ဘာကြောင့်များ ဘယ်အချိန်မှာ passive voice ကိုရေးရမှာ
Why or when do we use the passive voice?
.......................... .......................... .............
passive sentence တွေကို
.
1. ပြုလုပ်ခြင်းခံရသူကို အလေးပေးပြီး ဖေါ်ပြချင်တဲ့အခါ
.
သမတ kennedy ဟာ Lee Harvey Oswald ရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ်
PV > President Kennedy was killed by Lee Harvey Oswald.
AV > Lee Harvey Oswald killed President Kennedy.
.
2. လုပ်ရပ် ဖြစ်ရပ်ကို ဘယ်သူက ပြုလုပ်တယ်ဆိုတာ (the agent) ကိုမသိတဲ့အခါ
.
ကျနော့် ပိုက်ဆံအိပ် ခိုးခံခဲ့ရပါတယ် (ဘယ်သူခိုးမှန်းမသိဘူး)
PV > My wallet has been stolen.
AV : Somebody has stolen my wallet.
.
3. ပြုလုပ်သူ agent ဟာ အရေးမကြီး ၊ စိတ်ဝင်စားဖို့ အကြောင်းမရှိတဲ့အခါ
.
ကျနော့်အိမ်ကို ဆေးသုတ်နေပါတယ် (ဘယ်သူဆေးသုတ်သုတ် အရေးမကြီးဘူး)
PV > Our house is being painted.
AV > XYZ Company is painting our house.
.
4. ပြုလုပ်သူဟာ လုံးဝ သိသာထင်ရှားနေတဲ့အခါ
.
ကျနော် လစဉ် လစာရပါတယ်
(အစိုးရ၀န်ထမ်းဆို အစိုးရကပေးမယ် ၊ ကုမ္ပဏီဝန်ထမ်းဆို ကုမ္ပဏီကပေးမယ်)
PV > I am paid monthly.
AV > My company pays me monthly.
.
5. ကြေငြာချက် ၊ ထုတ်ပြန်ချက် ၊ အဆိုပြုချက် တို့ကဲ့သို့ ဘယ်သူက ထုတ်ပြန်တယ်ဆိုတာက အရေးမကြီးပဲ အကြောင်းအရာကသာ အရေးကြီးနေတဲ့အခါ
.
ခရီးသည်များဟာ ထိုင်ခုံခါးပတ်များကို တင်းကျပ်အောင် (ပြုလုပ်ထားရန်) သတိပေးပါတယ်
PV >Passengers are reminded to fasten their seatbelts.
AV > The Captain reminds passengers to fasten their seatbelts.
.
6. ပြုလုပ်သူ agent ဟာ လူတိုင်းဖြစ်နိုင်တဲ့အခါ
.
အရေးပေါ် အကူအညီပေးသည့် ၀န်ဆောင်မှုကို ဖုန်းနံပါတ် ၉၉၉ သို့ ဖုန်းဆက် ခေါ်ယူနိုင်ပါတယ်
PV > The emergency services can be called by dialling 999.
AV > The public can call the emergency services by dialling 999.
.
7. သိပ္ပံစမ်းသပ်ချက်များ ၊ တွေ့ရှိချက်များ ကိုဖေါ်ပြတဲ့အခါ
.
ဖျော်ရည်ကို အပူချိန် ၈၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးပြီးနောက် အအေးခံရန် ဖြစ်ပါတယ်
PV > The solution was heated to 80°C and then allowed to cool.
AV > The technician heated the solution to 80°C and then allowed it to cool.
.
8. ပြုလုပ်ခြင်းအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ရှောင်လွှဲဖေါ်ပြချင်တဲ့အခါ (အထူးသဖြင့် အစိုးရ အစီရင်ခံစာများမှာ)
.
အမှားတွေကို ပြုလုပ်ခဲ့ပြီး ကံဆိုးချင်တော့ ဘယ်တော့မှ မပြုပြင်ခဲ့ပါဘူး
PV > Mistakes were made and unfortunately never rectified.
AV > The President made mistakes and unfortunately never rectified them.
.....
မေတ္တာဖြင့်
Why or when do we use the passive voice?
..........................

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။