ဆုံးဖြတ်ချက်မှန်ပါစေ
===============
ခေါင်းဆောင်တစ်ယောက်မှ မဟုတ်ပါဘူး ။ ဘယ်သူမဆို မိမိကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိကြပါတယ် ။
ဆုံးဖြတ်ချက်မှားရင် ဘဝတိုးတက်မှုက နှောင့်နှေးပါတယ် ။ တချို့ဆိုရင် မိမိရဲ့ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့် ဘဝအောင်မြင်မှုတွေပါ ဆိတ်သုဉ်းသွားလေ့ရှိပါတယ် ။
ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတာဟာ လူတစ်ယောက်အတွက်တော့ အကြီးမားဆုံး အရာတစ်ခုပါပဲ ။
ဒါဆိုလျှင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်မလဲ ?
သည်နေရာမှာ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို ပြသလို့ မရပါဘူး ။ ဘယ်အချိန် ချမှတ်သင့်သလဲဆိုတာကိုပဲ ပြသလို့ရပါတယ်။
အောင်မြင်တဲ့သူတွေဟာ ဆုံးဖြတ်ချက်တစ်ခုကို ချစ်ခြင်း ၊ မုန်းခြင်း ၊ ဝမ်းသာ ၊ ဝမ်းနည်းကင်းနေတဲ့အချိန်မှာ စိတ်အေးစွာဖြင့် ချမှတ်လေ့ရှိပါတယ် ။
အပျော်လွန်တာပဲဖြစ်ဖြစ် အရမ်းဝမ်းနည်းတာပဲဖြစ်ဖြစ် စိတ် သိပ်လှုပ်ရှားနေရင် ချမှတ်လို့မရပါဘူး ။
ဒီတော့ စိတ်လှုပ်ရှားမှုနည်းရင် အသိဥာဏ် ပိုရင့်ကျက်ပါတယ် ။ အသိဥာဏ် ရင့်ကျက်တဲ့အခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရင် ပိုပြီးတော့ မှန်ကန်ပါတယ် ။
ဒါ့ကြောင့်
စိတ်လှုပ်ရှားမှုနည်းတဲ့အခါ
ဆုံးဖြတ်ချက်ကို ချပါလို့ ကျွန်ုပ်နေထွန်းက ဟြေပြလိုက်ချင်ပေတော့သည် ။
14092014
နေလင်းထွန်း
============
ခေါင်းဆောင်တစ်ယောက်မှ မဟုတ်ပါဘူး ။ ဘယ်သူမဆို မိမိကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိကြပါတယ် ။
ဆုံးဖြတ်ချက်မှားရင် ဘဝတိုးတက်မှုက နှောင့်နှေးပါတယ် ။ တချို့ဆိုရင် မိမိရဲ့ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့် ဘဝအောင်မြင်မှုတွေပါ ဆိတ်သုဉ်းသွားလေ့ရှိပါတယ် ။
ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတာဟာ လူတစ်ယောက်အတွက်တော့ အကြီးမားဆုံး အရာတစ်ခုပါပဲ ။
ဒါဆိုလျှင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်မလဲ ?
သည်နေရာမှာ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို
အောင်မြင်တဲ့သူတွေဟာ ဆုံးဖြတ်ချက်တစ်ခုကို ချစ်ခြင်း ၊ မုန်းခြင်း ၊ ဝမ်းသာ ၊ ဝမ်းနည်းကင်းနေတဲ့အချိန်မှာ
အပျော်လွန်တာပဲဖြစ်ဖြစ် အရမ်းဝမ်းနည်းတာပဲဖြစ်ဖြစ် စိတ် သိပ်လှုပ်ရှားနေရင် ချမှတ်လို့မရပါဘူး ။
ဒီတော့ စိတ်လှုပ်ရှားမှုနည်းရင် အသိဥာဏ် ပိုရင့်ကျက်ပါတယ် ။ အသိဥာဏ် ရင့်ကျက်တဲ့အခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရင် ပိုပြီးတော့ မှန်ကန်ပါတယ် ။
ဒါ့ကြောင့်
စိတ်လှုပ်ရှားမှုနည်းတဲ့အခါ
ဆုံးဖြတ်ချက်ကို ချပါလို့ ကျွန်ုပ်နေထွန်းက ဟြေပြလိုက်ချင်ပေတော့သည် ။
14092014
နေလင်းထွန်း
============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။