Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 16, 2012

အဖြစ်များလေ့ရှိတဲ့ အရေပြားပြဿနာများ အပိုင်း(၁)

16 November 2012 |By Health Digest
အရေပြားပေါ်မှာ အရောင် ဒါမှမဟုတ် အထူအပါး၊ အကြမ်း အချော ပြောင်းလဲမှုရှိလာတာ တွေ့ ရပါသလား။ ဒါမှမဟုတ် ရောင်ရမ်း နေတာမျိုးရှိလား။ နဂို ကျန်းမာစိုပြေ ချောမွတ်နေတဲ့ အရေပြားပေါ်မှာ အဲဒီလို အပြောင်းအလဲတွေ စပြီး တွေ့ရ၊ ခံစားလာရပြီဆိုရင် ဒါဟာ ကူးစက်ပိုး ဝင်ရောက်ခံနေရပြီ ဆိုတာ ပြသနေခြင်းပဲဖြစ်ပါတယ်။ ပိုးကြောင့် မဟုတ်ပြန်ဘူးဆိုရင် နာတာရှည် အရေပြားအခြေအနေတစ်မျိုးမျိုး ကြောင့်လား၊ ဓာတ်မတည့်ပစ္စည်း ဒါမှ မဟုတ် ကသိကအောက်ဖြစ်အောင် လုပ်နေတဲ့ ပစ္စည်းတစ်ခုခုကြောင့်လား ဆိုတာ တွေးတောစရာဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ အရွယ်ရောက်သူ တွေမှာ အဖြစ်များလေ့ရှိတဲ့ အရေပြား ပြဿနာလေးတစ်ခုကို ရှာဖွေဖော်ပြ လိုပါတယ်။
ဆင်ရေယုန် (Herpes Zoster သို့မဟုတ် Shingles) အရပ်ထဲမှာတော့ ဆင်ရေယုန် လို့ခေါ်လေ့ရှိတယ်။ ဆေးပညာမှာ တော့ Varicella-zoster Virus ဗေရီဆဲလားဇိုစတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အရေပြား ရောဂါဖြစ်ပါတယ်။ ၄င်းရောဂါဟာ စပေါက်လာဖြစ်လာချိန်မှာ ပူစပ်ပြီး တင်းနေတတ်ပါတယ်။ အရေပြားက လည်း နာလွန်းတော့ ဆတ်ဆတ်ထိ အကိုင်မခံနိုင်ပါဘူး။ နောက်မှာ ဗြုတ်ထလာတဲ့ အစက်လေးကနေ နာကျင်ကိုက်ခဲလာတဲ့ မီးလောင်ဖု အရွယ် အနာလေးများထိ ကြီးထွား လာပါတယ်။ ဒီလိုကြီးထွားပွားများလာ တာဟာ နှစ်ပတ်အတွင်း အမြန်နှုန်း ကြီးထွားတာပါပဲ။ ဆင်ရေယုန် ပေါက်လေ့ရှိတဲ့နေရာတွေကတော့ ရင်ဘတ်၊ ခါး၊ ချက်တစ်ဝိုက်စတဲ့ ခန္ဓာကိုယ်ရှေ့ခြမ်း၊ နောက်ခြမ်း ဘေး ၂ ဖက်အပြင် တင်ပါးပတ်လည် ပွားလာတတ်ပါတယ်။ တချို့လူနာ တွေမှာ နဖူးနဲ့ မျက်လုံးတစ်ဝိုက်၊ မျက်လုံးအတွင်းထဲထိ ပေါက်တတ် တယ်။ အတော့်ကိုဆိုးတာပါပဲ။ ဒီဗိုင်းရပ်စ်ပိုးကြောင့် ခံစားရတဲ့ ဝေဒနာဟာ အခြားဝေဒနာတွေနဲ့မတူ ဘဲ ပူစပ်နေပြီးတင်းကာ အရေပြားကို ဆွဲဆန့်ထားသလို ခံစားရတယ်လို့ လူနာများက ပြန်ပြောပြတတ်ပါတယ်။
တချို့ အမျိုးသမီးတွေ ရင်ဘတ် ရင် သား နှစ်ဖက်စလုံးမှာ ပတ်ပြီး ကူး စက်ပေါက်ပွားလာတဲ့အခါ အဝတ် အစားဝတ်ဖို့ အတော်ခက်ခဲသွားကြ တယ်။ အတွင်းခံတောင် မကပ်နိုင် ဖြစ်ပြီး အင်္ကျီပွပွကြီးတွေ ဝတ်ထား ကြရပါတယ်။ မီးလောင်ဖုလေးတွေလို အရည်ကြည်ဖုတွေကို ဖိမိတိုက်မိလို့ ပွတ်မိလို့ ပေါက်သွားတဲ့အခါ အရည် ကြည်လေး တွေထွက်လာပြီး ထို အရည်ကြည်နဲ့ ထိသွားတဲ့ အရေပြား နေရာကို ထပ်မံကူးစက် ပွားစေလို့ နေရထိုင်ရကသိကအောက် ဖြစ်စေ ပါတယ်။ တစ်ဖန် တချို့သောသူတွေ မှာ အသေးအဖွဲ အရေပြားပြဿနာ လို့ တွေ့ရပေမယ့် တချို့လူတွေမှာ သက်သာလာတယ်မရှိဘဲ ပို၍ ပို၍ ဆိုးရွားပြင်းထန်လာတာမျိုး တွေ့ရပြန် ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဆင်ရေယုန် ကြီးများမှာ အဖျားပါတက်လေ့ရှိတတ် တယ်။ ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်၊ ၁၀၃ ဒီဂရီဖာရင်ဟိုက် ထိတောင် ကြီးလေ့ရှိပြီး အဖျားတက် ကာ ချွေးတွေထွက်လာတတ်ပါတယ်။ ချွေး ကထွက်၊ အနာက အရည်တွေ ထွက်လာပြီး ကပ်နေတာ အရေပြားနဲ့ အဝတ်အစားကပ်ပြီး တော်တော်နဲ့ ခွာချလို့မရ တတ်တာမျိုးလည်း ကြုံရကြောင်း လူနာတချို့က ပြောပြ ပါတယ်။
တချို့က ရေယုန်ဆိုရင် ရေမချိုး ရဘူး၊ ရေချိုးရင် ပိုပွားတယ်လို့ အရပ် ထဲမှာ ပြောလေ့ရှိပါတယ်။ အမှန်က Herpes Zoster ပိုးကူးစက်ခံရလို့ မီးလောင်ဖုလို အဖုတွေဖြစ်လာပြီ ဆိုရင် ဗိုင်းရပ်စ်ပိုးတွေ အတော့်ကို ပွားနေတဲ့ အဆင့်ဖြစ်ပါတယ်။ တစ်ဖန် ထိုအဖုလေးတွေ ပေါက်ပြီး စုတ်ပြဲ ထွက်လာတာနဲ့အမျှ ဗိုင်းရပ်စ်ပိုး တွေဟာ ၄င်းနံဘေးရှိ ကျန်းမာနေတဲ့ အရေပြားတွေရှိရာသို့ အရည်စီးလာတဲ့ လမ်းတစ်လျှောက် ဆက်လက်ကူးစက် ပိုးတွယ်ပွားများလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးရင် ပိုသန့်ရှင်းစေ ပါတယ်။ လူ အများစုကတော့ ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီအနာတွေ မပျောက်ခင် ၂ ပတ်၊ ၃ ပတ်လောက်တော့ အိပ်မရအောင် နာကျင်ကိုက်ခဲ ပြီး အစားအသောက်ပျက်၊ အအိပ်ပျက်၊ အလုပ်အကိုင်ပျက် ကသိကအောက် နေထိုင်ရပါတယ်။ အနာက လည်းနာ၊ ယားကလည်း ယားယံ၊ ကုတ်လိုက် မိလေ ပိုဆိုးလေမို့ အတော်ဆိုးတဲ့ ဝေဒနာပါပဲ။ ထုံကျဉ်ပြီးနေ တတ်ပါ သေးတယ်။ ဖျားရင် ပိုဆိုးတယ်။ ဒီဆင်ရေယုန်ကြီးမျိုး ပေါက်ရင် တော့ လနဲ့ချီပြီး ဝေဒနာ ခံစား ရတတ်ပါတယ်။
တချို့များ သနား စရာကောင်းတာကတော့ နှစ်နဲ့ချီပြီး ဒုက္ခပေးတာ ခံရတတ်ပါတယ်။ တချို့ ပိုပြီး ဆိုးရွားတာ ကတော့ ဒီဆင်ရေ ယုန်ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခံရပြီး တစ် သက်လုံး မပျောက်တော့ဘူး။ ပြန် ကောင်းလိုက်၊ ပြန်ပေါက်ပွားလာလိုက် နဲ့ အတော့်ကိုဆိုးတဲ့ ဗိုင်းရပ်စ်လို့ ပြောရမှာဖြစ်တယ်။ ဗိုင်းရပ်စ်သတ်ဆေးဝါးတွေနဲ့ အတူ စတီးရွိုက်ဆေးများ၊ စိတ်ကျ ရောဂါကုဆေးဝါးများ၊ ရေယုန်လိမ်း ခရင်မ်များပေးခြင်းဖြင့် ဆင်ရေယုန် အရေပြားရောဂါကိုကုသလေ့ရှိပါတယ်။ အမှန်တော့ ဒီဗိုင်းရပ်စ်ပိုးတွေ ဟာ ပဲသီတာလို့ အရပ်ထဲမှာ ပြော လေ့ရှိတဲ့ Chicken Pox ခေါ် ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်နဲ့ အမျိုးအစား အတူတူဖြစ်ပါတယ်။ တချို့လူတွေမှာ ပဲသီတာ ပေါက်တာ ဟိုတစ်ကွက်၊ ဒီတစ်ကွက်အသေးစားလေးသာပေါက် ပြီး ၂ ရက်၊ ၃ ရက်နဲ့ ပြန်ကောင်း သွားပါတယ်။ တချို့ကလေးတွေမှာ မီးလောင်ဖုလိုထလာတာ ၂ လက်မ လောက်ဖုကြီး အထဲက အရည်က တလှုပ်လှုပ်နဲ့ မြင်ရသူလန့်လောက် အောင် ပေါက်တာမျိုး တွေ့ခဲ့ဖူးပါ တယ်။ တစ်ဖန် တချို့ကြပြန်တော့ အသက် ၂၆ နှစ် အရွယ်ရောက်မှ ပဲသီတာပေါက်ပြီး တစ်ကိုယ်လုံး နေရာလွတ်မရှိ ပေါက်တာမျိုးလည်း တွေ့မြင်ခဲ့ဖူးပါတယ်။
ဆိုလိုချင်တာ ကတော့ Shinles ခေါ် Herpes Zoster ရောဂါဟာ ပဲသီတာ (Chicken Pox) ပေါက်ပြီး ပြန် ကောင်းသွားပေမယ့် ခန္ဓာကိုယ်ထဲက တချို့သော အာရုံကြောနာဗ်ကြော တွေထဲမှာ ခိုဝင်ကျန်ရစ်ခဲ့တတ်ပါ တယ်။ နောင်နှစ်ပေါင်းများစွာကြာ တော့ ဒီနာဗ်ကြောထဲက ဗိုင်းရပ်စ် ပိုးတွေ တစ်ဖန်ပြန်လည်သက်ဝင် လှုပ်ရှားလာပြီး ဆင်ရေယုန်လို ပြန် ပေါက်တတ်ပါသေးတယ်။
- ဒါကြောင့် မည်သည့်အသက် အရွယ်မရွေး အသက် ၆၀ ကျော်ရင် တောင်မှ ပေါက်နိုင်တယ်။
- အသက် ၁ နှစ်သားမတိုင်ခင်မှာ ပဲသီတာပေါက်ပြီးခဲ့ဖူးရင်လည်း ပြန်ပြီး ဒီဗိုင်းရပ်စ်ထလာနိုင်တယ်။
- သင့်ရဲ့ ခုခံအားစနစ်ကျဆင်း အားနည်းလာရင်လည်း ပြန်ဖြစ်နိုင် တယ်ဆိုတာ အသိပေးပြောရင်း နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြ လိုပါတယ်။
ဒေါက်တာရည်ညွန့်မေ
Health Digest

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။