"သူတို့ပြောတဲ့ ကိုလေးဖြူ အကြောင်း"
မျိုးကြီး
*** ကျွန်တော် လေးစားအားကျရတဲ့ ပုဂ္ဂိုလ် က ဘယ်သူလဲလို့ မေးရင် ကိုလေးဖြူ လို့ပဲပြောရလိမ့်မယ်။
ဒီ ဂီတလမ်းကြောင်းထဲကို ပထမဆုံးအနေနဲ့ တွဲခေါ်လာတဲ့ လူလည်းဖြစ်တယ်။
ကျွန်တော် အဆိုတော်ဖြစ်ဖို့ ၀ိုင်းဝန်းပံ့ပိုးခဲ့သူလည်း ဖြစ်တယ် ။ အခုလည်း ကျွန်တော့်အခွေမှာ သီချင်းဆိုတာက အစ ကူညီတယ် ။ ပထမဆုံး စထွက်တဲ့စီးရီးကနေ အခုနောက်ဆုံးအခွေအထိ ကျွန်တော့်အပေါ် မကူညီတာ မပံ့ပိုးတာ လုံးဝမရှိခဲ့ပါဘူး။
နောက်ပြီးတော့ ကိုလေးဖြူ ဟာ ကျွန်တော့်ဆရာပါ။
ညီအစ်ကို၊ သူငယ်ချင်း၊ ဆရာတပည့်ပါ။
မနက်မိုးလင်းကနေ ညနေအထိတွေ့တာ၊ အိပ်ချိန်ပဲ ကွဲကြတယ်။
အလုပ်လုပ်စရာရှိရင် လက်ဖက်ရည်ဆိုင် အတူတူထိုင်ကြ၊
လုပ်စရာမရှိရင်တော့ စကားပြောကြနဲ့
သူနဲ့ အစစအရာရာတိုင်ပင်ပြီးမှ လုပ်ပါတယ်။
-------------။------------ --
မောင်မောင်ဇော်လတ်
*** ကိုလေးဖြူ နဲ့ ကျွန်တော်နဲ့က တူဝရီးတော်ပါတယ်။
ကိုလေးဖြူက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ဂစ်တာတီးသင်ပေးခဲ့တယ်။
သူက တကယ့် Rocker ကြီးပေါ့။
နေပုံထိုင်ပုံကအစ စကားပြောတာအဆုံး ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်းသမား။ ဟန်ဆောင်မှုမရှိဘူး။
စိတ်လည်း တအားတိုတတ်တယ်။ တကယ်တော့ စိတ်ထက်တာပါ။ သူ မှန်တယ်ထင်ရင် မှန်တာကိုပဲ လုပ်တတ်တဲ့လူစားမျိုးလေ။ ကျွန်တော်တို့က သူ အဲဒီလိုနေတာကို သဘောကျတယ်။ စိတ်ထဲရှိတဲ့ အတိုင်းအပြင်မှာ နေတာ၊ဘာမှ ချုပ်တည်းမှု မရှိဘဲ နေနိုင်တာမျိုးက အရမ်း အရသာရှိတာမို့ သူ့ကို ကျွန်တော်အရမ်း လေးစားအားကျရတယ်။ ကျွန်တော်လည်း အဲ့ဒီလို နေချင်ပါတယ်၊ Music နဲ့ ပတ်သက်တဲ့အတွေးအခေါ်ကလည်း အရှေ့ကို တအားရောက်နေပြီး ကျွန်တော်တို့ မမြင်နိုင်တဲ့ ရှုထောင့်ကနေ သူ မြင်နိုင်တယ်။ လူတိုင်း မမြင်နိုင်တဲ့ထောင့်တွေကို သူက လွယ်လွယ်ကူကူမြင်တယ်၊
Music နဲ့ ပတ်သက်ပြီး သူက ကျွန်တော့်ကို သွန်သင်ဆုံးမ ပေးခဲ့ဖူးတာ အများကြီးရှိတာမို့လို့
တန်ဖိုးမဖြတ်နိုင်ပါဘူး။
ယောကျာ်းထဲမှာမှ တကယ့်ကို ယောကျာ်းဆန်ဆန် နေတတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကိုလေးဖြူ ပုံစံ မျိုးနေချင်ပါတယ်။
-------------။------------ ---
ကိုင်ဇာတင်မုံ
*** ကျွန်တော်က ကိုလေးဖြူကို အရမ်းအားကျပါတယ် ။ သူက လူတော်တစ်ယောက်ပဲ။ သူရဲ့  Album တစ်ချပ်ထွက်လာရင် အနုပညာအရ နက်နဲတန်ဖိုးထားဖို့ ကောင်းသလို စီးပွားရေးအရ၊ ဈေးကွက်အရလည်း အောင်မြင်တန်ဖိုးထားစရာ ကောင်းလောက်အောင် ပညာပါတယ်။ ကိုလေးဖြူကို စကြိုက်တဲ့ အချိန်က ထွက်ပေါက် သီချင်းကို သူ copy အဖြစ် ပြန်ဆိုပေးတဲ့ အချိန်မှာပါ။ အဲဒီအချိန်က ကျွန်တော်က Metallica သီချင်းကို အရမ်းကြိုက်နေတဲ့ အချိန်ဆိုတော့ သူက အဲဒီ Metallica သီချင်းကို Copy ပြန်ဆိုပေးတော့ Show တွေမှာ ဆိုရတာ အရမ်းအားရဖို့ ကောင်းတယ်ဗျာ။ "ခဏလေးများ" အခွေကိုလည်း ကျွန်တော် အရမ်းကြိုက်တယ်။
ကိုလေးဖြူ ကို ပြောချင်တဲ့စကားက "ဂီတကို ဆက်လုပ်ပါဦးဗျို့ "
-------------။------------ --
မျိုးကျော့မြိုင်
*** ကျွန်တော် လေးစားတဲ့လူတွေထဲမှာ ကိုလေးဖြူ တစ်ယောက်လည်း ပါတယ်။ နယ်ကနေ တက်လာပြီး သီချင်းဆိုဖို့အတွက် သူ လာခဲ့ရတယ်။သေသေချာချာ ပြန်စဉ်းစားကြည့်လို်က်ရင် ကျွန်တော်ဟာ တော်တော် အသုံးမကျတဲ့ကောင်ဆိုတာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က
မြို့ မှာရှိနေပေမယ့် အဆိုပိုင်းကို တစ်စိုက်မတ်မတ်မရှိဘူး။ ကိုလေးဖြူ ဆိုရင် သူ့ရဲ့ ထူးခြားတဲ့အသံနဲ့ Message ကို ပေးဖို့ ရန်ကုန်ကို တက်လာခဲ့တာ။ လာရင်းနဲ့ သူ့မိသားစုကိုပါ အတူခေါ်လာပြီး အခြေချခဲ့တယ်။ ပြီးတော့မှ အားလုံးက သူ့ကို တလေးတစားဖြစ်အောင် လုပ်ပြခဲ့တယ်။
Credit: Welcome to Rock 'n' Roll
မျိုးကြီး
*** ကျွန်တော် လေးစားအားကျရတဲ့ ပုဂ္ဂိုလ် က ဘယ်သူလဲလို့ မေးရင် ကိုလေးဖြူ လို့ပဲပြောရလိမ့်မယ်။
ဒီ ဂီတလမ်းကြောင်းထဲကို ပထမဆုံးအနေနဲ့ တွဲခေါ်လာတဲ့ လူလည်းဖြစ်တယ်။
ကျွန်တော် အဆိုတော်ဖြစ်ဖို့ ၀ိုင်းဝန်းပံ့ပိုးခဲ့သူလည်း
နောက်ပြီးတော့ ကိုလေးဖြူ ဟာ ကျွန်တော့်ဆရာပါ။
ညီအစ်ကို၊ သူငယ်ချင်း၊ ဆရာတပည့်ပါ။
မနက်မိုးလင်းကနေ ညနေအထိတွေ့တာ၊ အိပ်ချိန်ပဲ ကွဲကြတယ်။
အလုပ်လုပ်စရာရှိရင် လက်ဖက်ရည်ဆိုင် အတူတူထိုင်ကြ၊
လုပ်စရာမရှိရင်တော့ စကားပြောကြနဲ့
သူနဲ့ အစစအရာရာတိုင်ပင်ပြီးမှ လုပ်ပါတယ်။
-------------။------------
မောင်မောင်ဇော်လတ်
*** ကိုလေးဖြူ နဲ့ ကျွန်တော်နဲ့က တူဝရီးတော်ပါတယ်။
ကိုလေးဖြူက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ဂစ်တာတီးသင်ပေးခဲ့တယ်။
သူက တကယ့် Rocker ကြီးပေါ့။
နေပုံထိုင်ပုံကအစ စကားပြောတာအဆုံး ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်းသမား။ ဟန်ဆောင်မှုမရှိဘူး။
စိတ်လည်း တအားတိုတတ်တယ်။ တကယ်တော့ စိတ်ထက်တာပါ။ သူ မှန်တယ်ထင်ရင် မှန်တာကိုပဲ လုပ်တတ်တဲ့လူစားမျိုးလေ။ ကျွန်တော်တို့က သူ အဲဒီလိုနေတာကို သဘောကျတယ်။ စိတ်ထဲရှိတဲ့ အတိုင်းအပြင်မှာ နေတာ၊ဘာမှ ချုပ်တည်းမှု မရှိဘဲ နေနိုင်တာမျိုးက အရမ်း အရသာရှိတာမို့ သူ့ကို ကျွန်တော်အရမ်း လေးစားအားကျရတယ်။ ကျွန်တော်လည်း အဲ့ဒီလို နေချင်ပါတယ်၊ Music နဲ့ ပတ်သက်တဲ့အတွေးအခေါ်ကလည်း အရှေ့ကို တအားရောက်နေပြီး ကျွန်တော်တို့ မမြင်နိုင်တဲ့ ရှုထောင့်ကနေ သူ မြင်နိုင်တယ်။ လူတိုင်း မမြင်နိုင်တဲ့ထောင့်တွေကို သူက လွယ်လွယ်ကူကူမြင်တယ်၊
Music နဲ့ ပတ်သက်ပြီး သူက ကျွန်တော့်ကို သွန်သင်ဆုံးမ ပေးခဲ့ဖူးတာ အများကြီးရှိတာမို့လို့
တန်ဖိုးမဖြတ်နိုင်ပါဘူး။
ယောကျာ်းထဲမှာမှ တကယ့်ကို ယောကျာ်းဆန်ဆန် နေတတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကိုလေးဖြူ ပုံစံ မျိုးနေချင်ပါတယ်။
-------------။------------
ကိုင်ဇာတင်မုံ
*** ကျွန်တော်က ကိုလေးဖြူကို အရမ်းအားကျပါတယ် ။ သူက လူတော်တစ်ယောက်ပဲ။ သူရဲ့  Album တစ်ချပ်ထွက်လာရင် အနုပညာအရ နက်နဲတန်ဖိုးထားဖို့ ကောင်းသလို စီးပွားရေးအရ၊ ဈေးကွက်အရလည်း အောင်မြင်တန်ဖိုးထားစရာ ကောင်းလောက်အောင် ပညာပါတယ်။ ကိုလေးဖြူကို စကြိုက်တဲ့ အချိန်က ထွက်ပေါက် သီချင်းကို သူ copy အဖြစ် ပြန်ဆိုပေးတဲ့ အချိန်မှာပါ။ အဲဒီအချိန်က ကျွန်တော်က Metallica သီချင်းကို အရမ်းကြိုက်နေတဲ့ အချိန်ဆိုတော့ သူက အဲဒီ Metallica သီချင်းကို Copy ပြန်ဆိုပေးတော့ Show တွေမှာ ဆိုရတာ အရမ်းအားရဖို့ ကောင်းတယ်ဗျာ။ "ခဏလေးများ" အခွေကိုလည်း ကျွန်တော် အရမ်းကြိုက်တယ်။
ကိုလေးဖြူ ကို ပြောချင်တဲ့စကားက "ဂီတကို ဆက်လုပ်ပါဦးဗျို့ "
-------------။------------
မျိုးကျော့မြိုင်
*** ကျွန်တော် လေးစားတဲ့လူတွေထဲမှာ ကိုလေးဖြူ တစ်ယောက်လည်း ပါတယ်။ နယ်ကနေ တက်လာပြီး သီချင်းဆိုဖို့အတွက် သူ လာခဲ့ရတယ်။သေသေချာချာ ပြန်စဉ်းစားကြည့်လို်က်ရင်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က
မြို့ မှာရှိနေပေမယ့် အဆိုပိုင်းကို တစ်စိုက်မတ်မတ်မရှိဘူး။ ကိုလေးဖြူ ဆိုရင် သူ့ရဲ့ ထူးခြားတဲ့အသံနဲ့ Message ကို ပေးဖို့ ရန်ကုန်ကို တက်လာခဲ့တာ။ လာရင်းနဲ့ သူ့မိသားစုကိုပါ အတူခေါ်လာပြီး အခြေချခဲ့တယ်။ ပြီးတော့မှ အားလုံးက သူ့ကို တလေးတစားဖြစ်အောင် လုပ်ပြခဲ့တယ်။
Credit: Welcome to Rock 'n' Roll
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။