Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 11, 2012

ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း


ကျွန်ုပ်တို့မှာ မူတို့ဝါဒတို့ကို ဘယ်လိုမျှ မပတ်သက်လို့ သို့သော် ဤနိုင်ငံသူနိုင်ငံသား အကျိုးကို မျှော်ကိုးပြီး ဗြိတိသျှ ဓနရှင် အဖွဲ့အစည်းများ ကိုတော့ ထိန်းသိမ်းထားနိုင်ရန် ဇက်ကို ဆွဲထားသင့်သည်ဟု ထင်မြင်မိသည်။ တဘက်ကမည်သို့ပင် ပြောကြဆိုကြသော်လည်း ဗြိတိသျှအစိုးရက ဤနိုင်ငံတွင်''ဗြိတိသျှစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြန်လည် ထွန်းကားလာရန်'' အထူးကြိုးစားလုပ်ကိုင်နေကြသည်ဟု ခိုင်လုံသောအကြောင်းများအရဆိုချင်ပါသည်။ လွန်ခဲ့သည့် လက(မေ-၁၉၄၆)ဗြိတိသျှပါလီ မန်တွင် ဗမာပြည်အကြောင်းအချေအတင်ပြောကြဆိုကြသည်ကို ကျွန်ုပ်သေ သေချာချာ ဘတ်ရှုကြည့်ပြီးပါပြီ။ ယခုလေဘာအစိုးရ၏ ဗမာနိုင်ငံအတွက် လက်ထောက် အတွင်းဝန်ဖြစ်သူ မစ္စတာအာသာမင်ဒါဆင်၏ ပြောဟောချက်အားလုံးကို ချာချီ အစိုးရတုန်းက ဗမာနိုင်ငံလက်ထောက်အတွင်းဝန်ဖြစ်ခဲ့သူ မစ္စတာအာရ်အေဘတ် တလာက ထောက်ခံကြောင်းဖတ်ရ၍ ကျွန်ုပ်ရယ်ချင်လှသည်။ ဤအချက်များ ကြောင့် ယခုလေဘာအစိုးရအား ကွန်ဆာဗေးတစ်အစိုးရ၏မူဝါဒအတိုင်း ဆက် လက်ပြုကျင့်နေခြင်းအတွက် ချီးမွမ်းထိုက်ပေသည်။ ဗမာပြည်၏ မိတ်ဆွေများ ဖြစ်ကြာသောအမတ်အချို့၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာမေးခွန်းများကို မစ္စတာ ဟင်ဒါဆင်က မဖြေဆိုနိုင်ခဲ့ခြင်းအတွက် ကျွန်ုပ်မှာမကျေမနပ်ဖြစ်မိသည်။ မစ္စဟင်ဒါဆင်ကိုယ်တိုင်ပြောရာတွင်''ကျွန်ုပ်တို့မှာ မရေမရာသော ခေတ်အခါ တွင်နေကြရသည်။ ပါလီမန်ကိုအကူအညီဖြစ်ရန် သူတို့ခေါ်ဆိုနေကြသည့် စီမံကိန်း များအကြောင်းရှင်းပြလိုပါသည်''ဟုဆိုထား၏။ သူတို့ကိုယ်တိုင်ကမှ စီမံကိန်းများ အကြောင်း နားမလည်ကြလျှင် ကျွန်ုပ်တို့က ဘုရင်ခံ၏စကားဖြစ်သော ''ပြည်သူပိုင် ဆိုရှယ်လစ်ဝါဒကိုစတင်ပြုလုပ်မည်''ဟူသည့်အချက်ကို မယုံသင်္ကာဖြစ်မိကြသည့် အတွက်အပြစ်တင်စရာမလိုဟုထင်ပါသည်။ မှန်ပါသည်ခေတ်ကာလကမရေမရာ အဆုံးအဖြတ်ခက်ခဲသောအချိန်ဖြစ်ပါသည်။ ''ကျွန်ုပ်တို့အားမရေမရာ လှည့်စားရန် ခွင့်မပြုနိုင်၊ ကျွန်ုပ်တို့မှာ မရေမရာလွန်းသော မပြတ်သားမှုများနှင့် တွေ့ခဲ့ကြုံခဲ့ ရလှပါပြီ၊ ဗြိတိသျှအစိုးရကို ကျွန်ုပ်ကအစွမ်းကုန်သတိပေးလိုက်သည်။ ကျွန်ုပ်တို့ နိုင်ငံ၏ စီးပွားရေးကို လက်ဝါးကြီးအုပ်ရန် ဆက်လက်ကြံစည်နေလျှင် မဟာအမှား တော်ကြီးကို ကျူးလွန်သလိုဖြစ်ချေမည်။ မစ္စစ်ဒစ်ရေလီ DISRAELI ၏စကား အတိုင်း ''လုယက်ခြင်းနှင့် ဆင်ကန်းတောတိုး မှားယွင်းခြင်း'' Plundering and Blundering ကိုရပ်တန်းကရပ်ရန်အချိန်ကျပေပြီ။ ကျွန်ု၏ လိပ်ပြာမှာ အမြဲသန့်ရှင်းလျက် (၁၉၄၆ခု နှစ်ဦးပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုမုန်းထားကြ တဲ့သူများက ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေး နယ်ပယ်မှ ''ဖျောက်ပစ်ဖို့ မနေမနားအစွမ်း ကုန် ကြိုးပမ်းကြတယ်။ အထူးသဖြင့် ဘုရင်ခံဆာဒေါ်မန်စမတ်ထံချဉ်းကပ် ကြပြီး အင်္ဂလိပ်အစိုးရအပေါ် သစ္စာဖောက်မှုနဲ့လည်းကောင်း၊ ''လူသတ်မှု'' နဲ့လည်းကောင်း ဖမ်းဆီးဖို့ တိုက်တွန်းကြတယ်။ ဗမာနိုင်ငံတော်အတွင်းသို့ ဘီအိုင်အေတပ်ကြီး ချီတက်လာ စဉ်က သထုံဘက်မှာရှိတဲ့ ရွာတစ်ရွာ ကသူကြီးတစ်ယောက်ကို ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် သတ်ပစ်တယ်ရယ် လို့ ၁၉၄၆ခုဖေဖော်ဝါရီလ(၂၈)ရက် နေ့မှာကျင်းပတဲ့ လွှတ်တော်အစည်းအဝေး မှာ အတိုက်အခံ ဘက်တော်သား များက လူသိရှင်ကြား စွပ်စွဲလိုက်ကြတယ်။ ဒီစွပ်စွဲချက်သတင်းဟာ ရန်ကုန်မြို့ရှိ သတင်းစာများ လန်ဒန်မြို့ရှိ သတင်းစာများ၊ ကလကတ္တားမြို့ရှိ သတင်းစာများမှာ ပလူပျံနေအောင်ပါလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကိုလူသတ်မှုနဲ့ စွပ်စွဲလိုက်တဲ့အတွက် လူထုဟောပြောပွဲမှာ ''လူသတ်မှု''ကိစ္စကို ရှင်းလင်းယုံမျှမက သူဟာဘယ်အခါမှမတရားမလုပ် ဘယ်လိုပဲစွပ်စွဲစွပ်စွဲကြောက်ရွံ့ခြင်းမရှိဘူး၊ ကျွန်ုပ်၏လိပ်ပြာမှာ၊ အမြဲသန့်ရှင်းလျက်ရှိကြောင်း၊ ¬၁၃ဝ၇ခု၊ တန်ခူးလဆန်း(၁)ရက်၊ ၁၉၄၆ခု၊ ဧပြီလ(၁၂)ရက်နေ့မှာထုတ်ဝေတဲ့ သတင်းစုံ ဂျာနယ်စာ မျက်နှာ(၁၃)မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လိပ်ပြာသန့်သန့် သတ္တိရှိရှိပြန်လည်ချေပထားတာကို အောက်ပါအတိုင်းတွေ့ရတယ်။ ဥပဒေပြုလွှတ်တော်တစ်ခု၏ နံရံ(၄)ဘက်အတွင်း အစွမ်းကုန်ပေးအပ်ထားသည့် အထူးအခွင့်အရေးများကို အကာအကွယ်ယူလျက် ဘုရင်ခံ၏အမှုဆောင် ဝန်ကြီး(၂)ဦးတို့သည်၊ ဂျပန်ခေတ်က (ဘီအိုင်အေ)အား လူသတ်မှုဖြင့် ပုတ်ခတ်စွပ်စွဲချက်တစ်ခုမှာ ကျွန်ုပ်အား တိုက်ရိုက်သက်ဆိုင်စေလျက်ရှိရာ ထိုစွပ်စွဲလိုက်သူ အမှုဆောင် ဝန်ကြီးကိုယ် တိုင်ပင်လျှင် အထက်ပါစွပ်စွဲသည့်အမှုတွင်ပါဝင်ခြင်းမှ လုံးဝလွှတ်ကင်းပါ၏လောဟူသော မေးခွန်းမှာတွေးတော စဉ်းစားဖွယ်ရာပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ပရိသတ်ဗိုလ်ပုံအလယ်မှာ ကိုယ့်ပေါင်ကိုလှန်မထောင်းလိုသော်လည်း ဤကိစ္စကို ကလကတ္တားမှ (စတ်က်စ်မင်း)ကဲ့သို့ သောသတင်းစာများကပင် သတိပြုမိကြပြီးဖြစ်၍၊ ဟုတ်တိုင်းမှန်ရာကို ဖွင့်ဟပြောဆိုရန်မှာ ကျွန်တော်၏ တာဝန်ဝတ္တရားပင်ဖြစ်တော့သည်။ ထိုစဉ်အခါက ဘီအိုင်အေအုပ်ချုပ်ရေး အဖွဲ့ဝင် အချို့တို့၏ ကျူးလွန်မှုများကို သေးငယ်သွားစေရန်သို့မဟုတ် ပပျောက်သွားစေရန်ကာကွယ်ဖြေရှင်းခြင်း ကျွန်ုပ်မပြု လိုပေ။ စင်စစ်ထိုကဲ့သို့သောကျူး လွန်မှုများသည် တိုက်ပွဲများတောက်လျှောက်ဆင်နွှဲခဲ့ရသည့် ဘီအိုင်အေတပ်အစစ်နှင့် မတိုက်ဆိုင်လှချေ။ ကျွန်ုပ်ကိုယ်တိုင် ¤င်းကျူးလွန်မှုများကို လုံးဝမနှစ်သက်သည့်အကြောင်းကိုလည်း ထိုအခါကပင် အတိအလင်းပြောခဲ့သည်။ ထိုအချိန်အထိ ဘီအိုင်အေတပ်မတော်၏ ဂျပန်သေနာပတိဖြစ်သော ဗိုလ်မိုးကြိုး(ကာနယ်ဆူဇူးကီး)အား နှုတ်ဆက် သည့် အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သော ရန်ကုန်မြို့မှပရိသတ်တို့သည် ¤င်းကျူးလွန်မှုများနှင့် ပတ်သက်၍ ကျွန်ုပ်ဘာပြောခဲ့သည်ကို မှတ်မိကြပေလိမ့်မည်။ ထိုအခါကာလကအဆိုပါ ကိစ္စမျိုး အားလုံးမဖြစ်ပွားအောင် ကျွန်ုပ်တို့ မည်သို့မှမတတ်နိုင်ခဲ့သည်ကို ဗမာပြည်မှလူအများပင်ကောင်းစွာသိကြသည်။ ကျွန်ုပ်ယခုကဲ့သို့ဆိုနေခြင်းမှာ သရေကို ဆယ်လို၍လည်းမဟုတ်၊ ကိုယ့်ဘေးကိုယ့် ဒဏ်ကိုမြင်၍လည်းမဟုတ်၊ ကျွန်ုပ်အတွက် တာဝန်ရှိလျက်ရှိသော တာဝန်ကိုလွှဲ ပစ်ချင်၍လည်းမဟုတ် မှန်ရာကိုဟုတ်မှန်သည့်အတိုင်းဖွင့်ပြောအပ်သည်ဟု ယူဆ၍သာဖြစ်သည်။ အသရေကိုဆည်ခြင်း၊ ကိုယ့်ဘေးကို ရှောင်လိုခြင်းစသည်တို့မှာ လူအများအဖို့ သေမတတ်အရေးကြီးသည်ကိုလည်း ကျွန်ုပ်သိပေသည်။ ဤသို့ဖြစ်ခြင်းမှာ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် အပြစ်လွှတ်နိုင် မလွှတ်နိုင် ပုထုဇဉ်သဘောလျောချတတ်သည့် ဓမ္မတာအတိုင်းဖြစ်တော့သည်။ အထက်ပါကျူးလွန်မှုများနှင့်ပက်သက်၍ဆိုရလျှင် ဘီအိုင်အေသာမဟုတ် ဆုတ်ခွာ၍ ပြေးသော မဟာမိတ်တပ်အချို့သည်လည်း ကျူးလွန်မှုများပြုလုပ်ခဲ့သည်ပင်။ ထိုမျှမက ဗမာနိုင်ငံကို ကယ်တင်ပြီး နောက်မှပင် ရခိုင်ပြည်နေရာ အချို့မှာဖြစ်ခဲ့သလို မဟာမိတ်စစ်တပ်အချို့ ကျူးလွန်မှုများကို ကျွန်ုပ်တို့တိုင်ချက်များ ရရှိခဲ့လေသည်။ သို့ဖြစ်စေ ကျွန်ုပ်တို့အား စွပ်စွဲချက်များအကြောင်းကိုပဲဆိုကြပါစို့။ အကျဉ်းရုန်း၍သာ ကျွန်ုပ်ဖြေပါတော့မည်။ လူသတ်မှုဆိုသော အမှုတစ်မှုမှလွဲလျှင်အခြားအမှုများမှာ ကျွန်ုပ်နှင့်မဆိုင်၊ သို့သော် အချို့အမှုများအကြောင်း ကျွန်ုပ်သိရ သည်ကား ထိုအမှုများမှာလည်း လိုရာဆွယ်လုံးများ သို့မဟုတ် မမှန်သည့်အရာများဖြစ်လေသည်။ (လူသတ်မှု)ဟုဆိုသော အမှုတွင်ကား ရွာတစ်ရွာမှသူကြီးတစ်ယောက်သည် သူ၏ရွာသားများ ကိုယ်တိုင်က စွဲချက်တင်သော ပြစ်မှုများအတွက် သေဒဏ်အဖြစ်ပေးခြင်းခံခဲ့ရလေသည်။ သူကြီး၏ နာမည်၊ ရွာအမည်နှင့် သူ့ အပေါ်တင်ခဲ့သောစွဲချက်အတိအကျများကိုကား ကျွန်ုပ်ကောင်းစွာမမှတ်မိတော့။ ¤င်းသူကြီးမှာရွာသူ ရွာသားများ အပေါ် အလွန်ဆိုးသွမ်းပြီး ရက်စက်ညှင်းပမ်းခဲ့ခြင်းကြောင့် ၁၉၄၂ခု နှစ်ဦးတွင် ဗြိတိသျှအစိုးရတို့ တနင်္သာရီနယ်မှ ဆုတ်ခွာသွားသောအခါ သူ့အားရွာသူရွာသားများကပင်ဖမ်းဆီး၍ သထုံခရိုင်သို့ ရှေးဦးစွာရောက်လာ သောဘီအိုင်အေ အား အပ်နှံကြောင်းသာ ကျွန်ုပ်မှတ်မိတော့သည်။ ထိုအချိန်၌ ကျွန်ုပ်သည် အခြားလူတစ်ယောက်(ယခုကျွန်ုပ်အားစွပ်စွဲသူ)နှင့်အတူ ဘီအိုင်အေတပ်သားများစုရန်နှင့် ယာယီအမျိုးသား အစိုးရတစ်ခုဖြစ်မြောက်ရေးအတွက် လူစုရန်မြောက်ဘက်မှ ထိုနယ်သို့ဆင်းခိုက်နှင့် ကြုံနေလေသည်။ သထုံတွင် ငြိမ်းချမ်းရေးအဖွဲ့ခေါ် အုပ်ချုပ်မှုအဖွဲ့တစ်ခုကျုပ်တို့ဖွဲ့စည်းခဲ့သည်။ ထိုအခါက ¤င်းနယ်ပယ်တွင် အပြစ်ရှိသူ(၄-၅)ဦးအား ဖမ်းဆီးထားကြောင်းသိရလေသည်။ ¤င်းတို့အနက် အမှု တစ်ခုတွင် တရားခံအား ရွာသူရွာသားများကိုယ်တိုင်ကဖမ်းပြီး ဘီအိုင်အေကိုယ်စာလှယ်များထံ အပ်နှံကြခြင်းဖြစ်လျက်နှင့် အလွန်ထင်ရှားနေသောအမှုဖြစ်ကြောင်း သိရ ပြန်သည်။ တရားခံကျူးလွန်ချက်များအရ သူ့ အား သေဒဏ်ပေးမှဖြစ်မည့် အကြောင်းကို လည်း ကျွန်ုပ်အားအစီရင်ခံလေသည်။ ကျွန်ုပ် ကဤသို့ဖြစ်လျှင် သူ့အားသတ်ပြစ်ရမည်ဟု ပြောလိုက်ပြီးနောက် တရားခံကိုစီရင်လိုက် လေသည်။ ဤကားအမှုနှင့်သက်ဆိုင်သော အချက် အလက်များပင်တည်း။ အမှုတွင် စဉ်းစား ကြည့်ရှုနိုင်ရန် နှစ်ဘက်နှစ်ချက်ရှိလေသည်။ ပထမအချက်မှာ တကယ့်တရားသဘော ကြည့်ရှုနည်းဖြစ်၍ ဒုတိယအချက်မှာ ဥပဒေ သဘောကြည်ရှုနည်းပင်ဖြစ်သည်။ ကျွန်ုပ် ကား ဥပဒေသမားမဟုတ် လူလုပ်သည့် ဥပဒေများ ချို့ယွင်းဖောက်ပြန်တတ်ခြင်းနှင့် ပတ်သက်၍ အတ္တနောမတ် အယူအဆလည်း ရှိပေသည်။ ဥပဒေမျက်စိနှင့်ပင် လူတစ် ယောက်ကိုသတ်ပစ်ခြင်းသည်၊ အပြစ်ရှိ၊မရှိ မှာ စဉ်းစားဖွယ်ရာပင်တည်း။ အကြောင်းမူ ကား၊ ထိုအချိန်၌ ဗြိတိသျှအစိုးရအုပ်ချုပ် ခြင်းမှာ၊ ရပ်စဲသွားလေပြီ။ ထိုနယ်တွင် ဘီ အိုင်အေအုပ်ချုပ်ရေးအဖွဲ့သည် မိမိ၏ ရပ်သူ ရပ်သားများအပေါ် ရက်စက်ညှင်းပမ်းသော သူတစ်ဦးအဖြစ်ထိုသူအား အုပ်ချုပ်ရေးအဖွဲ့ အမည်ဖြင့် သေဒဏ်ပေးလိုက်သည်။ နောက် မကြာမီ ဂျပန်သေနာပတိက ¤င်း၏ အစိုးရ အောက်တွင် ဗမာအုပ်ချုပ်ရေးဖွဲ့ခဲ့သည်။ ထို အုပ်ချုပ်ရေးအဖွဲ့က ကြားကာလ အုပ်ချုပ်ရေး အဖွဲ့(ငြိမ်းချမ်းရေးအဖွဲ့)များကို အသိအမှတ် ပြုလျက် ဗြိတိသျှစီရင်အုပ်ချုပ်ရေး ပျက်သုန်း သည့် ကြားကာလအတွင်း အစည်းအရုံး တစ်ခုကသော်¤င်း၊ ကောင်းသောစိတ်ထားနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် လိုအပ်သည်ဟု ယုံကြည်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်လျှင်၊ အမှုလုပ်ခြင်း၊ တရားစွဲဆိုခြင်း၊ သို့မဟုတ် ဥပဒေအကြောင်းအရ၊ အရေးယူခြင်း မပြုရဟူသော ပြစ် ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးသော တချက်လွှတ်အမိန့်တစ်ရပ် ထုတ်ပြန် ခဲ့လေသည်။(၁၉၄၃ခု ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တစ်ချက်လွှတ်အမိန့် ဗမာနိုင်ငံတော်အစိုးရ)။ ကျွန်ုပ်သိရှိသလောက်ဆိုရလျှင် တရားဝင်သောအကြောင်းအရာများမှာ ဤအတိုင်းပင်ဖြစ်ပေသည်။ အမှန် ပြောရလျှင် အစီအစဉ်မှာ၊နည်းဥပဒေနှင့်ညီညွတ်ခြင်းမရှိသော်လည်း တိုင်းပြည်၏အခြေအနေနှင့် အချိန်ကာလကို လိုက်၍ လျင်မြန်လွယ်ကူသောနည်းများဖြင့်သာ တရားစီရင်ကြရသည်။ ကျွန်ုပ်တို့အထဲ မှပုဂ္ဂိုလ်များက ဤကဲ့သို့ ကြမ်းကြုတ်သောပြုမှုချက်များကို မကြိုက်မနှစ်သက်ကြသော်လည်း၊ ကျွန်ုပ်တို့ ယူလိုက်ကြရသောတာဝန်မှာ ကျွန်ုပ် တို့တိုင်းသူပြည်သားများ၏ အသက်နှင့်စည်းစိမ်ကို ကာကွယ်လိုက်ရခြင်းပင်ဖြစ်သည်။ ထိုစဉ်အခါက မည်သူတစ်ဦး တစ်ယောက်မျှလာရောက်၍ ထိုတာဝန်ကိုမယူသည့် အချိန်ပင်ဖြစ်လေရာ ကျွန်ုပ်တို့လည်းအခက်အခဲမျိုးစုံဖြင့် တတ်အား သမျှ တာဝန်ထမ်းရွက်ခဲ့ကြရသည်။ အခွင့်သင့်သဖြင့် ဤနေရာတွင် ကျွန်ုပ်တစ်ခုပြောပါရစေ၊ ယမန်နှစ်က ဗြိတိသျှ စစ်အုပ်ချုပ်ရေးခုံများမှ စစ်ဆေးစီရင်သောအမှုအခင်းများသည်။ အချက်ပေါင်းများစွာတွင် မှားယွင်းချို့တဲ့နေသည်ကို ကျွန်ုပ်တို့တိုင်းပြည်ရှိ ရှေ့နေရှေ့ရပ်များတွေ့ရှိခဲ့ရလေသည်။ သို့သော် ဥပဒေအချက်အလက်များကို ကျွန်ုပ်စိတ်မဝင်စား ဗမာပြည်ကဲ့သို့သော်လက်အောက်ခံ ကျွန်နိုင်ငံများတွင် ဥပဒေနှင့်ညီညွတ်တိုင်း တရားမှန်ကန်သည်ဟုမဆိုနိုင်။ တကယ့်တရားကိုယ်သဘောနှင့်ပြောရမည်ဆိုလျှင် ကျွန်ုပ်၏ ''လိပ်ပြာကား အမြဲသန့်ရှင်းလျက်နေ၏ ကျွန်ုပ်သည်မည်သူ့ကိုမှ တမင်သက်သက်မ တရားမလုပ်ခဲ့ ကျွန်ုပ်သော်လည်း ကောင်း ကျွန်ုပ်ဦးစီးခေါင်းဆောင်ခဲ့သော အဖွဲ့အစည်း(ဝါ)ခေါင်းဆောင်လျက်ရှိသော အဖွဲ့အစည်းသည်လည်ကောင်း၊ မတရားမမျှတဘဲ၊ အမှုကြီးများကို မှောက်မှားခြင်းမရှိခဲ့ကြောင်း တိုင်းသူပြည်သားအများကိုပင် တိုင်တည်ရပေလိမ့်မည်။ ဤတွင် ဗြိတိသျှအုပ်ချုပ်ရေး ဗမာပြည်သို့လာပြီးမှပင် မမှန်ကန်သောတရားစီရင်မှုများမလုပ်ဟုမဆိုနိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်၏လိပ်ပြာကား လုံးဝသန့်ရှင်လျက်ရှိသည်။ ကျွန်ုပ်၏လိပ်ပြာတည်းဟူသော ကိုယ်စောင့်နတ်ရှေ့တွင် ကျွန်ုပ်သည် အမြဲအားဖြင့် စေ့စေ့ကြည့်ကာ တည့်တည့်ဖြေဆိုနိုင်သည်။ ကျွန်ုပ်တို့အား ပုတ်ခတ်စွပ်စွဲခဲ့သူများသည် မိမိတို့၏ လိပ်ပြာကိုယ်စောင့်နတ်''တရားခုံ''တွင် ရှေးဦးစွာမိမိတို့ကို မိမိတို့အစစ်ဆေးခံပြီးမှ သူတစ်ပါးတို့အား စွပ်စွဲကြရန် အကြံပေးလေသည်။ (သြော်-ယောင်လို့) ငါတို့ပြည်ရှိ နိုင်ငံရေးသမားဆရာများကား၊ ဤကိစ္စမျိုးကို ကိုယ့်စောင့်နတ်နှင့် တိုင်တည်ကြ သည်မဟုတ်၊ ညစ်ပတ်သော ဝမ်းစာရေးနိုင်ငံရေးလို့ သဘောထားကြပါတကား၊မေ့နေသည် မေ့နေသည်။ ယောင်လို့ယောင်လို့ မေ့နေသည်။ ပျက်ကယ်ပျက်ကယ်လွှတ်တော်ကြီးက ပျက်ကယ်ပျက်ကယ်ကောင်းကြီးကောင်းကင်ဘုံမှမကျလာမီ ဖဆပလ ဘုရင်ခံ၏ အမှုဆောင်အဖွဲ့သို့ဝင်ရန် ညင်းဆန်လိုက်သည့်အခါကပင် သထုံအမှုမျိုးကိုကိုင်ပြီး ဖဆပလကိုပေါက်ရန် Óာဏ်နီÓာဏ်နက်ထုတ်ခဲ့ပုံတွေကို ငါသတိမမူခဲ့ဟန်တကား။ လက်တစ်ဘက်ကဥပဒေချောက် လုံးများကိုင်ဆွဲလျက် တဘက်တွင်ကား၊ ချော့လုံး မြှူလုံးမက်လုံးများကို ဆွဲကိုင်ကာ ဖဆပလအဖွဲ့မှ ''ပုထုဇဉ်လောကီသား'' နိုင်ငံရေးသမား အချို့အားအောင်မြင်စွာ (ဝါ)မရအရ ဆွဲထုတ် နိုင်ခဲ့သည်ကို ငါဂရုမပြုယောင်တကား။ ဤမျှ ခေတ်ဆိုးခေတ်ပျက်အတွင်း ဘယ်လိုအစိုးရမဆို ကျောင်းတော်ကရန်စမပါဘဲ၊ ပြည်သူပြည်သားများ၏ အကျိုးကိုရှေ့ရှုပြီး၊ စိတ်ရိုးသားရိုးနှင့်လုပ်ခဲ့သမျှကိုတရားဝင်ထောင်ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသော တချက် လွှတ်ဥပဒေတစ်ရပ်ထုတ် ပြန်ရန်ဖြစ်သော်လည်း ''နိုင်ငံရေးယုံ''တွေ့မြင်၍ ဤသို့ဥပဒေအပေါက်အလမ်း''ခြုံ''တွေ လက်တလော ဥပဒေတွေနှင့်ထားမြဲထားခြင်းကြောင့် ယခုအထိဗမာပြည်တွင် တဖက်စီးနင်း တရားအစီအရင်၏ အမျိုးမျိုးရွေးချယ်မှုတွေခံနေရသည်ကိုငါမသိယောင်တကား။ သက်ဆိုင်ရာ လောကတလွှားကို ကျွန်ုပ်အတိအလင်းပြောပြလိုက်ပါမည်။ သည့်အပြင်လူတွေကို သည်လိုနည်းမျိုး တွေ လုပ်၍ရချင်ရမည် ကျွန်ုပ်နှင့် ကျွန်ုပ်အပေါင်း အပါလူတွေကိုလုပ်ရမည်မထင်ပါနှင့် ဘယ်လိုဥပဒေချောက်လုံး ဖြစ်ဖြစ် ဘယ်လိုမြှူလုံးမက်လုံးတွေနှင့်ဖြစ်ဖြစ် ကျွန်ုပ်၏စိတ်ကား၊ နကံမ္ပတိမ တုန်လှုပ် ကျွန်ုပ်အဖို့ဆိုလျှင် ကျွန်ုပ်၏တစ်ခုတည်းသော ဝတ္တရားအဖြစ် အမှု တော်ထမ်းရွက်နေသည့် တိုင်းသူပြည်သားတွေ၏ တရားရုံးအစီအရင်ကိုသာ လျှင်တရားသည်မှန်သည်ဟု ယခုကျွန်ုပ်ယူဆသည်။ သို့သော် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လက်ငင်းစူးနိုင်သော ဘုရားလုပ်ခြင်းခံချင် ခံရမည်ဟုလည်းကျွန်ုပ် သိသည်။ သို့သော်ဤမျှနှင့် ဤအချိန်တွင်တော်ဦးမည်။ အခြား''နိုင်ငံရေး'' စွပ်စွဲ ချက်တွေနှင့်ပတ်သက်၍အကျယ်မဖြေဆိုတော့ပြီ။ တိုတိုပြောရလျှင် ဘယ်လို သမာသမတ်ကြားခုံဖြစ် ဖြစ်အထိုင်ခိုင်းလို့ အစစ်ဆေးခိုင်းပါစေ။ တကယ့် တရား တကယ့်သစ္စာ ထိုအခါမှပေါ်လာလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်''လိပ်ပြာ'' ကားကျွန်ုပ်၏ကိုယ်စောင့်နတ်အမြဲဖြစ်ပြီး ထိုတရားခွင် တွင် အစဉ်သဖြင့်ဝင်၍ ဖြေဆိုရန်အသင့်ပင်။ (ပုံ) အောင်ဆန်း ၆.၄.၄၆ ဆက်လက်ဖော်ပြပါမည်။
                                                                   
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။