ရွေးကောက်ပွဲအတွက် လော်ဘီတွေရဲ့ အန္တရာယ်ရှိသောလှည့်ကွက်များ
၂၀၁၅ ရွေးကောက်ပွဲကြီးကျင်းပမယ့် အချိန်
တဖြည်းဖြည်း နီးကပ်လာချိန်မှာ မဲဆွယ်စည်းရုံးမှုရေချိန်တွေ ဟာလည်း တဖက်နဲ့တဖက်အပြိုင်မြင့်တက် လာပါတယ် ။ ဒီလိုမြင့်တက်လာချိန်မှာ တချို.လော်ဘီတွေရဲ့ လှည့်ကွက်တွေဟာ
ပြည်သူလူထုအချို.ကို ထင်ယောင်ထင်မှားဖြစ်အောင် ၊ မဲပေးမှားမှု ဖြစ်အောင်လုပ်ဆောင်လာတာတွေအ များကြီးတွေ.လာရပါတယ် ။ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ ပတ်ဝန်းကျင်က နိုင်ငံရေး၊စီးပွားရေး၊လူမှု ရေး၊ဘာသာရေးစတဲ့
ကဏ္ဍအသီးသီးမှာ လူတွေဟာ နေ့စဉ်နဲ့အမျှ အမျိုးမျိုးသောလှည့်ကွက်တွေ ကို (လှည့်ကွက်မှန်း သိ၍ (ဝါ) မသိဘဲ) အသုံးပြုနေကြပါတယ် ။ အဲဒီလှည့်ကွက်တွေအကြောင်း ကျွန်တော်ဒီနေ့ပြောချင်ပါသေးတယ် ။
လှည့်ကွက်တွေအကြောင်းမပြောခ င် မျက်လှည့်အကြောင်းအရင်ပြောပါဦးမယ် ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် မျက်လှည့်ဆရာကြီး စက္ကောမ ဆီမှာ မျက်လှည့်ပညာ လက်လှည့်ပညာတွေသင်ခဲ့ဖူးပါတ ယ် ။ အားလပ်ချိန်တော်တော်များများလည်းဆရာကြီးဆီသွားပြီး ဆရာကြီးပြောပြတဲ့ လူ့သဘောသဘာဝ နဲ့ လှည့်ကွက်သဘောတရားတွေအကြောင်းအများကြီးလေ့လာဆည်းပူးမိခဲ့ပါတယ် ၊ ရှင်းရှင်း ပြောရရင်လှည့်ကွက်တွေကို မကောင်းတဲ့ဘက်မှာအသုံးချတတ် တဲ့ လူလိမ်တွေအကြောင်း ၊ လူလိမ်တွေရဲ့လိမ်နည်းတွေကို အများကြီးသိခဲ့ရပါတယ် ။ အခုအဲ့ဒီမျက်လှည့်ရဲ့
အခြေခံသဘောတရားတွေကို နိုင်ငံရေးလှည့်ကွက်ကြီးတွေ အနေနဲ့အသုံးချလာတာ၊နိုင်ငံေ ရးတိုက်ကွက်တွေအနေနဲ့ အသုံးချလော်ဘီလုပ်လာတာတွေကို တော်တော်များများတွေ့လာမိပါ တယ် ။
(တစ်)
ပထမဆုံးနာမည်ကြီး လော်ဘီတွေသုံးနေတဲ့ လှည့်ကွက်က မျက်လှည့်မှာသုံးတဲ့
(Miss direction) ဆိုတဲ့ လမ်းကြောင်းလွှဲအခြေခံလှည့်ကွက်ပါ ။ မျက်လှည့်ပညာမှာ မျက်လှည့်ဆရာတွေဟာ ပရိတ်သတ်ကိုသူတို.ပြမယ့်အရာ တွေကို ဖုံးကွယ်ထားပြီး အခြားမဆိုင်တဲ့ အရာတွေနဲ့ မျက်စိလည်အောင် လမ်းကြောင်းအလွဲတွေပေးတတ်ပါ တယ် ။ အခုနိုင်ငံရေးမှာရောဘယ်လိုလ မ်းကြောင်းအလွဲတွေပေးနေသလဲ ဆိုရင်...
(၁)စစ်မှန်တဲ့ဒီမိုကရေစီရပြီးသယောင်လမ်းကြောင်း လွှဲပါတယ် ။
(၂) တရားမျှတတဲ့ရွေးကောက်ပွဲကြီးပုံစံနဲ.လမ်းကြောင်းလွှဲပါတ ယ် ။
ရှင်းပါဦးမယ် ။
ဒေါ်စုက လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်မဲပေးပြောတော့ သူတို့ကဒီမိုကရေစီစနစ်ဆိုတာ လူကိုမရွေးချယ်ရဘူးလား ဆိုပြီး မသိနားမလည်တဲ့သူတွေကို ဒီမိုကရေစီစနစ်ရပြီးသယောင် ၊ ဒေါ်စုကပဲ အာဏာရှင်ဆန်ဆန်မဲဆွယ်သယောင် ဖန်တီးပြီး စစ်မှန်တဲ့ ဒီမိုကရေစီမရသေးဘူးဆိုတာကို ပြည်သူတွေ မေ့ပြီး ၊ ဒီမိုကရေစီပဲ ကိုယ်ရွေးချင်တာရွေးမှာပေါ့ ဆိုတဲ့ ဦးတည်ချက်တွေမှားယွင်းအောင်လုပ်ဆောင်တဲ့ တိုက်ကွက်ပါ ။
နောက် တိုင်းရင်းသားပါတီတွေကို မဲပေးရမယ်ဆိုတာနဲ့ လမ်းကြောင်းလွှဲပြန်ပါသေးတယ် ။
လော်ဘီက တခါမှအားမပေးဘူးတဲ့ တိုင်းရင်းသားပါတီတွေကို အပြင်းအထန်အားပေးလာပြီး NLDမဲမရအောင် အပြင်းအထန်တိုက်ခိုက်လာပြန် ပါတယ် ။ ဒါလည်းအဓိက လမ်းကြောင်းနဲ့လွဲအောင်လုပ် တဲ့ လှည့်ကွက်တစ်ခုပါ ။
သူတို့က ဒီမိုကရေစီ နဲ့ မညီလို့ထောက်ပြနေတာမဟုတ်သလို ၊ တိုင်းရင်းသားတွေအားပေးချင် လို့လည်းမဟုတ်ပါဘူး ၊ အဓိကမြှုပ်ထားတာက ၊ သူတို့ဖုံးကွယ်ထားတာက လွှတ်တော်ထဲမှာ နေရာယူထားပြီးသား ၂၅ကျပ်သားရယ် ၊ သူတို့ကြံ.ဖွံ.က နည်းအမျိုးမျိုးနဲ့ ၂၆ ရာခိုင်နှုန်းရအောင်လုပ်ပြီး စစ်တပ်ကျောထောက်နောက်ခံရှိတဲ့အစိုးရဖန်တီးပြီး စစ်မှန်တဲ့ အရပ်သားအစိုးရတစ်ရပ်ပေါ်လာမှာကို ဆက်လက်တားဆီးမယ့်အစီအစဉ်ပါပဲ ။
အခုဒီမိုကရေစီနည်းအရ ကိုယ်ပေးချင်တာပေးရမယ်ဆိုတဲ့  ဆရာကြီးတွေတော်တော်များများ နဲ့ ၊ နောက်ပြီး ငါကတိုင်းရင်းသားမို့တိုင်း ရင်းသားပဲပေးမယ်ဆိုတဲ့သူတွေ ကို ပြောပြချင်တာက
စစ်မှန်တဲ့ ဒီမိုကရေစီမရသေးပါဘူး ၊ နောက်တချက်က ရွေးကောက်ပွဲဟာလည်း စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ် ဖို့ မဖြစ်ဖို့မသေချာသလောက် ၊ မဲခိုးမဲလိမ်ဖို့လုပ်မယ့် အရိပ်ယောင်တွေလည်းအများကြီး တွေ့နေရတယ်ဆိုတာပါပဲ ။
ဒီတော့သူများတွေလမ်းကြောင်း လျှောက်လွှဲတဲ့နောက်လိုက်ယုံ စားပြီး ထင်ရာမဲပေးမိရင် လက်ရှိအစိုးရကဆက်လက်အုပ်ချု ပ်မယ် ။ပြည်သူ့ ဆန္ဒမပါတဲ့ ၂၀၀၈ ဖွဲ.စည်းပုံထဲက ပြင်သင့်တာတွေလည်းမပြင်ဖြစ် နိုင်သလို ၊ ၂၅ ကျပ်သားကလည်း လွှတ်တော်ထဲအမြဲရှိမယ် ၊ နောက်နောင်များစွာလာမယ့် ရွေးကောက်ပွဲတွေလည်း ဒီလိုပဲ ခများတို့ကျွန်တော်တို့ကို ဒီမိုကရေစီအရ ရွေးချင်ရာရွေးပြောမယ် ၊ ပြီးရင်မဲခိုးမဲလိမ်တာတွေဆက်လုပ်မယ် ၊ အစိတ်သားနဲ့ပေါင်း အစိုးရဖွဲ.ပြီး ဒီမိုကရေစီ နာမည်ပြ စစ်တပ်အုပ်ချုပ်ရေးကိုအစဉ်အ ဆက်ဆက်လုပ်ချင်တဲ့ ကလိမ်ကကျစ်ဉာဏ်တွေပါပဲ ။
လော်ဘီတွေ ချမပြရဲဘဲ နောက်ကွယ်မှာဖုံးကွယ်ထားတာလ ည်း ဒီအချက်တွေပါပဲ ။ NLD ပါတီအနိုင်ရလာရင် အစိုးရဖွဲ.နိုင်ခဲ့ရင်စစ်မှ န်တဲ့အရပ်သားအစိုးရဖွဲ.ပြီး နောက်လာမယ့်ရွေးကောက်ပွဲတို င်းမှာ ဒီမိုကရေစီနည်းကျကျစစ်စစ်မှ န်မှန်ကိုယ်ကြိုက်ရာတွေကို ရွေးချယ်နိုင်တော့မှာပါ ။ အခုတစ်ကြိမ်မှာတော့ စစ်အစိုးရကိုဖယ်ရှားပြီး စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်တဲ့ အင်အားရှိတဲ့ပါတီဟာ NLD ကလွဲလို့မရှိပါဘူး ။ ဒီတော့ အများပြောနေတဲ့ ဒီမိုကရေစီနည်းကျဆိုတာ အခုအချိန်မှာလုံးဝမဖြစ်နိုင်ပါဘူး ၊ ဒီမိုကရေစီနည်းကိုအရင်ချပေး မယ့် လူကိုမဲပေးရမှာပါ ။ ဒီမိုကရေစီနည်းကို အရင်ခြေခြေမြစ်မြစ် ပုံစံချပြီးမှသာ ဒီမိုကရေစီ နည်းကျကျမဲပေးနိုင်မှာဖြစ်ေ ကြာင်း လမ်းကြောင်းအလွဲတွေနောက်လျှောက်လိုက်နေတဲ့ သူတွေကိုသတိပေးလိုက်ရပါတယ် ။
အခြားအမျိုးမျိုးသော ( Miss direction) လှည့်ကွက်တွေကိုလည်း ဆက်လက်ကြည့်တတ်ရင်မြင်နိုင် မှာပါ ။ ဥပမာ ၅၉(စ) ပြင်မယ်လုပ်နေချိန် ခေါင်းလောင်းဆိုပြီး နာမည်ကြီးအောင်ထလုပ်တာ ၊ ဦးနေဝင်း လက်ထက်မှာလည်း ဆန်သယ်ယူမှုတားမြစ်လို့ လူတွေငတ်ပြဿနာတွေတက်တော့ တရုတ်မြန်မာအဓိကရုဏ်းဖန်တီး တာ အစရှိတဲ့ လမ်းကြောင်းလွှဲလှည့်ကွက်တွေ အများကြီးမြင်လာနိုင်မှာပါ ။
(နှစ်)
နောက်မျက်လှည့်မှာ အသုံးများတဲ့ အခြေခံပြကွက်က (Point ) ထုတ်တယ် တနည်း
(Highlight ) လုပ်တယ်ဆိုတဲ့ပြကွက်တစ်မျိုးပါ ။ ဒီနည်းကို ရိုးရိုးရှင်းရှင်း ဥပမာပေးရရင်
လူတယောက်ရှေ.မှာ လက်ညိုးနှစ်ချောင်းထောင်ပြ ပြီး လက်ဘယ်နှစ်ချောင်းရှိလဲ မေးရင် ၊
၉၉ရာခိုင်နှုန်းဟာ နှစ်ချောင်းလို့ဖြေကြပါတယ် ။ အောက်မှာကွေးနေတဲ့ လက်သုံးချောင်းမမြင်နိုင်တော့ဘဲ အပေါ်မှာထောင်ထွက်နေတဲ့လက်နှ စ်ချောင်းကိုသာမြင်ပြီး မေးတဲ့မေးခွန်းလည်းသေချာ
မစဉ်းစားနိုင်တော့ဘဲ အမြင်တွေလွဲချော်သွားစေတဲ့ နည်းပါ ။
ဒီနည်းကို ဘယ်မှာသုံးနေသလဲဆိုရင် အခုခေတ်စားနေတဲ့ " အမျိုးဘာသာသာသနာဆိုတာ " အဲဒီလို Point ထုတ်ထား၊ Highlight လုပ်ခံထားရတဲ့အရာပါ ။ အဲဒါကြောင့် ထမင်းကြမ်းနဲ့ငပိစားရရင်နေပါစေ ၊ အမျိုးဘာသာအပျောက်မခံနိုင်ဘူး ၊ စစ်အစိုးရအုပ်ချုပ်လည်းရတယ် အမျိုးဘာသာ အပျောက်မခံနိုင်ဘူးဆိုပြီြး ဖစ်အောင် အလုပ်ခံထားရတာပါ ။ ထင်ရှားအောင် ထုတ်ပြထားတဲ့အရာလေးပဲမြင်ပြီး အခြားဆက်စပ်တွေးတောသင့်တဲ့အ ရာတွေ မြင်သင့်တဲ့အရာတွေအကုန်ပိတ် သွားအောင် ထုတ်ပြခြင်းခံရတာပါ ။ ဒီလိုခံရတဲ့အထဲမှာ ဆရာတော်ကြီးတွေနဲ.စာတတ်ပေတတ်ရဟန်းသံဃာတွေအများကြီးပါပါ တယ် ။ ဆရာတော်တွေနဲ့ ရဟန်းတော်အများစုဟာ ဗုဒ္ဓ
စာပေပတ်ဝန်းကျင်မှာသာအနေများပြီး ရိုးသားဖြူစင်ကြတော့ ရှင်းရှင်းပြောရရင် ပိုပြီးတော့ လိမ်လို့ကောင်းပါတယ် ။ ပြီးတော့တချို.ပြောတာရှိပါေ သးတယ် ဆရာတော်ကြီးတွေသီလသမာဓိပညာဆိုတာကိုပါ ၊ မှန်ပါတယ် ဆရာတော်ကြီးတွေသီလသမာဓိပညာရှိပါတယ် ၊ သို့သော် သီလသမာဓိတွေက လူလိမ်တွေနည်းကို မသိနိုင်ပါဘူး ။ ဒီတော့အလိမ်ခံရနိုင်ပါတယ် ။
အခု လော်ဘီတွေလိမ်နေတဲ့ အကွက်က အမျိုးဘာသာသာသနာဆိုတာကို ပေါ်လွင်အောင်ထုတ်ပြတယ် ၊ ပြီးတော့ဘာသာသာသနာကို တကယ့်ညစ်နွမ်းအောင်လုပ်နေတဲ့ အစိုးရကို ဖုံးကွယ်ထားပြီး မဆိုင်တဲ့ အတိုက်အခံ NLD ကို
လမ်းကြောင်းလွှဲပြီးအပြစ်ပုံ ချတဲ့အကွက်တွေပါ ။ အမျိုးဘာသာသာသနာကို အကြောင်းပြမဆီမဆိုင်တိုက်ခိုက်လို့ NLD ပြိုလဲခဲ့ရင် ပြည်သူတွေကိုစစ်ကျွန်သက်တမ်းပိုရှည်အောင်လုပ်ဖို့ရည်ရွ ယ်ရင်းပါ။ မျက်လှည့်မှာအဆင့်မြင့်ပြကွ က်တွေဆို အခြေခံသဘောတွေ တစ်ခုထက်ပိုတာတွေ အများကြီးရောထားသလို ဒီဟာကလည်း နှစ်မျိုးရော ထားတယ်လို့မြင်နိုင်ပါတယ်။
အခုဆိုရင် ရဟန်းတော်တွေအပါအဝင် ဘက်ပေါင်း
စုံ ဒေါင့်ပေါင်းစုံကနေမစဉ်းစား တဲ့ သူတော်တော်များများဟာ လော်ဘီတွေရဲ့လှည့်ကွက်တွေထဲ ဝဲလည်နေပြီး အရေးကြီးဆုံးဖြစ်တဲ့ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့ ရယ် ၊ တရား
ဥပဒေစိုးမိုးမှုရှိမှ အမျိုးဘာသာသာသနာကို ကာကွယ်နိုင်မယ်ဆိုတာရယ် ၊ စီးပွားရေးဖွံ.ဖြိုးတိုးတက် မှုရှိမှ နိုင်ငံတိုးတက်မှသာ အမျိုးဘာသာဟာတောက်ပနိုင်မယ် တိုးတက်နိုင်မယ်ဆိုတာကို လုံးဝမမြင်တော့ပါဘူး ။ အတင်းဇွတ်မျက်စိမှိတ်ပြီး အမျိုးဘာသာသာသနာအော်မယ် ၊ ပြီးတော့ အခြားအရာတွေနဲ့ဆက်စပ်နေတဲ့
အကြောင်းအရာတွေရှင်းပြရင် အမျိုးဘာသာကို အဓိကမထားလို့ဆိုပြီး သစ္စာဖောက်တို့ကုလားအားပေးဆိုပြီး သမုတ်မယ်ဆိုတာမျိုးတွေများလာပါတယ်။
ဒီတော့ အမျိုးဘာသာကာကွယ်မယ်ဆို ဥပမာပေးရရင် ပျက်ဆီးယိုယွင်းနေတဲ့ ပြိုအံ့ဆဲဆဲအိမ်တစ်အိမ်မှာ အိမ်ခေါင်းရင်းက ဘုရားစင်လေးပဲရွေးပြီး ပြန်လည်တည်ဆောက်လို့မရပါဘူး ၊အိမ်ခြေအိမ်နံရံအိမ်အမိုးအ ကုန်ခိုင်မာအောင်တည်ဆောက်နိုင်မှ ဘုရားစင်လည်း သူနေရာနဲ့သူတင့်တင့်တယ်တယ်သ ပ္ပါယ်နိုင်မှာပါ ၊ မဟုတ်ရင်အိမ်ပြိုရင်ဘုရားစင်တစ်ခုတည်းကွက်ကျန်မနေခဲ့ပါ ဘူး ၊ အကုန်လိုက်ပြိုမှာပါ ။
ဒီတော့ ထုတ်ပြထားတဲ့ အမျိုးဘာသာသာသနာလေးပဲမြင်နေ တာရပ်ပြီး အခြားအရေးကြီးတဲ့
နိုင်ငံတည်ဆောက်ရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တွေလုပ်ဖို့အရေးကြီးတဲ့အရာေ တွကိုမြင်တတ်ကြပါလို့ သတိပေးချင်ပါတယ် ။
(သုံး)
နောက်လှည့်ကွက်တစ်ခု အနေနဲ့ပြောပြချင်တာက
(Color trick) လို့လည်းခေါ်တဲ့ အရောင်တွေနဲ့ ရောထွေးအောင်လုပ်တဲ့ လှည့်ကွက်တွေပါပဲ ။
လူတော်တော်များများ က အကြောင်းအရာတွေကို တလွှာချင်းခွဲထုတ်ပြီး သုံးသပ်တဲ့သူတော်တော်
နည်းပါးပါတယ် ။ မျက်စိရှေ.မှာ အဝါရောင်ပုဝါလေးပြပြီး လက်ထဲကို ထိုပုဝါပုံစံအရောင်တူတစ်ခုခုထည့်ပေးလိုက်ရင် ဘာမှန်းသေချာမကြည့်တော့ဘဲ အဝါရောင်မြင်တာနဲ့ ခုနကပုဝါအဝါဆိုပြီး အသေအချာကိုဆုပ်ကိုင်လိုက်တဲ့ သူကများပါတယ် ။ ဒီလိုရောရောထွေးထွေးရောချတဲ့ ပြကွက်တွေကို လော်ဘီလုပ်နေတဲ့သူတွေသုံးတာ တော်တော်များပါတယ် ။
ဥပမာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ မထူးဘူးဆိုတဲ့ အမြင်မျိုးကိုလော်ဘီလုပ်တာဟာ ခုနကနည်းပါပဲ ။ အစိုးရဆိုတဲ့အရောင်ချင်း တူပေမယ့် အမျိုးအစားမတူပါဘူး ။
နောက် နာမည်ကြီးအွန်လိုင်းလော်ဘီတ စ်ယောက်သုံးနေတဲ့ပုံစံဆိုရင် ဒေါ်စုတို့အစိုးရတက်လာလည်း တိုင်းပြည်ကချက်ခြင်းကောင်း သွားမှာမဟုတ်ဘူး ၊ ဒီလိုပဲပြဿနာတွေတက် ၊ ဆန္ဒတွေပြ ၊ အဲ့ကျကျောင်းသားတွေသံဃာတွေဖ မ်းဆီးဦးမှာပဲဆိုတဲ့ ပြကွက်ကိုသုံးလော်နေတာတွေ့ရ ပါတယ်။အောက်က ရွှေပွဲလာပရိတ်သတ်တွေကလည်း အစိုးဖြစ်တယ်ဆိုတဲ့အရောင်တူ တာပဲမြင်ပြီး ရပ်တည်ချက်မတူတာကိုမမြင်နို င်တော့ပါဘူး ။ ဒါကိုတမျိုးဆီခွဲရှင်းထုတ်ြ ပရရင် ဒေါ်စုနဲ့ NLD ပါတီရဲ့ကျောထောက်နောက်ခံနဲ့ လက်ရှိအာဏာရပါတီရဲ့နောက်ခံက မတူပါဘူး ။ NLD ပါတီရဲ့နောက်ခံက
ပြည်သူလူထုပါ ၊ဒီတော့သူတို.ပြောသလို့ ဒေါ်စုတို့ကမကောင်းရင် ပြည်သူလူထုထောက်ခံမှုမရှိတော့ ဘဲအလိုလိုပျက်သုန်းသွားမှာ ပါ၊စစ်တပ်ကျောထောက်နောက်ခံပါတီကတော့ မရမက ကလိမ်ကကျစ်နည်းပေါင်းစုံသုံးပြီး ပြည်သူကျေနပ်နပ်မနပ်နပ် မျက်နှာပြောင်တိုက်ရပ်တည်ဖို့ကြိုးစားနေတာပါ ။ ဒီလိုကွာခြားတဲ့အတွက် NLD ပါတီအနိုင်ရလာရင် လက်ရှိအာဏာရအစိုးရလိုပြည်သူ့ မျက်နှာမထောက်ထင်တိုင်းကြဲလိုမရပါဘူး ။ ကြဲရင် ၅နှစ်ပြီးအလိုလိုပြုတ်ကျသွားမှာပါ ။
ဒါက အရောင်တူပေမယ့် (Issue) အကြောင်း
ချင်းရာနဲ့ ပုံစံမတူတာကိုခွဲထုတ်ပြတာပါ ။ ဒီတော့ဦးသိန်းစိန်အစိုးရဖြ စ်လို့ ပြဿနာတက်တဲ့အခါ မဖြေရှင်းတတ်လို့ " ကျောင်းသားလေးတွေရိုက်လို့ ပြန်ရိုက်ရပါတယ် " ပြောတိုင်းဒေါ်စုကလိုက်ပြောမ ယ်လို့ပြောနေတာကတော့ တမင်ရှုပ်ထွေးအောင်လော်ဘီလုပ်ချင်းသာဖြစ်တယ်လို့ ပြောပြချင်ပါတယ် ။
နောက်ဦးသိန်းစိန်ဦးဆောင်တဲ့ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီနှစ်ခုကြားမှာရှိတဲ့ ကွာခြားချက်အကြီးကြီးက ဦးသိန်းစိန်ပါတီက
စစ်သားလူထွက်တွေဟာ နိုင်ငံဘဏ္ဍာတွေကို
ကိုယ်ကျိုးရှာစားထားတဲ့သူတွေကြီးပါပဲ ၊ ဒီတော့ တိုင်းပြည်တိုးတက်ရေး လုပ်ငန်းတွေလုပ်တိုင်း ကိုယ်ကျိုးစီးပွားကိုမူတည်တဲ့မူဝါဒတွေသာ
ချမှတ်ပြီး လုပ်ဆောင်ပါတယ် ။ နောက်
ကိုယ်ကျိုးစီးပွားကိုထိခိုက်လာမယ့် အဆိုတင်သွင်း
ချက်တိုင်းကို ကိုယ်ကျိုးစီးပွား အတွက်
ပယ်ချတာကြီးပါပဲ ။ ဒါကြောင့် NLD ပါတီနဲ့ အာဏာရအစိုးရဟာပုံစံမပြောပါနဲ့ အရောင်ချင်းတောင်မတူပါဘူး ။ ဒီတော့လော်ဘီတွေရဲ့ရောရောထွေးထွေးဝါဒဖြန့်မှုတွေကိုရောေ ယာင်ပြီးအဟုတ်မှတ်မနေပါနဲ့ ၊ စစ်ကျွန်သက်ရှည်ဖို့လမ်းတွေ ကြီးသာဖြစ်ပါတယ်လို့ ရှင်းပြချင်ပါသေးတယ်။
(လေး)
နောက်အများအားဖြင့်သုံးနေတဲ့  နောက်တစ်
နည်းက ( illusion ) လို့ခေါ်တဲ့ထင်ယောင်ထင်မှားအ မြင်မှားအတွေးမှားတွေဖြစ်အောင်လုပ်တာပါ ။ မျက်လှည့်ပညာမှာဆို အရောင်တွေ၊မီးတွေ၊ပုံစံအမျိုးမျိုးပစ္စည်းတွေအရာဝတ္တုတွေ ကိုသုံးပြီး အလင်းအမှောင်သဘောတရားတွေနဲ့ လူ့မျက်စိအမြင်ကိုလှည့်စားတဲ့
သဘောတရားပါ ။
ဥပမာထင်ထင်ရှားရှားပြရရင် The Voice ကနေ ဒေါ်အောင်ဆန်းစုကြည် က ဆရာတော်တွေကိုလက်အုပ်ချီတာကို ဗလီဆရာတွေကို
ကန်တော့ နေဟန် လိုရာလေးဖြတ်ညှပ်ကပ်ပြီး လူတွေအထင်အမြင်လွဲမှားအောင် လုပ်တာအဲဒါ အမြင်ရောထွေးစေတဲ့ (illusion)ပါပဲ နောက်
ဒေါ်စုသားအကြီးသူ့ဘာသာမုတ်ဆိ တ်မွှေးထားတာကိုလည်း ကုလားဖြစ်ပြီဆိုပြီးပြောတာမျိုးတွေ ၊ ဆရာတော်ဦးဝီရသူကိုယ်တိုင် ဟိန္ဒူဗုဒ္ဓဘာသာ ဒေါ်စုကားမောင်းသူကို အဲဒါ ကုလား ၊ မွတ်ဆလင် ၊ ဆိုပြီး (ယဉ်ယဉ်ကျေးကျေးပြောရင်) မုသာဝါဒ ၊ (အရပ်ပြောပြောရင် ) ကလိမ်ကကျစ်ကျတာလည်း အဲဒါ ထင်ယောင်ထင်မှား ဖြစ်စေအောင် အမြင်မှားယွင်းအောင်လုပ်တဲ့ နိုင်ငံရေး အောက်လုံး ( illusion ) တွေဖြစ်ပါတယ် ။
ဒီတော့အားလုံးကို ရိုးရိုးရှင်းရှင်းပြောချင် တာက ခများတို့မျက်လုံးနဲ့မြင်တဲ့ အရာတိုင်းဟာ မှန်မနေပါဘူး ။ " ငါ့မျက်လုံးနဲ့တပ်အပ်မြင်တာ တို့ ၊ ငါ့ရှေ.မှာဖြစ်သွားတာကွ ၊ အဲဒါအမှန် " လို့ပြောတိုင်း မျက်လှည့်ပညာရှင်တွေနဲ့ မျက်လှည့်
သဘောတရားကိုနားလည်တဲ့ သူတွေက ခများတို့ကိုပြုံးပြုံးကြီး ကြည့်နေတယ်ဆိုတာ
မမေ့ပါနဲ့ ။ မျက်လုံးနဲ့မြင်တာပဲ ၊ မုတ်ဆိတ်ပါကုလားပဲ ၊ အသားမဲကုလားပဲလုပ်နေသ၍
ကတော့ ခများတို့တသက်လုံးသူများလိမ်တာခံနေရမှာပါ ။ ဒီတော့နိုင်ငံရေးအောက်လုံးမှာသုံးနေတဲ့ (illusion) သဘောတရားတွေကိုလည်း သဘောပေါက်ပြီး အကြောင်းအရာကိုသေချာ ဂဃနဏသိအောင် လုပ်ကြပါ ။
ဒီအကြောင်းအရာတွေကတော့ နိုင်ငံရေးမှာအသုံးပြုနေတဲ့ ( Tricks ) လို့ခေါ်တဲ့လှည့်ကွက်တွေပါပဲ ။ ဘယ်အရာမဆိုကောင်းတဲ့ဖက်မှာအ သုံးပြုရင်ကောင်းတာဖြစ်ပြီး မကောင်းတဲ့ဖက်မှာအသုံးချရင် မကောင်းတဲ့အရာပါပဲ ။အခြားနည်းတွေကိုလည်းနောက်အ လျဉ်းသင့်သလိုဖော်ပြပါ့မယ် ။ အခုလော်ဘီတွေသုံးနေတဲ့ တိုက်ခိုက်နည်းတွေဟာ အခုပြောပြထားတဲ့အချက်တွေထဲက မလွတ်ပါဘူး ၊ ဒီနည်းတွေကိုပဲအမျိုးမျိုးလှည့်ပတ်သုံးပြီး အာဏာရှင်သက်ဆိုးရှည်အောင်ကြံဆောင်နေကြတာပါ ။ ဒီတော့ ရိုးသားတဲ့ပြည်သူတွေအမြင်မှား၊အထင်မှား၊အတွေးမှားတွေမြ ဖစ်အောင် သိပြီးသားသူတွေကတတ်နိုင်သမျှ ဖြေရှင်းပေးကြပါ ၊ ဖော်ထုတ်ပေးကြပါ ။ အတွေးအမြင်အမှန်တွေကိုချပြေ ပးကြပါ ။ဒီလိုမဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်စိုင်းခဲ့ရင်ဖြင်တော့ စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ဘဲ အောက်ကပြထားတဲ့ပုံအတိုင်းကျွန်တော်တို့သားစဉ်မြေးဆက်တွေဟာ ဒီမိုကရေစီ အမည်ခံ အာဏာရှင်စနစ် လက်အောက်မှာ နှစ်ပေါင်းများစွာဆက်လက်ဒုက္ခခံရမယ်ဆိုတာလည်းသတိပေးချင် ပါတယ်ခမျာ။ဒီတော့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တခုတည်ဆောက်ဖို့ NLD ပါတီကိုဝန်းရံပေးကြပါလို့ နှိုးေ
က်၂၀၁၅ ရွေးကောက်ပွဲကြီးကျင်းပမယ့်
တဖြည်းဖြည်း နီးကပ်လာချိန်မှာ မဲဆွယ်စည်းရုံးမှုရေချိန်တွေ
ပြည်သူလူထုအချို.ကို ထင်ယောင်ထင်မှားဖြစ်အောင် ၊ မဲပေးမှားမှု ဖြစ်အောင်လုပ်ဆောင်လာတာတွေအ
ကဏ္ဍအသီးသီးမှာ လူတွေဟာ နေ့စဉ်နဲ့အမျှ အမျိုးမျိုးသောလှည့်ကွက်တွေ
လှည့်ကွက်တွေအကြောင်းမပြောခ
အခြေခံသဘောတရားတွေကို နိုင်ငံရေးလှည့်ကွက်ကြီးတွေ
(တစ်)
ပထမဆုံးနာမည်ကြီး လော်ဘီတွေသုံးနေတဲ့ လှည့်ကွက်က မျက်လှည့်မှာသုံးတဲ့
(Miss direction) ဆိုတဲ့ လမ်းကြောင်းလွှဲအခြေခံလှည့်က
(၁)စစ်မှန်တဲ့ဒီမိုကရေစီရပြ
(၂) တရားမျှတတဲ့ရွေးကောက်ပွဲကြီ
ရှင်းပါဦးမယ် ။
ဒေါ်စုက လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်မဲပေးပြောတော့ သူတို့ကဒီမိုကရေစီစနစ်ဆိုတာ
နောက် တိုင်းရင်းသားပါတီတွေကို မဲပေးရမယ်ဆိုတာနဲ့ လမ်းကြောင်းလွှဲပြန်ပါသေးတယ်
လော်ဘီက တခါမှအားမပေးဘူးတဲ့ တိုင်းရင်းသားပါတီတွေကို အပြင်းအထန်အားပေးလာပြီး NLDမဲမရအောင် အပြင်းအထန်တိုက်ခိုက်လာပြန်
သူတို့က ဒီမိုကရေစီ နဲ့ မညီလို့ထောက်ပြနေတာမဟုတ်သလု
အခုဒီမိုကရေစီနည်းအရ ကိုယ်ပေးချင်တာပေးရမယ်ဆိုတဲ
စစ်မှန်တဲ့ ဒီမိုကရေစီမရသေးပါဘူး ၊ နောက်တချက်က ရွေးကောက်ပွဲဟာလည်း စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်
ဒီတော့သူများတွေလမ်းကြောင်း
လော်ဘီတွေ ချမပြရဲဘဲ နောက်ကွယ်မှာဖုံးကွယ်ထားတာလ
အခြားအမျိုးမျိုးသော ( Miss direction) လှည့်ကွက်တွေကိုလည်း ဆက်လက်ကြည့်တတ်ရင်မြင်နိုင်
(နှစ်)
နောက်မျက်လှည့်မှာ အသုံးများတဲ့ အခြေခံပြကွက်က (Point ) ထုတ်တယ် တနည်း
(Highlight ) လုပ်တယ်ဆိုတဲ့ပြကွက်တစ်မျို
လူတယောက်ရှေ.မှာ လက်ညိုးနှစ်ချောင်းထောင်ပြ
၉၉ရာခိုင်နှုန်းဟာ နှစ်ချောင်းလို့ဖြေကြပါတယ် ။ အောက်မှာကွေးနေတဲ့ လက်သုံးချောင်းမမြင်နိုင်တေ
မစဉ်းစားနိုင်တော့ဘဲ အမြင်တွေလွဲချော်သွားစေတဲ့ နည်းပါ ။
ဒီနည်းကို ဘယ်မှာသုံးနေသလဲဆိုရင် အခုခေတ်စားနေတဲ့ " အမျိုးဘာသာသာသနာဆိုတာ " အဲဒီလို Point ထုတ်ထား၊ Highlight လုပ်ခံထားရတဲ့အရာပါ ။ အဲဒါကြောင့် ထမင်းကြမ်းနဲ့ငပိစားရရင်နေပ
စာပေပတ်ဝန်းကျင်မှာသာအနေမျာ
အခု လော်ဘီတွေလိမ်နေတဲ့ အကွက်က အမျိုးဘာသာသာသနာဆိုတာကို ပေါ်လွင်အောင်ထုတ်ပြတယ် ၊ ပြီးတော့ဘာသာသာသနာကို တကယ့်ညစ်နွမ်းအောင်လုပ်နေတဲ
လမ်းကြောင်းလွှဲပြီးအပြစ်ပုံ
အခုဆိုရင် ရဟန်းတော်တွေအပါအဝင် ဘက်ပေါင်း
စုံ ဒေါင့်ပေါင်းစုံကနေမစဉ်းစား
ဥပဒေစိုးမိုးမှုရှိမှ အမျိုးဘာသာသာသနာကို ကာကွယ်နိုင်မယ်ဆိုတာရယ် ၊ စီးပွားရေးဖွံ.ဖြိုးတိုးတက်
အကြောင်းအရာတွေရှင်းပြရင် အမျိုးဘာသာကို အဓိကမထားလို့ဆိုပြီး သစ္စာဖောက်တို့ကုလားအားပေးဆု
ဒီတော့ အမျိုးဘာသာကာကွယ်မယ်ဆို ဥပမာပေးရရင် ပျက်ဆီးယိုယွင်းနေတဲ့ ပြိုအံ့ဆဲဆဲအိမ်တစ်အိမ်မှာ အိမ်ခေါင်းရင်းက ဘုရားစင်လေးပဲရွေးပြီး ပြန်လည်တည်ဆောက်လို့မရပါဘူး
ဒီတော့ ထုတ်ပြထားတဲ့ အမျိုးဘာသာသာသနာလေးပဲမြင်နေ
နိုင်ငံတည်ဆောက်ရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ
(သုံး)
နောက်လှည့်ကွက်တစ်ခု အနေနဲ့ပြောပြချင်တာက
(Color trick) လို့လည်းခေါ်တဲ့ အရောင်တွေနဲ့ ရောထွေးအောင်လုပ်တဲ့ လှည့်ကွက်တွေပါပဲ ။
လူတော်တော်များများ က အကြောင်းအရာတွေကို တလွှာချင်းခွဲထုတ်ပြီး သုံးသပ်တဲ့သူတော်တော်
နည်းပါးပါတယ် ။ မျက်စိရှေ.မှာ အဝါရောင်ပုဝါလေးပြပြီး လက်ထဲကို ထိုပုဝါပုံစံအရောင်တူတစ်ခုခ
ဥပမာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ မထူးဘူးဆိုတဲ့ အမြင်မျိုးကိုလော်ဘီလုပ်တာဟ
နောက် နာမည်ကြီးအွန်လိုင်းလော်ဘီတ
ပြည်သူလူထုပါ ၊ဒီတော့သူတို.ပြောသလို့ ဒေါ်စုတို့ကမကောင်းရင် ပြည်သူလူထုထောက်ခံမှုမရှိတော
ဒါက အရောင်တူပေမယ့် (Issue) အကြောင်း
ချင်းရာနဲ့ ပုံစံမတူတာကိုခွဲထုတ်ပြတာပါ
နောက်ဦးသိန်းစိန်ဦးဆောင်တ
စစ်သားလူထွက်တွေဟာ နိုင်ငံဘဏ္ဍာတွေကို
ကိုယ်ကျိုးရှာစားထားတဲ့သူတေ
ချမှတ်ပြီး လုပ်ဆောင်ပါတယ် ။ နောက်
ကိုယ်ကျိုးစီးပွားကိုထိခိုက
ချက်တိုင်းကို ကိုယ်ကျိုးစီးပွား အတွက်
ပယ်ချတာကြီးပါပဲ ။ ဒါကြောင့် NLD ပါတီနဲ့ အာဏာရအစိုးရဟာပုံစံမပြောပါန
(လေး)
နောက်အများအားဖြင့်သုံးနေတဲ
နည်းက ( illusion ) လို့ခေါ်တဲ့ထင်ယောင်ထင်မှားအ
သဘောတရားပါ ။
ဥပမာထင်ထင်ရှားရှားပြရရင် The Voice ကနေ ဒေါ်အောင်ဆန်းစုကြည် က ဆရာတော်တွေကိုလက်အုပ်ချီတာက
ကန်တော့ နေဟန် လိုရာလေးဖြတ်ညှပ်ကပ်ပြီး လူတွေအထင်အမြင်လွဲမှားအောင်
ဒေါ်စုသားအကြီးသူ့ဘာသာမုတ်ဆိ
ဒီတော့အားလုံးကို ရိုးရိုးရှင်းရှင်းပြောချင်
သဘောတရားကိုနားလည်တဲ့ သူတွေက ခများတို့ကိုပြုံးပြုံးကြီး
မမေ့ပါနဲ့ ။ မျက်လုံးနဲ့မြင်တာပဲ ၊ မုတ်ဆိတ်ပါကုလားပဲ ၊ အသားမဲကုလားပဲလုပ်နေသ၍
ကတော့ ခများတို့တသက်လုံးသူများလိမ
ဒီအကြောင်းအရာတွေကတော့ နိုင်ငံရေးမှာအသုံးပြုနေတဲ့
ဆ်ာတိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ် ။
အလင်းရောင်
ပုံ=အင်တာန
အလင်းရောင်
ပုံ=အင်တာန

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။