Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 20, 2015

တေးသံရှင် မွန်းအောင်နှင့် တွေ့ဆုံခြင်း

🎼 တေးသံရှင် မွန်းအောင်နှင့် တွေ့ဆုံခြင်း 🎼
တစ်ခေတ်တစ်ခါက ဂီတလောကတွင် အောင်မြင်မှုများစွာ ရရှိခဲ့သော တေးသံရှင် မွန်းအောင်မှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ၂၆ နှစ်အကြာတွင် ပြည်တော်ပြန်လာခဲ့ပြီး ၎င်းချစ်သော ပရိသတ်များအတွက် မတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့တော်နှင့် မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။ တေးသံရှင် မွန်းအောင် နော်ဝေနိုင်ငံတွင် နေထိုင်စဉ် ၎င်း၏ ဘဝဖြတ်သန်းမှု၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် ၎င်း၏အမြင်နှင့် ဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားမှုများကို The Voice က မေးမြန်းထားပါသည်။

Voice: ၂၆ နှစ် ခွဲခွာနေခဲ့ရတဲ့ ကိုယ့်တိုင်းပြည်ကို ဘယ်လိုအကြောင်းတွေကြောင့် ပြန်လာရလဲဆိုတာ ပထမဆုံး သိချင်ပါတယ်။
MA: အဓိကကတော့ ကျွန်တော် ပွဲဆိုဖို့ ပြန်လာတာပါပဲ။ တခြားအကြောင်းကတော့ လောလောဆယ် မရှိသေးဘူးပေါ့။ Live Show တစ်ပွဲ လုပ်ချင်တာက ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်ပေါ့။ အခုမှ မဟုတ်ပါဘူး။ ဒီနိုင်ငံကနေ မထွက်ခင်ကတည်းက ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်ပါ။ ၈၈ မတိုင်ခင်ကတည်းက ကိုထူးအိမ်သင်တို့ မဆုံးခင်ကတည်းက ကျွန်တော်တို့ စကားပြောဖြစ်ကြတဲ့ အချိန်ကတည်းက လုပ်ချင်ခဲ့တာပေါ့။ ကိုယ့် Band နဲ့ကိုယ်၊ ကိုယ့်သီချင်းနဲ့ ကိုယ့်ပရိသတ်နဲ့ ဆိုချင်တာပေါ့။ ဒါက ကျွန်တော် မက်ခဲ့ရတဲ့ အိပ်မက်ပေါ့။
ဒီကိုပြန်လာရတာလည်း အဆင်ပြေပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကျွန်တော့်ကို ဗီဇာအတွက် ကူညီပေးတယ်။ ကျွန်တော့်ကို ဗီဇာထုတ်ပေးဖို့ သူစာရေးပေးတယ်။ ဗီဇာရဖို့ အခက်အခဲ လုံးဝမရှိဘူး။ လေဆိပ်ရောက်တော့လည်း လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေနဲ့ အကုန်အဆင်ပြေတယ်။ ဆိုတော့ ကျွန်တော်ကျေနပ်ပါတယ်။ မြန်မာပြည်ပြန် ရောက်လာတာ ရက်ကြာလာတာနဲ့ တဖြည်းဖြည်း သိသိလာတယ်။ ဒီတိုင်းပြည်က ကျွန်တော့်တိုင်းပြည်၊ ကျွန်တော့် အမိမြေ ဖြစ်တဲ့အတွက် ပြန်လာရတာ ပျော်ပါတယ်။ နိုင်ငံနဲ့ အကြာကြီးဝေးသွားပေမယ့် စိတ်ကတော့ နီးနေပါတယ်။ တချို့ဟာတွေကတော့ ကိုယ်ပြန်လာတဲ့အခါမှာ မျက်စိနဲ့ မြင်ရတဲ့ အမြင်မှာတော့ မတူတော့တဲ့ဟာတွေလည်း ရှိတယ်ပေါ့။ တစ်ပြိုင်နက်တည်းမှာပဲ ဒီတိုင်းပြည်၊ ဒီလူမျိုးတွေရဲ့ အငွေ့အသက်က ကျွန်တော်တို့အတွက် ဒီတိုင်းပဲ ရှိနေပါသေးတယ်။
Voice: တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ခွဲခွာခဲ့ရတဲ့ ပရိသတ်ကို ပြန်တွေ့ရတော့မယ့်အပေါ် ခံစားမှုက ဘယ်လိုရှိလဲ။
MA: ကျွန်တော့်အနေနဲ့ကတော့ ဒါကအိပ်မက်တစ်ခုလိုပါပဲ။ ကျွန်တော် ဆိုချင်ခဲ့တဲ့ ပွဲလေးပေါ့။ အခု ကျွန်တော်တို့ ဒီပွဲလုပ်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နေတာဆိုတော့ ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်က အကောင်အထည် ပေါ်လာတော့မှာပေါ့။ ဒီပွဲအပေါ် ကျွန်တော်ရင်ခုန်ပါတယ်။ စိတ်လည်းလှုပ်ရှားနေတယ်။ ကျေလည်းကျေနပ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ပရိသတ်တွေနဲ့က လူကဝေးနေပေမယ့် စိတ်ကတော့ အမြဲနီးနေပါတယ်။ ဒီတိုင်းပြည်က ကျွန်တော့်တိုင်းပြည်၊ ကျွန်တော်တို့ မွေးရပ်မြေပဲလေ။ ကျွန်တော့်စိတ်က ဘယ်တော့မှ ဝေးမနေပါဘူး။ ကျွန်တော်အဝေးမှာ နေပေမယ့် မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ ကျွန်တော် နေ့တိုင်းနားထောင်ပါတယ်။ ကျွန်တော်အပြင်မှာ နေခဲ့တဲ့ ၂၆ နှစ်လုံးမှာ မြန်မာပြည် အကြောင်းတွေနဲ့ နေ့တိုင်း အဆက်မပြတ်ခဲ့ပါဘူး။ လူကသာ အဝေးမှာ နေနေရတာပါ။ ဒီကလူတွေ ဖြစ်ရင် ကျွန်တော်လည်း လိုက်ခံစားရတာပဲ။ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးဘူးလို့တော့ ကျွန်တော့်ဘက်က ခံစားရပါတယ်။
Voice: ပြည်ပမှာ အခြေချနေထိုင်စဉ်မှာ ဂီတနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲ။
MA: ဂီတနဲ့ ပတ်သက်လို့ကတော့ အများကြီး မလုပ်ဖြစ်ဘူး။ တစ်ပိုင်းကတော့ ပြည်ပမှာက ပရိသတ်အရ ပြောမယ်ဆိုရင်လည်း မြန်မာလူမျိုးက အများကြီး မရှိတဲ့အတွက် တစ်ခါတစ်ခါ စုဖို့တောင် မနည်းစုရတာပေါ့။ နောက်တစ်ဖက်မှာက ဂီတလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်နိုင်တဲ့အခါကျတော့ ကျွန်တော် တခြားအလုပ်လုပ်ရတယ်။ ဂီတလုပ်ငန်းကို ဇောက်ချပြီး လုပ်တာမျိုး မရှိခဲ့ဘူး။
Voice: ဒါဆို ကိုမွန်းအောင်က နော်ဝေမှာ ဘယ်လို အသက်မွေးဝမ်းကျောင်း အလုပ်မျိုးနဲ့ ရပ်တည်နေလဲ။
MA: နော်ဝေမှာတော့ ကျွန်တော်က မူကြိုတစ်ခုမှာ ကလေးတွေနဲ့ အလုပ်လုပ်တယ်။ လက်ရှိလည်း ကျွန်တော်က အလုပ်ကနေ ခွင့်ယူပြီး လာခဲ့တာပါ။ မူကြိုမှာ ကျွန်တော် ကလေးတွေနဲ့ အလုပ်လုပ်တာ ဆယ်နှစ်လောက်တော့ ရှိပြီ။ ဂီတသမားဘဝကနေ မူကြိုမှာ အလုပ်လုပ်ဖြစ်တော့ ပြောင်းလဲသွားတယ်လို့တော့ ပြောရမှာပေါ့။ တစ်ဖက်မှာလည်း ရောက်တဲ့အရပ်မှာ ကျွန်တော်လုပ်ဖို့ လိုတဲ့ဟာ၊ လုပ်နိုင်တဲ့ဟာ တစ်ခုကို ကျွန်တော်လုပ်တယ်။ အဲဒီမူကြိုမှာကလည်း ကျွန်တော်အလုပ်လျှောက်ပြီး ရခဲ့တာတော့ မဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်လို့ပါ။ နော်ဝေကို မြန်မာကလေးတွေ ရောက်လာတော့ သူတို့ကို မူကြိုမှာ လိုက်ကူပေးရင်းကနေ သူတို့က အလုပ်လုပ်မလား မေးတယ်။ ကျွန်တော်ကလည်း ကလေးတွေနဲ့ နေရတာ ပျော်တယ်။ ကျွန်တော်ပျော်လို့လည်း အဲ့ဒီအလုပ်ကို လက်ခံပြီးလုပ်တာ။ အဲဒီအလုပ်ကနေ ကျွန်တော် အတွေ့အကြုံတွေ အများကြီးရပါတယ်။ ကလေးတွေဆီကနေ ကျွန်တော် သင်ယူရတဲ့ဟာတွေ ရှိတယ်။ ကလေးတွေရဲ့ ငယ်စဉ်ဘဝတို့၊ လူ့ဘဝအကြောင်းတွေ ကျွန်တော် သိရတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ နော်ဝေလူမျိုးတွေ၊ ကလေးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ဆရာတွေ၊ ဆရာမတွေနဲ့ အလုပ်လုပ်ရတော့ ကလေးတွေအကြောင်းကို ကျွန်တော် လေ့လာရတယ်။ ကျွန်တော်က ကလေးတွေနဲ့ မနေခဲ့ရတဲ့အတွက် တကယ်တမ်းပြောရရင် ကလေးတွေ အကြောင်းကို ကျွန်တော်မသိဘူး။ ဒီအလုပ်ကို ကျွန်တော့်ဘဝအတွက် အလုပ်တစ်ခုအနေနဲ့ လုပ်သည့်တိုင်အောင် အဲဒီကနေ သင်ယူစရာတွေ အများကြီးရခဲ့တယ်။
Voice: ကိုမွန်းအောင်က မူကြိုကျောင်းမှာ ကလေးတွေကို စာသင်ပြရတဲ့ ဆရာလုပ်တာလား။
MA: ကျွန်တော်တို့ ကလေးတွေကို စာမသင်ဘူး။ ကျွန်တော်တို့ကျောင်းမှာက သုံးနှစ်ကနေ ခြောက်နှစ်အရွယ် ကလေးတွေ ရှိတာဆိုတော့ သူတို့ သိချင်တာလေးတွေ ပြောပြတယ်။ အပင်တွေအကြောင်း၊ ငှက်တွေအကြောင်းပေါ့။ ကလေးတွေကို သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဗဟုသုတတွေရစေဖို့အတွက် တောင်ပေါ်တက်တယ်။ ပင်လယ်မှာ ငါးဖမ်းတယ်။ ပုစွန်ဖမ်းတယ်။ ကလေးတွေရဲ့ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး ကောင်းလာပေါ့။ ကျွန်တော်က လက်ထောက်အနေနဲ့ပဲ လုပ်တာပါ။ ဆရာမတွေ၊ ဆရာတွေ ရှိတယ်။ သူတို့က လက်မှတ်ရတွေ။ သူတို့က ဦးဆောင်တာပေါ့။ ကျွန်တော်က ဘေးကနေလိုတဲ့ဟာကို လိုက်ကူညီတဲ့ သဘောပါပဲ။
Voice: နော်ဝေမှာ နေတုန်းက မြန်မာနိုင်ငံ အကြောင်းကို သတင်းတွေကနေ တစ်ဆင့်သိခဲ့ရတယ်။ ကိုယ်တိုင် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ မြင်ရတာတွေက ဘယ်လိုကွာခြားမှုတွေ ရှိလဲ။
MA: ဒီမှာ ဘာတွေဖြစ်လဲဆိုတာ ကျွန်တော်လည်း တော်တော်များများ သိရပါတယ်။ အင်တာနက်တို့ ဘာတို့ကနေ သိရတာပေါ့။ မလာခင်ကတော့ ကျွန်တော်တို့ဘက်ကလည်း ကြိုသိထားခဲ့တာတွေ ရှိတယ်။ ဒီမှာ ပြန်ရောက်တော့လည်း ကျွန်တော်သိထား၊ ကြားထားတဲ့အတိုင်း မြင်ရတာပေါ့။ အထူးသဖြင့် မြန်မာနိုင်ငံက အခုခေတ် လူငယ်တွေကိုတော့ ကျွန်တော့်အတွက်က အခုမှမြင်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာပါပဲ။
Voice: မြန်မာနိုင်ငံက ဘယ်အပိုင်းတွေမှာ တိုးတက်မှုတွေရှိပြီး၊ ဘယ်အပိုင်းတွေကတော့ အရင်အတိုင်း ရှိနေသေးတယ်လို့ ကိုမွန်းအောင် သုံးသပ်မိလဲ။
MA: မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကတော့ ကျွန်တော်တို့ ရှိတုန်းကထက်စာရင် သိသိသာသာကြီး အများကြီး တိုးတက်တယ်လို့ ပြောလို့ရပါတယ်။ သတင်းစာတွေ၊ စာအုပ်တွေ အများကြီး ကျွန်တော်ဖတ်ရတယ်ပေါ့။ အရင်တုန်းက ပြောလို့တောင်မရတဲ့ ကိစ္စမျိုးတွေကို အခုက စာအုပ်တွေ၊ သတင်းစာတွေမှာ ဖတ်နေရတော့ ကျွန်တော့်အနေနဲ့ကတော့ ဒါကတိုးတက်တယ်လို့ ပြောရမှာပဲ။ နိုင်ငံရေးအကြောင်း ပြောရမယ် ဆိုရင်တော့ အရမ်းကျယ်ပြန့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးသမား တစ်ယောက် မဟုတ်သလို၊ နိုင်ငံရေးပါတီဝင် တစ်ယောက်လည်း မဟုတ်ဘူးဗျ။ အတိုချုပ်ပြောရရင် ကျွန်တော့်စိတ်ထဲမှာတော့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတာကိုတော့ မြင်ရတယ်ပေါ့။ ဒါပေမဲ့လည်း လိုနေသေးတယ်။ ပြင်စရာတွေက အများကြီး ရှိနေသေးတယ်။
Voice: ရန်ကုန်နဲ့ မန္တလေးမှာ လုပ်မယ့် တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေမှာ ကိုမွန်းအောင်ရဲ့ ပရိသတ်တွေကို ဖျော်ဖြေဖို့အတွက် ဘယ်လိုစီစဉ်ထားလဲ။
MA: ကျွန်တော်တို့ သီချင်းတွေ ရွေးထားပါတယ်။ ကျွန်တော်ဆိုခဲ့တဲ့ သီချင်းတွေထဲက စုစုပေါင်း ၃၅ ပုဒ်လောက်တော့ ကျွန်တော် ဆိုဖြစ်ပါလိမ့်မယ်။ ပွဲကိုလည်း ကျွန်တော်တစ်ယောက်တည်း ဆိုမှာဆိုတော့ နှစ်ပိုင်းဖြစ်ဖြစ် ပိုင်းပြီးတော့ ဆိုမယ်လို့ စဉ်းစားထားတယ်။ ကျွန်တော်လည်း သီချင်းမဆိုတာ ကြာပြီဆိုတော့၊ ဒါက ပထမဆုံးပွဲလည်း ဖြစ်တော့ ကျွန်တော့်အတွက် စိန်ခေါ်မှု တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော့်ပွဲမှာ ပရိသတ်ကြိုက်ခဲ့တဲ့ သီချင်းတွေ တော်တော်များများ ပါပါလိမ့်မယ်။ သီချင်းတွေ အားလုံးထဲကမှ ရှိုးအတွက်လည်း သင့်တော်တဲ့ သီချင်းမျိုးတွေ၊ ပရိသတ်အတွက်လည်း အဆင်ပြေအောင် စီစဉ်ထားပါတယ်။ ရှိုးပွဲပြီးရင်လည်း ကျွန်တော့်ရဲ့ စီးရီးအယ်လ်ဘမ် အသစ်တစ်ခွေလည်း ထုတ်ဖို့ရှိပါတယ်။ ကျွန်တော့်ကို တစ်လျှောက်လုံး အားပေးခဲ့တဲ့ ပရိသတ်တွေကို မျက်နှာချင်းဆိုင် ဖျော်ဖြေရမယ့် အတွက်တော့ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ရမယ့်နေ့ကို ကျွန်တော်မျှော်နေပါတယ်။ မကြာတော့ပါဘူး ရောက်လာတော့မှာပါ။
Credit~~~သန့်ဇင်ဦး [ The Voice ]

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။