YouTube ဟာဂီတနဲ့ပါတ်သတ်တဲ့ ရုတ်တရက်ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ပါလိမ့်မယ်။ အချို့သောနာမည်ကြီးပုဂ္ဂိုလ်တွေချန်လှပ်ထားတာခံရမှာပါ။
Financial Times ရဲ့အဆိုအရ Goolgle ဟာ သဘောတူညီချက်ကိုအခြေခံတဲ့ ဂီတ၀န်ဆောင်မှုကိုကြေငြာပြီး လိုင်စင်သဘောတူညီမှုမပြုလုပ်ထားတဲ့ အနုပညာရှင်တွေကို YouTube ကနေ ဘလော့ခ်ခုပ်မှာဖြစ်ပါတယ်။
YouTube Music Pass အမည်ရှိတဲ့ အဲဒီ့ဝန်ဆောင်မှုဟာအသုံးပြုသူတွေကို ဂီတဗီဒီယိုတွေ သိမ်းဆည်းပြီး အင်တာနက် ဆက်သွယ်မှုမရှိတဲ့အချိန်တွေမှာ ပြန်ဖွင့်နိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။
Youtube ရဲ့ လုပ်ငန်းလှုပ်ရှားမှု ခေါင်းဆောင်က ဂီတလောကရဲ့ ၉၀ ရာခိုင်နှုန်းက ဒီဝန်ဆောင်မှုအတွက် လက်မှတ်ရေးထိုးပြီးတာဖြစ်ပါတယ်။ ဒါပေမယ့် အခြား ၁၀ ရာခိုင်နှုန်းအတွင်းမှာတော့ Adele နဲ့ Radiohead တို့လို နာမည်ကြီးတွေပါဝင်နေပါတယ်။ အဲဒီ့ သဘောတူညီချက်မဖြစ်မြောက်ခဲ့ရင်တော့ သူတို့ရဲ့ ဂီတတွေကို YouYube ကနေ အပြီးအပိုင်ဖျက်ပစ်မှာဖြစ်ပါတယ်။
Ref:starpulse.com
http://www.trend.com.mm/2014/06/19/news-3384
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။