Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 20, 2015

" ရယ်ဂျီ ဟုခေါ်သည် "


" ရယ်ဂျီ ဟုခေါ်သည် "

.................................
ပြီးခဲ့တဲ့ရက်ထဲမှာကျွန်တော်တို့ကိုရယ်ဂျီနဲ့သူရေးတဲ့သီချင်းတွေအကြောင်း၊မြန်မာပြည်ကတေးရေးတွေရဲ့ရပ်တည်ရတဲ့အခြေအနေတွေအကြောင်းနဲ့ပြည်တွင်းရော့ခ်သမားတွေရဲ့အခြေအနေတွေကိုမေးမြန်းပြောဆိုဖြစ်ခဲ့ကြပါတယ်။ကျွန်တော်တို့တွေ တစ်ခါတလေမှာ သိပ်ကောင်းတဲ့ သီချင်းတွေနဲ့ပတ်သတ်ရင် အဆိုတော်ကိုသာအာရုံစိုက်အားပေးမိကြပြီးနောက်ကွယ်က တေးရေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ဒါ့အပြင် တေးရေးတွေဟာမီဒီယာစာမျက်နှာတွေပေါ်မှ နောက်ကွယ်ကသာ ရပ်တည်နေကြရတာများပြီး များသောအားဖြင့်ပေါ်ပင်တေးရေးတေးဆိုတွေသာ မီဒီယာပေါ် အဆက်မပြတ် ပါလာတတ်တာ တွေ့ရပါတယ်။ရယ်ဂျီဆိုတာကတော့ရေးတဲ့အပုဒ်အတိုင်းထင်ထင်ရှားရှားလူရှေ့ပေါက်ထွက်လာတတ်ပြီးသူ့သီချင်းတွေဖြစ်တဲ့မလာပါနဲ့၊ငါ့ရဲ့လမင်း၊ကမ်းလင့်မယ့်လက်များစတာတွေကလက်ရှိအချိန်အထိလူတွေကြားထဲပြေးလွှားနေဆဲဖြစ်ပါတယ်။ကဲ!!!!ကိုရယ်ဂျီနဲ့ကျွန်တော်တို့ဘာတွေပြောထားကြလဲ
ကြည့်ရအောင်ပါ။
ကိုရယ်ဂျီပထမဆုံးရေးဖြစ်တဲ့သီချင်းနဲ့အမှတ်တရဖြစ်ခဲ့တဲ့သီချင်းတွေအကြောင်းစပြောပေးပါလာဗျ။
==========================================
ပထမဆုံးအကိုရေးဖြစ်တာက ကော်ပီကွ။ အဲ့ဒီတုန်းက ဇောပိုင်မြို့အ၀င်ညလုပ်မယ်ဆိုတော့ သူကနှစ်ပုဒ်အပ်တယ် ။ တပ်မက်စိတ်တို့စွန့်ပစ်ရယ် ၊ နောက် Yesterday အဲ့တုန်းက ဒီကောင်က ကော်ပီလုပ်မယ်ဆိုပြီးနှစ်ပုဒ်လာပေးတာ။ သိတဲ့အတိုင်းအဲ့ဒီသီချင်း အော်ရဂျင်နယ်တွေက ရေလည်ပေါက်ထားတာအကိုရေးရမယ်ဆိုတော့ ကျွတ်တော့ ကျွတ်တာပေါ့ကွာ။ ဒီသီချင်းတွေကို မီအောင်ရေးရမယ်ဆိုတော့ အမှန်တိုင်းပြောရင် အကိုက own တွေလုပ်နေတာ အဲဒီအချိန်မှာ အကိုတစ်ဖက်မှာ လည်းGospel(ခရစ်ယာန်ဓမ္မတေး)တွေလုပ်နေတာကွာ။အဲ့တော့ကဲcopyဆိုလည်းကော်ပီပေါ့ချမကွာဆိုပြီးလုပ်ထည့်လိုက်တာ။အဲ့ဒါတော့တကယ့်အမှတ်တရပဲ
တက်မက်စိတ်တို့စွန့်ပစ်က အရင်ကော်ပီလုပ်ထားတာရှိတယ်မှတ်လားအကို
==========================================
ရှိတယ်လေအဲ့တုန်းကကိုသစ်မင်းကတစ်ပုဒ်ရေးထားတယ်။ဒါပေမယ့်ဇော်ပိုင်ကစာသားအသစ်နဲ့လိုချင်တယ်ဆို ပြီးလုပ်တော့ အကိုထပ်ရေးဖြစ်သွားတာ။ရှေ့မှာကိုသစ်မင်းရေးထားတော့ရေးရတာ တာဝန်တော့ကြီးတယ်။
သူ့လောက်မီဖို့ဆိုတာမနည်းလုပ်ရတာကို။ အဲ့ဒီသီချင်းကို အကိုရေးဖြစ်တော့ ငွေနောက်လိုက်တဲ့ ငွေမက်တဲ့ကောင်မလေးတစ်ယောက် အကြောင်းမျိုးပေါ့ကွာ ။ ဒါကြောင့် စာသားတွေမတူတော့တာ။ (စာသားအချို့ရွတ်ပြ) ကံကောင်းတယ်ပဲပြောရမယ် အဲ့သီချင်းရော နောက်ကော်ပီတစ်ပုဒ် နောက်တစ်ပုဒ်ကရော ပေါက်သွားတယ် ။
အဲ့ဒါတွေပြီးတော့ အကြင်နာအင်အား၊ပြန်ဆုံမယ် ဆိုတာတွေရောပေါ့ ။
အကိုပထမဆုံးရေးဖြစ်တဲ့ Own ကရောဘယ်ဟာလဲဗျ
==========================================
ပထမဆုံး က ထူးအယ်လင်းနဲ့ မီးမီးခဲအတွက်ရေးဖြစ်တာ။တွဲလက်များပေါ့ အဲ့ဒါတော့ ပထမဆုံးပဲ။
လောလောဆယ်ခွေ အသစ်ထွက်ထားတဲ့ အဆိုတော်တွေထဲမှာ အကိုဘယ်သူ့တွေကိုရေးထားပေးသေးလဲ ။
==========================================
လောလေဆယ်တော့ချမ်းချမ်းရယ်ထက်အောင်ရယ်။ချမ်းချမ်းကဟိုတလောကသူထွက်တဲ့အိပ်မက်ဆိုတဲ့ခွေအသစ်ထဲမှာနှစ်ပုဒ်။ နှစ်ပုဒ်လုံး Own tune ပဲ။တစ်ပုဒ်က အတွေးမမှားနဲ့ရယ် နောက်တစ်ပုဒ်ကပြန်လာခဲ့ဆိုတာ။။နောက်ပြီးတော့ထက်အောင် သူ့ထဲမှာနှစ်ပုဒ် တစ်ပုဒ်ကငါမှားတယ်ရယ် ညနက်နေပြီဆိုတာရယ်။ပြီးတော့ ဂျာဆန်အတွက်က တစ်ဖက်သက် ၊အားတော့နာတယ် ။ခင်ကြီး အားနာတယ်ဆိုတာတွေရေးထားတယ်။
ထက်အောင်အတွက်ရေးပေးတော့ရော သူ့အတွက်ရေးရတာ အဆင်ပြေလား ။ဘယ်လိုနေလဲဗျ ။
==========================================
သူကတော့အဆင်ပြေပါတယ်။ ထက်အောင်လည်း rock တွေနဲ့မိုက်တယ်ဆိုတော့ ထွေထူးတော့ပြသနာမရှိဘူးလေ။နောက်သူနဲ့က အကိုတို့ Gospel ဖက်မှာလည်းလုပ်ဖူးတော့ သူ့အတွက်ရေးရတာ အခက်အခဲမရှိဘူး။
နှစ်ပုဒ်လုံးက အကြမ်းတွေလားအကို
==========================================
မဟုတ်ဘူး ညနက်နေပြီဆိုတဲ့တစ်ပုဒ်ပဲ အဲ့ဒီတစ်ပုဒ်ကျတော့ဒီကောင်သီချင်းသွင်းတဲ့အချိန်သွားပေးရတာရှိတယ်။
ဒီကောင်က သီချင်းသွင်တော့ အကို့စီဆက်တယ်။ အကိုတဲ့ အကို့သီချင်းကျွန်တော်ဆိုတာ တန်းတန်းကြီးဖြစ်နေတယ်ဗျတဲ့။ အဲ့ဒါလုပ်ပါဦးဆိုတော့ လိုက်သွားပေးတာ ဟိုရောက်တော့ ဟုတ်တယ်။သူက မုဒ်က အလွမ်းကြီးနဲ့ဆိုထားတာ ။ အဲဒါနဲ့ တစ်ချို့နေရာတွေပြင်ပေးတော့မှ အဆင်ပြေသွားတယ်။ပြီးတော့အဲ့ဒီသီချင်းကကွာစော်လေးနဲ့မနက်တွေ့ရမှာကိုဒီကောင်ကရင်တွေခုန်အပျော်တွေလွန်ပြီးအိပ်မရတဲ့အကြောင်းကိုရေးထားတာ။အဲ့ဒါကို ဒီကောင်က လွမ်းတဲ့ပုံနဲ့ဆိုတော့နှစ်ယောက်သားတိုင်တွေပတ်ကုန်တာ။
စကားမစပ်အကို့ကိုနောက်မလို့။ ထက်အောင်အတွက်ညနက်ခဲ့ပြီရေးတော့ ကောင်မလေးကိုတွေ့ဖို့ရင်ခုန်တယ် ဘာညာဆိုတော့ အကို အဲ့ဒီမုဒ်မျိုးကျတော့ဘယ်လိုယူလဲ ။
==========================================
ဟားဟားဒါတော့ဟုတ်တယ်။ဒါပေမယ့်ပြသနာတော့မရှိဘူး။အကိုကကလေးတွေနဲ့ပေါင်းတာများတယ်ဆိုတော့သူတို့ဒါမျိုးတွေပြောတာဆိုတာတွေကအကိုသီချင်းရေးတော့အထောက်အကူဖြစ်တယ်။
ဟိုတလောက အင်တာဗျူးတစ်ခုမှာ အကို ကိုလေးဖြူတို့ကိုသီချင်းပြတာနဲ့ပတ်သတ်ပြီးတော့ ပြောထားတာလေးတွေ့တယ်။အဲ့ဒီမှာတွေ့ရတာကအကိုဆိုရင်ဒီလောကထဲတော်တော်လည်းနာမည်ရနေပြီ။အကိုတို့လိုနာမည်ရပြီးသားတေးရေးဆရာမျိုးတွေတောင်ကိုလေးဖြူကိုသီချင်းပြတော့အခက်အခဲတစ်ချို့ရှိတယ်ထင်တယ်
==========================================
အေးဟုတ်တယ။် လေးဖြူကိုပြရတာတော့ နည်းနည်းတော့ အခက်အခဲတော့ရှိတယ် ။သူတို့က ပတ်သတ်ရာပတ်သတ်ကြောင်းပေါ့ကွာ။ အကိုဆိုလည်း ဇောပိုင်ထဲမှာစရေးပြီးတော့ နောက်ပိုင်းမှာမရေးဖြစ်တော့ဘူး။နောက်တော့ ဂရေဟမ်ထဲမှာရေးဖြစ်တယ်။ ရေးနေရင်းနဲ့မှနောက်ပိုင်း ဂရေဟမ်က နိုင်ငံခြားထွက်သွားတော့ အကိုလည်းအဲ့မှာကိုင်းကန်နေတာ သိတယ်မှတ်လား (ရယ်လျက်) ။
အဲ့လိုရွာလည်နေတုန်းဖြစ်ချင်တော့ သူတို့က own tune ဘက်ကိုပြောင်းလာတော့ အဆင်ပြေသွားတာ ။မဟုတ်ရင် အကိုလည်းတိုင်ပတ်မှာ။ကော်ပီကတိုးရတာမလွယ်ဘူး ကိုယ့်အရှေ့မှာတိုးရတာက ဆရာတွေချည်းပဲကိုဇော်လတ်(မောင်မောင်ဇော်လတ်) တို့ကလည်း အဲ့အချိန်မှာ အကုန်ဆွဲတာ ။ကော်ပီရော own ရော အကုန်ချနေတာဆိုတော့။ ပြီးတော့သူတို့ နားထောင်အားကိုယှဉ်လို့မရဘူး ။သူတို့ကထွက်သမျှအသစ်က အကုန်သိပြီးပြီရေးပြီးနေပြီ ။အဲ့တော့တိုးလို့မလွယ်ဘူး ။မလွယ်တော့ကျတော့ အစွန်အဖျားလေးတွေလိုက်တီးရတာဆိုတော့ တကယ်တမ်းကျတော့တိုးလို့မလွယ်ဘူးလေ။ အဲ့ဒီ
အချိန်မှာဖြစ်ချင်တော့ သူတို့တစ်အုပ်လုံးက own tune ဘက်ကိုစပြောင်းလာတဲ့အချိန် ။တကယ်တမ်းဆို အကိုက ပထမဆုံးလေးဖြူကိုစပြဖြစ်တာ အဲ့ဒီတုန်းက အကို သူငယ်ချင်းတွေထဲက ငယ်ဆူးသစ်တို့ဘာတို့က သူတို့နဲ့တွေမယ်ဆို့တော့ အကိုလည်း သီချင်းလေးတွေယူသွားတာ။ အဲ့ဒီတုန်းက သူတို့ အုပ်စုက မောနင်းစတားမှာထိုင်ကြတယ်ကွာ။အဲ့မှာတွေ့ကြတော့ အကိုက လေးဖြူကို နှစ်ပုဒ်ပြတယ်။ အဲ့ဒါက မလာပါနဲ့နဲ့ ဓါတ်ပြားဟောင်းကြီးနဲ့ ။အဲ့ဒါပေးပြီးတော့ တစ်ပတ်လောက်ကြာတော့။လေးဖြူက ဆက်တယ် ။ဟစ်ယောင်မင်းဟာ ငါနဲ့ အဆင်မပြေဘူးတဲ့ ဒါပေမယ့် မျိုးကြီးတော့ကြိုက်တယ်ဆိုတော့ ကဲမျိုးကြီးဆိုလည်းမျိုးကြီးပေါ့ဆိုဖြစ်သွားတာ။ဖြစ်ချင်တော့ မျိုးကြီးကလည်း အကို့ own နဲ့ အဆင်ပြေသွားတော့သူတို့ယုံကြည်မှူကလည်းတက်လာတာပေါ့ကွာ။အဲ့တော့မှငါ့ကိုလည်းရေးပေးဦးကွာဘာညာနဲ့ ။အဲ့တော့မှဖြစ်သွားတာ။ အဲ့ဒီအချိန်မှာ ငါက James blunt တွေနားထောင်နေတာ ။
အကိုပြောရင်းနဲ့မှစိတ်ဝင်စားတာတစ်ခုရှိတယ်။ ငါ့ရဲ့လမင်းလေအကို ။အဲ့ကောင် သီချင်းဖရိန်နဲ့ Beatingတွေ ဘာတွေကပုံမှန်လုပ်နေကြသီချင်းတွေနဲ့တော့ နည်းနည်းလေးကွဲထွက်နေတယ် ။စထွက်တုန်းကအပြင်မှာလည်းပြောကြတာတွေရှိတယ်ဗျ ။ Timming တွေတစ်မျိုးဖြစ်နေတော့ ။အဲဒီသီချင်း အကြောင်းလေးပြောပါဦး။ဒီသီချင်းဘယ်လိုရလဲဗျ ။ စာသားတွေအရင်ရတာလား မယ်လိုဒီကြောင့်ဖြစ်သွားတာလား။
==========================================
ဒီသီချင်းက မယ်လိုဒီအရင်ရတာကွ။ အဲ့တုန်းကအကိုက ကိုသန့်(ခင်မောင်သန့် IC)စီက စက်ဘီးလေးနဲ့ပြန်လာတာ။ပြန်လာရင်းနှဲ့ဂျို့ကုန်းလောက်မှာအဲ့မယ်လိုဒီလေးခေါင်းထဲရလာတာ။အဲ့ဒါနဲ့အိမ်ရောက်တော့Churchကသူငယ်ချင်းတစ်ယောက်ကလည်းရောက်နေတော့သူ့ကို့မယ်လိုဒီအကြမ်းကိုရွတ်ပြအဲ့ဒါကိုပီယာနိုနဲ့တီးခိုင်းပြိးအကိုrecordလုပ်ထားလိုက်တာ။နောက်အဲ့ဒီသီချင်းကဘယ်သူ့အကျိုးသက်ရောက်မှူတွေပါလဲဆိုတော့ ဂျိမ်းစ်ဘလန့်စ်သီချင်းတွေနားထောင်နေတော့ သူ့အငွေ့အသက်တွေပါတယ် ။နောက် music andlyricsဆိုတဲ့ကားလည်းအကိုကြည့်ထားတော့အဲ့ဒီကားထဲမှာနောက်ဆုံးခန်းမရောက်ခင်မှာဒီကောင်လုပ်ထားတဲ့သီချင်းလေးအကိုသဘောကျ တယ်။အဲ့မှာဒီကောင်က ပီယာနို Only နဲ့လုပ်ထားတာ။ အကိုကအဲ့ဒါလေးသဘောကျသွားတာ ။ ဇာတ်ကောင်က အဲ့ဒီကားထဲမှာ သူက pop ခေတ်မှာစောက်ရမ်းအောင်မြင်ပြီးနောက်ကျတော့ အဆင်မပြေဖြစ်တဲ့အချိန်မှာကောင်မလေးနဲ့တွေ့တာပေါ့ အကိုအဲ့ဒါလေးကိုသဘောကျတော့သီချင်းရေးတော့ အဲ့ဒီမုဒ်အတိုင်းဖြစ်သွားတာ။နောက် အကို့ဘ၀နဲ့လည်းညှိတာပေါ့။ အကိုတို့က ဘုရားကျောင်းမှာဆို ဆိုးတဲ့အထဲပါတယ်။သောက်စားပေါ့။နောက်ကောင်မလေးတွေထားပေါ့။ဘုရားကျောင်းမှာဆိုမစားကောင်းတဲ့အသီးလိုပေါ့ကွ။ ဟားဟား ။အဲ့နောက်ကျတော့ ငါ့မိန်းမနဲ့တွေ့တယ်။အဲ့တုန်းကသူကငါ့ထက်ငယ်တယ် အဲ့ဒီတော့မှ သူက မသောက်ဖို့ဘာဖို့ထိန်းတာပေါ့ကွာ။ အဲ့ပုံစံပေါ့ဒီသီချင်းတစ်ခုလုံးက ငါ့အဖြစ်အပျက်နဲ့လည်းတိုက်တော့ အဲ့ဒီစာသားမျိုးလေးတွေဖြစ်သွားတာ ။မယ်လိုဒီကတော့ ဟုတ်တယ် ။ဒီသီချင်းက တကယ်တမ်းကျတော့ အဆိုနဲ့အပေးအယူလုပ်ပြီးတီးထားတာ။နောက် Triplet တွေပါတယ်ကွာ။ မင်းပြောချင်တာ ကသောင်းကနင်းဖြစ်နေတာကိုပြောတာမှတ်လား ။ဟုတ်တယ်သီချင်းကchorus ရောက်မှညီသွားတာ။နောက်သီချင်းရဲ့ဇာတ်ကောင်ကလည်းသူ့ဘ၀ကကသောင်းကနင်းဖြစ်နေတာကွာ။ နောက်မှကောင်မလေးနဲ့တွေ့တယ် အဆင်ပြန်ပြေသွားတယ်ဆိုတော့ အဲ့ဒီမုဒ်အတိုင်းဖြစ်သွားတာ

ကိုရယ်ဂျီ ဖေ့စ်ဘွတ်မှ ကူးယူပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။