Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

ဝါကျွတ်၊ နှစ်ဝက်စာမေးပွဲနှင့် စိန်စီသောဆရာမ

ယခု ရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့ ကော့သောင်းမြို့ ၊ အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက မူလတန်းပြ ဆရာမတစ်ဦးနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦး တိုးတိုးတိတ်တိတ် ပြဿနာတက်နေကြောင်းကြားသိရပါတယ်။
ဆရာမရဲ့ အမည်ကတော့ ဒေါ်နှင်းသီတာစိုးပါတဲ့ခင်ဗျာ။ သူက ကျောင်းသား(၄၀)လောက်ရှိတဲ့ အတန်းပိုင် ဆရာမတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ လဆန်းပိုင်းမှာကျင်းပမဲ့ နှစ်ဝက်စာမေးပွဲ အတွက် ကျောင်းသားလေးများကို စေတနာအပြည့်နဲ့ စာတွေသင်ကြားပေးရင်း (ဒီနေရာမှာ နဲနဲ ပြောစရာရှိတာက သင်ကြားမှုကို ၄ မျိုးခွဲခြားထားပါသတဲ့)
၁။ ဆက်ရှင် (တစ်လကျပ်တစ်သောင်း)
၂။ ၀ိုင်း(တစ်လ ကျပ်နှစ်သောင်း)
၃။ ရှယ်(တစ်လကျပ်သုံးသောင်း)
၎။ ထူးချွန်(သူကတော့ ကျပ်နှစ်သိန်းသုံးသိန်းထိပေါက်ပါတယ်၊ မိဘများရဲ့စေတနာပေါ့ခင်ဗျာ)

အဲဒီလို ကြိုးစားသင်ကြားပေးနေရာကနေ ဒီနှစ်မှာ ပညာရေးစနစ်တွေ ပြောင်းလာသလိုလို။ စာမေးပွဲတွေကျတာရှိလာမလိုလို သတင်းတွေထွက်လာတော့ နှစ်ဝက်စာမေးပွဲအတွက် မေးခွန်းလေးတွေ
ထုတ်ပြီး သီးသန့် သင်ကြားပေးပါတယ်တဲ့(သူကတော့ အပိုကြေး နှစ်သောင်းနဲ့ပေါ့ခင်ဗျာ)
ပြီးတော့ သီတင်းကျွတ် ဆရာကန်တော့ပွဲအတွက်က ကလေးငယ်တစ်ဦးကို နှစ်သောင်းဝန်းကျင်ပေါ့ခင်ဗျာ။ လာရောက် ဂါရ၀မပြုသူကလေးငယ်လေးတွေကိုတော့ သူက မှတ်တမ်းလေးလုပ်ထားပါသတဲ့။
အဲဒီမှာပြောစရာဖြစ်လာတာက သူ့အတန်းမှာ ပညာသင်ကြားနေတဲ့ ပထမတန်းကလေးငယ်(၄၀)၀န်းကျင်လောက်မှာ (၂၀)လောက်က ကုန်သည်မိသားစုနှင့် ဌာနဆိုင်ရာမိသားစု (အဲဒီမှာ ၀င်ငွေကောင်းတဲ့ အကောက်ခွန်နဲ့ လ၀ကတွေပါဝင်ပါတယ်)။ သူတို့ကိုတော့ သီးသန့် ကျူရှင်အေ အခန်းမှာ ဒေါ်နှင်းသီတာစိုးကိုယ်တိုင် သင်ကြားပေးပါသတဲ့။ ကျန်တဲ့ သာမန်မိသားစုနဲ့ တင်းရဲတဲ့ လက်လုပ်လက်စားနဲ့
အောက်ခြေ၀န်ထမ်းတွေရဲ့ သားသမီး(၂၀)လောက်ကိုတော့ ကျူရှင် ဘီ အခန်းမှာ အငှား(အတန်းပိုင်မဟုတ်သူ)ဆရာမတစ်ယောက်နဲ့ သင်ကြားပေးခဲ့ပါတယ်။
ဆရာမတွေကလည်း သိပ်ကို ယဉ်ကျေးကြပါတယ်။ ကလေးငယ်တွေရဲ့ စာအုပ်ကို စာစစ်ပြီးတဲ့ အခါမှာ ကလေးငယ်တွေ ထိုင်နေရာကို ပစ်ပေးပါသတဲ့၊ လက်ရေးမလှလို့ ဆိုပြီးတော့ စာအုပ်တွေကို ဆွဲဖြဲ ပါသတဲ့။
နောက်တစ်ခါ ငွေကြေးမပြည့်စုံသူ ရေလုပ်ငန်းမိသားစုကကလေးဆိုရင် ငါးညှီနံ့နံလို့၊ မုန့်ဟင်းခါးလို ဘိန်းမုန့်လို ဈေးရောင်တဲ့ကလေးဆိုရင်လဲ မီးခိုးစော်နံလို့ အနောက်ဆုံးအတန်းမှာ ထားတယ်ဆိုတဲ့ စော်ကား နှိမ့်ချတဲ့ စကားတွေကိုလည်း တွင်တွင်ပြောပါသတဲ့။
ကျွန်တော်တို့ ကော့သောင်းမြို့ ၊ အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက မူလတန်းပြ ဆရာမတစ်ဦးရဲ့ ၀င်ငွေဟာ ပုံမှန်(၆) သိန်းကနေ(၈)သိန်းလောက်ရှိပါသတဲ့။
ဒီဆရာမတွေကတော့ စိန်နားကပ်ပန်၊ WAVE I (125) ဆိုင်ကယ်စီး၊ သူဌေးကျွန်းဟိုတယ်မှာ မိသားစုနဲ့ စတိတ်ရှိုးကြည့် ကာစီနို ကစားနိုင်တဲ့အထိ အဆင်ပြေကြပါသတဲ့။
အခုနောက်ဆုံးသတင်းလေးကတော့ ဒီဆရာမရဲ့အတန်းမှာ ဆင်းရဲသားအောက်ခြေ၀န်ထမ်းတစ်ဦးရဲ့ ကလေးလည်းတက်နေပါသတဲ့။ ဒီကလေးကိုတော့ ဆရာမက အခွန်ကောက်ခံလို့ မရတဲ့အတွက် မိခင်ဖြစ်သူကိုခေါ်ပြီး ကလေးက စာမလိုက်နိုင်တဲ့အကြောင်း၊ သေသေချာချာပြောပြီးပြီနော် ဆိုပြီး စာမေးပွဲဖြေဖို့(၃)လအလိုမှာတင် စာမေးပွဲကျသယောင် ခြိမ်းခြောက်ပြောဆိုခဲ့ပါသတဲ့။
ဒါကို ကလေးအဖေကသိတော့ ကော့သောင်းမြို့ ၊ အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက မူလတန်းပြ ဆရာမတွေရဲ့ လုပ်ရပ်ကို အထက်ကိုတိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။
ဒီသတင်းကိုကြားတဲ့ဆရာမကတော့ သူ့ရဲ့ မောက်မာလှတဲ့ ထုံးစံအတိုင်း `` ကျွန်မတို့က တစ်ယောက်ထဲရတာမဟုတ်ဘူး။ ကြိုက်တဲ့နေရာကိုတိုင် ဂရုမစိုက်ဘူး၊ ကျောင်းအုပ်ကြီးကို တစ်လတစ်သိန်းခွဲလောက် ပေးရတော့ ဘယ်သူမှ အသံမထွက်ဘူး၊ ကျောင်းအုပ်ကြီးပြောရင် ပညာရေးမှူးကိုတိုင်မယ်၊ ပညာရေးမှူးပြောရင် တိုင်းရုံးကိုတိုင်မယ်၊ သူတို့အစိုးရကရော ဘယ်လောက်ပေးထားလို့လဲ´´ ဆိုတဲ့ စကားများကို အော်ကြီး ဟစ်ကျယ်ပြောကြားခဲ့ကြောင်း ကြားသိရပါတယ်။
အော် ပြောဖို့တစ်ခုမေ့သွားတယ်၊ ဆရာမနဲ့ ပြဿနာတက်တဲ့ ၀န်ထမ်းကတော့ အုပ်ချုပ်ရေးရုံးကပါတဲ့ခင်ဗျာ-
ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆက်ဖြစ်ကြမယ်မသိပေမဲ့ ကျောင်းသားမိဘများကတော့ဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေကြပါကြောင်းနှင့် ကော့သောင်းမြို့ က လူပျိုကြီးများကတော့ဖြင့် အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက ဆရာမလေးတစ်ဦးဦးသာ ရခဲ့လျှင့်ဖြင့် ဘ၀ပြီးပြည့်စုံပြီဖြစ်ကြောင်း ပြောဆိုနေကြပါတယ်ခင်ဗျာ။

ကျောင်းသားမိဘတစ်ဦး(ကော့သောင်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။