Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 18, 2015

အောင်မြင်သူတွေဆီမှာတွေ့ရလေ့ရှိတဲ့ အကျင့်(၁၀)ခု


အောင်မြင်သူတွေဆီမှာတွေ့ရလေ့ရှိတဲ့ အကျင့်(၁၀)ခု
=================================

လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အလေ့အကျင့်လေးတွေရှိကြပါတယ်။ ကိုယ်ပိုင်စိတ်နေစိတ်ထားလေးတွေ ရှိတတ်ကြပါတယ်။ အကျင့်ကောင်းလေးတွေရှိသလို အကျင့်ဆိုးလေးတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် အောက်ပါအကျင့်(၁၂)ခုကတော့ အောင်မြင်တဲ့သူတော်တော်များများပိုင်ဆိုင်လေ့ရှိပါတယ်။အောင်မြင်တဲ့သူများက ရောက်လေရာနေရာမှာ ခိုကပ်လေ့မရှိပါဘူး။ အနိုင်ရချင်တဲ့စိတ်ဓာတ်၊ အောင်မြင်ချင်တဲ့ဆန္ဒ၊ အစွမ်းကုန်အားထုတ်မှု စတဲ့အချက်တွေက သင့်ရဲ့အောင်မြင်မှုကိုရယူပေးနိုင်တဲ့ အချက်တွေပါ။ အောက်မှာ ဖော်ပြထားတဲ့ အကျင့်လေးတွေထဲက ဘယ်အချက်တွေသင့်မှာရှိလဲ? ဘယ်အချက်တွေထပ်ဖြည့်ဆည်းဖို့လိုအုံးမလဲ? သုံးသပ်ကြည့်နိုင်ပါတယ်။

(၁) သူတို့တွေက သူတို့စိတ်ဓာတ်တက်ကြွအောင်ကိုယ်တိုင်ပြန် အားပေးတတ်ကြပါတယ်။ သူတို့တွေကို တစ်ယောက်ယောက်က တွန်းအားပေးနေတာမျိုးမဟုတ်ပါဘူး။ သူတို့ရဲ့အောင်မြင်ချင်တဲ့ စိတ်ဓာတ်က သူတို့ကိုတွန်းအားပေးနေတာပါ။ သူတို့တွေက သူများဖိအားပေးတာကို မခံတတ်ပါဘူး။ သူတို့ဘာသာ ဖိအားပေးတတ်ပါတယ်။ သူတို့အလုပ်ကိုအကောင်းဆုံးလုပ်ဆောင်ပြီး စိတ်ဓာတ်ကျတဲ့ အခါမှာလည်း သူတို့ကိုယ်သူတို့ ပြန်အားပေးတတ်ပါတယ်။

(၂) သူများတွေကိုဝေဖန်ခြင်းနဲ့သူတို့အချိန်ကိုဖြုန်းလေ့မရှိဘူး။
သူတို့တွေက အခြားတစ်ယောက်အောင်မြင်တာကိုမြင်သည်ဖြစ်စေ၊ ကျရှုံးတာကိုဖြစ်စေ ဝေဖန်ခြင်းမရှိ ပါဘူး။ အခြားသူတွေရဲ့ အမှားတွေကိုသင်ခန်းစာယူပါတယ်။ အားသာချက်တွေကို လေ့လာပါတယ်။ သူတို့မှာ အခြားသူတွေကို အတင်းပြောပြီး ဝေဖန်နေဖို့အချိန်မရှိပါဘူး

(၃) သူတို့က သူတို့ကိုယ်သူတို့နှိမ့်ချတတ်ပါတယ်။သူတို့က အမှားလုပ်ရင် ပြန်တောင်းပန်ရမှာဝန်မလေးပါဘူး။ သူတို့မှားနေရင် အခြားသူဆီက ဝေဖန်ချက်ကိုလည်းကျေကျေနပ်နပ်လက်ခံလေ့ရှိပါတယ်။ ပြီးရင် မှားတာကိုပြင်ပါတယ်။ဘယ်တော့မှ မြောက်ကြွ မြောက်ကြွနဲ့သူတို့
အကြောင်းကြွားမနေပါဘူး။

(၄) သူတို့ကအကောင်းမြင်လေ့ရှိပါတယ်။
အလုပ်မဖြစ်တဲ့အရာတွေ၊ မအောင်မြင်မှုတွေကို အချိန်အကြာကြီးစဉ်းစားပြီး စိတ်ဓာတ်ကျနေလေ့မရှိပါဘူး။အလုပ်ဖြစ်ခဲ့တဲ့အရာတွေ၊ အောင်မြင်ခဲ့
တဲ့အရာတွေကိုကြည့်ပြီး ရှေ့ဆက်လှမ်းဖို့ အားမွေးလေ့ရှိပါတယ်။

(၅) သူတို့ကအစစ်အမှန်အတိုင်းနေထိုင်ကြတယ်။
သူတို့ကအခြားသူတွေဘယ်လိုထင်လဲဆိုတာထက် သူတို့ရဲ့ပုံစံအတိုင်းပဲ မှန်ကန်စွာနေထိုင်လေ့ ရှိပါတယ်။ အခြားသူတွေကျေနပ်ဖို့ သူတို့ဘ၀ကိုပြောင်းလည်းပြီးနေထိုင်လေ့မရှိပါဘူး။

(၆) သူတို့တွေက Comfort Zoneထဲမှာပဲမနေဘူး။
ဒီအချက်ကအောင်မြင်သူနဲ့ ကျရှုံးသူကိုတော်တော်လေးခွဲခြားနိုင်တဲ့အချက်ပါ။ ကျရှုံးသူတွေဟာ သူတို့ရဲ့ Comfort Zone ထဲကထွက်လေ့မရှိပါဘူး။ Comfort Zoneဆိုတာကို အရင်ရှင်းပြပါမယ်။ Comfort Zoneဆိုတာ သင်သက်တောင့်သက်သာရှိတယ်လို့ထင်တဲ့နေရာမျိုးပါ။ ဥပမာ သင်က လူရှေ့သူရှေ့မှာစကားထွက်ပြောရတာထက် ထိုင်ပြီးကြည့်ရတာကို ပဲသဘောကျတယ်ဆိုပါစို့။ အဲ့လိုထိုင်နေတာဟာ သင့်ကိုပိုပြီးသက်တောင့်သက်သာဖြစ်စေတယ်ဆိုရင် အဲ့ဒါဟာ
သင့်ရဲ့ Comfort Zoneပါ။လူတွေရှေ့မှာစကားထွက်ပြောဖို့အခွင့်အရေးရှိတိုင်း သင်ငြင်းပယ်ပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ အဲဒါကိုသင်လုပ်နိုင်တယ်လို့မယုံကြည်လို့ပါပဲ။ ဒါဟာဥပမာတစ်ခုအနေနဲ့ဖော်ပြတာ ဖြစ်ပါတယ်။ အခြားအရာတွေမှာလည်း သင့်အတွက် Comfort Zoneဆိုတာရှိနေတတ်ပါတယ်။ ဒါပေမယ့်အောင်မြင်တဲ့သူတွေကတော့ Comfort Zoneထဲကထွက်ဖို့ကြိုးစားတတ်ပါတယ်။ သူတို့စိတ်ထဲက “မင်းဒါကိုတော့မလုပ်နိုင်ပါဘူးကွာ”ဆိုတဲ့စကားကို လျစ်လျူရှုပြီး “ငါလုပ်နိုင်တယ်”ဆိုတဲ့ယုံကြည်ချက်နဲ့ Comfort Zoneထဲကထွက်လေ့ရှိပါတယ်။

(၇) သူတို့ကအမြဲသင်ယူနေလေ့ရှိပါတယ်။
သူတို့ကစာတွေအများကြီးဖတ်သလို ရသမျှပညာ၊ဗဟုသုတကိုသင်ယူလေ့ရှိပါတယ်။ သူတို့သိတာတွေကို လူကြားထဲမှာမကြွားတတ်ပါဘူး။ သူတို့က သူတို့မသိသေးတာတွေကိုပဲ သင်ယူဖြည့်ဆည်းလေ့ရှိပါတယ်။သူတို့ထက်ရာထူးငယ်တာ၊ကြီးတာ၊ အသက်ငယ်တာ၊ကြီးတာကို အဓိကမထားပါဘူး။ ဘယ်သူ့ဆီကမဆို ပညာယူလေ့ရှိပါတယ်။ အခြားနေရာတွေကနေလည်း အမြဲ သင်ယူလေ့လာနေလေ့ရှိပါတယ်။ ဘယ်တော့မှ သင်ယူခြင်းကို ရပ်တန့်လေ့မရှိပါဘူး။

(၈)သူတို့လိုချင်တာကိုသူတို့သိကြပါတယ်။
သူတို့က သူတို့ဘ၀ကိုဘယ်လိုပုံဖော်မလဲဆိုတာ ပြတ်ပြတ်သားသားသိနေပါတယ်။ သူတို့ဘယ်လိုပုံစံမျိုး ဖြစ်ချင်တယ်ဆိုတာကို သူတို့တိတိကျကျသိပါတယ်။ေ၀၀ါးနေတာမျိုး မရှိပါဘူး။ သူတို့လိုချင်တာတွေကို ဖြစ်ကိုဖြစ်ရမယ်လို့ယုံကြည်ပါတယ်။ သံသယတစ်ချက်တောင် ၀င်လေ့မရှိပါဘူး။

(၉) သူတို့ကအရှုံးပေးလေ့မရှိပါဘူး။
အောင်မြင်သူတွေက အခက်အခဲဆုံးအချိန်တွေမှာတောင် လက်မလျော့တတ်ပါဘူး။ သူတို့က သူတို့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ သေချာတိကျတဲ့ Plan ရှိတယ်။ သူတို့သွားတဲ့ လမ်းတစ်လျှောက်မှာတွေ့နိုင်တဲ့အခက်အခဲတွေကိုလည်း ကြိုတွက်ထားတယ်။ မထင်မှတ်တဲ့ အခက်အခဲတွေတွေ့ရင်လည်း ဘယ်တော့မှအရှုံးပေးလေ့မရှိပါဘူး။ “စစ်ပွဲတစ်ပွဲမှာ ကျရှုံးဖို့အသေချာဆုံးနည်းလမ်းက လက်မြှောက်ခြင်း” ဆိုတာကို သူတို့ အခိုင်အမာနားလည်ထား ပါတယ်။ဒါကြောင့် သူတို့ ဘယ်တော့မှလက်မမြှောက်ပါဘူး။

(၁၀) သူတို့တွေကအခြားသူတွေကို အပြစ်တင်လေ့မရှိပါဘူး။
သူတို့ရဲ့ကျရှုံးမှုအတွက် ဘယ်တော့မှသူများတွေကိုအပြစ်တင်လေ့မရှိပါဘူး။ သူတို့ကကျရှုံှးုရင် ထိုကျရှုံးမှုမှ သင်ခန်းစာယူပြီး သူတို့လိုအပ်ချက်ကိုပဲ ပြန်ရှာဖွေလေ့ရှိပါတယ်။ သူတို့ဘ၀ရဲ့ ပဲ့ကိုင်ရှင်ဟာ သူတို့ပဲလို့ ခေါ်ယူထားပါတယ်။

ကဲအထက်ပါအချက်လေးတွေထဲကသင်နဲ့တိုက်ဆိုင်တာ
ဘယ်နှစ်ချက်လောက်ရှိပါသလဲ?

အောင်မြင်တဲ့ဘ၀ပိုင်ဆိုင်နိုင်ကြပါစေ……။ ။

မိုးရှင်း(I.M.T)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။