by Myanmar Online News on Wednesday, November 7, 2012 at 6:28pm ·
Thursday, November 08, 2012
ကောမှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်
လူထုနှင့်တွေ့ဆုံနေစဉ်၊
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က လူသေဆုံးမှုများနဲ့ ရခိုင် ပဋိပက္ခများကို အမြန်ဆုံး လက်တွေ့ကျကျ
ထိရောက်စွာ ဖြေရှင်းကြဖို့ တောင်းဆို လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား
နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်တွေ က နိုဝင်ဘာ လ ၅ ရက်နေ့က
ရခိုင်ပြည်နယ်က ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေအပြီး အခုလို တရား ဥပဒေ
စိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဘော ထား
ကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ကြေညာချက်မှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့
တည်ငြိမ်ရေးကို ပြန်လည်ရရှိဖို့ အစိုးရအနေနဲ့ လုံခြုံရေးတွေ ပိုချပေးဖို့ မြန် မာ
အစိုးရကို တောင်းဆိုတာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးဟာ ပြည်ထောင်စု အရေးဖြစ်လို့
လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည်သူ့ လွှတ်တော်မှာ အရေးအကြီး အဆိုအဖြစ်
တင်ပြ
ဆွေးနွေးခဲ့တယ်လို့လည်း ကြေညာချက်မှာ
ဖော်ပြထားပါတယ်။
အဆိုပါတောင်းဆိုမှုနဲ့ပတ်သက်တဲ့ ယမန်နေ့က
ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခမှာ အိုးအိမ်မဲ့
ဖြစ်ခဲ့ရတဲ့ လူပေါင်း ၃ သောင်းကျော်နဲ့ လူ ၉၀ လောက်သေဆုံးခဲ့ရတဲ့ အပေါ် အစိုးရ
အနေနဲ့ ဘယ်လို ကိုင်တွယ်တယ်ဆို တဲ့ ပေါ်လစီတွေကို ရှင်းပြပေးဖို့လည်း တိုက်တွန်းမှု
ပါဝင်ပါတယ်။
“လူများစုနှင့် လူနည်းစု ဟူ၍ လည်းကောင်း၊
လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍ လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း မပြုပဲ လူသား
အားလုံးက လူ့အခွင့်အရေးများကို
လေးစားလိုက်နာကြရန် တာဝန်ရှိပါ သည်” ဟုလည်း
ဒေါ်အောင်ဆန်း စုကြည် ၏ သဘောထား ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအပြင် နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုတဲ့ လူ၊
အဖွဲ့အစည်းတွေဆိုတာနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ထိထိ ရောက် ရောက်
အရေးယူကိုင်တွယ်ပြီး ပြည်သူသိအောင် ထင်သာမြင်သာဖြစ်အောင်ချပြဖို့လိုတယ် လို့လည်း
ရေးသားဖော်ပြထားပါတယ်။
ဒီအပြင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်းနဲ့ လူထု သိအောင်ချပြဖို့၊ ရခိုင် ပဋိပက္ခကို အစိုးရ က ဘယ်လို
မူဝါဒနဲ့ ကိုင်တွယ်မယ်ဆိုတာလည်း ထင်သာမြင်သာဖြစ်ဖို့ လူထုကို အသိပေးသင့်တယ်လို့
တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။
လူသားချင်းစာနာထောက်ထားတဲ့
အကူအညီတွေနဲ့ပတ်သက်လို့လည်း အကူအညီလိုအပ်နေသူအားလုံး အတွက် ၂ ဦး ၂ ဖက်
လက်ခံနိုင်တဲ့ နည်းလမ်းနဲ့ အမြန်ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း ထည့်သွင်း
ဖော်ပြထားပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး
ကိစ္စတွေအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံလုံးက အစိုးရတွေမှာ တာ
ဝန်ရှိတယ်လို့လည်း ထောက်ပြထားပြီး မြန်မာအစိုးရ
အနေနဲ့ လက်တွေ့ကျကျ အမြန်ဆုံး အကောင်အထည်
ဖော်ဆောင် ရေးကို အလေးထား ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ကြေညာချက် အပြည့်အစုံကို အောက်တွင်
ဖတ်ရှု့နိုင်ပါတယ်။
irrawaddy
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။