The Right Time News
VOL -2/No -20
VOL -2/No -20
Google က Apple ကို ကျော်လွန်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး တံဆိပ်အဖြစ် ရပ်တည်
Apple ချစ်သူတွေအတွက်တော့ စိတ်မကောင်းစရာ သတင်းတခု ပဲ ဖြစ်ပါ တယ်။ ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand နေရာမှာGoogle က နံပါတ် ၁ ဖြစ်သွား ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက နံပါတ် ၁ နေရာမှာ Apple က ဆက်တိုက် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၂ မတိုင်မီကဆိုရင် နည်းပညာကုမ္ပဏီတွေ ဟာ အဆင့် ၁ မှာမရှိဘဲ Coca Cola,Toyota အစရှိတဲ့ တံဆိပ်တွေကသာ ထိပ် ဆုံးမှာရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ မနှစ် ကတော့ နံပါတ် ၁ နေရာမှာ တောက် လျှောက်Appleကရပ်တည်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ Google က Apple ကို ကျော်လွန်ကာ နံပါတ် ၁ နေရာသို့ရောက် ရှိခဲ့ပါတယ်။
ဒါပေမဲ့ Goolgle ကို နံပါတ် ၁ ရောက်စေခဲ့တဲ့ အကြောင်းအရင်းက Android မဟုတ်ဘဲ Google glass နဲ့ google ရဲ့ artificial ပိုင်းမှာ ရင်းနီးမြှုပ်နှံမှုတွေကြောင့် ဖြစ်တယ်လို့ Millward Brown France ရဲ့ အကြီးအကဲ ဖြစ်သူ Benoit Tranzer ကဆိုပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။