Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 1, 2017

''ပြင်စမ်းပါ ကောင်းစေချင်တဲ့ စိတ်နဲ့  ပြင်ပေးစမ်းပါ''"

.
## ကလေးတွေ ရင်ထဲ ကြည့်တတ်ဖို့ လိုတယ် ..
.
လိမ်မာစေချင်လို့ ဆိုပြီး ရိုက်နေလည်း လိမ်မာလာမှာ မဟုတ်ဘူး။ ကလေးတွေကို ပြုပြင်ချင်ရင် ကလေးတွေ အကြောင်းသိဖို့လိုတယ်။ ဒါကြောင့်လည်း child psychology, educational psychology, educational technology ဆိုတာတွေ သင်ရတာပေါ့။
.
အတိုဆုံးပြောရရင် ကလေးတွေ ရင်ထဲဝင်ကြည့်တတ်ဖို့လိုတယ်၊ မေတ္တာစိတ်လဲ လိုတယ် ..
-_ _ _ _ _ _ _ _ _

. Copy

''ပြင်စမ်းပါ ကောင်းစေချင်တဲ့ စိတ်နဲ့  ပြင်ပေးစမ်းပါ''"

------------------------------------------------------------------

"ဟိုကောင်ကျောင်းပြေးတယ်ဆို ခွေးသူတောင်းစားလေး ဘယ်လောက်ရိုက်ရိုက်မမှတ်ဘူး''

ဘယ်ကသတင်းရလာသည်မသိ အိမ်ထဲကို
ဒေါနဲ့ မောနဲ့ ဝင်လာသော ခင်ပွန်းသည်ကို မိမိပါရောလန့် နေမိ သည်....

''အဲ့အကောင်ဘယ်မှာလဲ''

''ပြန်မလာသေးဘူးယောကျာ်း''

''အရည်ခွံစုတ်ပြီမှတ် ပြန်လာရင် နင့်သားကို
ကြိုးနဲ့ ချည်ထား''

ခြံဝန်းထဲသို့ ရောက်နေပြီဖြစ်သော ခင်ပွန်း၏အစ်ကို မိမိ၏ခဲအိုကို မမြင်ပဲ
ဒေါသအိုးကြီး ပေါက်ကွဲနေသည်

ခဲအိုဖြစ်သူက
''တိုင်မှာကြိုးချည်ပြီး ဘာလုပ်မလို့ လဲ ကွ''

''ဟာ အစ်ကို .. ဘာလုပ်ရမှာလဲ ရိုက်မလို့ ပေါ့ အစ်ကို့ တူ ကျောင်းပြေးတတ်နေပြီ ဒီကောင်က ပါးစပ်နဲ့ ပြောရင် ရမယ့်ကောင်မဟုတ်ဘူး ရိုက်မှမှတ်မယ့်ကောင်''

''မင်းကအခုမှ စရိုက်မှာလား တစ်ခါမှ မရိုက်ဖူးဘူးလား''

''ရိုက်တာပေါ့... ဒီကောင်က အမှတ်မရှိတာ ဒီတစ်ခါတော့မှတ်သွား
အောင်ရိုက်ပစ်မယ်''

ခယ်မဖြစ်သူကိုကြည့်တော့ တားပါဦးအစ်ကိုရယ်ဆိုတဲ့ မျက်ဝန်းနဲ့ 
''ရိုက်ရင်မှတ်တယ်လို့ မင်းကို ဘယ်သူကပြောတာလဲ
ဘယ်လိုမျိုးမှတ်တာလဲ''

''ကျနော်တို့ ငယ်ငယ်တုန်းက အဖေလည်း ဒီလိုရိုက်နှက်ဆုံးမခဲ့တာ ပဲလေ''

''မင်းကိုယ်မင်းပြန်မေးကြည့်စမ်း
မင်းအရိုက်ခံခဲ့ရတုန်းက ကျောင်းပြေးခြင်းသည် အသိဥာဏ် နောက်ကျခြင်းကို ဖြစ်စေသည်လို့  မှတ်ခဲ့တာလား ဒါမှမဟုတ် ကျောင်းပြေးခြင်းသည် အရိုက်ခံရခြင်းကို ဖြစ်စေသည်လို့  မှတ်ခဲ့တာလား''

ငယ်ငယ်ကတည်းက လေးစားချစ်ခင်ရပြီး ၅နှစ်လောက်ကွာတဲ့အစ်ကို စကားမို့  နည်းနည်းတွေဝေသွားမိသည်
ထိုစဉ်တွင် ကုပ်ချောင်းကုပ်ချောင်းဖြင့် သားဖြစ်သူပြန်ရောက်လာသည်

''ဒါပေမယ့်အစ်ကိုရာ ဒီလောက်ရိုက်နေတာတောင် ဒီကောင် အဖေကို ဂရုမစိုက်ဘူး''

''သိပ်အရိုက်မကြမ်းနဲ့ ညီလေး
အာခံစရာအင်အားမရှိလို့ ငြိမ်ခံနေပေမယ့် သူမင်းကို နာကျည်း သွားလိမ့်မယ်''

''အဖေဖြစ်သူက ကောင်းစေချင်လို့  ဆုံးမတာပဲ နာကျည်းလဲ ကျည်းပစေ ပေါ့ဗျာ ဘာကိုဂရိုစိုက်ရမှာလဲ''

''ဟူး... အဖေ့မေတ္တာကို အချိန်တန်ရင် နားလည်မယ်လို့  ပြောလေ့ရှိကြတယ်...
အဲ့ဒါမှားတယ် အချိန်နှောင်းမှ နားလည်သွားကြတာ
အခုပြောရင် အခုနားလည်ရမယ်
နောက်မှနားလည်တော့ နောင်တပဲ ရလိမ့်မယ် ဒီကိစ္စမှာ အဖေဖြစ်သူ သားသမီးကို နားလည်အောင် ပြောပြနိုင်စွမ်းရှိရမယ်

မင်းကျောင်းပြေးတုန်းက အဖေရိုက်ခဲ့တာကို ပြန်ပြီးမြင်ယောင် ကြည့်ကွာ ၁၉၉၀လောက်ဖြစ်မယ် ထင်တယ်... မင်းက၅တန်း ငါက ၁၀တန်း... မင်းကျောင်းပြေးတဲ့သတင်းကို အဖေကြားတော့ သူဒေါသဖြစ်နေတဲ့ မျက်နှာက ကြောက်စရာ... အဖေ့ဒေါသကို သိတဲ့ငါက မင်းကို ကြိုပြီးသနားနေမိတယ် ငါကစိတ်ကြီး
တယ်လို့ ကြွေးကျော်ထားတဲ့ ဖေဖေ့ကို ငါရော မေမေရော မတားရဲခဲ့ဘူး... မေမေကလည်း ဖေဖေ့ကို နားဝင်အောင် ပြောပြနိုင်စွမ်းအားနည်းတယ်

နောက်ပြီးမင်း... လုပ်ချင်ရာလုပ်ခဲ့ပြီးမှ အိမ်အပြန်ခြေလှမ်းတွေမှာ ကြောက်ရွံ့ ခြင်းတွေ ဘယ်လောက်တောင် ခိုတွဲနေလဲ... ငါသိတယ် အဲ့ညနေက မင်းကြောက်နေတယ်... ကိုယ့်ကို နာအောင်လုပ်သူကို မုန်းတီးတတ်တာ သဘာဝပဲ... မတတ်သာလို့  ငြိမ်ခံကောင်းခံမယ်
အဖေမို့ အမေမို့ ရယ်လို့  မရှိဘူး
အဲ့ဒိအခိုက်အတန့် မှာ ဖြစ်နေတဲ့ စိတ်တွေက ကြောက်ရွံ့ ခြင်း နာကျင်ခြင်း မုန်းတီးခြင်းတွေပဲ...
ဘယ်လောက်ပဲ အချိုတွေကျွေးခဲ့ ကျွေးခဲ့ ..
ငြု ပ်သီးကျွေးတဲ့အခိုက်အတန့် မှာ စပ်မယ် တမာသီးကျွေးရင် ခါးမယ်
ဒါဟာ သဘာဝပဲ... ရက်မကြာခင်မှာ အရည်ပြားပေါ်က နာကျင်ခြင်းတွေက ပျောက်သွားမယ်
တကယ်တော့ ပျောက်သွားတာမဟုတ်ဘူး နှလုံးသားထဲကို စိမ့်ဝင်သွားတာ...
အဖေပေးတဲ့ ရောဂါပိုးတွေဟာ မင်းဆီကို ကူးစက်နေခဲ့ပြီ..

ငါ့တုန်းကလည်း ခံရတာပဲဆိုတဲ့ စိတ်တွေမင်းဆီမှာ ရှိတယ် နောက်တစ်ချက်က ဒီကောင်ငါပြော တာကို နားမထောင်ရကောင်းလား ဆိုတဲ့ ဒေါသမာနတွေ မင်းရင်ထဲမှာ ရှိတယ် မင်းကိုယ်မင်းပြန်မေးကြည့် သားကို လိမ္မာစေချင်တဲ့စိတ်က ပိုများလား ငါ့ကိုတော့လာမစမ်းနဲ့ ဆို တဲ့စိတ်ကပိုများလားဆိုတာ ''

''ကိုယ့်သားကိုယ် မချစ်ပဲနေပါ့မလား ချစ်တော့လိမ္မာစေချင်တယ် လိမ္မာစေချင်တော့ဆုံးမတယ်လေ''

''ကဲ ဒါဆို ရော့''

''နာရီကဘာလုပ်ဖို့ လဲ''

''ပြင်ပေးစမ်းပါ ပျက်နေလို့ ''

''ကျနော်မှ မပြင်တတ်တာ နေပါဦး
ဒီကိစ္စနဲ့ ဘယ်လိုပတ်သတ်လဲ''

''ပြင်စမ်းပါ ကောင်းစေချင်တဲ့ စိတ်နဲ့  ပြင်ပေးစမ်းပါ''

ညီဖြစ်သူ တစ်ချက်ငိုင်သွားသည်

''သဘောပေါက်ပြီလားညီ
ကောင်းစေချင်ပါတယ်ဆိုတဲ့ ဆန္ဒသက်သက် မေတ္တာသက်သက်
နဲ့  ပျက်နေတဲ့အရာကို ပြင်မရဘူး
ပြင်တတ်ဖို့ လိုတယ် ဒါဟာ ပညာပဲ
နာရီပြင်တတ်ဖို့  နာရီအကြောင်း
လေ့လာထားဖို့ လိုတယ်

မင်းသားကို မင်းဘယ်လောက် အချိန်ပေးပြီး လေ့လာထားလဲ
မင်းသားဘာတွေခံစားနေရတယ် ဘာပြသနာတွေရှိနေလဲဆိုတာကို မေးကြည့်ဖူးလား
စကားလက်ဆုံရော ပြောဖြစ်ရဲ့လား
ကလေးတစ်ယောက်ကို ဆုံးမတယ် ဆိုတာပညာအလုပ်ပဲ
အဖေဆိုတာနဲ့ ပဲ အလိုလိုတတ်မြောက် နေတာမဟုတ်ဘူး''

''ဒါဆိုကျနော်က ဘာလုပ်ရမှာလဲ
ချော့မော့နေရမှာလား ပိုရောင့်တက်သွားမှာပေါ့''

''ငါလုပ်ပြမယ်ကြည့်
ညီမလေး နင့်သားကို ခေါ်စမ်းပါ''

''သားရေ သားဘဘက ခဏလာပါဦးတဲ့''

သူ့ အဖေနဲ့ တွဲထိုင်နေသော ကျနော့် ထံသို့ 
ခပ်ရို့ ရို့ မျက်နှာဖြင့် ထွက်လာသည်

''ဘဘသားကို စကားကြိုခံထားမယ်
ဘဘမေးတဲ့ မေးခွန်းတွေကို သားသူငယ်ချင်းက မေးသလိုမျိုး ခံစားပြီး ဖြေပေး
ပြောချင်တာက မလိမ်နဲ့  မကြောက်နဲ့ 

''ဟုတ်ကဲ့ဘဘ''

''သားဘာလုပ်ဖို့ ကျောင်းပြေးတာလဲ
gameဆော့ဖို့ လား အိမ်စာမပြီးလို့  လား ဒါမှမဟုတ်မေးမယ့်စာမရလို့  လား''

၇တန်းကျောင်းသားဖြစ်သူတူလေးက မျက်ရည်လေးဝဲတဲဝဲတဲဖြစ်ကြည့်နေ သည်...

''ဟေ့ကောင် ဖြေလိုက်လေ'
ညီဖြစ်သူက စိတ်မရှည်စွာ ထဟောက်သည်... ကလေးက လန့်  နေချေပြီ

''သားသူငယ်ချင်းနဲ့  gameဆော့ချင်လို့ ပါ''

''ဒီတစ်ခုတည်းလားသား''

''အိမ်စာလည်းမပြီးသေးလို့ ပါ''

''ဘာစာကူးခိုင်းတာလဲ''

''သမိုင်းပါဘဘ''

စာကူးရသည့်ပြသနာက အခုချိန်ထိ မပြီးနိုင်သေး... တကယ်ဆို ပုံနှိပ်စာအုပ်တွင်ရှိသောစာကို ဘာကြောင့်မှ ကူးယူစရာမရှိ...
မှတ်စုလောက်မှတ်သားခြင်းမျိုးကို သာလက်ခံစရာရှိသည်... အိမ်စာဆိုလည်း
ဖတ်ခဲ့ဖို့ လောက်သာ မှာသင့်သည်မဟုတ်လား
ကြိုဖတ်ထားမှသာ ဆရာကပြန်ရှင်း သည့်အခါ ပို၍လွယ်ကူမည်ကို သဘောပေါက်သည်...
သို့ သော် ကူးခိုင်းသည့်အခါ ဖတ်ဖို့ ထက်
စာပြီးဖို့ သာစိတ်ရောက်နေကြောင်း ကူးခိုင်းသည့်ဆရာများ သဘောမပေါက်ခြင်းပေလော..
သို့ သော်မတတ်နိုင်ပြီ...
ဤသည်ကား ဓလေ့လို ဖြစ်နေလေပြီ

''ဆရာက ခိုင်းရင် လုပ်ရမှာ ကျောင်းသားတစ်ယောက်ရဲ့ တာဝန်ပဲ သား...စာမလုပ်တဲ့ ပျက်ကွက်မှု အပြစ် ကနေ ကျောင်းပြေးတဲ့ ဖောက်ဖျက်မှု အပြစ်ကိုပါသား
ကျူးလွန်ခဲ့ပြီ သားကိုယ်သား အပြစ်ရှိတယ်လို့  ယူဆလား''

''ဟုတ်''

''သားမြင်ရမယ့်အချက်တွေပြောပြမယ်... သားမိဘတွေက သားကို စာတတ်စေချင်တယ်ဆိုတာကို နားလည်ရမယ် ယုံကြည်ရမယ် သားကိုယ်တိုင်လည်း စာတတ်ရမယ် လို့ ယုံကြည်ကြိုးစားရမယ်... ဒါပေမယ့်ဘယ်ကျောင်းသားကမှ ကျောင်းတတ်ရတာကို အပြည့်အဝ မပျော်ကြဘူး... အပြည့်အဝမပျော်ဘူးဆိုတာက ကျောင်းဖွင့်လျှက်နဲ့  ကျောင်းမတတ်ချင်တဲ့စိတ်မျိုး ဘဘတို့ ငယ်ငယ်ကလည်း ဖြစ်ဖူးတယ် ဆရာတွေစာမသင်နိုင်ပဲ အစည်းအဝေးလုပ်တဲ့အခါပျော်တယ
ကျောင်းပြေးချင်တဲ့စိတ် စာသင်ရမှာ ပျင်းတဲ့စိတ်ဟာ သဘာဝဆိုပေမယ့် အမှန်တရားတော့မဟုတ်ဘူး...
လောကကို စည်းကမ်းဥပဒေက အုပ်ချုပ်တယ်... ကျောင်းပြေးခြင်းဟာ စည်းကမ်းဖောက်ဖျက်ခြင်းပဲ
ကျောင်းတစ်ရက်ပြေးရင် ကျောင်းက သင်ပေးတဲ့ တစ်ရက်စာအသိပညာကို သားဆုံးရှုံး ရမယ် ကျောင်းတတ်ပါဆိုတဲ့ မိဘဆန္ဒကို လွန်ဆန်ရာရောက်တယ်
ဒါကြောင့်ကျောင်းသားတစ်ယောက် ကျောင်းပြေးခြင်းဟာ ကြီးတဲ့အပြစ်ပဲ''

''ဟုတ်ကဲ့''

''အရင်က ကျောင်းပြေးတော့ သားဖေဖေသားကို ဘာလုပ်လဲ''

''ရိုက်တယ်''

'ဘယ်နှစ်ချက်ရိုက်လဲ''

''ဘယ်နှစ်ချက်မှန်းမသိဘူးဘဘ အများကြီးရိုက်တယ်''

''ဟုတ်ပြီ သားမှားတာကို ဘဘလည်းသိတယ် သားလည်းသိတယ်
သားအမှားအတွက် သားဘယ်လို တာဝန်ယူမလဲ''

''အရိုက်ခံမယ်ဘဘ ''

''ဘယ်နှစ်ချက်ရိုက်စေချင်လဲ''

တူဖြစ်သူခဏတွေဝေသွားသည်။

''ရဲရဲပြောသား''

'သုံး... သုံးချက်''

'ကဲ ဒါက သားအမှားအတွက် တာဝန်ခံမှုကို သင်ပေးတာပဲ
အပြစ်လုပ်မိရင် ပြစ်ဒဏ်ကိုခံရမယ်။
သားသင့်တော့မယ်ထင်တဲ့ တုတ်တစ်ချောင်းရှာလာခဲ့
သားကို ရိုက်စေချင်တဲ့လူကို တုတ်ပေးလိုက်
ဖေဖေ မေမေနဲ့  ဘဘရှိတယ်။
သားကြိုက်တဲ့သူလက်ထဲ တုတ်ကို ထည့်လိုက်''

ခဏနေတော့ သူ့ အဖေရိုက်နေကျ တုတ်လေးကို သူ့ အဖေလက်ထဲသို့  မရဲတရဲလေးထည့်လိုက်သည်။

တုတ်ကိုင်ထားတဲ့ ညီဖြစ်သူရဲ့လက်ဟာ တုန်ရင်နေတယ် တုတ်ကို လွှတ်ချလိုက်ရင်း ကျနော့်ကို လှည့်ကြည့်တယ်။

''ဟုတ်တယ်အစ်ကို ကျနော်သူ့ ကို သားတစ်ယောက်အဖြစ်ချစ်ခဲ့တာက လွဲရင်
သူ့ အသိဥာဏ်နဲ့  သူ့ ခံစားချက်ကို လူရာမသွင်းခဲ့ဘူး...
ဖေဖေကျနော့်ကို နားလည်ပေးပါလား လို့  မျှော်လင့်ခဲ့ဖူးပေမယ့် ကျနော့်သားအပေါ်ကျတော့ နားလည်ပေးဖို့  ကျနော်ကိုယ်တိုင် ပျက်ကွက်ခဲ့မိတယ် ကျနော်၇တန်း ကျောင်းသားဘဝမှာ ကိုယ့်ကိုယ်ကို ငယ်တယ်လို့  မထင်ခဲ့ဘူး ၇တန်းအရွယ်သားကိုကျတော့ ဘာမှမသိတဲ့ကောင်လို ဆက်ဆံခဲ့မိတယ်''

အဲ့ဒိညနေလေးမှာ ညီလေးတို့  မိသားစုရယ် ကျနော်ရယ် ထမင်းလက်စုံစားဖြစ်ခဲ့ပါတယ်

****************************
အက်ဒီဆင်ရဲ့မိခင်ဟာ ကျောင်းက ပို့  တဲ့တိုင်စာကို အက်ဒီဆင်မသိအောင် ဖွက်ထားခဲ့တယ်။
ရှင့်သားက ဥာဏ်တုံးတယ် ဥာဏ်နည်းတယ်ဆိုတာကို သူ့ သားကို ပေးမသိခဲ့ဘူး။
သူ့ သားအပေါ်နားလည်မှု အပြည့်ရှိခဲ့တယ်
စိတ်ရှည်ပေးခဲ့တယ်။

ကျနော့်အဖေဟာ သူရှစ်တန်းတုန်းက geometryစာအုပ်ပျောက်တာကို
ဖခင်ဖြစ်သူ ကျနော့်အဖိုးကို ဖွင့်မပြောရဲလို့  သင်္ချာကြောက်ရောဂါ ရခဲ့ဖူးတယ်... ရလဒ်က သင်္ချာပါတဲ့ BScကို မယူရဲတဲ့အထိပေါ့...။

ကျနော်တို့ မိဘကို လိမ်ခဲ့ညာခဲ့ရတဲ့ ဖြစ်ရပ်အများစုဟာ ကြောက်ရလို့ ပါ
မိမိအပြစ်ကို မေတ္တာရှင်ခရစ်တော်ဆီမှာ ဝန်ခံဖို့ 
လုပ်သမျိုး မိဘတွေဆီမှာ ဝန်ခံဖို့  မရဲကြဘူး အမှားပေါ် အမှားဆင့်တဲ့ အဖြစ်တွေဖြစ်ခဲ့ကြတယ်။

အိမ်မပြန်ရဲလို့ ယောကျာ်းနောက် လိုက်ပြေးတာဟာ ရယ်စရာလိုလို ဓလေ့လိုလို ဖြစ်ခဲ့ရတယ်...

အကြောက်တရားနဲ့ ပတ်သတ်တဲ့ အုပ်ချုပ်ခြင်းကို ကျနော့်အတွေး ကျနော့်အမြင်နဲ့  ထောက်ပြခြင်းပါ။

# Error (Sithu)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။