Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 17, 2015

ရောင်စုံဖဲကြိုးလးများရဲ့ရာဇဝင်

ရောင်စုံဖဲကြိုးလးများရဲ့ရာဇဝင်
********************************
မောင်ဒီမိုး

ယခုတလော ရောင်စုံဖဲကြိုးတွေရဲ့ သတင်းတွေကို မောင်ဒီမို ခပ်စိပ်စိပ်တွေ့နေရပါတယ်။ ပထမဦးဆုံးတွေ့ရ တာကတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကို ပြောင်း ရွှေ့လာတဲ့ တပ်မတော်အရာရှိတွေကို ကန့်ကွက်တဲ့ အနေနဲ့ အရပ်ဘက်ဆရာဝန်တွေက အနက်ရောင်ဖဲ ကြိုးတွေကို ရင်မှာတပ်ဆင်လှုပ်ရှားတဲ့သတင်းပဲဖြစ် ပါတယ်။ တပ်မတော်အရာရှိတွေအနေနဲ့ အရေးပါတဲ့ ရာထူးတွေကို ဝင်ရောက်နေရာယူလာတဲ့အတွက် ကန့် ကွက်တာလို့ ဆရာဝန်အချို့ကဆိုပါတယ်။ ဆရာဝန်တွေ ဟာ ပညာရှင်တွေဖြစ်တဲ့အတွက် ဆရာဝန်လေးတွေကို ဆရာဝန်ကြီးတွေက စီမံခန့်ခွဲအုပ်ချုပ်တာ၊ ဆရာဝန် ကြီးတွေကို ဝါရင့်ဆရာဝန်ကြီးတွေက စီမံခန့်ခွဲအုပ်ချုပ် တာအကောင်းဆုံးပဲလို့ မောင်ဒီမို ခံယူမိပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဆေးပညာရပ်တွေနဲ့ပတ်သက်နေတဲ့ ကဏ္ဍတွေမှာ အုပ်ချုပ်မှုဆိုင်ရာရော၊ ဆေးကုသရေးဘက် ဆိုင်ရာတွေမှာရော တစ်ခုနဲ့တစ်ခုဆက်စပ်နေတာမို့ အုပ်ချုပ်သူတွေက ဆေးပညာကို နားလည်ကျွမ်းကျင် သူတွေ၊ ဆေးပညာသည်တွေအပေါ်၊ ဆရာဝန်တွေအ ပေါ်၊ အထူးသဖြင့် လူနာတွေအပေါ် နားလည်ကိုယ် ချင်းစာနိုင်သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဆေးဝန်ထမ်းလောကမှာ အုပ်ချုပ်သူ နဲ့ ကျွမ်းကျင်သူဆေးပညာသည်ဆိုတဲ့ အုပ်စုနှစ်စုသီး ခြားမရှိသင့်ဘဲ တစ်သားတည်းဖြစ်ဖို့ လိုအပ်တဲ့အတွက် ဆရာဝန်တွေရဲ့ အနက်ရောင်ဖဲကြိုးကမ်ပိန်းကို မောင်
ဒီမို ထောက်ခံမိတာပဲဖြစ်ပါတယ်။ ဒါမှလဲ ဆေးဘက် ဆိုင်ရာလုပ်ငန်းတွေပိုပြီး အောင်မြင်မှာဖြစ်ပါတယ်။

အဲဒီသတင်းထွက်ပြီး မကြာမီမှာ ကျန်းမာရေးဝန် ကြီးလက်မှတ်ရေးထိုးထားတဲ့စာတစ်စောင် စက်တင် ဘာ ၄ ရက်နေ့က ထွက်လာပါတယ်။
အဲဒီစာရဲ့ အပြည့် အစုံကတော့-

''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် ဆေးဝါးကုသရေးနှင့်တိုက်ရိုက် သက်ဆိုင်မှုမရှိသော စီမံခန့်ခွဲရေးတာဝန်ဝတ္တရားများ ဆောင်ရွက်စေနိုင်ရန်အတွက် ကျန်းမာရေးအသိပညာ အခြေခံရှိထားပြီးဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများကို ဖြည့်ဆည်းတာဝန်ပေးအပ်သွားနိုင်ရန် ခန့်အပ်ခဲ့သော်လည်း အစိုးရအဖွဲ့အကြံပေးများ၊ ဝန်ကြီး ဌာနအကြံပေးသမားတော်ဆရာ၊ ဆရာမကြီးများ၏ အကြံပေးချက်များရရှိခဲ့ပါသည်။
ဆရာ၊ ဆရာမကြီးများ၏ အကြံပေးချက်များအ ပေါ် လေးစားလိုက်နာဆောင်ရွက်သောအားဖြင့် ကျန်း မာရေးဝန်ကြီးဌာနသို့ အခြားမည်သည့်ဝန်ကြီးဌာနမှ အရာရှိများ ဝန်ထမ်းများပြောင်းရွှေ့လက်ခံဖြည့်ဆည်း တာဝန်ပေးအပ်တော့မည်မဟုတ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်''လို့ ဆိုတာပဲဖြစ်ပါတယ်။ ကျန်း မာရေးဝန်ကြီးရဲ့ တုံ့ပြန်ချက်ဟာ အများဆန္ဒနှင့်အညီ ဖြစ်တဲ့အတွက် ကြိုဆိုရမှာပဲဖြစ်ပါတယ်။

အဲဒီနောက် ဖဲကြိုးအရောင်တစ်မျိုးကတော့ ဖဲ ကြိုးအဝါပဲဖြစ်ပါတယ်။ ကြားရတဲ့သတင်းကတော့ တရားရေးဌာနထိပ်ပိုင်းနေရာတွေမှာ စစ်ဘက်အရာရှိ တွေ ခန့်ထားနေရာပေးမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့မှာ တရားလွှတ်တော်ရှေ့နေများ ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့သတင်းပဲဖြစ်ပါတယ်။ မောင် ဒီမိုလဲ အတော်စဉ်းစားရကျပ်သွားတာကတော့ ရှေ့နေ ရှေ့ရပ်လုပ်ငန်းနဲ့ စစ်ဘက်အရာရှိတွေ ဘယ်လိုဆက် စပ်ယူမလဲပေါ့။ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့ဆိုတဲ့နေရာမှာ အဲဒီမှာ တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်တွေ ''လူမှန်နေရာမှန်''ဖြစ်ဖို့ဆိုတဲ့ကိစ္စကို မေ့ လျော့နေကြလေသလား၊ ဒါမှမဟုတ် ဘယ်လိုရည်ရွယ် ချက်တွေနဲ့လဲဆိုတာ တွေးရခက်သွားပါတယ်။ ဒါနဲ့ပတ် သက်ပြီး တရားလွှတ်တော်ရှေ့နေအချို့က ''ယိုင်နဲ့နေ တဲ့ တရားရေးမဏ္ဍိုင်ကိုထိန်းညှိပေးဖို့ ထိပ်ပိုင်းမှာ ဥပဒေရေးရာကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေကိုသာ နေရာပေးသင့်တယ်''လို့ဆိုပါတယ်။ ပြောချင်တာက ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့ဆိုရင် အဲဒီဌာန၊ အဲဒီအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေ ဟာ ''လူမှန်နေရာမှန်''ဖြစ်ဖို့ပါပဲ။ ဒါနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ကြေညာချက်လို အ ထက်အဖွဲ့အစည်းက တုံ့ပြန်ချက်ထွက်လာတာ မတွေ့ ရသေးပါဘူး။

နောက်ထပ်မံပေါ်ထွက်လာတဲ့ ဖဲကြိုးအရောင်က တော့ အပြာရောင်ဖြစ်ပါတယ်။ ဒီအရောင်ကတော့ လျှပ်စစ်အင်ဂျင်နီယာတွေရဲ့ ဆန့်ကျင်မှုကို ကိုယ်စား ပြုတဲ့အရောင်ပဲဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုမှာ တပ်မတော်အငြိမ်းစားတွေ ဝင်ရောက်လာမှုအပေါ် လျှပ်စစ်အင်ဂျင်နီယာတွေက ကမ်ပိန်းပြုလုပ်ကန့်ကွက် တာပဲဖြစ်ပါတယ်။ ဒီကန့်ကွက်ပွဲကို မန္တလေးမြို့ ကုသိုလ် တော်ဘုရားအတွင်းမှာ စက်တင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီမှာပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ကန့်ကွက်ရာမှာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတွေနဲ့ ခရိုင်လျှပ်စစ်အင် ဂျင်နီယာတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ် သက်လို့ သက်ဆိုင်ရာအထက်အဖွဲ့အစည်းက တုံ့ပြန် ချက်တစ်စုံတစ်ရာထွက်ပေါ်လာတာတော့ မတွေ့ရသေး ပါဘူး။

ပြောရရင် အဲဒီရောင်စုံဖဲကြိုးများနဲ့ ပတ်သက်တဲ့ လူမမှန်၊ နေရာမမှန်ကိစ္စဟာ အခုမှတင်ရှိခဲ့တာမဟုတ် ပါဘူး။ အဲဒီရောင်စုံဖဲကြိုးတွေရဲ့ ရာဇဝင်ဟာ လွန်ခဲ့တဲ့ နှစ် ၄ဝ ကျော်ကာလကတည်းက စတင်ခဲ့တာပါ။ ဒီ့ အတွက် စာဖတ်သူအချို့အံ့သြမိမှာအမှန်ပဲဖြစ်ပါတယ်။ အဲဒီလိုရှိခဲ့တဲ့ဖြစ်ရပ်တွေကို မောင်ဒီမို အဲဒီကတည်းက ဖော်ထုတ်ရေးသားခဲ့ချင်ပေမယ့် အဓိကအချက်နှစ်ချက် ကြောင့် မရေးသားနိုင်ခဲ့ဘဲ အသာအယာ ''ခေါင်းပု''နေခဲ့ ရပါတယ်။ ပထမတစ်ချက်ကတော့ ပွင့်ပွင့်လင်းလင်းရေးသားခွင့်မရခဲ့တဲ့ စစ်အာဏာရှင်အုပ်ချုပ်တဲ့ကာလ မှာ ရှိနေလို့ရယ်၊ ဒုတိယအချက်ကတော့ မောင်ဒီမိုလုပ် ကိုင်ခဲ့တဲ့ အစိုးရဌာနမှာ အပေါ်က အုပ်ချုပ်နေတဲ့အကြီး အကဲဟာ တပ်မတော်အငြိမ်းစား၊ ယခုစကားနဲ့ဆို ''မိုးကျ ရွှေကိုယ်'' ဖြစ်နေလို့ပါပဲ။

မှတ်မိပါသေးတယ်။ လွန်ခဲ့သောနှစ် ၄ဝ ခန့်ကာလ မောင်ဒီမို နေ့စားဘဝနဲ့ အလုပ်စဝင်တော့ သွားရောက် သတင်းပို့ရတဲ့ ဝန်ထမ်းအကြီးအကဲ တစ်နည်းအားဖြင့် ဦးဆောင်ညွှန်ကြားရေးမှူးဟာ တပ်မတော်အငြိမ်းစား တစ်ဦးဖြစ်ပါတယ်။ စာပေရေးရာဝန်ထမ်းတွေ၊ စုဝေးတာဝန် ထမ်းဆောင်နေတဲ့ ဌာနတစ်ခုကို အုပ်ချုပ်နေသူက လုပ်ငန်းနဲ့အံမဝင်တဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကာလအား ဖြင့်ပြောရရင် ၁၉၇၉ ခုနှစ်ကဖြစ်ပါတယ်။ မဆလလက် ထက်ကတည်းက ဖြစ်ပါတယ်။ အဲဒီကာလမတိုင်ခင် ကတည်းက အခြားဌာနအဖွဲ့အစည်းအချို့မှာလဲ တပ် မတော်အငြိမ်းစားတွေရောက်ရှိနေကြပြီဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ လုပ်ငန်းဌာန၊ ဦးစီးဌာနတွေရဲ့ အကြီးအကဲတွေဟာ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြား ရေးမှူးချုပ်တွေဖြစ်ပြီး အဲဒီနေရာတွေမှာ တပ်မတော် အငြိမ်းစားတွေ အများဆုံးနေရာယူထားကြတာဖြစ်ပါ တယ်။ အဲဒီရာထူးတွေအောက်တစ်ဆင့်ဟာ ညွှန်ကြား ရေးမှူးတွေဖြစ်ပြီး ယနေ့ကာလလို ဒုတိယဦးဆောင် ညွှန်ကြားရေးမှူးတွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ မခန့်အပ်သေးပါဘူး။

အဲဒီတုန်းက ညွှန်ကြားရေးမှူးတွေ ဟာလဲ အရပ်သားဝန်ထမ်းတွေအများစုဖြစ်တာမို့ လုပ် ငန်းကျွမ်းကျင်သူအချင်းချင်း၊ နားလည်သူအချင်းချင်း ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရတာမို့ လုပ်ငန်းတိုးတက်မှု တွေ၊ အောင်မြင်မှုတွေရခဲ့ပါတယ်။ ပျော်စရာလဲ ကောင်းခဲ့ပါတယ်။

ယနေ့ကာလမှာ ဝန်ကြီးဌာနအဖွဲ့အစည်းတော် တော်များများမှာ အထက်ဝန်ထမ်းအကြီးအကဲကနေ အောက်အဆင့်အရာရှိငယ်(ဦးစီးအရာရှိ၊ လက်ထောက် မန်နေဂျာ)အဆုံးတပ်မတော်အငြိမ်းစားတွေ အသုတ် လိုက် အသုတ်လိုက်ဝင်ရောက်လာတာတွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ် ၄ဝ ဝန်းကျင်လောက်က ဌာနအကြီးအကဲ အဖြစ်ဝင်ရောက်လာတဲ့ တပ်မတော်အငြိမ်းစားအများစု ဟာ ဌာနလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ဌာန လုပ်ငန်းအတွက်အထောက်အကူဖြစ်ခဲ့ပါတယ်။ (ဥပမာ အားဖြင့်-စာပေရေးရာနဲ့ဆိုင်တဲ့ဌာနတွေမှာ စာရေးဆရာ စစ်ဘက်အရာရှိကြီးတွေဝင်လာတာ၊ အသံလွှင့်ပိုင်း ဆိုင်ရာဌာနတွေမှာ ဆက်သွယ်ရေးက စစ်ဘက်အရာရှိ ကြီးတွေဝင်လာတာ၊ စက်မှုပိုင်းဆိုင်ရာ ဌာနတွေမှာ အင်ဂျင်နီယာစစ်ဘက်အရာရှိကြီးတွေဝင်လာတာ စတာတွေဖြစ်ပါတယ်။)

ယနေ့ကာလမှာတော့ အောက်ခြေအရာရှိငယ်အ ဆင့်ထိ ထိုးဖောက်ဝင်ရောက်လာလေတော့ အရပ်သား ဝန်ထမ်းတွေအနေနဲ့ တက်လမ်းလည်းပိတ်သွားပြီး ပညာရှင်တွေအပေါ် ဖိအားတွေပေးလာနိုင်တဲ့အတွက် အဲဒီအပေါ် စိုးရိမ်မှုတွေဖြစ်လာပြီး အနက်ရောင်ဖဲကြိုးတွေ၊ အဝါရောင်ဖဲကြိုးတွေ၊ အပြာရောင်ဖဲကြိုးတွေ ထွက်ပေါ်လာတာ မဆန်းဘူးလို့ဆိုရမှာဖြစ်ပါတယ်။

တပ်မတော်အငြိမ်းစားတွေအောက်ခြေအရာရှိ ငယ်အဆင့်အထိရောက်ရှိနေရာယူပြီးအချို့ဌာနတွေမှာ စစ်ဘက်အငြိမ်းစားအရာရှိတွေများပြားလာတာနဲ့ပတ် သက်လို့ မောင်ဒီမိုအဖြစ်အပျက်လေးတစ်ခုကိုရေးသား ချင်ပါတယ်။
မောင်ဒီမိုဝန်ထမ်းဘဝက အငြိမ်းစားမယူမီတစ်နေ့ မှာ အထက်အကြီးအကဲက လုပ်ငန်းဆိုင်ရာအစည်းအ ဝေးတစ်ခု ¤င်းရဲ့ရုံးခန်းထဲမှာပြုလုပ်ဖို့ အရာရှိတွေအား လုံးကို ခေါ်ပါတယ်။ အဲဒီမှာ ဦးစီးအရာရှိ၊ လက်ထောက် မန်နေဂျာတွေအထိ ပါပါတယ်။ အစည်းအဝေး စစချင်းပဲ လုပ်ငန်းဆောင်ရွက်မှုအားမရလို့ အကြီးအကဲက အချို့ သော ညွှန်ကြားရေးမှူးအဆင့်ကနေ ဦးစီးအရာရှိ၊ လက် ထောက်မန်နေဂျာအဆင့်ထိကို ဆူပါတော့တယ်။ အရပ် စကားနဲ့ဆိုရင် မုန့်ဟင်းခါးကို ငရုတ်သီးစပ်စပ်လေးထည့် ပြီးကျွေးတာပေါ့။ မောင်ဒီမို အံ့သြသွားတယ်။ ကြမ်းလှချည် လားပေါ့။ အဆူခံရသူတွေကလဲ ငြိမ်သက်လို့၊ ဘာတစ် ခွန်းမှ ပြန်မပြောဘူး။ အဲ-မုန့်ဟင်းခါးစပ်စပ်ကျွေးပြီး တော့မှ မောင်ဒီမိုဘက်လှည့်ပြီး ''ခင်ဗျားကိုတော့ အားနာပါတယ်။ ခင်ဗျားတစ်ယောက်တည်း အရပ် သား အရာရှိဖြစ်နေတယ်။ ကျွန်တော်ပြောတာ နည်းနည်းကြမ်းသွားတယ်''တဲ့။ သူ့ဆရာနဲ့ သူ့တပည့် စစ်ဘက်အငြိမ်းစားအချင်းချင်း ထိအောင်ပြောတာ သူတို့အတွက် မကြမ်းပေမယ့် မောင်ဒီမိုရဲ့နားထဲမှာ သံရည်ပူလောင်းချလိုက်သလိုပါပဲ။ အဓိကကတော့ အချို့ဝန်ထမ်းအဖွဲ့အစည်းတွေထဲမှာ အခုလိုပဲ စစ်ဘက်အငြိမ်းစားတွေ အတော်နေရာယူပြီး ကြပြီလို့ ဆိုချင်တာပါပဲ။

မည်သို့ပင်ဖြစ်စေလုပ်ငန်းတစ်ခု၊ အဖွဲ့ အစည်းတစ်ခုအတွင်း တိုးတက်မှုတွေရှိဖို့၊ အောင်မြင်မှု တွေရရှိဖို့ဆိုရင် အဓိကလိုအပ်တာက အဲဒီလုပ်ငန်း၊ အဲဒီ အဖွဲ့အစည်းအတွင်းမှာ ပါဝင်လုပ်ကိုင်ကြတဲ့ ဝန်ထမ်း တွေရဲ့အရည်အချင်းပိုင်းအားကောင်းဖို့လိုပါတယ်။ လုပ် ငန်းကျွမ်းကျင်ဖို့ အထူးလိုအပ်ပါတယ်။

ပြောလိုတာကတော့ စစ်ဘက်အငြိမ်းစားတွေဖြစ် ပေမယ့်လဲ လုပ်ငန်းကျွမ်းကျင်မှုအလိုက် အရပ်ဘက် အ ဖွဲ့အစည်းတွေမှာ ''လူမှန်နေရာမှန်''ဖြစ်ပြီး အံဝင်ခွင် ကျလို့ လုပ်ငန်းတွေအောင်မြင်နေတဲ့အဖွဲ့အစည်းတွေ လဲရှိပါတယ်။ အဓိကအားဖြင့် အဖွဲ့အစည်းတိုးတက်ဖို့၊ လုပ်ငန်းတွေအောင်မြင်ဖို့၊ ၄င်းကနေတစ်ဆင့် တိုင်းပြည် အဆင့်အထိပါ တိုးတက်ဖွံ့ဖြိုးဖို့ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ စစ်ဘက်အငြိမ်းစားတွေကို ၄င်းအဆင့်၊ ၄င်းရာထူးလစာနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ကိုပဲ အဓိကစဉ်းစား ရင်တော့ ဌာနအတွက်၊ တိုင်းပြည်အတွက် အကျိုးမများ နိုင်ဘူးလို့ မောင်ဒီမိုသုံးသပ်ချင်ပါတယ်။ အချို့ဆိုရင် ပို့လို့သာရောက်လာရတယ်။ ဌာနလုပ်ငန်းအပေါ်ကိုလဲ ဝါသနာမပါ၊ စိတ်မဝင်စားတော့ သူ့အတွက်လဲ အကျိုး မရှိ၊ ဌာနအတွက်လဲ အကျိုးမရှိဖြစ်တတ်ပါတယ်။ မောင်ဒီမိုတွေ့ဖူးတဲ့ အရာရှိငယ်နှစ်ဦးဆို လစ်လပ်တဲ့ လက်ထောက်မန်နေဂျာနေရာတွေမှာ နေရာပေးလိုက် တာ မလုပ်ချင်လို့ဆိုပြီး ရောက်ပြီးသိပ်မကြာဘူး။ အထက် ကိုတင်တဲ့ နုတ်ထွက်စာအကျကိုတောင်မစောင့်ဘဲ ထွက်သွားခဲ့ပါတယ်။ အရပ်သားဝန်ထမ်းတွေ နုတ်ထွက်ရင်၊ ပင်စင်တင်ရင် အငြိမ်းစားဘဝနဲ့ အငြိမ်းစားလစာကို ခံစား ချင်လို့ အချိန်ယူစောင့်ဆိုင်းရပေမယ့် သူတို့အတွက်ကျတော့ တပ်ပင်စင်၊ ဆုကြေးတွေကို ခံစားပြီးဖြစ်လေတော့ မလုပ်ချင် လဲ ချက်ချင်းနုတ်ထွက်သွားနိုင်တဲ့အနေအထားရှိနေပါတယ်။

မည်သို့ပင်ဖြစ်စေ ယနေ့ကာလ စီမံကိန်းတွေအောင် မြင်ဖို့၊ တိုင်းပြည်ဖွံ့ဖြိုးဖို့ဆိုရင် ထက်၊ လယ်၊ အောက် ဝန်ထမ်း တွေ ကျွမ်းကျင်မှုအပိုင်းရော၊ အချင်းချင်းနားလည်မှု အပိုင်းမှာရော အားကောင်းဖို့လိုပါတယ်။

ယခုမောင်ဒီမိုတို့ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း ပေါ် လျှောက်လှမ်းနေပါပြီ။ ဒီမိုကရေစီပန်းတိုင်ကို ရောက်ဖို့ဆိုရင် အစိုးရ၊ ပုဂ္ဂလိက၊ လူမှုအဖွဲ့အစည်းတွေ ဟန်ချက်ညီညီပေါင်းစပ်လုပ်ကိုင်ရမှာဖြစ်သလို အဲဒီ အဖွဲ့အစည်းတွေမှာ သက်ဆိုင်ရာကဏ္ဍတွေအလိုက် ကျွမ်းကျင်သူတွေ၊ အပြန်အလှန်နားလည်သူတွေ၊ အထက် ကို အောက်က လေးစား၊ အောက်ကိုအထက်က သနား ညှာတာတတ်သူတွေနဲ့ ပါဝင်ဖွဲ့စည်းဖော်ဆောင်ကြဖို့ လိုပြီဆိုတဲ့အကြောင်း ရောင်စုံဖဲကြိုးများရဲ့ ရာဇဝင်ကို အကြောင်းပြုပြီး ရေးသားတိုက်တွန်းလိုက်ရပါတယ်။

#DemocracyToday သတင်းစာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။