်အလက်အနဲငယ်ထည့်သွင်းပြီးလိုရာဆွဲရေးသားတဲ့ပို့စ်မျိုးပါ. ဒီပို့စ်ထဲမှာ မပါတဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်။
ဒေါက်တာဝမ်ထွန်းဆိုတာ ဆင်အကြောင်းနောကျေနေတဲ့ မြန်မာ့သစ်လုပ်ငန်းက လက်ထောက်အထွေထွေမန်နေဂျာအဆင့်နဲ့ အငြိမ်းစားယူထားတဲ့ဆင်ဆရာဝန်ကြီးတယောက်ဖြစ်ပြီး လက်ရှိမှာလည်း နေပြည်တော်က ဆင်ဖြူတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ လုပ်ငန်းမှာ တာဝန်ရှိသူအကြီးအကဲတယောက်ဖြ စ်သလို ဆင်တွေနဲ့ပက်သက်တဲ့ဖောင်ဒေး ရှင်းတွေမှာလည်း လုပ်ကိုင်နေသူပါ။ဒီပို့စ်ကိုရေးတဲ့ ကျနော်က အခုမှ တောဆင်ရိုင်းဆိုတာကို နဖူးတွေ့ဒူးတွေ့မြင်ဖူးသူပါ ။ဆင်အကြောင်း၊ဆင်သဘောသဘာဝ ဘာဆိုဘာမှ မသိပဲ မျက်စိရှေ့မြင်တာလေးကို လွယ်လွယ်ကူကူကောက်ချက်ချရေး ထားတာ နံပါတ်တစ်အမှားပါ။
ဘာလို့ဒီလိုရေးတာလဲ.
ဒီပို့စ်ထဲမှာ မပါပဲ မြှပ်ထားတာတွေရှိပါတယ် ကိုညီဇော်ရယ်.ကျနော်ရယ်က သူ့ကိုသွားမေးပါတယ်.ပထမရက် ညနေတုန်းက ဖြေပေးပေမယ့် နောက်ရက်တွေကျ မဖြေပေးပါဘူး.ဘာလို့မဖြေပေး လဲဆိုတော့ သွားမေးတဲ့အချိန်ကသူအလုပ်အရ မ်းရှုပ်နေတဲ့အချိန်မို့ပါ.သူက ဆင်ဖမ်းအဖွဲ့ရဲ့ခေါင်းဆောင် ပါ။သူ့အောက်မှာ ထွေအုပ်ဝန်ထမ်းတွေ၊သစ်တော၊သားငှက်၊ရဲ၊မေ့ဆေးသမား၊ဆင်ဦးစီးစသည်ဖြင့် အဖွဲ့တွေအများကြီးရှိပါတယ်. အဲဒီအဖွဲ့တွေအကုန်လုံးကို ဖုန်းတလုံးနဲ့ ဘယ်သူက ဘယ်နေရာကနေ ဘယ်လိုတာဝန်ယူ၊ဘယ်အဖွဲ့ကတော့  လုံခြုံရေးဘယ်ဘက်ယူပေး၊နယ်ေ မြခံလူတွေကို ဘယ်သူက တားပေး၊ဘယ်အဖွဲ့က ဘယ်ကနေစောင့်ဆိုတာတွေကို သူပဲ စီမံခန့်ခွဲနေရတာပါ.အဲဒါတင် မကသေးပါဘူး.သတင်းထောက်တချို့ ကလည်း သူ့ဆီကို ဖုန်းဆက်ပြီးမကြာခဏမေးနေကြတဲ့အတွက် သူလည်း စိတ်အနှောင့်အယှက်တော်တော်ြ ဖစ်နေပုံရပါတယ်.အဲဒီမှာတင် ကင်မရာကိုင်ပြီး လျှောက်သွားနေတဲ့ ကျနော်တို့ကို နဲနဲအမြင်ကတ်နေပုံပေါ်ပါတယ်. ရွာသားတွေကို မသွားနဲ့လို့ ငေါက်လို့ရပေမယ့် ကျနော်တို့ကျ မီဒီယာသမားဆိုတော့ ဒီမအေပေးတွေ ပြန်ဖွနေမလားဆိုပြီး ဘယ်သူကမှ လာမငေါက်ဘူးဗျ.အဲ.ကျနော်ကလည်း အဲဒီအချိန်တုန်းက သူ့ကိုကြည့်မရပါဘူး.သူ့အကြောင်းလည်း ဘာမှမသိထားတော့ ဒီအသက်ကြီးကြီးဘဲကြီးက စောက်သုံးမကျတဲ့ ငကြောက်ကြီးလို့ သက်မှတ်လိုက်ပြီး အမြင်စောင်းနေတာပါပဲ.
နောက်တချက်က ကျနော်တို့က သတင်းမှားကိုအခြေခံပြီး လိုက်သွားကြတာပါ.လူနှစ်ယောက်သေသွားပြီ.လူဆယ်ယောက်လည်း ဆေးရုံမှာဘာညာဆိုတဲ့ ဖုန်းသတင်းတွေ၊ဖေ့ဘွတ်သတင်း တွေဖတ်၊နောက်တခါ ဆင်တွေကို ကျုံးသွင်းဖမ်းမယ်ဆိုတာတြွေ ကားတော့ စိတ်ထဲမှာဒါဆိုရင်တော့ သတင်းက မိုက်ပြီဆိုပြီးသွားကြတာပါ. တကယ်တမ်း ဆင်တွေကို လိုက်ဖမ်းတာမဟုတ်ပါဘူး.ဆင်ေ တွသွားတဲ့လမ်းကြောင်းကိုရှင်းပေးတာပါ.အဲဒီမှာတင် ဆင်တွေ တိုက်ခိုက်ကြမယ်.ကျုံးသွင်း ကြမယ်.မေ့ဆေးနဲ့ပစ်ဖမ်းမယ်. လူတွေဒဏ်ရာရမယ်..အဲဒါတွေကို ဓာတ်ပုံရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုမရောက်တဲ့အခါ မှာ စိတ်နဲနဲတိုလာတာပေါ့ဗျာ
အရေးကြီးဆုံးအချက်က ဆင်တွေရဲ့သဘောသဘာဝကိုမသိတာပါ.ဆင်တွေက ညမှ လှုပ်ရှားတယ်.နေ့ခင်းအရမ်းပူ တဲ့အချိန်မှာ အရိပ်ကောင်းကောင်းထဲ ရှာပြီး အိပ်လေ့ရှိတယ်.အဲဒီအချိန်မှာ ဘာမှ မလှုပ်ရှားရဘူး.သူတို့ စလှုပ်ရှားမယ့် ညနေမှောင်ရီပျိုးစအချိန်ကျမှ နောက်ကြောင်းပြန်မလှည့်အောင် ဆင်အယဉ်တွေက သူတို့လမ်းကြောင်းနောက်ကနေ ပိတ်ရပ်ပေးထားရင် ရပြီ.ဆင်အယဉ်တွေရဲ့ အနံ့ကိုရရင် သူတို့က ရှေ့ကိုဆက်သွားတယ်.အဲဒီမှာ ကျေးရွာတွေဘက် ရောက်မလာအောင်၊လမ်းလွဲမသွား အောင် နောက်ထပ် ဆင်အယဉ်နှစ်ကောင်က ဘေးလမ်းကြောကနေ ရံပေးထားတယ်..ဆင်ရိုင်းတွေကို ဝင်လည်း မတိုက်ခိုက်ဘူး.ဖိအားလည်းမေ ပးဘူး.သူ့လမ်းသူသွားနိုင်အောင်လုပ်ပေးတယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလည်း ခရေစေ့တွင်းကျ မသိ၊ဒါ့အပြင် တနာရီကို သုံးဆယ့်ငါးကီလိုနှုန်းပြေးနိုင်တဲ့ တောဆင်လိုက်တဲ့အခါ အတွေ့အကြုံမရှိတဲ့သူဆိုရင် လွတ်အောင်ပြေးဖို့မလွယ်.အဲဒီအတွက် မီဒီယာသမားကို ဆင်အယဉ်နောက်ကနေ မလိုက်ခိုင်းတာ(မီဒီယာသမားေ သရင်လည်း ဆင်ဖမ်းအဖွဲ့ခေါင်းဆောင်အထောင်းခံရမှာကိုးဗျ)စတဲ့အချက် တွေကို လျစ်လျူရှုပြီးကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကိုရှေ့တ န်းတင်ပြီးရေးတဲ့ပို့စ်ပဲဗျ …
ရွာသားတွေကို တာဝန်ရှိသူတွေအော်ငေါက်တာကလ ည်း တချို့ရွာသားတွေကိုက တော်တော်လွန်လို့ပါ.အခုဓာတ် ပုံထဲမှာဆိုရင် ရိုးထဲမှာ ရှိတဲ့ဆင်ကိုချောင်းကြည့်ကြ တယ်.ဆင်နဲ့က ဆယ်ပေလောက်ပဲ လိုက်တော့တယ်.အဲဒါကိုအားမရလို့ ရိုးအောက်ထဲ ဆင်းကြည့်မယ်ပြင်တဲ့ရွာသားတ ယောက်ကို ဂုတ်ကနေ ကိုင်ဆွဲထားရပါတယ်.ထားပါတော့  ပြောချင်တာက ဒါက ကျနော်အလွဲကြီးလွဲခဲ့တဲ့ အလွဲတခုပါပဲ. နောက်ပိုင်း ငါဘာတွေမှားလဲ.သူဘာတွေမှားလဲ.တကယ်ဖြစ်နေတာက ဘာလဲဆိုတာကို ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားပြီးမှ နောက်တပိုင်းကို ဖြည့်စွက်ချက်ထည့်လိုက်တာပါ . ဒီအထိ ဖတ်ခဲ့ရင်တော့ ကျနော် အခုရေးတဲ့ပို့စ်တခုလုံးမှာ ပေးချင်တဲ့မစ်ဆေ့ကို မိတ်ဆွေများ သဘောပေါက်မယ်ထင်ပါတယ်.ဖေ့ဘွ တ်ပေါ်မှာ ရေးသမျှအားလုံးကို ဆန်းစစ်ပြီးမှ ယုံကြည်နိုင်ကြပါစေဗျာ. grin emoticon A ma
တောဆင်လိုက်တုန်းက ကောင်းကောင်းသိလာခဲ့တာကတော့
ဘယ့်နှယ့်ဗျာ.အဲဒီဆင်တွေကြေ
ကျနော်တို့ညောင်ဦးကိုရောက်
.နောက်ရက်မနက်ကျ ဆင်တွေကိုလိုက်ရှာကြတာတဲ့. သူတို့ဘာမှမသိဘူး.ရွာသားတွေ
သုံးနာရီခွဲလောက်မှ ဆင်တွေနောက် ခြေရာခံလိုက်နေတဲ့အဖွဲ့ဆီက တွေ့ပြီဆိုတဲ့ဖုန်းသတင်းဝင်
နောက်တရက်မနက်ကျ ဆင်ရိုင်းတွေက ကျောက်ပန်းတောင်းနယ်ထဲ ရောက်သွားပြီလို့ ဆရာတော်ဦးယုဇနကပြောတော့ ဘုန်းကြီးကျောင်းက ကျွေးတဲ့မနက်စာလေးစားပြီး ဆိုင်ကယ်လေးနဲ့ လိုက်ရတာပေါ့ဗျာ.လွင်ပင်ကုန
မြင်သာထင်သာရှိတုန်း မောင်းလိုက်ရင် နတ်မောက်ဘက် ရောက်သွားမယ့်ကိစ္စဗျာ.ဒီတို
ညနေလေးနာရီခွဲလောက်မှ လူစစုတယ်။ ဆင်အယဉ်တွေက အဲဒီအချိန်ထိ ရောက်မလာသေးဘူး.ငါးနာရီကျော
.ရွာသားတွေဆိုရင်လည်း အော်လိုက်ငေါက်လိုက်တာ မပြောပါနဲ့တော့..ရဲတွေကလည်း
……………………………………………………………………
မပြီးသေးဘူးဗျ.ဆက်ဖတ်ပေးကြဥ
တကယ်တော့ဒီလိုပို့စ်မျိုးက ခေါင်းစဉ်ပြူးတူးပြဲတဲပေး၊အ
ဒေါက်တာဝမ်ထွန်းဆိုတာ ဆင်အကြောင်းနောကျေနေတဲ့ မြန်မာ့သစ်လုပ်ငန်းက လက်ထောက်အထွေထွေမန်နေဂျာအဆင
ဘာလို့ဒီလိုရေးတာလဲ.
ဒီပို့စ်ထဲမှာ မပါပဲ မြှပ်ထားတာတွေရှိပါတယ် ကိုညီဇော်ရယ်.ကျနော်ရယ်က သူ့ကိုသွားမေးပါတယ်.ပထမရက် ညနေတုန်းက ဖြေပေးပေမယ့် နောက်ရက်တွေကျ မဖြေပေးပါဘူး.ဘာလို့မဖြေပေး
နောက်တချက်က ကျနော်တို့က သတင်းမှားကိုအခြေခံပြီး လိုက်သွားကြတာပါ.လူနှစ်ယောက
အရေးကြီးဆုံးအချက်က ဆင်တွေရဲ့သဘောသဘာဝကိုမသိတာပ
ရွာသားတွေကို တာဝန်ရှိသူတွေအော်ငေါက်တာကလ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။