Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 20, 2015

စိတ်ဝင်စားစရာမြန်မာ့ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ


စိတ်ဝင်စားစရာမြန်မာ့ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်သည် အ၀ါရောင်ဖြစ်ပြီး
အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကာ လုံခြုံရေး တိုးမြှင့်ထားသော စက္ကူအမျိုးအစားဖြစ်ပြီးမဲလက်မှတ် စာရွက်များတွင် ရေစာလုံခြုံရေး ထည့်သွင်းထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ပြောကြားခဲ့ပါသည်။

ရွေးကောက်ပွဲတွင် မိမိဆန္ဒမဲပေးခွင့်ရှိသော လွှတ်တော် မဲဆန္ဒနယ်အတွက် တစ်ကြိမ်
ထက် ပို၍ဆန္ဒမဲပေးခြင်း၊ အခြားသူအဖြစ် အယောင်ဆောင် မဲပေးခြင်းနှင့် မဲပေးမှုအပေါ်
အခြားမမှန်မကန်မှုများ ပြုလုပ်ပါက မည်သူမဆို ငွေဒဏ်နှင့် တစ်နှစ်ထက် မပိုသော
ထောင်ဒဏ်ချမှတ်နိုင်ကြောင်း လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင်
ပြဋ္ဌာန်းထား ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်း၌ အမည်စာရင်း ပါဝင်မှသာ မဲပေးခွင့် ရရှိမည်ဖြစ်၍
စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၂၇ ရက်ထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာမည့် မဲစာရင်းအား
ပြည်သူများ အနေဖြင့်ကြည့်ရှုစစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။

နိုဝင်ဘာ၂၀၁၅ ရွေးကောက်ပွဲတွင်အမတ်လောင်းအဖြစ်ဝင်ပြိုင်ရန်စုစုပေါင်း ၆၁၈၉
ယောက်စာရင်းတင်သည်ဟုမြန်မာ့ရွေးကောက်ပွဲကော်မရှင်မှ သြဂုတ်လ အတွင်းက
ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ပြည်သူ့ လွှတ်တော်အတွက် ၁၇၇၂ ဦး၊
အမျိုးသား လွှတ်တော်အတွက် ၉၁၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် ၃၅၀၄ ဦး စုစုပေါင်း ကိုယ်စား လှယ်လောင်း ၆၁၈၉ ဦးက အမည်စာရင်း တင်သွင်းခဲ့
ပါသည်။နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီမှ၅၈၆၆ယောက်အရွေးခံရပြီး ၃၂၃ယောက်မှာ
တသီးပုဂ္ဂလအဖြစ်အရွေးခံမည်ဖြစ်ကြောင်းမြန်မာ့ရွေးကောက်ပွဲကော်မရှင်မှ
ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် ၁၁၇၁ နေရာအနက် ၁၂ နေရာတွင်
ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ မရှိဘဲ လွှတ်တော်
ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်၏ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် ကိုယ်စား
လှယ်လောင်း အတည်ပြု စာရင်းအရ သိရှိရပါသည်။ ယခုအခါ ရွေးကောက်ပွဲ
ကော်မရှင်၏ကိုယ်စားလှယ်လောင်း အတည်ပြု စာရင်းအရ ပါတီ ၉၂ ခုနှင့် တစ်သီး
ပုဂ္ဂလများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦး ၀င်ရောက် ယှဉ်ပြိုင်
မည်ဖြစ်ပြီးပြည်သူ့လွှတ်တော် ၁၇၄၃ ဦး၊ အမျိုးသား လွှတ်တော် ၈၈၆ ဦးနှင့်
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၃၄၃၆ ဦးတို့ဖြစ်ကြောင်း သိရှိရပါည်။

ရွေးချယ်ခံရသည့်အမတ်လောင်း၅၈၆၆ယောက်အနက် ၁၁၃၄ယောက်မှာ
ဦးဌေးဦးခေါင်းဆောင်သည့် ပြည်ခိုင်ဖြိုးပါတီမှဖြစ်ပြီး၁၁၅၁ယောက်မှာဒေါ်အောင်ဆန်း
စုကြည်ခေါင်းဆောင်သည့်အန်အယ်လ်ဒီမှဖြစ်ပါသည်။

ယခု ထုတ်ပြန်သည့် ရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်း အတည်ပြု
စာရင်းတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၆ နေရာ၊ အမျိုးသား လွှတ်တော် မဲဆန္ဒ
နယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၆၆၅
နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၁၅၉ နေရာရှိကြောင်း တွေ့ရသည်။

ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ မရှိသည့် မဲဆန္ဒနယ်များမှာ
ရှမ်းပြည်နယ်ရှိ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော မဲဆန္ဒနယ်များ ဖြစ်ကြောင်း
ရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလောင်း အတည်ပြုစာရင်းအရ သိရှိရပါသည်။
အဆိုပါ မဲဆန္ဒနယ် လေးနေရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လေးနေရာနှင့်
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရှစ်နေရာရှိသည့်အတွက် စုစုပေါင်း မဲဆန္ဒနယ် ၁၂
နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူ မရှိခဲ့ခြင်း ဖြစ်ကြောင်း
သိရပါသည်။ယင်းမဲဆန္ဒနယ်များမှာ “ ၀ ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ မဲဆန္ဒနယ်များ
ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၆၆ ဦးဖြင့် အများဆုံး ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ၇၉၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၅၀၃ ဦးစီ ၀င်ရောက် ယှဉ်ပြိုင်ဖြစ်ကြောင်း သိရှိရပါသည်။

OMO

Eleven Mediaနှင့်အခြားသတင်းစာများမှအချက်အလက်များကိုကောက်နှုတ်ထားပါသည်။
picture:IFES

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။