ကော်ဖီသောက်ခြင်းသည် ခံတွင်းနှင့် ဆက်နွယ်သည့် ကင်ဆာ ရောဂါများကြောင့် သေဆုံးရနိုင်သည့် အခြေအနေကို လျှော့ချပေးနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အသစ်တွေ့ရှိသော သုတေသန ရလဒ်တစ်ခုက တစ်နေ့လျှင် ကော်ဖီလေးခွက်မျှ သောက်သုံးခြင်းက ခံတွင်းနှင့် လည်ပင်းတွင် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို သာမန်ထက် (၅၀)ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်ကြောင်း သိရှိလာရသည်။ အမေရိကန် ကင်ဆာရောဂါဆိုင်ရာ အဖွဲ့ကြီးမှ ပညာရှင် ဂျနက် ဟီလ်ဒါဘရန်းက "ကျွန်တော်တို့ဟာ အမျိုးသား၊ အမျိုးသမီး (၁)သန်းကျော်ရဲ့ နေ့စဉ်ပုံမှန် ကော်ဖီသောက်သုံးမှု အလေ့အထတွေကို လေ့လာခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
"တစ်နေ့ကို ကော်ဖီ(၄)ခွက်လောက် ပုံမှန် သောက်သူတွေအတွက် ဖြည့်တင်းပေးတဲ့ ကဖိန်းဓာတ်က သိသာတဲ့ သက်ရောက်မှုမျိုး ရှိခဲ့ပါတယ်။ အဓိကကတော့ ခံတွင်း ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေနဲ့ သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချလိုက်နိုင်ပါတယ်။ ဒီအချက်က နေ့တိုင်း ကော်ဖီလုံးဝ မသောက်သူတွေနဲ့ တစ်ခါတစ်လေမှ သောက်တဲ့သူတွေဆီမှာ ပြန်ယှဉ်ကြည့်ရင်း တော်တော်လေး သိသာတာလည်း တွေ့ခဲ့ရပါတယ်"ဟု ဒေါက်တာ ဟီလ်ဒါဘရန်းက ဆက်လက် ရှင်းပြခဲ့သည်။
ယခုတွေ့ရှိချက်တွင် ကဖိန်းဓာတ်မှာ အခြေခံ အကျဆုံး အာနိသင်ဓာတ် ဖြစ်နေပြီး ယင်းက ပြင်းထန်သော ခံတွင်းကင်ဆာ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းဟု သိရသည်။ သုတေသီများသည် ခံတွင်းကင်ဆာနှင့် ပတ်သက်ပြီး ဆက်လက် လေ့လာခဲ့ရာ ယင်းတို့ ဖြစ်ပွားစေနိုင်သည့် အဓိက အကျဆုံး အကြောင်းရင်းများအဖြစ် အရက်သောက်ခြင်းနှင့် ဆေးလိပ် စွဲမြဲစွာ သောက်သုံးခြင်းတို့က ထိပ်ဆုံးတွင် ရှိနေကြောင်းလည်း ပြောကြားသွားခဲ့သည်။
Source: webmd
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။