Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 15, 2015

ဒီစာကို ဖတ်ကြည့်ပြီးမှ ဆဲပါ။


ဒီစာကို ဖတ်ကြည့်ပြီးမှ ဆဲပါ။

ကျွန်မ အသက် ၂၈နှစ်ရှိပါပြီ။
ဒီအရပ်ဒေသမှာ တစ်ခုမှာပဲ နေထိုင်ခဲ့ပါတယ်။
၂၈နှစ်တွင်း ဖြစ်ပျက်ခဲ့သမျှတွေကို ခံစားမြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ 
ကျွန်မက နိုင်ငံရေးမလုပ် ၊ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ ပြည်သူစစ်စစ်တစ်ယောက်ပါ။
ကြိုက်တဲ့နေရာမှာ သွားရောက်စုံစမ်းလို့ရပါတယ်
နိုင်ငံရေးဆိုတာလည်း တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ သာမာန်ပြည်သူတစ်ယောက်မို့ ပြည်သူတစ်ယောက်ရဲ့ မျှော်လင့်ချက်နဲ့ စိတ်ခံစားမှုကို တင်ပြရုံလေးပါ။ 

ကျွန်မတက်ခဲ့တဲ့ ကျောင်းပညာရေး .... မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါမှာ အရည်ချင်းပြည့်မှီဖို့ဆိုတာ အများကြီးလိုအပ်ကြောင်းနဲ့ ပညာရေးပိုင်းမှာ ကျွန်မတို့ကျောင်းပညာရေးအပြင် အပြင်က အခြားပညာရပ်တွေ ၊ ဘာသာစကားဆိုင်ရာတွေ ပေါင်းစပ်မှသာ ပိုပြီးပြည့်စုံတယ်ဆိုတာ လက်တွေ့ဘ၀မှ ကောင်းကောင်းသိရှိခွင့်ရလိုက်ပါတယ်။

စီးပွားရေး....
လူတစ်ယောက်လုပ်စာနဲ့ တစ်မိသားစုလုံး စားမလောက်ပါဘူး။
ဆယ်တန်းအောင်ပြီးတာနဲ့ အလုပ်တစ်ဘက်လုပ်ပြီး အဝေးသင်တက်ခဲ့ရပါတယ်။
ကိုယ်မှအလုပ်မလုပ်ရင် ဆိုတဲ့ခေါင်းစဉ်အောက်မှာ အဝေးသင်တက်ရင်း ဘွဲ့ယူခဲ့ရပါတယ်။
အလုပ်တစ်ဘက်နဲ့ အနီးကပ်လေးတပ် Assignment လေးတွေတင်ပြီး ဘွဲ့ရလာတဲ့အခါ ကျွန်မဘက်က လိုအပ်ချက်ကြောင့်ပဲ ထင်ပါရဲ့။ ဥပဒေဆိုတဲ့ စကားရပ်တွေ ပုဒ်မတွေကို ကျေကျေလည်လည် ဦးနှောက်ထဲကို ပါမလာခဲ့ပါဘူး။

လုပ်ငန်းခွင်ထဲရောက်လာခဲ့ပြန်တော့လည်း ထုံစံအတိုင်း ဌာနဆိုင်ရာရုံးအသီးသီးနဲ့ ဆက်ဆံရပြန်တယ်။
ဘာပေးမှ ဘာပြန်ရပြီး မပေးရင် ဘယ်လိုဆက်ဆံသလဲဆိုတာ ကောင်းကောင်းကြီး နဖူးတွေ့ဒူးတွေ့ခံစားခဲ့ပြီးပါပြီ။
တစ်ခါတစ်လေ အရမ်းလွန်ကဲလာတဲ့အခါမှာ လူကြီးကိုတောင် သတိပေးခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။
သတိသာပေးတယ် ၀န်ထမ်းတွေဘ၀ပြန်ကြည့်ပြန်ရင်လည်း လစာလေးတစ်ခုက တစ်ယောက်တောင် မနိုင့်တနိုင်ဆိုတော့ .... ကိုယ်ပဲစိတ်လျှော့ ဖြေတွေးပေးခဲ့ရဖူးပါတယ်။

လမ်းပန်းဆက်သွယ်ရေး..
မနက် ကိုးနာရီရုံးရောက်ဖို့ကို ၆နာရီခွဲလောက်ထပြင်ပြီး မနက် ၇နာရီခွဲမတိုင်ခင်လောက်ကနေ စထွက်မှ စိတ်ချရပါတယ်။
ညပြန်တဲ့အခါမှာ လမ်းပိတ်တာနဲ့ ဘယ်လောက်တောင် အချိန်တွေကုန်ပြီး ဘယ်လောက်တောင် စိတ်သောက ရောက်ခဲ့ရသလဲ။
အိမ်မှာ လူမမာတွေနဲ့ ဈေးဝယ် အ၀တ်လျှော် အိမ်သန့်ရှင်းရေးလုပ်ဖို့ နဲ့ မိသားစုကို အချိန်ပေးစကားပြောဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ခုထိ ဒီလမ်းပိတ်တာတွေက ဖြေရှင်းလို့မရသေးပါဘူး ။
ဘယ်သူ့ကို အပြစ်တင်ရမလဲလည်း မသိပါဘူး။

ကျွန်မအိမ်ကို ဓါတ်သိထဲက လူတစ်ယောက် လာရောက်ရမ်းကားဖျတ်ဆီးပြီး လူကိုလည်း ထိခိုက်လာလို့ ရဲစခန်း ၊ ရပ်ကွက်ဆိုင်ရာတွေကို တိုင်စာတွေပို့ဖူးပါတယ်။
ထိရောက်စွာ အရေးယူမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။
ရဲစခန်းအမှုတစ်ခါဖွင့်ဖို့ တောင်းလိုက်တဲ့ ပိုက်ဆံတွေ ....
ဖုန်းဘေလ်လေး ဖြည့်ပေးပါဦး။ အမှုတွဲပို့ဖို့ ဘာပေးပါဦးဆိုတဲ့အပြောတွေ ကိုယ်တိုင် ခံစားကြားသိ ပေးကမ်းခဲ့ရဖူးပါတယ်။
ကိုယ့်သောကနဲ့ကိုယ် ၊ ကိုယ့်လည်းထိခိုက်ခံရတယ် ။ ဒီမတရားမှုတွေအတွက် ကိုယ်ကပဲ စိုက်ထုတ်ဖြေရှင်းပြီး ဘယ်လောက်ပေးမှ ဆိုတဲ့အပြောတွေ ကောင်းကောင်းကြီးခံရဖူးပါတယ်။ ပေးခဲ့ရဖူးပါတယ်။
မသထာရေစာတွေလည်း သူတို့တတွေ ၀ါးမျိုခဲ့ဖူးပါတယ်။

တရားရေး....
ဥပဒေစိုးမိုးရေးဟာ ငွေကြေးဘယ်လောက်လက်ဝယ်ရှိတာနဲ့ တိုင်းတာလို့ပါတယ်။ ငွေရှိမှ ဘယ်လောက်ပေးမှဆိုတာတွေ ... မတရားခံလိုက်ရတဲ့အပြင် မိအေးက ၁၂ခါလောက် နာခဲ့ရတာတွေ ကိုယ်တွေ့ပါ။
ကိုယ်ခံလိုက်ရတာ ၊ ကိုယ်နစ်နာသွားတာ ကိုယ်ပဲသိပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မသူငယ်ချင်း ညဘက်သူ့ရပ်ကွက်ထဲမှာ လမ်းထွက်လျှောက်ရင်း ဖုန်းလုခံလိုက်ရပါတယ်။ သူငယ်ချင်းကလည်း မိုးရေထဲမှာ ရပ်ကွက်ကလူတွေနဲ့အတူ ဒီဖုန်းဓါးမြကို ၀ိုင်းဖမ်းလို့မိသွားတော့ ရဲစခန်းသွားပြီး ရဲလက်အပ်ပါတယ်။
ပိုက်ဆံပေးမှ အမှုဖွင့်လို့ရမယ်တဲ့ ။
သူပြောလာတော့ တော်တော်လေးရီချင်သွားပါတယ်။ ကိုယ်ပဲနားမလည်တာလား လိုက်မမှီတာလားမသိပါဘူး။ ဘာလို့ပြည်သူတွေက ခံလည်းခံလိုက်ရသေးတယ် ကိုယ်ခံလိုက်ရတာတွေအတွက် ငွေကုန်ခံရှင်းနေရသလဲပေါ့။

ကျွန်မ အသက် ၂၈နှစ် ။
နိုင်ငံရေးပိုင်းမှာ လိုက်မမှီတာတွေ နားမလည်တာတွေ အများကြီးပါ။
ဒါပေမဲ့ ကျွန်မအနေနဲ့ အပြောင်းလဲတစ်ခုကိုတော့ လိုချင်မိပါတယ်။
တစ်ခုခုပြောင်းလဲသွားတာနဲ့ ဘာများတိုးတက်သွားမလဲဆိုတာကိုတော့ မျှော်လင့်မိပါတယ်။

၂၀၀၈ ခုနှစ်မှာ ကျွန်မ ပထမဦးဆုံး နိုင်ငံခြားရောက်ပါတယ်။
သူငယ်ချင်းနဲ့ McDonald's မှာ တန်းစီရင်း ကိုယ်တွေ၂ယောက် စကားပြောသံကြားတော့ နောက်က နိုင်ငံခြားသားက မေးပါတယ်။
စကားပြောပုံက ထူးဆန်းတော့ ဘယ်နိုင်ငံကလဲဆိုတော့ .. ကျွန်မတို့ကလည်း မြန်မာနိုင်ငံကပါလို့ ပြောတော့ သူမသိပါဘူးတဲ့ ။ တော်တော်ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်တော့မှ သူ့ဆီက အသံတစ်ခုထွက်လာပါတယ်။ ဟိုအမျိုးသမီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့ နိုင်ငံမဟုတ်လားတဲ့။
၂၀၁၁ မှာ ဖိလစ်ပိုင်မှာ President ပွဲတစ်ခုသွားတက်တဲ့အခါ မြန်မာကိုယ်စားပြု ကျွန်မတို့ သုံးယောက် သွားခဲ့ပါတယ်။ နိုင်ငံပေါင်းစုံက လာတဲ့အခါ ကျွန်မတို့ကို မိတ်ဆက်တော့ .. မြန်မာကပါပေါ့ သူတို့သိပ်မသိကြပါဘူး။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရှိတဲ့ဆီကလားဆိုပြီး မေးကြတော့မှ သူတို့တွေက မြန်မာကိုတွဲပြီးသိကြပါတယ်။

ဒီအမျိုးသမီးဟာ ပိတ်လှောင်ခံရတဲ့ အဆောက်အဦးထဲကနေတောင် သူမရဲ့ ဂုဏ်သတင်းတွေကို နိုင်ငံရပ်ခြားရောက်အောင် လွှင့်နိုင်ခဲ့တယ်။
သူမကို ကျွန်မ အပြင်မှာ မတွေ့ဖူးပါဘူး။
တခြားပါတီဝင်တွေ တခြားနိုင်ငံခေါင်းဆောင်တွေကိုလည်း ကျွန်မမမုန်းပါဘူး။
သူတို့တင်တဲ့ မဲဆွယ်တဲ့ပို့စ်တွေ ပါတီဝင်ပို့စ်တွေမှာ မကောင်းကြောင်း ဒီအဖွဲ့၊ ဒီလူကို မထောက်ခံကြောင်း ယောင်လို့တောင်သွားမပြောခဲ့ဖူးပါဘူး။
သူငယ်ချင်းတွေကိုလည်း ထိုနည်းလည်းကောင်းပါပဲ။
ငါထည့်သလို ငါပြောသလို ငါယုံကြည်သလို လိုက်လုပ်ရမယ်လို့ မပြောပါဘူး။

ကျွန်မ သာမာန်လူသား၊ သာမာန်ပြည်သူတစ်ယောက်ပါ။
ကျွန်မ ငယ်ငယ်တည်းက ခြေလေးချောင်းမစားပါဘူး။
ကျွန်မနဲ့ နီးစပ်ရာတွေကို မစားရဘူးလည်း မပြောဖူးပါဘူး။
အယုတ်စွဆုံး အိမ်ကအမေတွေစားဖို့တောင် ကျွန်မကိုယ်တိုင် ဈေးမှာဝယ်ပေး၊ ချက်ပေးပါတယ်။
ဒါပေမဲ့ ကျွန်မမစားချင်တာ ၊ ကျွန်မရှောင်ကြဉ်တာက ကျွန်မယုံကြည်ချက်ပါ။

ဒီလိုပါပဲ ကျွန်မယုံကြည်ချက်ဖြစ်တဲ့ ကျွန်မလုပ်ချင်တဲ့အရာတွေကိုကျွန်မမှန်တယ်ထင်ရင် ကျွန်မလုပ်ပါတယ်။
ဝေဖန်တာကိုလက်ခံပါတယ်။ ဆဲတာကိုတော့ နှာခေါင်းရှုံ့မိပါတယ်။
ကိုယ်မကြိုက်တာနဲ့ သူများကြိုက်တာကို ရိုင်းစိုင်းစွာသုံးနှုန်းပြောဆိုနေတော့ အံ့သြမိပါတယ်။
လာဆဲတဲ့သူတွေကလည်း စာလုံးပေါင်းတောင် မမှန်တော့ ကျွန်မစိတ်ထဲမှာ ပညာရေးပိုင်းတွေတော့ တော်တော်ပြောင်းလဲဖို့ လိုပြီလို့ တွေးမိပါတယ်။

စိတ်ဓါတ်တွေ
ခံယူချက်တွေ
ခေါက်ရိုးကျိုး အရိုးစွဲနေတဲ့အကျင့်ဆိုးတွေ
အားလုံး အားလုံး ပြောင်းလဲသင့်နေပါပြီ။
ကျွန်မတစ်ယောက်တည်း ပြုပြင်နေလို့လည်း မရပါဘူး။
ဘယ်ပါတီ ဘာပဲတက်တက် ပြည်သူတွေကလည်း အကျင့်စရိုက် မပြောင်းလဲဘူးဆိုရင် ဒုံရင်းက ဒုံရင်းပါပဲရှင်။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြပါတယ်။

ကျွန်မပေ့ခ်ျထောင်ထားတာ စေတနာတွေ အနစ်နာတွေခံပြီး ဘာအကျိုးမြတ်မှ မရှိ အိပ်ချိန်ရှိမရှိ နေ့တိုင်းကောင်းတယ်လို့ ထင်တဲ့အရာတွေကို ရက်မပျက် ဝေမျှပေးခဲ့ပါတယ်။
ကျွန်မစာတွေမှာလည်း အဆိပ်အတောက်တွေ မပါဝင်အောင် တတ်နိုင်သမျှ စစ်ထုတ်ပြီး အကျိုးရှိမယ်ထင်မှ တင်ပေးခဲ့ပါတယ်။
ကျွန်မကို အစဉ်တစိုက်အားပေးခဲ့တဲ့ စာဖတ်သူတွေကတော့ ကျွန်မနိုင်ငံရေးလုပ်သလား မဲဆွယ်သလား ကောင်းကောင်းကြီးသိပါလိမ့်မယ်။
လွန်တာရှိ ၀န်တာမိပါ။

-မာရင်ရင်
မနုဿ ရဲ့ စာမျက်နှာလေးများ
www.facebook.com/manotetha

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။