.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#news_yyl
www.yoyarlay.com
(Unicode version)
သားအတွက် မိုးအစိုခံပြီး မိုးပေးတဲ့ ဖခင်ကောင်း
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရဲ့ လမ်းမပေါ် တစ်နေရာမှာ ဖြစ်ပါတယ်။ သားအမဖ နှစ်ယောက အတူ လမ်းလျှောက်နေပြီး မိုးတွေရွာတော့ ဖခင်ဖြစ်သူက သား အတွက် ထီးကို ယခုလို ဆောင်းပေးခဲ့ ပါတယ်။
သူထီးဆောင်းပေးတဲ့ ပုံစံက သူကိုယ်တိုင် အစိုခံပြီးတော့ ဆောင်းပေးခြင်း ဖြစ်ပါတယ်။ အလုပ်သွား ရှပ်နဲ့ Style Pant ဝတ်ထားတဲ့ ဖခင်မှာ အိတ်တစ်လုံး ပါလာ ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်အပါအဝင် အိတ်ကိုပါ မိုးရေထဲမှာ ကိုင်ပြီး မူကြိုအရွယ် သားငယ်လေးကို မိုးလုံးဝ မဆိုအောင် ဆောင်းပေးထားပါတယ်။ ဖြတ်သွားဖြတ်လာ သူများက သတိမထားမိပေမယ့် အနောက်ကနေ လျှောက်တဲ့ လူတစ်ယောက်ကနေ ဖခင်မေတ္တာ ထင်ဟက်တဲ့ အနေအထား တစ်ခုကို ဓာတ်ပုံ အမိအရ ရိုက်ယူပြီး Reddit အမည်ရ Social Media ပေါ်မှာ တင်လိုက် ပါတယ်။ နောက်တော့ Twitter နဲ့ ဆိုရှယ်မီဒိယာတွေအထိပေါ်ပါ ပြန့်နှံ့သွားပြီး ပုံပါ အမျိုးသားရဲ့ သူ့သားလေး အပေါ် ချစ်တတ်တဲ့ စိတ်မြတ်နိုး တဲ့ စိတ်ကို ထင်ဟက်သွားစေ ခဲ့ ပါတယ်။
ပုံပါ အမျိုးသားဟာ ကနေဒါမှ နေထိုင်တဲ့ အာရှအမျိုးသားတစ်ယောက် ဆိုတာကလွဲလို့ ကျန်တဲ့အချက်အလက်များကို ဘယ်သူမှ မသိပါဘူး။ ယင်းဓာတ်ပုံဟာ ကြည့်ရှုသူပေါင်း ၁ သန်းကျော်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။