Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

ပွင့်လင်းမြင်သာမှု၊ လွတ်လပ်ခြင်းနဲ့ နိုင်ငံတော်

by Aung Zin Latt on Wednesday, November 7, 2012 at 4:31pm


ဟိုတစ်နေ့က... လွှတ်တော်ထဲမှာ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်နဲ့ ပတ်သက်လို့ မေးသတဲ့.. အဲဒီမှာ ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ပြည်ထောင်စုအစိုးရ အနေနဲ့ ဘယ်အချိန်မှာ ခွင့်ပြုပေးနိုင်မယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ ဖြေသတဲ့.. အဲဒီမှာ လွန်ခဲ့တဲ့ တစ်လကျော်က မြန်မာတိုင်းမ် နဲ့ တွေ့ဆုံစဉ်မှာ ဝန်ကြီးဖြေထားခဲ့တဲ့ တစ်နှစ် ဝန်းကျင်အတွင်း ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့တဲ့ အပြောနဲ့ ရှေ့နောက်မညီဖြစ်လာ တဲ့ အခါ.. ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းမှာ အားမလိုအားရသံတွေ ဝေဖန်သံတွေ တော်တော်လေး ထွက်လာတယ်..

လက်ရှိအစိုးရ ရဲ့ သက်တမ်း ၂ နှစ်ဝန်းကျင်မှာ အပြုသဘောဆောင်တယ်လို့ ပြောလို့ ရနိုင်တဲ့ ခြေလှမ်းတွေ အများကြီးလှမ်းခဲ့သလို ပြည်တွင်း ပြည်ပနဲ့ ကျနော်တို့လို အွန်လိုင်းက ဘေးထိုင်ဘုပြောတွေ ဝမ်းသာအားရ ကြိုဆိုခဲ့တဲ့ အပြုသဘော ဆောင်ရွက်ချက်တွေ တော်တော်လေးရှိခဲ့ပါတယ်..
တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးမှာ ကိုင်တွယ်ဖြေရှင်းပုံတွေ.. သမ္မတအပါအဝင် အစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ.. အစိုးရအဖွဲ့တစ်ခုလုံးရဲ့ လုပ်ရပ်တွေ အပါအဝင် နှစ် နှစ်တာ ကာလအတွင်း အစိုးရ ရဲ့ခြေလှမ်းတွေဟာ သံသယ နဲ့စောင့်ကြည့်နေသူတွေအတွက် သံသယတွေ ကင်းစင်သွားဖို့ ဆိုတာထက် ပိုပြီး သံသယဖြစ်ဖွယ်ရာတွေလည်း ရှိနေတာ တွေ့ရမှာပါ..

သမ္မတဟာ ရိုးသားသူဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေမယ့် သမ္မတကိုယ်တိုင် တစ်ချိန်လုံး တံထွေး သီးမတတ် ပြောဆိုနေခဲ့တဲ့ ပွင့်လင်းမြင်သာမှု လို့ ဆိုတဲ့နေရာမှာတော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နှစ်နှစ် ဝန်းကျင်အတွင်း ဘယ်လိုမှ ပုံမဖော်နိုင်သေးတာကို အထင်အရှားတွေ့ရမှာပါ.. အထင်အရှား ဥပမာ တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ ဒါမှမဟုတ် သမ္မတရုံးရဲ့ ထုတ်ပြန်ချက်တွေကို သမ္မတရုံးက ညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဒါမှမဟုတ် ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ဆက်ညွှန်ချုပ်တစ်ယောက်ရဲ့( အခုတော့ ဒုဝန်ကြီးဖြစ်နေပါပြီ ) ဖေ့စ်ဘွတ်အကောင့် ကနေတစ်ဆင့် ကနဦး သတင်းထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ထူးဆန်းတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်... ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဆီ ပေးပို့တဲ့ သဝဏ်လွှာကိုလည်း အရှက်မရှိစွာနဲ့ အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတစ်ခုပေးပြီး ပြန်လည်ရုပ်သိမ်းခဲ့တာ သမ္မတရုံး ဖြစ်ပါတယ်..

ပွင့်လင်းမြင်သာမှုဆိုတဲ့နေရာမှာ မှူးဇော် နဲ့ ရဲထွဋ် ဖေ့စ်ဘွတ်အကောင့်ကနေတစ်ဆင့် ပြန်လှန် ကွန်မန့် ပေးတာ.. သမ္မတရုံး ဝက်ဘ်ဆိုက် ထူထောင်ပြီး အချိန်မှန်မှန် အပ်ဒိပ်လုပ်ပေးနေတာကို ဆိုလိုတယ်ဆိုရင်တော့ ပြောစရာမရှိပါ.. ဒါပေမယ့် လတ်တလော ပြည်သူလူထု လက်တွေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြဿနာတွေနဲ့ ပတ်သက်လို့ သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ပွင့်လင်းမြင်သာမှု နတ္ထိ လို့ ပြောရမလိုပါဘဲ... သမ္မတရုံးရဲ့ ရခိုင်အရေးစုံစမ်းရေးကော်မရှင်ဖွဲ့စည်းတဲ့ အမိန့်ကြေငြာစာကို ထုတ်ပြန်ရာမှာ အစီရင်ခံစာ တင်သွင်းရမယ့် ရက်စွဲကို ဘယ်လိုမှ မလုံလောက်နိုင်တဲ့ ကာလအပိုင်းအခြားနဲ့ ထုတ်ပြန်ကြေငြာ ခဲ့ပြီးမှ နောက်ကနေ အမှားပြင်ဆင်ခဲ့ရတဲ့ အဖြစ်အပျက် ရှိခဲ့သလို အစ္စလာမ်သာသနာ့ရေးရာကောင်စီ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို ကော်မရှင် အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ခဲ့ရာမှာတော့ တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်... အခုလို ဘာသာပေါင်းစုံ နယ်ပယ်ပေါင်းစုံက လူသိများတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်မှာ အခုလို အစ္စလာမ် ဘာသာဝင် အဖွဲ့ဝင်နှစ်ယောက်ကို ထုတ်ပယ်ခြင်းဟာ ဘဂ္ဂရီး အိဒ် နေ့မှာ ကုရ်ဘာနီ မပြုလုပ်ဖို့ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်နဲ့ ပတ်သက်လို့ လက်တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆနိုင်သလို ထုတ်ပယ်ရခြင်းရဲ့ အကြောင်းအရင်းကို တိတိကျကျ ဖော်ပြခြင်းမပြုလုပ်ဘဲ အခုလို လက်သိပ်ထိုး ဆောင်ရွက်ခဲ့ခြင်းဟာ ကော်မရှင်နဲ့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေတဲ့ အပြုအမူဖြစ်ပါတယ်.. ဒါ့အပြင် မကြာခင်က ကျင်းပခဲ့တဲ့ အာဏာရ ပါတီကြီးရဲ့ ပါတီညီလာခံမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ပြု ပြဌာန်းခဲ့တဲ့ နိုင်ငံတော် အလံကို ဇောက်ထိုး လွှင့်ထူခဲ့တဲ့ အဖြစ်အပျက်က ဟိုးလေးတကြော်ပါ... ဒါနဲ့ ပတ်သက်လို့လည်း လတ်တလော ပါတီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သမ္မတနဲ့ ဒုဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌတို့ နှာစေးနေကြပြီး.. အဲဒီကိစ္စကို ဦးဦးဖျားဖျား တရားဝင် ဖော်ပြခဲ့တဲ့ ခရိုနီတစ်ဦးပိုင် ဂျာနယ် အယ်ဒီတာချုပ်ကတော့ နှုတ်ထွက်သွားရပါသတဲ့..ဒါက လတ်တလော လုပ်ပုံကိုင်ပုံတွေပါ...

အစိုးရ ဝန်ကြီးဌာနတွေရဲ့ ကျပ်သိန်းပေါင်းထောင်ချီတဲ့ အလွဲသုံးစားပြုလုပ်မှုတွေ မမှန်ကန်တဲ့ ငွေစာရင်း တွေ အသုံးပြုပြီး လွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ဆိုပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးတယ်... အဲဒီနောက်တော့ အရေးယူခံရတာက စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် ဖြစ်နေခဲ့တယ်.. အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး တရားစွဲခံရတာက အဲဒီသတင်းကို ဖော်ပြတဲ့ သတင်းဂျာနယ်... ဒီတော့ ပြည်သူ့ဘဏ္ဍာငွေကို ခိုးယူခဲ့တဲ့.. မသမာတဲ့ နည်းလမ်းတွေ အသုံးပြုပြီး လက်ပံတောင်း ကြေးနီစီမံကိန်းကို လက်လွှဲယူခဲ့တဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို အရေးယူတာ.... အခုချိန်အထိ လုံးဝ လုံးဝ မကြားသိရသေးတာပါဘဲ.. ဆက်စပ်နေတဲ့ နောက်ပြဿနာတစ်ခုက ကြေးစင်တောင် စီမံကိန်းကို အိုင်ဗင်ဟိုးနဲ့ တရုတ်ဝမ်ဘိုကုမ္ပဏီ လက်ပြောင်းလက်လွှဲ ကာလ အတောအတွင်း တစ်ပတ်အတွင်းမှာ စက်ရုံကို တရားမဝင်လည်ပတ်ပြီး သိန်းပေါင်းထောင်ချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ပြစ်မှုနဲ့ ပတ်သက်လို့လည်း အစိုးရဖက်က ထိထိရောက်ရောက်အရေးယူနိုင်ခြင်းမရှိတာပါဘဲ.... အဓိက တရားခံတွေ လွတ်နေပြီးအောက်ခြေဝန်ထမ်း အမှုတွဲမှာ ပါဝင်သူတွေကိုဘဲ အချုပ်ထဲမှာ အာမခံမပေးဘာမပေးနဲ့ နှိပ်စက်ထားပါတယ်..

ဒီတော့... လေးစားအပ်တဲ့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများအနေနဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ထင်သလောက်မလွယ်ကူတာကို နားလည်သဘောပေါက်ပါတယ်.. အခက်အခဲနဲ့ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာဖြစ်တဲ့အပြင် စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းတဲ့အခါမှာ ပွတ်တိုက်မှုတွေ.. အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုလည်း နားလည်ထားပါတယ်.. ဒါပေမယ့်... ကျနော်တို့ဟာ ခရိုနီတွေ ကြိုးဆွဲရာ ] က } နေရပါတယ်.. နောက်ကွယ်က ပေးတဲ့ အမိန့် နဲ့ သဘောထားကို နာခံပြီး စကားကို လည်သလို လှည့်ပတ်ပြောနေရပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတာက အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်..

အခုလို အခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်ရပ်တွေ.. ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်လုယူထားတဲ့ လုပ်ရပ်တွေကို ဖုံးပေး ဖိပေး.. မသိချင်ယောင်ဆောင်ပေး တာတို့... ကိုယ့်ဆီလာမယ့် ပြဿနာကို ထမင်းရည်ပူလျှာလွှဲလုပ်တဲ့အနေနဲ့ ပြဿနာအသစ်တစ်ခု ဖန်တီးတာတို့ ဆိုတဲ့ လုပ်ရပ်မျိုးတွေ.... အပေါ်မှာ ခေါင်းပေါင်းကြီးနဲ့ အောက်မှာ ဖင်ဟောင်းလောင်း ဆိုသလို အောက်ခြေမှာ ဥပဒေမဲ့.. တရားလက်လွတ်ပြုမှုတွေ.. အာဏာအလွဲသုံးစားမှုတွေကို မြင်အောင်ကြည့်မိမယ်ဆိုရင်...

တိုင်းပြည်နဲ့ လူထုအပေါ်မှာ စေတနာမှန်တဲ့.. အမှန်တကယ် ရိုးသားတဲ့ ရှက်တတ်တဲ့  လူစားမျိုးတွေသာ ဖြစ်ကြမယ်ဆိုရင်ဖြင့် ရှက်တာနဲ့တင် လဲသေဖို့ကောင်းနေပါပြီ...

ကိုရွှေမောင်း (မြန်မာကျူးပစ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။