ပုလင်းတွေပေါ်က စတစ်ကာတွေကို အလွယ်တကူဖယ်ရှားလိုက်ရအောင်။
တစ်ခါတစ်ခါ ပုလင်းခွံတွေမှာ ရှိတဲ့ တံဆိပ်တွေကို ခွာချင်ရင် မနုဿ ဆို ရေစိမ်ပြီးရင် လက်သည်းနဲခြစ် ဓါးနဲ့ခြစ် ပြီးရင် ပုံပျက်ပန်းပျက်ဖြစ်ပြီး ကော်တွေနဲ့ ကပ်ပြီးကျန်ခဲ့တာကို တွေ့ရပါလိမ့်မယ်။
အဲဒီလို မဖြစ်ရအောင် တံဆိပ်လှလှပပ လွယ်လွယ်ကူကူ ခွာချချင်ရင် ပထမဦးဆုံး Hair Dryer လေးနဲ့ တံဆိပ်ကို အထက်အောက် အချိန်ခဏယူပြီး လေပူနဲ့ မှုတ်ပေးပါ။ ပြီးရင် လက်ကလေးနဲ့ အသာလေးခွာချလိုက်တာနဲ့ ဘူးခွံပေါ်က တံဆိပ် လွယ်လွယ် ကွာကျလာပါလိမ့်မယ်။
စမ်းကြည့်လိုက်ကြပါဦးနော်။

ချစ်တဲ့ . . .မနုဿ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။