12 November 2012 |By 8 Days
"စာအုပ်ရောင်းသူ စာမတတ်ပါ" ဆိုတဲ့ခေါင်းစဉ်နဲ့ စာရေးဆရာလေး မိုးယံဇွန်က အောက်တိုဘာ (၁၂) ရက်နေ့ထုတ် 8 Days a week ဂျာ နယ်မှာ ရေးထားတာဖတ်လိုက်ရပါ တယ်။ "ကျွန်တော်ပေးတဲ့ ငွေ တစ်ထောင် ကျပ်ကို လှမ်းယူရင်း၊ လေသံတိုးလေး နဲ့ပြန်ပြောလိုက်တာ ကတော့ ကျွန်မ စာမဖတ်တတ်ပါဘူးရှင် လို့ဆိုတာပါပဲ" တဲ့။ ကိုယ့်အိမ်ထဲ၊ ခြံဝင်းထဲမှာပဲ နေထိုင်ပြီး၊ ပြင်ပလောက ကို ရှုမြင် သုံးသပ်မှုမရှိရင်၊ ပတ်ဝန်းကျင် လေ့လာမှု အားနည်းရင်၊ လူတွေ အကြောင်းသိလာမှာ မဟုတ်ပါဘူး။ မိုးယံဇွန် တို့မိသားစုနဲ့ ဝန်ထမ်း အိမ်ရာ မှာ နေခဲ့ကြပါ တယ်။ အဲဒီတုန်းက အထက်တန်း ကျောင်းသားဘဝပေါ့။ အခုဘွဲ့ရပြီး အနုပညာလောကမှာ နေရာတစ် နေရာရနေပါပြီ။
ဆောင်းပါးလေး တွေရေးသားရင်း "ဝေလီဝေလင်း နံနက်ခင်းမြင်ကွင်းများ" စာအုပ် လည်းထွက်ခဲ့ပြီးပါပြီ။ အခု ရောင်းကုန် သွားလို့ဒုတိယအကြိမ် ထပ်မံ ထုတ် ဝေရတယ်လို့သိရပါတယ်။ ဒီကလေး ရဲ့ စာဖတ်ပရိသတ်က မနည်းပါလား။ သူရေးတဲ့ ဆောင်းပါး တွေအားလုံးကို မဖတ်ဖြစ်ပေမယ့် အကယ်ဒမီ ဆုပေးပွဲမှာ ဘယ်လိုလုပ် သင့်တယ် ဆိုတာရေးထားတာ လေးတော့ ဖတ်လိုက်မိပါရဲ့၊ အခုလည်း သွက်သွက် လက်လက် ရေးထားတဲ့ သူ့ကလောင် လေးအဆုံးသတ်မှာ၊ "စာမတတ်သူ ထံက ဝယ်လာခဲ့တဲ့ စာအုပ်လေး (၃) အုပ်ကို၊ ဘုရားစင် အောက်က ဗီရိုထဲမှာ သေချာထည့်ပြီး သိမ်းထားလိုက်တယ်။ မြတ်ဘုရားရှေ့မှာ လက်အုပ်ချီပြီး တပည့်တော်တို့ နိုင်ငံမှာ စာမတတ်သူတွေ ပပျောက်ပြီး အမြန်တတ်ကြ ပါစေသားဟု ရင်ထဲက လှိုက်လှဲစွာ အော်ဟစ်ပြီး ဆုတောင်းလိုက်ပါတယ်" လို့ရေးထား တာတွေ့ ရပါတယ်။
သားလေး မိုးယံဇွန်ရေ အန်တီက နယ်မြို့လေးတစ်မြို့ မှာမွေးဖွားခဲ့သူပါ။ ညီမလေးက ကျောင်းဆရာမတစ်ဦးပေါ့။ မြို့ပြနဲ့ ကျေးလက်မှာ ကွာခြားချက်လေးတွေ ရှိကြပါတယ်။ ကျေးလက်မှာက တစ်နေ့စာကို တစ်ခါရှာဖွေစား သောက်ရတဲ့သူတွေရှိကြတယ်။ အန်တီလဲ တစ်ခါတလေ စဉ်းစားမိတယ်။ တစ်နေ့စာမရှာနိုင်ရင်၊ အထူးသဖြင့် ကျန်းမာရေးမကောင်းတဲ့ အခါ၊ မရှာဖွေနိုင်ရင်၊ မိသားစုဘယ် လိုစားသောက်ကြမလဲ ဆန်၊ ဆီကို တစ်နေ့စာ ဝယ်စားနေရတဲ့ သူတွေ အများကြီးပါ။ ဝမ်းရေးကို အဓိက ထားဖြေရှင်းနေရတော့၊ ပညာ ရေးကို ဒုတိယ ဦးစားပေးပေါ့။ မြို့ ကြီးပြကြီးတွေမှာ ကျူရှင်ခတွေရ ကြပေမယ့် တောရွာတွေမှာ အရနည်း ကြတယ်။ အဲဒီကြားထဲ အကြွေးကရှိ သေးတယ်။ ဆရာမတွေအနေနဲ့ လည်း အိမ်အထိလိုက်ပြီး မိသားစု ပြဿနာကိုဖြေရှင်းမပေးနိုင်ကြဘူး။ မူလတန်းအဆင့်ကျောင်းသားလေး တစ်ဦး၊ စာမေးပွဲအဖြေလွှာမှာ . . .ဘာသော၊ ညာသော၊ ညာသော၊ ဘာသော တွေချည်းရေးထားလို့၊ အောင်မှတ်ပေးဖို့ခက်နေတယ်တဲ့။
ပညာတတ် တစ်ယောက်ဖြစ်ဖို့ မိဘရဲ့ စီးပွားရေး၊ ကျောင်းသားရဲ့ ဥာဏ်ရည်၊ ပညာရလိုမှု၊ အဲဒါတွေပြီးမှ ဆရာသမားတွေရဲ့ သင်ကြားမှု အပိုင်းရောက်ပါတယ်။ သင်ကြားရာ မှာလည်း ၊ ပညာတော်တိုင်း သင်ကြားမှု မတော်တဲ့ ဆရာတွေ ရှိပါတယ်။ တချို့ဆရာတွေမှာ ကျောင်းသားကို သေချာနားလည် သဘောပေါက်အောင်၊ မသင်နိုင်ကြ တာရှိပါတယ်။ အမြန်စာတတ်ကြဖို့အတွက်၊ မြတ်သောစေတနာနဲ့ ရေးထားတာ ကိုသာဓုခေါ်ပါတယ်။ ဒီအကျိုး တရားရဲ့နောက်ကွယ်မှာ အကြောင်း တရားလေးတွေရှိနေပါသေးတယ်။ အန်တီတို့မိသားစုမှာ မိန်းကလေး ငါးယောက်၊ ယောကျာ်းလေးတစ် ယောက်ပါတယ်။ ဖခင်ကြီးဟာ အရင်ခေတ်က တန်းမြင့်ကျောင်း အောင်သူဖြစ်ပါ တယ်။
သားသမီး တွေအားလုံး ဘွဲ့ရစေရမယ်လို့ ရည်မှန်းချက် ထားခဲ့သူပါ။ မောင်လေး ဖြစ်သူ ဒုတိယနှစ် တက်တုန်းမှာ စီးပွားရေးမပြေလည်လို့ မောင်လေးက ကျောင်းဆက်မတက်ဘဲ၊ စီးပွား ရေးလောကထဲ ဝင်ရောက် ခဲ့ပါတယ်။ သားသမီးတွေကို ပညာတတ်ဖြစ် စေချင်တဲ့ ဖခင်ကြီးဟာ ရင်ကျိုး မတတ်ပါပဲ။ မောင်လေးဟာ ဘွဲ့မရ ခဲ့ပေမယ့် ရည်မှန်းချက်ကြီးမားသူမို့၊ အခုဆိုရင် သင်္ဘောအရာရှိဘဝနဲ့ ထိပ်ဆုံးကို ရောက်နေခဲ့ပါပြီ။ မိဘ တွေကိုငဲ့ညှာပြီး ကျောင်းရပ်ခဲ့ ပေမယ့်။ ရပ်မနေတဲ့သူမို့၊ ဘဝမှာ နေရာတစ် ခုရခဲ့တာဖြစ်ပါတယ်။
ထ ထ ထ
သားရေ . . .
မလျှော့သောဇွဲနဲ့ တစ်ထစ်ချင်း တက်လှမ်းနေတဲ့သားအတွက် ဂုဏ်ယူမိပါတယ်။ သရုပ်ဆောင်ဘဝနဲ့ တင်အားမရဘဲ စာပေလောကထဲ ပါဝင်ရောက်လာတဲ့ အတွက်၊ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါတယ်။ ၁၉၈၆ ခုနှစ်လောက်ကစပြီး ရေး သားခဲ့တဲ့၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဖေါ်ပြပြီးဖြစ်တဲ့ ဝတ္ထုတို၊ ဆောင်း ပါးလေးတွေကို စုစည်းပြီး၊ ခေါင်းစဉ် နဲ့ စာအုပ်လေးထုတ်ဝေဖို့ စီစဉ်နေ တာ၊ အခုဆို တော်တော်လေးခရီး ရောက်နေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ဝေဖြစ်မယ် ထင်ပါတယ်။ အမှန် ဝန်ခံရရင်၊ ဝါသနာအရ ရေးသားခဲ့ တာဖြစ်ပေမယ့်။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ တွက်လို့မရ ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခု က ကိုယ်ရေးသားတဲ့စာထဲမှာ စေတနာလေးထည့်ထားရင် ရောင် ပြန်ဟပ်မှာ မလွဲဘူးဆိုတာပါပဲ။ သားရဲ့ အမြန်စာတတ်ကြပါစေသား ဆိုတဲ့ စာပိုဒ်လေးဟာ မြတ်သော စေတနာကို ရည်ညွှန်းထားတာမို့၊ ဒီစေတနာက ရောင်ပြန်ဟပ်လာ ပါလိမ့်မယ်။ အန်တီတို့ စာပေမောင်နှမ တွေချောကလက်နဲ့ တူသော စာများကို ရေးသားကြရင်း၊ စာဖတ်သူများ တိုးပွားလာကြပါစေလို့ မြတ်သော စေတနာနဲ့ ရေးသားလိုက် ရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။