" ဥပေက္ခာ ဆိုသည်မှာ"
===============
- ဥပေက္ခာရဲ့ သဘောတရားကို လူတွေက အဓိပ္ပါယ်ကောက် လွဲနေတယ်။
- မခေါ် မပြော ဂရုမစိုက်ပဲနေတာကို ဥပေက္ခာလို့ ထင်နေ ကြတယ်။
- အမှန်မှာ ဥပေက္ခာ ဆိုတာ
- မေတ္တာ ထက်လည်း သာတယ်၊
- ကရုဏာ ထက်လည်း သာတယ်။
- ဥပေက္ခာရဲ့ သဘောတရားက
- လူဆိုတာ သူ့ကံနဲ့သူဖြစ်တာ။
- ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။
- ဥပေက္ခာသမားသည် လာရောက်၍ ချီးမွှမ်းပြီး အကူအညီ ပေးရင်လည်း သြော် ဒီကောင်တော်တယ်။
- ငါ့ကို ချီးမွှမ်းဖော်ရတယ်။ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း ဝမ်းမသာဘူး။
- ဆိုလိုတာက စိတ်ဓါတ် အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ် အနေအထားမျိုးကို ဥပေက္ခာလို့ခေါ်တယ်။
- စိတ်ဓါတ်အလွန်တည်ငြိမ်တယ်။
- စိတ်ဓါတ်တည်ငြိမ်ပြီး လူကို လျစ်လျှူမရှုဘူး။
- လူရဲ့ အပြုအမူကိုသာ လျစ်လျှူရှုပြီး လုပ်သင့်တာကို လုပ်တယ်။
- ဆိုပါစို့ လူတစ်ယောက် အကူအညီလိုတယ်။
- ဒုက္ခရောက်နေတယ်။
- သို့သော် သူကဆဲပြီးတော့ ခိုင်းတယ်။
- စိတ်မဆိုးဘူး လုပ်ပေးတယ်။
- တစ်ယောက်က ချော့ပြီးခိုင်းတယ်။
- ဝမ်းမသာဘူး လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာ။
- ဝမ်းသာနေတယ်လို့ စိတ်ဆိုးနေတယ်လို့ ဆိုတာက
- စိတ်မှာ တည်ငြိမ်မှုမရှိ တာကိုပြတယ်။
- တည်ငြိမ်မှု မရှိတဲ့သဘောကို ပြနေတာ။
- အခု လူတွေက ဘယ်လို အဓိပ္ပါယ်ကောက်လည်း ဆိုလို့ ရှိရင်တော့
- ဥပေက္ခာဆိုတာ အေး … ကိုယ်နဲ့ မတည့်တဲ့သူ ဒီကောင် မခေါ်မပြောပဲ နေလိုက်တယ်။
- ဥပေက္ခာပြုထားတယ်။ မခေါ်မပြောဘူး။
- စကားလည်း မပြောဘူး။ သူ့ ဘာမှမလုပ်ဘူး။
- အဲဒါ ဥပေက္ခာ တကယ်တော ဒီလိုမဟုတ်ဘူး။
- အဲဒီ ဥပေက္ခာက တစ်မျိုး။
- ဒါ မွန်ုမြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။
- မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သား လုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး။
- လုပ်သင့်တာ လုပ်တယ်။ ဒါမှ တကယ့် ဥပက္ခော။
ဆဲလည်း ဂရုမစိုက်ဘူး။ လုပ်သင့်တာလုပ်မယ်။
- ချီးမွှမ်းရင်လည်း ဂရုမစိုက်ဘူး။ လုပ်သင့်တာလုပ်မယ်။
- လုပ်သင့်တာကို လုပ်ပေးတယ်။
- စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်။
- ဒါမှ တကယ့် " ဥပေက္ခာ " ပါ။
- ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။