Fire Fly
အားနည်းချက် ( Firefly )
--------------
တခါက သိပ်တော်တဲ့ ပန်းပုဆရာကြီးတစ်ယောက်ရှိတယ် ။
သူ့ရဲ့ လက်ရာတွေ ပြောင်မြောက်လွန်းလို့ လူ အစစ် နဲ့ ခွဲမရအောင်တူတယ်။
သူဟာ တော်သလောက် မာန ကြီးပြီး၊သူ့လက်ရာကို ဝေဖန်ရင်
ဆတ်ဆတ် ထိမခံဘူး။တစ်မိုး အောက်မှာ သူတစ်ယောက်ထဲ လို့စိတ်ကြီးဝင်နေတာ။

တနေ့၊ ဆရာကြီး သေနေ့စေ့တော့၊ သေမင်းက သူ့တပည့်လွှတ်ပြီးခေါ်ခိုင်းတယ်။
ဆရာကြီးက သူ့ပုံတူကို ထုထားပြီး သူလည်း ရုပ်ထုဘေးမှာရပ်နေရင်း
အရုပ် ယောင်ဆောင် နေလိုက်တယ်။သေမင်းရဲ့တပည့်က ပန်းပုရုပ်နဲ့ လူကို မခွဲနိုင်လို့
လှည့်ပြန်သွားရတယ်။

သေမင်းဆီက အခေါ်လွှတ်လိုက်တိုင်း လှည့်စားပြီး ဆရာကြီး အဲလိုနည်းနဲ့
လွတ်မြောက်နေတယ်။အရင်ကတည်း ကမှ၊ မာနကြီး တဲ့ ဆရာကြီးဟာ ပိုပြီးတော့
ထောင်လွှားလာတယ်။အသက် အရွယ်အလိုက်၊သူ့ ရုပ်ထုတွေကို
လက်ရာ ပိုမြောက်အောင် ထုထားတယ်။
သေမင်းဘယ်အချိန်ပဲလာလာ အဆင်သင့်ဖြစ်နေအောင် ပေါ့။

အဲဒီလို သေမင်းကိုခနခန လှည့်စားနိုင်တော့ ဆရာကြီး ပိုဘ၀င်မြင့်လာတယ်။
သူ့လက်ရာတွေက တော့ တနေ့ထက်တနေ့ ပိုပြီး ကောင်းလာပါတယ်။

နောက်တခါ မှာ၊ သေမင်းက သူ့တပည့်တွေမလွတ်တော့ပဲ
သူကိုယ်တိုင် လာခေါ်တယ်။ ဆရာကြီးကလဲ အရင်အတိုင်းပဲ
သူ့ပုံတူ ရုပ်ထုဘေးမှာ အရုပ်ယောင်ဆောင်ပြီး သွားရပ်နေလိုက်တယ်။
သူ့လက်ရာမြောက်လွန်းလှတော့ သေမင်းကိုယ်တိုင်လည်း မခွဲခြားတတ်ဘူး။

သိပ်ပါးနပ်တဲ့ သေမင်းက ဒီလိုပြောလိုက်တယ်။
" ဟာ ဒီပန်းပုဆရာကြီး နာမည်ကြီးမယ်ဆိုလည်းကြီးလောက်ပါတယ်။
လက်ဖျားခါလောက်အောင် ၊တော်လိုက်တာ။ဒါပေမဲ့ ဒီနေရာလေးမှာ၊
ကြည့်စမ်းပါကွာ ၊နည်းနည်းလေး လွဲနေတယ်။
အဲဒါကိုသာ ပြင်လိုက်ရင် သိပ်ကောင်းသွားမှာပဲ၊ ဒီနေရာလေးပဲ အားနည်းချက် ဖြစ်နေတာ။"
လို့ပြောလိုက်တော့၊ မာနကြီးလွန်းတဲ့ ဆရာကြီးဟာ၊အငြိမ်မနေနိုင်တော့ပဲ
"ဟေ့၊သေသေချာချာကြည့်ပြီးမှဝေဖန်စမ်းပါ။ဘယ်နားမှာလဲ ငါ့အားနည်းချက်"
လို့ မခံချင်စိတ်နဲ့အမှုမဲ့ အမှတ်မဲ့ ပြန်ပြောလိုက်မိတာကြောင့်
ယောင်ဆောင်နေတာ ပေါ်သွားပြီး၊သေမင်းခေါ်ရာလိုက်ပါသွားရတော့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။