Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 1, 2017

ကလေးတွေကို အားတက်အောင် ဘယ်လိုစကားလေးတွေ ပြောပေးနိုင်တယ်ဆိုတာပြီးတော့ ဘာစကားတွေ မပြောမိအောင် ဆင်ခြင်သင့်တယ်ဆိုတာလေး ပြောပြမယ်နော်။

ကလေးတွေကို အားတက်အောင် ဘယ်လိုစကားလေးတွေ ပြောပေးနိုင်တယ်ဆိုတာပြီးတော့ ဘာစကားတွေ မပြောမိအောင် ဆင်ခြင်သင့်တယ်ဆိုတာလေး ပြောပြမယ်နော်။

"မနာပါဘူး ၊ ဘာမှမဖြစ်ဘူး" - ကလေးချော်လဲရင်ပဲ ဖြစ်ဖြစ် တစ်ခုခုနဲ့ ထိခိုက်မိလို့ နာသွားရင်ဖြစ်ဖြစ် အားပေးချင်စိတ်၊ အာရုံလွှဲချင်စိတ်နဲ့ ပြောလေ့ရှိတဲ့စကားပါ။ သူတကယ်နာသွားမှန်းလည်း ကိုယ်သိရက်နဲ့ ပြောကြတာများပါတယ်။ အဲဒီအခါ ကလေးဘက်ကစဉ်းစားကြည့်ရင် လိမ်နေတာနဲ့ တူတူပဲလို့ ကျမကမြင်ပါတယ်။ ငါနာနေရဲ့သားနဲ့ ဘာလို့ မနာဘူးပြောတာလဲဆိုပြီး သူ့စိတတွေ ရှုပ်ထွေးကုန်ပါတယ်။ အဲဒါမျိုးပြောမယ့်အစား ဘယ်နားနာသွားလဲ၊ မေမေအနာပျောက်အောင်လုပ်ပေးမယ်နော်၊ သမီးလေးနာလို့ ငိုတာမေမေသိတယ်၊ ဆိုပြီး ချော့တာပို အဓိပ္ပါယ်ရှိပါတယ်။

"မငိုနဲ့" - ကလေးတကယ်ဝမ်းနည်းလို့ ငိုတာကို အမြဲလိုလိုပြောမိတဲ့စကားပါ။ ကျမတို့အနေနဲ့ ကလေးတွေရဲ့ သူတို့ခံစားချက်ကို နားလည်အောင် ထိန်းချုပ်ကိုင်တွယ်တတ်အောင် အားပေးသင့်ပါတယ်။ ဝမ်းနည်းရင် ငိုနိုင်တယ်ဆိုတာ သူတို့သိပါစေ။ ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းချပြတတ်အောင် သင်ကြားပေးပါ။ ယောက်ျးမဟုတ်ဘူးလား မငိုနဲ့ ဆိုတဲ့စကားလောက် ကျမစိတ်ဆိုးတာမရှိဘူး။ ယောက်ျားလည်း လူပဲမဟုတ်လား။ အဲဒီလို ပတ်ဝန်းကျင်ရဲ့ အပြောတွေကြောင့် ယောက်ျားကလေးတွေဟာ လူပျိုဘော်ဝင်ချိန်မှာ သူတို့ အတွင်းစိတ်ကို အပြင်လူမသိအောင် ထိန်းချုပ်ထားကြရင်နဲ့ စိတ်ဝေဒနာခံစားကြရတာ။

"သမီးကိုနာအောင်လုပ်တဲ့ ခုံကြီးကို ရိုက်လိုက်မယ်" - ကျမတို့ မြန်မာမိဘဘိုးဘွားတွေ အမြဲပြောတဲ့စကားပါ။ ကျမသားလေးငယ်ငယ်က လူကြီးတွေအဲဒီလိုပြောတိုင်း ချက်ချင်းကလေးကို ကျမပြန်ပြောတဲ့စကားက ခုံမှာမျက်လုံးပါသလားသား၊ သားကဂရုစိုက်ပြီး ကြည့်ရမယ်၊ ခုံက သူ့ဘာသာနေနေတာကို သားက ဝင်တိုက်တာ၊ အဲဒီတော့ ဘယ်သူမှားသလဲ သားသိသလား၊ နောက်ဆို သတိထားပြီး သွားမယ်မဟုတ်လားလို့ ပြောရင် သူချက်ခြင်းနားလည်တယ်။ အငိုလည်းတိတ်သွားတဲ့အပြင် သူဘာဖြစ်လို့ နာသွားသလဲဆိုတာကို သူလက်ခံသွားတယ်။ ကလေးတစ်ယောက်အမှားလုပ်တာကို အပြစ်မရှိတဲ့ အခြားသူတစ်ယောက်ကို အပြစ်လွှဲချခိုင်းတာ အင်မတန်လွဲတဲ့အလုပ်ပါ။ သတိထားသင့်ပါတယ်။ ကလေးချော်လဲကျရင် မြေကြီးကို ဖနောင့်နဲ့ပေါက်ပြီး သူ့ကြောင့်လဲတာဆိုပြီး ပြောတာတွေလည်းပါပါတယ်။

"မြန်မြန်လုပ်စမ်း သိပ်ကြာတာပဲ" - ကလေးတွေဟာ အစစအရာရာကို အခုမှ သုညက စပြီး သင်နေကြတာပါ။ ကိုယ်အနှစ် သုံးဆယ်လုပ်လာတဲ့ အလုပ်ကို လွန်ခဲ့တဲ့ သုံးရက်ကမှ လုပ်တတ်တဲ့ ကလေးကို စိတ်မရှည်ဘဲ နှေးရကောင်းလားလို့ ဆူတာ တရားပါရဲ့လား။ သူတို့ သင်ယူပါစေ။ ကျွမ်းကျင်အောင် လေ့ကျင့်ပါစေ။ မလုပ်တတ်လုပ်တတ်ကြိုးစားလုပ်နေတဲ့သူကလေးကို အားပေးရမယ့်အစား အပြစ်မပြောမိပါစေနဲ့နော်။

"ဟိုကုလားလေးကို ကြည့်စမ်း၊ ထိပ်ပြောင်နဲ့ ဝတုတ်လူကြီးဘေးမှာထိုင်နေတာလေ" - လူတစ်ဦးတစ်ယောက်ရဲ့ အသွင်အပြင်ကို ရည်ညွန်းပြီး မပြောမိအောင် ဂရုစိုက်ပါတယ်။ ဘာလူမျိုးပဲဖြစ်ဖြစ် ဟိုကပ္ပလီမကြီး၊ ကုလားကြီး စသည်ဖြင့် မပြောဘဲ ဟိုအန်တီက ဟိုဦးဦးကဆိုပြီးတော့ပဲ ပြောပါ။ ကျမတို့ပါးစပ်တွေက အကျင့်အရမ်းပါလွန်းနေတော့ စစချင်းမှာ ခဏခဏထိန်းရပါတယ်။ ဒါပေမယ့် ကြာလာရင် ကိုယ်ပါအကျင့်ရပြီး မပြောဖြစ်တော့ဘူး။

"ဘာမှကြောက်စရာမရှိဘူး အဓိပ္ပါယ်မရှိကြောက်မနေနဲ့" - ကိုယ်ကတော့ သူတို့မကြောက်အောင် အားပေးလိုက်တာပဲ။ ဒါပေမယ့် ကလေးသေးသေးကွေးကွေးလေးတွေ စိတ်ထဲမှာ ကြောက်နေတာ ဘယ်လိုမကြောက်အောင် လုပ်ရမလဲ။ အဲဒီလိုပြောမယ့်အစား ဘာလို့ကြောက်တာလဲ၊ အကြောက်သက်သာအောင် ဘယ်လိုလုပ်ကြရင်ကောင်းမလဲ စသည်ဖြင့် စကားပြောကြည့်ပါ။ စကားပြောရင်း အတူတူစဉ်းစားရင်း အကြောက်ပြေသွားတာ တွေ့ပါလိမ့်မယ်။

အဖြစ်မှန်တွေကို သကာလောင်းပြီး မဖုံးပါနဲ့။ အမှန်အတိုင်း သိပါစေ။ ဥပမာ - သေနတ်ပစ်ကြတယ်၊ လူတွေမတော်တဆမှုမှာသေကြတယ်၊ ဆင်းရဲတဲ့နေရာတွေမှာ ကလေးတွေ စားစရာမရှိဘူး၊ စာမသင်ရဘူး၊ ဒုက္ခရောက်ကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို ရှင်းပြဖို့အကြောင်းဖန်လာရင် အမှန်အတိုင်းရှင်းပြပါ။ လူသေတယ်ဆိုတာ ဘာလဲဆိုတာ ပြောပြဖို့ ဝန်မလေးပါနဲ့။ သူများကို ထိခိုက်နာကျင်အောင် လုပ်ရင် သူ့မိဘမိသားစု ဘယ်လိုခံစားရတယ်၊ ဘယ်လိုဝမ်းနည်းတယ်ဆိုတာကို ကိုယ်ချင်းစာတတ်အောင် ဥပမာပြပြီး သင်ပေးပါ။ (ကျမကတော့ မြန်မာနိုင်ငံတတိယနိုင်ငံမှာ ကြီးပြင်းခဲ့ရတဲ့ မိဘတွေဖြစ်ရတာကို အခွင့်ကောင်းယူပြီး သူတို့လေးတွေ ကိုယ်ချင်းစာတရားရှိအောင် သင်ပေးပါတယ်။ လိုချင်တာ မပူပင်ရဘဲ အကုန်ရနေတဲ့ ဘဝမှာ ကလေးဆိုးလေးဖြစ်သွားမှာ ကျမသိပ်ကြောက်ပါတယ်။ ကိုယ့်လောက် ကံမကောင်းရှာတဲ့ ကလေးတွေကမ္ဘာကြီးမှာ အများကြီးရှိတာ သူ့ကို ကြုံရင်ကြုံသလို ပြောပြတယ်။ ကိုယ့်မှာရှိနေတာကို တန်ဖိုးထားတတ်အောင်၊ ကိုယ့်လို ကံမကောင်းတဲ့သူတွေကို ဖေးမစာနာတတ်အောင် သင်ပေးပါ။ ကိုယ်ချင်းစာတရားဟာ အဝေးကြီးခရီရောက်ပါတယ်။ မေတ္တာဆိုတာ အမြဲထားနိုင်ဖို့ မလွယ်ပေမယ့် ကိုယ်ချင်းစာတရားက အမြဲထားနိုင်ပါတယ်။)

ကလေးက ကိုယ့်ကို မေမေက သိပ်ဆူတာပဲ မချစ်ဘူး၊ မုန်းတယ် စသည်ဖြင့် ပြောစပြုတဲ့အရွယ်ရောက်ရင် သူ့ကိုခွန်းတုန့်ပြန်ပြီး မပြောပါနဲ့။ မေမေကတော့ သားကို/သမီးကို ချစ်တယ်။ သားလုပ်တာမှားလို့ မေမေကပြောပြတာ။ မေမေပြောတာကို မကြိုက်လည်း ကိစ္စမရှိဘူး။ သူတို့လေးတွေ ဘယ်လောက်ကိုယ့်ကို ကလန့်တိုက်တိုက် ကိုယ့်ဘက်က တည်တည်ငြိမ်ငြိမ်နဲ့ လေသံအေးအေးရှင်းပြနိုင်အောင် ကြိုးစားပါ။ ကျမသားလေးဆို ၃နှစ်လောက်မှာ အဲဒီလို ခဏပြောတယ်။ I don't like you May May ပေါ့။ ကျမပြန်ပြောတာက It's ok. You don't have to like me all the time ပေါ့။ ပြီးတော့ အကျိုးနဲ့ အကြောင်းရှင်းပြလိုက်တယ်။ အခုအဲဒီလို လုံးဝကို မပြောတော့ဘူး။ သူနဲ့ ကိုယ်နဲ့ ထိပ်တိုက်တွေ့ပြီဆိုရင် ပြသနာကို အချက်တစ်ချက်ချင်း ရှင်းပြီး အဖြေတူတူရှာတယ်။ တစ်ခါတလေ ကလေးက မှန်နေတာ သွားတွေ့တယ်။ အဲဒီအခါကျရင်လည်း သူ့ကို ဆောရီးပြောဖို့ ဝန်မလေးပါနဲ့။ ဟုတ်တယ် မေမေမှားသွားတယ်၊ သားမှန်တယ်။ အဲဒီလိုပြောလိုက်ရင် သူလည်း အရမ်းဝမ်းသာတယ်။ သားအမိရယ်ကြမောကြ ပြောင်ကြရင်းနဲ့ ပြီးသွားတယ်။ သူမှားတဲ့အခါမျိုးကျရင်လည်း အဲဒီလို ရယ်ရယ်မောမော အဆုံးသတ်နိုင်အောင် ကြိုးစားတယ်။ ကိုယ်က စိတ်ဆိုးတယ်ဆိုတဲ့ ပုံစံနဲ့ စကားကို အဆုံးမသတ်ဘူး။ ပြောစရာရှိတာ ရှင်းစရာရှိတာ ရှင်းပြီးတာနဲ့ အရင်လို ရယ်ရယ်မောမောချက်ခြင်းပြန်နေ ပြန်ဆော့တယ်။

ဒါလေးတွေက အခုစဉ်းစားလို့ ပေါ်လာတာလေးတွေပါ။ နောက်ထပ်စဉ်းစားမိတာတွေရှိရင် ထပ်ရေးပါဦးမယ်။ ကျမကိုယ်တိုင်လည်း အပေါ်မှာရေးထားတာတွေထဲက အချို့စကားလေးတွေကို တစ်ခါတလေပြောမိနေတုန်းပါပဲ။ ဥပမာ မငိုစမ်းပါနဲ့ဟယ်ဆိုတာမျိုးပေါ့။ ကိုယ်ဘယ်လောက်စိတ်ဖိစီးနေသလဲ၊ ပင်ပန်းနေသလဲပေါ်မူတည်ပြီး သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်တတ်ပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ သတိထားဖို့ပြောတာပါ။ အခါ၂၀မှာ ၁ခါလောက်ပြောမိတာကို အပြစ်ကြီးလုပ်မိသလို ခံစားနေဖို့မလိုပါဘူး။ ဘယ်သူမှ ရာနှုန်းပြည့် ပြည့်စုံတယ်မရှိပါဘူးနော်။ ဒီလိုပဲ ရွှေတစ်နေ့ ငွေတစ်နေ့ တူတူကြိုးစားကြတာပေါ့။ <3

Tumblr link : http://wellness-mommy.tumblr.com/post/142908599644/ဒ-လ-တ-ရ-င

#wellnessmommy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။