လိပ်ခေါင်းရောဂါ ပြင်းထန်ပါက ခွဲစိတ်ကုသမှု ခံယူသင့်
-------
မပြင်းထန်သောလိပ်ခေါင်းရောဂါကို သာမန်ဆေးသောက်၊ ဆေးလိမ်းခြင်းဖြင့် ပျောက် ကင်းနိုင်သော်လည်း ရောဂါပြင်းထန်ပါက ခွဲစိတ်ကုသမှု ခံယူသင့်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာနွယ်နွယ်အေးက အကြံပြုပြောသည်။
““ရောဂါမပြင်းထန်ဘူးဆိုရင်ေ တာ့ ဆေးလိမ်း၊ ဆေးသောက်ရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ပြီးတော့ ရေနွေးလေးနဲ့စအိုဝကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စိမ်ပေးမယ်၊ ကပ်ပေးမယ် ဆိုရင်တော့ အနည်းငယ်သက်သာစေနိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့ အခြေအနေ ကို ရောက်လာပြီဆိုရင်တော့ ခွဲစိတ်ကုသတဲ့နည်းလမ်းကို အသုံးပြုရမယ်။ ခွဲစိတ်တဲ့ အခါမှာလည်း ရိုးရိုးဓားနဲ့ ဖြတ်ထုတ်တာရှိသလို လျှပ်စစ်နဲ့ခွဲစိတ်တာလည်း ရှိပါတယ်။ လျှပ်စစ်နဲ့ ခွဲထုတ်မယ်ဆိုရင်တော့ ရိုးရိုးခွဲထုတ်တာနဲ့စာရင်ေ တာ့ သွေးထွက်လည်း နည်းမယ်။ အနာလည်း ပိုပြီးသက်သာစေတယ်”” ဟု ယင်းကပြောသည်။
ယားယံမှုကိုဖြစ်ပေါ်စေတတ်သော အိမ်သာသုံးစက္ကူများ အသုံပြုခြင်း မှ ရှောင်ကြဉ်ခြင်း၊ ပေါ့ပါးသောချည်သားဖြင့် ပြုလုပ်ထားသော အတွင်းခံအ၀တ်များကိုသာ ၀တ်ဆင်ခြင်း၊ ၀မ်းချူပ်ခြင်း မဖြစ်အောင် ကာကွယ်ခြင်းအစရှိသော နည်းလမ်းများကို အသုံးပြုသင့်ကြောင်းသိရသည်။
ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် ရေများများသောက်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ များများစားသုံးခြင်း၊ ၀မ်းချုပ် တတ်ပါက ၀မ်းပျော့ဆေးကို မကြာခဏသုံးစွဲပေး ခြင်းတို့ကိုပြုလုပ်ပေးသင့် ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာနွယ်နွယ်အေးက အကြံပြုပြောသည်။
လိပ်ခေါင်းဖြစ်ပြီဆိုပါက စအိုဝအတွင်း ယားယံခြင်း၊ သွေးထွက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း အစရှိသော ရောဂါဝေဒနာများကို ခံစားရနိုင်ကြောင်း သိရသည်။
““ဒီရောဂါဖြစ်ပြီဆိုရင် စအိုဝမှာ စပြီးယားယံမှုတွေ ဖြစ်လာမယ်။ အထိမခံနိုင်အောင် နာကျင် လာမယ်။ ကိုက်ခဲလာမယ်။ တစ်ခါတစ်ရံ စအိုဝကနေ သွေးယိုစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ၀မ်းသွားတဲ့အခါမှာ သာမန်လူတွေ ၀မ်းသွားတာနဲ့ မတူဘဲ နာကျင်မှုဝေဒနာကိုလည်း ခံစားရနိုင်တယ်။ ပြီးတော့ စအိုဝမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ အကျိတ်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ အကျိတ်ပုံစံမျိုးလည်း ရှိလာနိုင်တယ်”” ဟု ယင်းကဆက်ပြောသည်။
ထို့နောက် ရောဂါသည် ပြင်းထန်သောအခြေအနေသို့ ရောက်ရှိလာပါက စအိုဝ တွင် သွေးခဲများဖြစ်ပေါ်လာခြင်း၊ အသားစများပုပ်ခြင်း အစရှိသော ရောဂါ လက်္ခဏာများ ဖြစ်ပေါ် လာစေနိုင်ကြောင်း သိရသည်။
သူရိယ
The Ladies News Journal
-------
မပြင်းထန်သောလိပ်ခေါင်းရောဂ
““ရောဂါမပြင်းထန်ဘူးဆိုရင်ေ
ယားယံမှုကိုဖြစ်ပေါ်စေတတ်သော အိမ်သာသုံးစက္ကူများ အသုံပြုခြင်း မှ ရှောင်ကြဉ်ခြင်း၊ ပေါ့ပါးသောချည်သားဖြင့် ပြုလုပ်ထားသော အတွင်းခံအ၀တ်များကိုသာ ၀တ်ဆင်ခြင်း၊ ၀မ်းချူပ်ခြင်း မဖြစ်အောင် ကာကွယ်ခြင်းအစရှိသော နည်းလမ်းများကို အသုံးပြုသင့်ကြောင်းသိရသည်။
ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် ရေများများသောက်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ များများစားသုံးခြင်း၊ ၀မ်းချုပ် တတ်ပါက ၀မ်းပျော့ဆေးကို မကြာခဏသုံးစွဲပေး ခြင်းတို့ကိုပြုလုပ်ပေးသင့်
လိပ်ခေါင်းဖြစ်ပြီဆိုပါက စအိုဝအတွင်း ယားယံခြင်း၊ သွေးထွက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း အစရှိသော ရောဂါဝေဒနာများကို ခံစားရနိုင်ကြောင်း သိရသည်။
““ဒီရောဂါဖြစ်ပြီဆိုရင် စအိုဝမှာ စပြီးယားယံမှုတွေ ဖြစ်လာမယ်။ အထိမခံနိုင်အောင် နာကျင် လာမယ်။ ကိုက်ခဲလာမယ်။ တစ်ခါတစ်ရံ စအိုဝကနေ သွေးယိုစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ၀မ်းသွားတဲ့အခါမှာ သာမန်လူတွေ ၀မ်းသွားတာနဲ့ မတူဘဲ နာကျင်မှုဝေဒနာကိုလည်း ခံစားရနိုင်တယ်။ ပြီးတော့ စအိုဝမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ အကျိတ်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ အကျိတ်ပုံစံမျိုးလည်း ရှိလာနိုင်တယ်”” ဟု ယင်းကဆက်ပြောသည်။
ထို့နောက် ရောဂါသည် ပြင်းထန်သောအခြေအနေသို့ ရောက်ရှိလာပါက စအိုဝ တွင် သွေးခဲများဖြစ်ပေါ်လာခြင်း၊ အသားစများပုပ်ခြင်း အစရှိသော ရောဂါ လက်္ခဏာများ ဖြစ်ပေါ် လာစေနိုင်ကြောင်း သိရသည်။
သူရိယ
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။