Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 18, 2014

ဘယ်သူ့ကို တကယ်လိုအပ်သလဲ ?


 
 
ဘယ်သူ့ကို တကယ်လိုအပ်သလဲ ?
=================

(၁)

အာဏာရှင်ခေတ်က...
စစ်တပ်က လူတွေကို ..
ဌာနဆိုင်ရာတွေမှာနေရာပေးခဲ့ပါတယ်..

Infrastructure အုတ်မြစ်တွေ ချပေးတဲ့ဌာနတွေ..၊
planning တွေနဲ့ဆက်စပ်တဲ့ ဌာနကြီးတွေ..၊
Technology ဆိုင်ရာဌာနကြီးတွေမှာ..
ဘာမှမသိတဲ့လူတွေ..အလျိုအလျိုနေရာယူလာကြပါတယ်...၊

သူတို့ အတွေးအခေါ်တွေ ..
သူတို့ idea တွေနဲ့ လုပ်ခဲ့ကြတဲ့.အတွက်

တိုင်းပြည်ရဲ့ လွဲမှားနေတဲ့ မူဝါဒ.၊
လက်တန်းလုပ်နေတဲ့ ပေါ်လစီအပါအ၀င်..၊

အကျင့်ပျက်ချစားမှုတွေရယ်.
ကိုယ်ကြိုးစီးပွားတွေရယ်ကို အခြေခံပြီးဖြစ်ပေါ်လာတဲ့..
တိုင်းပြည်ရဲ့...အစမကောင်းခဲ့တဲ့..
အခြေခံအဆောက်အအုံ ပေါင်းမြောက်များစွာရယ်..
နှစ်ရှည်နှစ်တို မူဝါဒတွေ ပေါ်လစီတွေရယ်ဟာ..

လွဲမှားယိုယွင်းစွာနဲ့...ပွထတိုးပွားလာခဲ့ပါတယ်..၊

---------------

(၂)

အစကတည်းက စုတ်ပြတ်သတ်နေတဲ့..
ပညာရေး ၊ ကျန်းမာရေး အပါအ၀င်..
ကြီးမားတဲ့ Infrastructure ကြီးတွေဖြစ်တဲ့..
ဆက်သွယ်ရေး ၊စက်မှု ၊ လျှပ်စစ် ၊ ပို့ဆောင်ရေး၊
လမ်း ၊ တံတား စတဲ့...ကဏ္ဍမျိုးစုံက..
အခြေခံဆောက်အအုံ တွေရဲ့..
အများစုဟာ..

.နှစ် ၃၀ စာလောက်အတွင်းမှာ..
သယံဇာတရောင်းရငွေပေါင်းများစွာနဲ့.၊
နိုင်ငံတော်ဘတ်ဂျက်တွေသာကုန်သွားခဲ့ပြီး
ရာခိုင်နှုန်းတော်တော်များများမှာ..
ဘာမှ မတိုးတက်ခဲ့ဘူး ဆိုတာကို...
သိသိသာသာ တွေ့ရမှာဖြစ်ပါတယ်..၊

နှစ် ၃၀ စာဆိုတာ...
နည်းနည်းနောနောမဟုတ်ပါဘူး..
တတိတိနဲ့ ယိုယွင်းခဲ့တာမဟုတ်ပဲ
ဗုန်းပေါလအော ယိုယွင်းခဲ့တာဖြစ်ပါတယ်..၊

စားခဲ့သောက်ခဲ့ ..အဂတိလိုက်စားခဲ့ကြတာကလည်း...
နှစ် ၃၀ စာလောက်ရှိနေလေတော့..
ချက်ချင်း...ထပြင်လို့မရတော့ပါဘူး..

သွားပြီလေ...
လုံးဝကို....ရစရာမရှိတာပါ..

ဒီလိုဖြစ်နေတဲ့အနေအထားတွေကိ
အရည်အချင်း မရှိတဲ့သူတွေကသာ..
ချက်ချင်းပြင်လိုက်ရင်...

ဆေးစွဲလွန်းတဲ့..ဘိန်းစားဟာ..
ဆေးကို..တိကနဲ့ဖြတ်သလိုဖြစ်ပြီး ..
အခန့်မသင့်ရင် ..

လူပါသေနိုင်သလို..
သေဖို့ လဲများပါတယ်....။

ရှင်းရှင်းပြောရရင်..
တိုင်းပြည်ပျက်ဖို့များတယ်ပေါ့ဗျာ...

ဘာဖြစ်လို့လဲဆိုတော့..
တိုင်းပြည်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကို
ချုပ်ကိုင်ထားတဲ့ သူတွေအများစုဟာ..

ပြည်သူတွေဘက်မှာမရှိလို့ပဲဖြစ်ပါတယ်..၊

-------------------

(၃)

အဲဒီစုတ်ပြတ်သတ်နေတဲ့....
တိုင်းပြည်ရဲ့ အကြီးမားဆုံး ယိုယွင်းမှုကြီးကို
ပြင်ဆင်ဖို့အတွက်..

အင်အားကြီးတဲ့ နိုင်ငံကြီးတွေ..၊
ပညာတတ်ပြီး ကြွယ်ဝတဲ့ နိုင်ငံကြီးတွေရဲ့..
ထောက်ပံ့ ကျားကန်မှုတွေ.ရယ်..
ဘက်စုံထောင့်စုံက ပံ့ပိုးမှုတွေရယ်..
ပြည်တွင်းက ပြည်သူချစ်တဲ့အင်အားစုတွေရယ်..စုပေါင်းမှ..
တိုင်းပြည် တည်ငြိမ်စွာနဲ့..ရာနှုန်းပြည့်..
.ပြုပြင်ရနိုင်မယ်ဆိုတာကို..

ဒေါ်စုအပါအ၀င် ပညာတတ်တွေအားလုံး
မသိရှိပဲနဲ့ မနေပါဘူး...

အဲဒီအတွက်...ဒေါ်စုဟာ...
နိုင်ငံတကာမှာ Image တွေလိုက်ယူပါတယ်...

ဒေါ်စုနေရာမှာ...
ပညာတတ်ပြီး ပြည်သူပြည်သားအကျိုးကိုကြည့်တဲ့..
မည်သည့်...ခေါင်းဆောင်ပဲဖြစ်ဖြစ်ပါ...
တိုင်းပြည်ပြန်လည်ထူထောင်ဖို့..
ဒီလူတွေ ၊ဒီ စိတ်ဓာတ်မျိုးတွေ ၊ ဒီအင်အားတွေနဲ့
မရဘူး...ဆိုတာ...တွေးမိကြပြီးသားပါ..။

နိုင်ငံတကာကနေ ရသင့်ရထိုက်တာတွေရရှိဖို့အတွက်..
သူ့ရဲ့ အရည်အချင်းကိုအသုံးချပြီး..
နိုင်ငံတကာသွားရောက်တောင်းဆိုနေတာဟာ.
ကိုယ်ကျိုးအတွက်လား...၊
ဘယ်သူ့အတွက်လည်းဆိုတာ..
အားလုံး ရှင်းရှင်းလင်းလင်းသိသင့်ပါပြီ..

ဒါတောင် သူမဟာ တိုင်းပြည်ရဲ့သမ္မတမဟုတ်သေးပါဘူး..
သူ့တာဝန် သူကြေတဲ့လူထုခေါင်းဆောင်တစ်ဦးသာဖြစ်ပါတယ်

သူမဟာ...တိုင်းပြည်ရဲ့ သမ္မတမဟုတ်တဲ့အတွက်..
နွားရှေ့ထွန်ကျူးပြီးရောက်တဲ့နိုင်ငံတွေကအကူအညီတွေကို
တရားဝင် တောင်းယူလာခွင့် မလုပ်ခဲ့တာကလွဲရင်..
နိုင်ငံတိုင်းမှာ..သူ့တိုင်းပြည်နဲ့ ပြည်သူအတွက်...
တိုက်တွန်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်..။

အဲဒီလိုအနေအထားရှိရက်နဲ့..သူမကို ..
ဘာလုပ်ပေးနိုင်လို့လဲ ?.....လို့ပြောတဲ့သူတွေရှိပါတယ်.
အဲဒီလူတွေသိထားကြဖို့က...

သူမကို အကျယ်ချုပ်က မလွှတ်ပေးရင်ပဲဖြစ်ဖြစ်
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်မပြိုင်ခိုင်းရင်ပဲဖြစ်ဖြစ်..
ဦးသိန်းစိန်မကလို့ စစ်ဗိုလ်ချုပ် (၁၀၀) လောက်
မြန်မာနိုင်ငံမှာ သမ္မတတစ်ပြိုင်တည်း လုပ်နေပါစေ..
ကမ္ဘာက တံတွေးနဲ့တောင်လှည့်မထွေးဘူးဆိုတာပါပဲ..၊

အာဏာရှင်ခေတ်က..မြန်မာ့အသံက..
ညရှစ်နာရီသတင်းမှာ စစ်ဗိုလ်ချုပ်တွေရဲ့..
လှုပ်ရှားမှုတွေကို တစ်မေ့တမောအထင်ကြီးလေးစားစွာနဲ့
ကြည့်ရှုပြီး..
တိုင်းပြည် မွဲသည်ထက်မွဲလာတာကို..
မသိချင်ယောင်ဆောင်နေတဲ့သူတွေကသာ...
ဒီစကားကိုပြောတာလို့ပဲ...မှတ်ပါတယ်

ဟဲဟဲဟဲ..

-------------------------

(၄)

ကျွန်တော်တို့ရဲ့ နိုင်ငံဟာ...
ဒေသတွင်းမှာ ...

အနောက်ကျဆုံးနိုင်ငံ..ချစားမှုအများဆုံးစာရင်းဝင်နိုင်ငံ..၊
မူးယစ်ဆေး ၊ စိတ်ကြွဆေး ထုတ်လုပ်နေဆဲနိုင်ငံ.၊
အဆင့်မှာ..အခုထက်ထိရှိနေသေးပါတယ်..။

အဆိုးဆုံးက..
သယံဇာတတွေပါပြောင်ပြီး.
.ပြည်သူ့အတွက်အခြေခံအဆောက်အဦးတွေ
ဘာမှ မတိုးတဲ့ခဲ့တဲ့ နိုင်ငံဘ၀ကို ရောက်ခဲ့တာပါ..

အခုအခြေအနေက..
က ကြီးရေ...က..ဘ၀ကနေ ပြန်စရတယ်ဆိုတာ..
လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေရော..
အတိုက်အခံတွေရော....ပညာတတ်တွေရော..
အကုန်သိနေကြပြီးသားပါ

ဦးသိန်းစိန်အစိုးရအသိဆုံးပါပဲ..

ကျွန်တော်တို့လိုပြည်သူတွေက..
အပြင်မီးတောက်ပဲမြင်ရပေမဲ့..
အတွင်းမှာ မီးဘယ်လောက်တောက်နေလဲဆိုတာကို
တိုင်းပြည်ရဲ့ ဘဏ္ဍာရေး စီးပွားရေး သယံဇာတရေးတွေအပါဝင်
အခြေခံအဆောက်အအုံတွေကို အမှန်တကယ်ကိုင်တွယ်ရတဲ့
အစိုးရအဖွဲ့တွေ အသိဆုံးပါ..

ဘယ်သူတွေဘယ်လောက်တောင်လုပ်ခဲ့လို့..
တိုင်းပြည်ဘာဖြစ်နေလဲဆိုတာကို..
ကိုယ့်ဝမ်းနာကိုယ်သာသိကြပါတယ်..

သူ့ဆရာသမားတွေကိုကာကွယ်ချင်ဇောကြောင့်သာ..
ပွင့်လင်းစွာမပြောကြတာပဲရှိတာ.ပါ..

မထူးဇာတ်ခင်းပြီး..လောဘတက်လာပြီး..
အိတ်ထဲထပ်ထည့်နေကြတာကြောင့်လဲပါတာပေါ့ဗျာ..

ဒီလိုဘ၀ကနေ လွတ်နိုင်ဖို့နဲ့...
တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးတွေကို
ပြည်သူတွေအတွက်..အကောင်းဆုံးဖြစ်အောင်..
ဖွံ့ဖြိုးပြီးတဲ့... နိုင်ငံကြီးတွေဆီကနေ..
အကူအညီအထောက်အပံ့တွေ ရယူပေးနိုင်ဖို့အတွက်..။

အရည်အချင်းအရှိဆုံးခေါင်းဆောင် လိုအပ်ပါတယ် ...။

တိုင်းပြည်အတွက်....
နိုင်ငံတကာကယုံကြည်လေးစားပြီး..
အကူအညီအထောက်ပံ့တွေ
ရက်ရက်ရောရောပေးချစ်စိတ်ရှိအောင်...
Image ကောင်းတဲ့ခေါင်းဆောင်တွေလိုအပ်ပါတယ်..

အဲဒီတော့...အဲဒီလူမျိုးက ဘယ်သူပဲရှိပါသလဲ?

အမှန်တကယ်တိုးတက်တဲ့ နိုင်ငံကြီးတွေဖြစ်တဲ့
ဥရောပ၊အမေရိက အပါဝင် ဂျပန် ကိုးရီးယားစတဲ့
နိုင်ငံကြီးတွေဆီက အကူအညီတွေကိုယူပြီး..

တိုင်းပြည်တိုးတက်ဖို့နဲ့.
.မြန်မာနိုင်ငံကိုအလကားနီးပါး သိမ်းပိုက်ထားတဲ့..
တရုတ်ဆိုတဲ့ အမြစ်ကြီးကို ဆွဲခွါဖို့အတွက်...

ဘယ်သူစွမ်းဆောင်နိုင်ပါသလဲ..?

ဆိုတာကို အားလုံးသိပြီးသားပါ..

--------------------

(၅)

နောက်တစ်ခုက...

အချို့သောလူတွေ..စားကောင်းသောက်ကောင်း စွပ်စွဲနေကြတဲ့..
"ဒေါ်စုဟာ ကုလားအားပေး" ဆိုတဲ့စကားဟာ..
အဲဒီအချိန်မှာ ပေါကြောင်ကြောင်ပျက်လုံးတစ်ခုသာ
ဖြစ်သွားမှာသေချာပါတယ်..

ဘာလို့လဲဆိုတော့..ဒေါ်စုကိုတကယ်လေးစားပြီး..
ယုံကြည်တဲ့နိုင်ငံကြီးတွေဟာ...
အစွန်းရောက်ဝါဒကို လက်မခံပဲ..
အစ္စလမ္မစ်အကြမ်းဖက်သမားတွေအပါဝင်
အစွန်းရောက်အစိုးရတွေကို ၀င်ရောက်သိမ်းပိုက်နေတဲ့
နိုင်ငံတွေသာဖြစ်နေကြလို့ပါပဲ...၊

ဒီ့ထက်ရှင်းတာလဲဘာမှမရှိပါဘူးဗျာ...၊

အာဏာရှင်အစိုးရကို မွေးစားခဲ့တဲ့ တရုတ်နိုင်ငံတောင်
အစ္စလာမ် အကြမ်းဖက်အစိုးရတွေနဲ့..
အစွန်းရောက်တွေရဲ့မုန်းတီးမှုကို မခံရဲတာ
ကမ္ဘာသိဖြစ်ပါတယ်...၊

---------------------

မေးခွန်းတွေကိုမေးရရင်..

နှစ် ၃၀ စာသုံးထားတဲ့ ဘုန်းထားတဲ့ပိုက်ဆံတွေက..
တစ်နိုင်ငံစာမက...မီးပေးလို့ရတယ်..၊
ခင်ဗျားတို့...နေရာတိုင်းမှာ မီးမှန်ပြီလား..?

နှစ် ၃၀ စာ သုံးထားတဲ့ ဘုန်းထားတဲ့ပိုက်ဆံတွေက..
တစ်နိုင်ငံလုံးကပြည်သူတွေကို..
Sim Card အလကားပေးလို့ရတယ်.
ခင်ဗျားတို့ တွေ ၁၅၀၀ ဖုန်းကို ငွေ ၁၅၀၀ နဲ့
အမှန်ဝယ်လို့ရပြီလား ?

နှစ် ၃၀ စာ သုံးထားတဲ့ ဘုန်းထားတဲ့ပိုက်ဆံတွေက..
တစ်နိုင်ငံလုံ;ကလမ်းတွေ နိုင်လွန်ကတ္တရာခင်းလို့ရတယ်.
.ခင်ဗျားတို့...မြို့ရွာတွေက လမ်းတွေမှာ
ချိုင့်ခွက်တွေပျောက်ပြီလား.?

နှစ် ၃၀ စာ သုံးထားတဲ့ ဘုန်းထားတဲ့ပိုက်ဆံတွေက.
.ပြည်သူတွေအတွက် လိုအပ်တဲ့ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့
စက်ရုံဆောက်လို့ရတယ်..
ခင်ဗျားတို့..အိမ်မှာရှိတဲ့ လူသုံးကုန်ပစ္စည်းရဲ့ ၉၀ ရာခိုင်နှုန်းက
ပြည်တွင်းကထုတ်တာလား ?

နှစ် ၃၀ စာ ရောင်းချ ထားတဲ့ သယံဇာတတွေက..
တိုင်းပြည်ကို ပျံလန်သွားအောင် လုပ်လိုက်လို့ရတယ်..
ခင်ဗျားတို ကျောက်စိမ်း မြင်ဘူးလား ၊
ရတနာတန်းဝင် ကျွန်းသစ်မြင်ဘူးလား၊
မိုးကုတ်ပတ္တမြား မြင်ဘူးလား ၊
သဘာဝဓာတ်ငွေ့ မီးပေးတဲ့
စက်ရုံကြီးတွေမြို့တိုင်းမှာရှိပြီလား.?

နှစ် ၃၀ စာ သုံးထားတဲ့ ဘုန်းထားတဲ့ပိုက်ဆံတွေက.
.ပြည်သူတွေပညာရေး ကျန်းမာရေးကို
တိုးတက်အောင်လုပ်လို့ရတယ်..
ခင်ဗျားတို့တွေ......
နိုင်ငံခြားကလူတွေ..
.မြန်မာနိုင်ငံကဆေးရုံမှာ ဆေးလာကုတာ..
နိုင်ငံခြားက ကျောင်းသားတွေ .မြန်မာပြည်က
တက္ကသိုလ်တွေမှာ ကျောင်းလာတက်တာ
.မြင်ဖူး...ကြားဖူးပြီလား ?

အဲဒီတော့...

တိုင်းပြည်နဲ့ နိုင်ငံ နဲ့ နိုင်ငံသားတွေအတွက်..
ဘယ်သူ့ကိုတကယ်လိုအပ်သလဲ ?

ဆိုတာကိုစဉ်းစားပြီး ပုဒ်မ (၄၃၆) ကိုပြင်ဖို့
လက်မှတ်ထိုးစေချင်ပါတယ်..၊

(ပုရစ်)
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။