by Ko Bamar on Wednesday, November 7, 2012 at 12:46am ·
ယနေ့ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့ဟာ တစ်နိုင်ငံ
နှင့် တစ်နိုင်ငံ အုပ်ချုပ်ပုံ စနစ်များ မတူညီပေမယ့် ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး
ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ဖို့ အတွက် အုပ်ချုပ်သူ အစိုးရများ အနေဖြင့်
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် (Good Governance) ထားရှိပြီး စဉ်ဆက်
မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်း လျက်ရှိပါတယ်။
Good Governance စနစ်ဟာ နိုင်ငံစွမ်းအား (State
Power) ရရှိရန် တိုက်ရိုက် အထောက်အကူ ပြုသလို အစိုးရနဲ့ ပြည်သူ တွေကြားမှာ
အပြန်အလှန် သက်ဝင်ယုံ ကြည်မှုကို အားကောင်း စေကြောင်း Good Governance စနစ်
အောင်မြင် နေတဲ့ နိုင်ငံများက သက်သေပြ နေပါတယ်။ ဒါ့အပြင်ွ Good Governance
စနစ်ရှိတဲ့ နိုင်ငံ တိုင်းဟာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိနေပြီး စီးပွားရေး အရလည်း
အားကောင်းတဲ့ နိုင်ငံများ ဖြစ်တာကို လေ့လာ တွေ့ရှိ ရပါတယ်။
ဒါ့ကြောင့်လည်း ခေတ်မီ ဖွံ့ဖြိုးတိုး တက်တဲ့
နိုင်ငံ တစ်နိုင်ငံ ဖြစ်ပေါ်ဖို့ အတွက် နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရများဟာ ကောင်း
မွန်သော အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံး နိုင် ရန်ကြိုး စား ဆောင်ရွက် လေ့ရှိကြ
ပါတယ်။အလားတူ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက်
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှင့်အတူ ကောင်းမွန်သော အုပ်ချုပ်ရေး
စနစ်လိုအပ် နေကြောင်း နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ၂ဝ၁၁ ခုနှစ် မတ် ၃၁ ရက်က
ပြော ကြားခဲ့တဲ့ ပထမဦး ဆုံးမိန့်ခွန်း မှာ ''အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး
လုပ်ငန်းစဉ် ကတော့ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် (Good Governance) နဲ့သန့်ရှင်း
သော အစိုးရ (Clean Government) ပေါ်ပေါက် လာအောင် ဝိုင်းဝန်း ကြိုးပမ်း လုပ်ဆောင်
ဖို့ပဲဖြစ်ပါတယ်'' ဆိုပြီး လမ်းညွှန်မှု ပေးခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ လက်ရှိ ပကတိ ဖြစ်ပေါ်မှု များအရ
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တစ်နှစ်ခွဲ ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး
ပြုပြင်ပြောင်းလဲမှု များထင်သာ မြင်သာ ရှိခဲ့ပေမယ့် အစိုးရရဲ့ အုပ်ချုပ်ရေး
ယန္တရားဖြစ်တဲ့ ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ပြုပြင် ပြောင်းလဲမှု သိသာ
ထင်ရှားစွာ အားနည်း နေပြီး Stakeholder များရဲ့ Mindset များ မပြောင်း လဲ
နိုင်သေးကြောင်း မြင်တွေ့သိရှိ နေရပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ လျော်ညီတဲ့ Good
Governance စနစ် အောင်မြင်ရေး အတွက် နိုင်ငံတော် သမ္မတရဲ့ လမ်းညွှန်ချက်ကို
အကောင်အထည် ဖော်ရန် မည်သူက မည်သည့် အချိန်တွင် မည်သို့ပြုလုပ် ရမည်ဆိုသည့် နည်းလမ်း
အခက်အခဲ ရှိနေ ကြတယ် ဆိုတာ လေ့လာ တွေ့ရှိ နေရပါတယ်။ Good Governance ရဲ့သဘော သဘာဝအရ
မည်သည့် နိုင်ငံ၊ မည်သည့် အစိုးရမဆို ပြီးပြည့်စုံသော အုပ်ချုပ်ရေး စနစ်ဆိုတာ
မရှိဘဲ အားနည်းချက်၊ အားသာ ချက်များ ရှိစမြဲဖြစ် ပါတယ်။ အထူးသဖြင့် မြန်မာ
နိုင်ငံကဲ့သို့ နုနယ်လှသော ဒီမိုကရေစီ ဖွံ့ဖြိုးစ နိုင်ငံငယ်များ အတွက်
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ် ပေါ်လာရန် ကြီးမားသော စိန်ခေါ်မှု အသွင်ဖြင့်
နယ်ပယ် အသီးသီးမှာ ကြုံ တွေ့ နေရမှာ ဖြစ်ပါတယ်။
ဒီလိုကြုံတွေ့ လာရမယ့် စိန်ခေါ်မှုများကို
ကျော်လွှားပြီး ဒီမိုကရေစီ နိုင်ငံတော် သစ်အတွက် မဖြစ်မနေ လိုအပ်နေတဲ့ Good
Governance စနစ် ဖြစ်ပေါ် လာစေရေး လုပ်ဆောင် သင့်တဲ့ လုပ်ငန်းစဉ် ကတော့ အုပ်ချုပ်ရေး
ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု (Administrative Reform) ပဲဖြစ် ပါတယ်။ တစ်နည်း
အားဖြင့် ယနေ့ နိုင်ငံတကာက စံနမူနာထား အသိ အမှတ်ပြု ခံနေရတဲ့ ဒီမိုကရေစီ
နိုင်ငံတော်သစ် တည်ဆောက်ရေး ခရီးပိုမို ပေါက်ရောက် စေရန် အဓိက တွန်းအား
တစ်ခုဖြစ်တဲ့ ကောင်းမွန်သော အုပ်ချုပ် ရေးစ နစ် ပေါ်ပေါက် လာ စေရေးအတွက်
အုပ်ချုပ်ရေး ဆိုင်ရာပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် များကို လုပ်ဆောင်
ရမှာဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်ရာမှာ သိမ်သိမ် မွေ့မွေ့နဲ့
ထိရောက် လျင်မြန်မှု ရှိရန်အတွက် လုပ်ဆောင် သင့်တဲ့ လုပ်ငန်း စဉ်တွေကို မဟာဗျူဟာ
ချမှတ်ပြီး နည်းဗျူဟာ များရေးဆွဲ လုပ်ဆောင် သွားနိုင်ရန် ''ကောင်းမွန်သော
အုပ်ချုပ်ရေး စနစ် အတွက် အုပ်ချုပ် မှုဆိုင်ရာ ပြုပြင်ပြောင်း လဲခြင်း''
(Administrative Reform for Good Governance) ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂ဝ၁၂ ခုနှစ်
အောက်တိုဘာ ၁၉ ရက်က နေပြည်တော် ရှိနိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ သင်တန်းသား
တပ်မတော် အရာရှိကြီးများ ပြုလုပ်တဲ့ နိုင်ငံရေး ဆိုင်ရာနှီးနှော ဖလှယ်ပွဲ တစ်ခုကို
တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အဆိုပါ နှီးနှော ဖလှယ်ပွဲမှာ နိုင်ငံတော် ကာကွယ်ရေး
တက္ကသိုလ် တက်ရောက်နေတဲ့ သင်တန်းသား တပ်မတော် အရာရှိကြီး များ က နိုင်ငံတကာရှိ
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် များမှာ ဘာသာရပ် ဆိုင်ရာနှီးနှော ဖလှယ်ပွဲများ
ကျင်းပသလို ဘာသာရပ် ဆိုင်ရာ တစ်ခုကို အမြင်အမျိုးမျိုးမှ ရှုမြင် သုံးသပ်ခြင်း၊
ဘာသာရပ် ဆိုင်ရာ နယ်ပယ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သုံးသပ်ခြင်း တို့ပြုလုပ်ပြီး
နိုင်ငံတော်မှ ချမှတ်ဆောင်ရွက် မည့်မူဝါဒ များကိုအထောက် အကူပြုနိုင်ရန် သင်ခန်းစာ
ဖော်ထုတ် ဆွေးနွေး တင်ပြခဲ့ ကြပါတယ်။
နှီးနှော ဖလှယ်ပွဲကို သဘာပတိ အဖြစ် မြန်မာနိုင်ငံ
ကုန်သွယ် ရေကြောင်း ကောလိပ် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မောင်မောင်ငြိမ်း
(အငြိမ်းစား)က ဆောင်ရွက်ခဲ့ပြီး သဘာပတိ အဖွဲ့ဝင်များ အဖြစ် ရန်ကုန် စီးပွားရေး
တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဦးကျော်မင်းထွန်း (အငြိမ်းစား)၊ အမျိုးသား
စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီ အဖွဲ့ ဝင် ဒေါက် တာ ကျော်ရင်လှိုင် တို့က
ကြီးကြပ် ဆောင်ရွက် ခဲ့ပါတယ်။ သင်တန်းသား အရာရှိကြီးများရဲ့ ဆွေးနွေးချက် များအပေါ်
အခမ်းအနားကို တက်ရောက် လာတဲ့ လွှတ်တော် ကိုယ်စား လှယ်ကြီးများ၊ ဌာနဆိုင်ရာ
အကြီးအကဲများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခဆရာ၊ ဆရာမကြီး များလည်း တက်ကြွစွာ
စိတ်ဝင်တစားဖြည့် စွက်ဆွေးနွေး ခဲ့ကြတာကိုလ ည်း မြင်တွေ့ ခဲ့ရပါတယ်။
သင်တန်းသား အရာရှိကြီးများ၏ ဆွေးနွေး ပြောကြားချက်
များမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် နှင့် အုပ်ချုပ်မှု ဆိုင်ရာပြုပြင်
ပြောင်းလဲခြင်း အဓိပ္ပာယ် (Theory)၊ ဒီမို ကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး
ဆိုင်ရာ အယူအဆ (Concept) များအား ရှင်းလင်း ဆွေးနွေးပြီး တောင်ကိုရီးယား၊ ဂျပန်၊
အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံ တို့ ၏ ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုင်ရာ
စနစ် ကျင့်သုံးမှု များနှင့် အုပ်ချုပ်မှု ဆိုင်ရာပြု ပြင်ပြောင်းလဲခြင်း
ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ များ၏ အားနည်းချက်၊ အားသာချက် များကို ဖော်ထုတ်
ဆွေးနွေးခဲ့လို့ ဗဟုသုတ ဖြစ်ဖွယ် မှတ်သား ခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ နှင့်
ပတ်သက်ပြီး ပါလီမန် ဒီမိုကရေစီခေတ် မှယနေ့ကာလ အထိတိုင်အောင် အစိုးရ အဆက်ဆက်
အုပ်ချုပ်ရေး စနစ် အမျိုးမျိုးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့
အချက်များကို လေ့လာပြီး ဖွံ့ဖြိုးတိုးတက် မှုနောက်ကျ ခဲ့ရသည့် အကြောင်းရင်း များကို
ပွင့်လင်းသော အမြင်၊ ရိုးရှင်းသော ဝေဖန် ထောက်ပြချက် များအဖြစ် ပီပြင်စွာကြား
သိခဲ့ရပါတယ်။
အထူးသဖြင့် လက်ရှိ သမ္မတကြီး ဦးသိန်းစိန် လက်ထက်
ဒီမိုကရေစီ နိုင်ငံတော် သစ်ပြုပြင်ပြောင်းလဲ ရေးလုပ်ရာမှာ အဟန့်အတား များနဲ့
ဖြစ်ပေါ် နေသည့် စိန်ခေါ် ချက်များ ကို လေ့လာ ဖော်ထုတ် ဆွေးနွေးခဲ့ပြီး Top Down
Procedure အောက်တွင် ခေါက်ရိုးကျိုး နေသော အစိုးရ၏ ပင်မ ယန္တရားဖြစ်သည့် နိုင်ငံ့
ဝန်ထမ်း များကို Bottom Up Procedure ကျင့်သုံးဖို့ အစိုးရ ဝန်ထမ်းများအား
အလေးအနက်ထား တိုက်တွန်း အကြံပြုထား ချက်များကိုလည်း သတိပြု မှတ်သား မိပါတယ်။
ဒါ့အပြင် ပြည်သူ အများလိုလား တောင်းတနေတဲ့ Corruption ပပျောက်ရေး အတွက် လုပ်
ဆောင်သင့်တဲ့ အချက်များကိုလည်း အကြံပြု ဆွေးနွေး သွားပါတယ်။
သီအိုရီနှင့် လက်တွေ့ ဖြစ်ရပ်များ နှိုင်းယှဉ်
သုံးသပ်ချက်၊ ကမ္ဘာ့နိုင်ငံ အသီးသီးထံ မှ အတုယူရမည့် လေ့လာ ဖော်ထုတ်ချက်၊
မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းအရ ခေတ် အဆက်ဆက် အားနည်းချက်၊ လက်ရှိ အစိုးရအဖွဲ့သစ်
၏ ကြုံတွေ့ နေရသော စိန် ခေါ်ချက်များ အပေါ်မူတည်ပြီး ကောင်းမွန်သော အုပ်ချုပ်မှု
ဖြစ်ပေါ်လာ စေရေး အတွက် ဆောင်ရွက် သင့်သည့် အုပ်ချုပ်မှု ဆိုင်ရာပြုပြင်
ပြောင်းလဲခြင်း မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ရေးဆွဲ တင်ပြသွား ပါတယ်။
သင်တန်းသားများ ချမှတ် ရေးဆွဲထားတဲ့ မဟာဗျူဟာကို
ပေါ်လွင် ထင်ရှားစေရန် ခိုင်မာ တောင့်တင်းသည့် အဆောက်အအုံ တစ်ခုကို ဥပမာပေး ခဲ့ပြီး
မဟာဗျူဟာ ကို အကောင် အထည်ဖော်မည့် နည်းဗျူဟာ များကိုလည်း (Operational Level) မှာ
လုပ်ဆောင်ရမည့် အချက်များအဖြစ် ရှင်းလင်း ပြတ်သားစွာ ဖော်ထုတ် အကြံပြု ထားရှိပါတယ်။
အလား တူ နှီးနှော ဖလှယ်ပွဲသို့ တက်ရောက် လာကြသော လွှတ်တော်ကိုယ် စားလှယ်ကြီးများ၊
ဌာနဆိုင်ရာ ဝန်ထမ်း အကြီးအကဲများ၊ တက္ကသိုလ် အသီးသီးမှ အသိပညာရှင် များက မိမိတို့
ထင်မြင်ယူဆချက် များကို ရဲတင်းပွင့်လင်း စွာ ဝေဖန်ပြောကြား ဆွေးနွေးချက်
များကိုလည်း ပြုပြင် ပြောင်းလဲရေး ၏ အနှစ်သာရ အဖြစ် မြင်တွေ့ ကြားသိ
ခဲ့ရပါတယ်။
သင်တန်းသား အရာရှိကြီး များ၏ ဆွေးနွေးချက်
များအပေါ် လွှတ်တော်ကိုယ် စားလှယ်ကြီး များရဲ့ သုံးသပ်ချက်၊ ဖြည့်စွက် ဆွေးနွေးချက်
များသည် ယနေ့လွှတ် တော်အတွင်း ဥပဒေပြုရေး ကိစ္စရပ်များ အပါအဝင် နိုင်ငံတော်သစ် အတွက်
Good Governance ဖြစ်ပေါ်လာရေး လွှတ်တော် ကိုယ်စားလှယ်ကြီး များ၏ အမြင်သဘော
ထားများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ဖလှယ်နိုင် ခဲ့ကြပါတယ်။ ဒါ့အပြင် Good
Governance အတွက် Administrative Reform ပြုလုပ်ရမည့် အစိုးရ၏ အဓိက ယန္တရားဖြစ်သော
ဌာန ဆိုင်ရာများ အနေဖြင့် ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီမှု မရှိတဲ့ ဌာနဆိုင်ရာ
လုပ်ထုံးလုပ်နည်း ဆွေးနွေးခွင့် ရရှိခဲ့သဖြင့် ၄င်းတို့ ကိုယ်တိုင် အရိုးစွဲနေ သော
Mindset များပြုပြင် ပြောင်းလဲရန် လိုအပ်ချက် များကိုလည်း သိရှိနားလည်ခဲ့ကြ ပါတယ်။
အထူးသဖြင့် ပညာရှင် များဖြစ်တဲ့ ဆရာကြီး ဦးကျော်မင်းထွန်း၊ ဒေါက်တာ ကျော်ရင်လှိုင်၊
ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သီတာတင် (ယခု ဒုညွှန်ချုပ်) တို့လို တက္ကသိုလ်မှ
ပါမောက္ခဆရာ၊ ဆရာမကြီးများ၏ ဆွေးနွေး ပြောကြားချက်များ သည် သီအိုရီနှင့် လက်တွေ့
ဖြစ်စဉ်ဖြစ်ရပ်များ၊ နှိုင်းယှဉ် သုံးသပ်ချက် များဖြစ်သဖြင့် တန်ဖိုးရှိသည့်
အတွေးအခေါ် အယူအဆ များကို ကြားသိ မြင်တွေ့ ခဲ့ရပါတယ်။ ဌာန ဆိုင်ရာ ဝန်ထမ်း
များဖြစ်တဲ့ ညွှန်ချုပ်၊ ဒုညွှန်ချုပ် များရဲ့ အပြု သဘော ဆွေးနွေးချက် များလည်း
ချမှတ်ထားတဲ့ မူဝါဒများနှင့် လက်တွေ့ ဘဝ သဟဇာတ မဖြစ်နိုင်သည့် အချက် များကို
ပြုပြင်နိုင်ရန် ပွင့်လင်းစွာ ဆွေးနွေးချက် များအဖြစ် ကြားသိ မှတ်သား ခဲ့ရပါတယ်။
Social Society ကို ကိုယ်စားပြု ဆွေးနွေးတဲ့ ဦးလှမောင်ရွှေရဲ့ လက် တွေ့ အခြေအနေနဲ့
နှိုင်းယှဉ် ဖြည့်စွက် ဆွေးနွေးမှုများ ကလည်း ဗဟုသုတ ရပြီး အလေးထား ရမယ့် အချက်များ
ဖြစ်ပါတယ်။
သင်တန်းသား အရာရှိကြီး များရဲ့ လေ့လာ တွေ့ရှိချက်
များအရ နိုင်ငံအချို့ရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များအနက်
သင်ခန်းစာ ယူသင့်တဲ့ အချက်များ ကို သုံး သပ် ဖော်ထုတ်ပြီး မိမိ တို့နိုင်ငံနဲ့
သင့်လျော်မည့် Administrative Reform ကို ဘယ်လို ပြောင်းလဲ သင့်သလဲ၊ ဘာတွေ
ပြောင်းလဲ သင့်သလဲ၊ ဘယ်လို ပြောင်းလဲ မလဲဆိုတဲ့ အဖြေရှာ နည်းလမ်း ဖော်ထုတ်
ထားခြင်းမှာ ယနေ့ နိုင်ငံတော် အတွက် အလေးအနက် ထားရမည့် ဆွေးနွေးချက် များဖြစ်
ပါတယ်။ အထူးသဖြင့် နိုင်ငံတော် ကိုခေတ်မီ ဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီ
နိုင်ငံတော် သစ်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် ပါဝင် ဆောင်ရွက်ရမယ့် Stakeholder
များ အားလုံးက အမှန်တကယ် ပြောင်းလဲ လိုစိတ် (Will to Reform) ၊ ပြောင်းလဲရဲ တဲ့သတ္တိ
(Dare to Change) ရှိရန် လိုအပ် ကြောင်း နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်
ကျောင်းအုပ်ကြီး၏ ထောက်ပြ အကြံ ပြုချက်များ၊ သင်တန်းသား အရာရှိကြီး များ ၏ဆွေးနွေး
ပြောကြားချက် များသည် နှီးနှော ဖလှယ်ပွဲ၏ အနှစ်သာရ ဖြစ်မည်ဟု ယူဆမိ ပါတယ်။
ဒါ့အပြင် နှီးနှော ဖလှယ်ပွဲ ခေါင်းစဉ်အပေါ်
ဆွေးနွေး တင်ပြတဲ့ အကြောင်း အရာများသည် လက်ရှိ နိုင်ငံတော်မှာ ဖြစ်ပေါ် ပြောင်းလဲ
နေမှုများနဲ့ အံဝင်ခွင်ကျမှု ရှိသဖြင့် နိုင်ငံတော် သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ် များအပေါ် တပ်မတော်က အပြည့်အဝ ထောက်ခံမှု ရှိနေကြောင်း ပေါ်လွင်နေပြီး
တပ်မတော် အရာရှိကြီး များ၏ ပြုပြင် ပြောင်းလဲရေး အတွေးအခေါ်၊ အယူအဆ (Reform Concept)
များသည် နိုင်ငံတော် အစိုးရ၏ မူဝါဒများအပေါ် အထောက်အကူ ပြုလျက် ရှိနေပါတယ်။
အုပ်ချုပ်မှု ဆိုင်ရာပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ရာမှာ
အပြော လွယ်သလောက် လုပ်ဆောင်ရန် ခက်ခဲ သော်လည်း သင်တန်းသား အရာရှိကြီး များသည်
Reform Minded ပြင်းပြစွာ ရှိနေ ကြောင်းကို ထင်ရှားစွာ တွေ့မြင် ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ဟာ စိုက်ပျိုး
ရှင်သန်လာခါစ အပင်ပေါက် အဆင့်မှာ ရှိနေလို့ ဝေဖြာရှင်သန် လာအောင် ဝိုင်းဝန်း
ထိန်းသိမ်း စောင့်ရှောက်ကြပြီး ဒီမိုကရေစီ အသီး အပွင့်များ ဝေဖြာလာချိန်မှာ
လူ့အဖွဲ့ အစည်း တစ်ရပ်လုံး အကြား မျှဝေ ခံစားကြ ရအောင် လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ဟာ ဒီမိုကရေစီ စနစ် နဲ့အတူ ယှဉ်တွဲ ပေါ်ပေါက်
လာရမှာဖြစ်ပြီး စနစ်ကောင်း ရဲ့လမ်း ကြောင်း၊ မှန်ကန်သော အကျင့်စရိုက် အလေ့အထ
များနှင့် အခြင်းအရာ များက လူ့ အဖွဲ့အစည်း တစ်ရပ်လုံး အကြား စိမ့်ဝင်
ပျံ့နှံ့စေဖို့ လိုအပ် ပါတယ်။
သင်တန်းသား အရာရှိကြီး များသည် ပါတီစွဲ၊ ဒေသစွဲ၊
ပုဂ္ဂိုလ်စွဲ ကင်းရှင်းစွာနဲ့ အမျိုးသား နိုင်ငံရေး တာဝန်ကို ထမ်းဆောင်နေတဲ့
တပ်မတော်သား များဖြစ်ပြီး နှီးနှော ဖလှယ်ပွဲ တွင် ဆွေးနွေး ပြောကြားချက် များသည်
ကောင်းမွန်သော အုပ်ချုပ်ရေး အတွက် အုပ်ချုပ်မှု ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ဆောင်
ရွက် နိုင်ရန် အရေးတကြီး လိုအပ်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ များကို ဖော်ထုတ် ခြင်းဖြစ်
သလို နောက်ကြောင်း ပြန်လှည့်မှာကို စိုးရိမ်နေသူ များအတွက် နောက်ကြောင်း ပြန်မလှည့်
လိုသူများရဲ့ အကြံပြု ဆွေးနွေးချက် များဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
။
ဆောင်းပါးရှင်- မင်းခန့်
မြ၀တီ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။