Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 1, 2017

ဆောရီးပြောတာ ပိုချစ်လို့ပါ။

 
 
ဆောရီးပြောတာ ပိုချစ်လို့ပါ။
Say "Sorry" is much powerful than others.
______________________________________________

ကလေးတွေကို မိဘအနေနဲ့ အထင်မှားပြီး ဆူမိတာ ဒါမှမဟုတ် သူတကယ်လုပ်တာ မဟုတ်ဘဲ ကိုယ်ရဲ့ စိတ်ထင်၊ တခြားဆီက စိတ်အဟုန်ဒေါသတွေနဲ့ ကလေးကို ဆူမိတာမျိုးဆိုရင်" ဆောရီး" ပြန်ပြောသင့်ကောင်း နီတိုးမေမေ မနှစ်က ရေးဖူးပါတယ်။ ကိုယ်တိုင်လည်း ပြောပါတယ်။ ဒီလို ပြောဖို့ အကျင့်ရအောင်လည်း အားထုတ်ခဲ့ပါတယ်။ တကယ်တော့ ဆောရီးပြန်ပြောစရာ မလိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် နီတိုးမေမေတို့ မိဘတွေဟာလည်း လူသားတွေမို့ မှားတတ်တာပါပဲ။ မညီမျှတဲ့ အမှား၊ ဖန်တရာလိုက်နေတဲ့ အမှားတွေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်နေတာမျိုး နည်းနိုင်သမှ နည်းအောင် ကြိုးစားရမှာပါပဲ။

" ကလေးကို ချစ်တယ် ဆိုတာ မပြနဲ့"

" နမ်းချင်ရင်တောင် သူတို့ အိပ်မှ နမ်း။ အရိုအသေတန်လိမ့်မယ်။ ရောင့်တက်လိမ့်မယ်... ပြောမရ ဆိုမရ ဖြစ်လိမ့်မယ်"

စတဲ့ စတဲ့ စကားတွေ နားရည်ဝအောင် ကြားဖူးခဲ့ကြမှာပေါ့။

တကယ်တော့ ကလေးဆိုတာ အချစ်ခံရတာကို မခံစားရရင်... နွေးထွေးမှုကို မခံစားရရင်.... လိုအပ်တဲ့ ဂရုစိုက်မှုကို မခံစားရရင် သူတို့ ထုတ်မပြောတတ် သူတို့ ထုတ်မမေးတတ်သေးပေမယ့် သူတို့ ခေါင်းထဲမှာ သူတို့ မြင်ရကြားရထိတွေ့ရတဲ့ အချက်အလက်တွေနဲ့ စဉ်းစားတွေးတော နေကြပါတယ်တဲ့။ အချိန်အတော်ကြာလာတော့မှ " သြော် ဒါက ဒီလိုကြောင့်ကိုး" စသဖြင့် သူတို့ ဥာဏ်ကလေးနဲ့ ကောက်ချက်ဆွဲလိုက်တော့တာပါပဲ။

အချစ်မခံရရင်... ကောင်းတာတွေကို လုပ်နေချိန်မှာ အသိအမှတ်ပြု မခံရရင်... သူတို့ လိုအပ်တဲ့ နွေးထွေးမှုကို လုံလောက်အောင်မရရင် မိဘဆီက attention (ဂရုစိုက်မှု) ကို ရအောင် ဆိုးပြတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူအမှားလုပ်လိုက်လို့... သူအိမ်စာမရလို့မှ မိဘက" ဟင်! ဒါဘာလို့ အဲလို ဖြစ်တာလဲ"" ဒီလောက်တောင် အသုံးမကျဘူးလား" စသည်ဖြင့် သူတို့ကို ဆူလာမှာကိုး.... သူတို့လေးတွေရဲ့ ဦးနှောက်က သူတို့ ချစ်တဲ့ သူဆီက attention ကို ကောင်းတဲ့နည်းလမ်းနဲ့ ရတာ နည်းနေရင် ဆိုးတဲ့ နည်းနဲ့ ရအောင် လုပ်ဖို့ သင်ယူလိုက်ပါတယ်။
" ဖေဖေ/ မေမေ က ငါ ကောင်းတာလုပ်ရင် သိပ်ပြီး ငါ့ကို အသိအမှတ်မပြုဘူး။ စကားမပြောဘူး။ ငါ အပြစ်လုပ်မှ သူတို့ ငါကို လှည့်ကြည့်တာ" ဒီလို တွေးသွားတာနော်။

မနေ့ညနေက ကျောင်းကလုပ်တဲ့" parenting strategies in managing challenging behaviours in your child" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ talk လေးကို နီတိုးမေမေနဲ့ ဖေဖေ သွားနားထောင်ခဲ့ပါတယ်။ အဲလို သွားနားထောင်လိုက်တော့ ကိုယ်မှားနေတာ ကိုယ် လုပ်မိနေတာလေးတွေကို ထပ်ပြီး သိခွင့်ရလာပါတယ်။

ဒီအထဲက ဖေဖေ တစ်ယောက်က သူရဲ့ သား(၁၁)နှစ်အရွယ်နဲ့ သူတော်တော် အဆင်မပြေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်း၊ သူခဏခဏ အော်မိနေတယ်ဆိုတဲ့ အကြောင်း၊ အော်မိတာဟာ တော်တော်များနေလို့ စိုးရိမ်မိနေတယ် ဆိုတဲ့အကြောင်း၊ သူဟာ သားအရှေ့မှာ သူ့ရဲ့ ဆိုးတဲ့ အပြုအမူတွေ လုပ်မိလို့ သူ့သားက အတုယူနေပြီ ဆိုတဲ့အကြောင်း..( ဒါကိုကျမတို့ အားလုံး လုပ်မိပါတယ်နော်) သူ့သားကို ပြုပြင်ဖို့ရာ သူကိုယ်တိုင် ပြုပြင်ဖို့ရာ နောက်ကျနေပြီလားလို့ ဆွေးနွေးလာပါတယ်။

ဒါကို speaker က နည်းလမ်း ပေးပါတယ်။ Parenting(သို့) ကလေးကို စည်းကမ်းသတ်မှတ်ဖို့ နည်းလမ်းလေးတွေကို ကလေးငယ်တုန်းမှာ စတင်ကျင့်လေ လွယ်လေပါပဲတဲ့။ ကလေးကြီးလေ ခက်လေပါပဲတဲ့။ ဥပမာ_ အိမ်စာလုပ်ဖို့ အချိန်သတ်မှတ်တာ၊ ကစားချိန် သတ်မှတ်တာ၊ သွားစရာရှိလို့ ကစားနေတာ၊စားနေတာ ရပ်ဖို့ပြောရင် ရပ်အောင် လေ့ကျင့်တာ စသဖြင့်ပေါ့။ ဒီလို technique လေးတွေ ကျင့်သုံးပြီး ကလေးတွေကို ကိုင်တွယ်ရင် အော်ရတာ ဆူရတာတွေ နည်းပြီး အဆင်ပြေတာပေါ့။ ငယ်ငယ်ကတည်းက စပြီး ကျင့်သုံးလာမယ်... ကလေးရှေ့မှာ မှားယွင်းတဲ့ ဆိုးဝါးတဲ့ အပြုအမူတွေ မလုပ်မိအောင် မိဘကိုယ်တိုင် က ပြုပြင်ထိန်းသိမ်းပြီး နေလာမယ် ဆိုရင်တော့ ကလေး အရွယ်အလိုက် challenging ဖြစ်တဲ့ အပြုအမူတွေ ရှိလာရင်လည်း ပိုလွယ်ပါတယ်တဲ့။

ဒီလို မဟုတ်ဘဲ ခုန က ဖေဖေလို မှားနေပြီး... အချိန်တော်တော်လွန်နေပြီးလို့ ထင်ရတဲ့ အခြေအနေမျိုးဆိုရင်တော့ သားနဲ့ ဖခင်ကြား ဆက်ဆံရေးကို တခါတည်း နည်းစပ်သွားစေနိုင်တဲ့ နည်းလမ်းကတော့" Sorry" ပြောပါတဲ့။
" သား... ဖေဖေ/ မေမေ အရင်က အရမ်းစိတ်တိုပြီး သားကို အော်ခဲ့တယ်။ တော်တော်အော်ခဲ့မိတယ်။ ဖေဖေ/မေမေ တကယ်စိတ်မကောင်းဘူး။ သားကို ကောင်းကောင်းမွန်မွန်ပြောသင့်တယ်ဆိုတာ သိပါတယ်။ ဖေဖေ/မေမေ ဒီလို အပြုအမူမျိုး နည်းနိုင်သမျှ နည်းအောင် ကြိုးစားမယ်။ သားလည်း ဖေဖေ/မေမေ ဒီလို ဒေါသထွက် အော်မိရင် သတိပေးပါ"

လို့ တောင်းပန်ပါတဲ့။ ဒါဟာ အခုလို ပျက်ယွင်းမှုကို အစပျိုးနေတဲ့ သားသမီးနဲ့ မိဘကြား ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ အခြားအရာတွေထက် နှစ်ဆ အင်အားကြီးမားပါတယ်တဲ့။#နီတိုးလေးမေမေ

ကလေးဟာ သူ့ကို လေးလေးစားစား ဆက်ဆံတယ်၊ သူ့မှာလည်း အကြံပေးခွင့် စဉ်းစားခွင့် ရှိတယ်၊ သူဟာလည်း အရေးပါတယ်ဆိုတဲ့ ခံစားချက်တွေကို ခံစားရစေပြီး မိဘက အော်ငေါက်ထားတယ်ဆိုရင်တောင်" ဖေဖေ ဟာ အလုပ်မှာ စိတ်ရှုပ်လာလို့ ပါလား" ဆိုပြီး နားလည်ပေးနိုင်တာမျိုး ဖြစ်လာမှာပါ။ တဖက်သတ်ကြီးပဲ မိဘမို့ ဆူခွင့်၊ အော်ခွင့် ရှိတယ်... ဆိုတာမျိုးလို မဟုတ်တော့ပါဘူးတဲ့။

ဒါကြောင့်" Sorry" ပြောတတ်အောင် လေ့ကျင့်ပါ။ ကိုယ်တိုင်လည်း ကျင့်သုံးနေလို့ speaker ပြောတဲ့ နှစ်ဆ
ထိရောက်တယ်ဆိုတာကို လက်ခံပါတယ်။ အရင်ခေတ်က Parenting ကတော့ မိဘဆိုရင် ပြန်မပြောနဲ့....ငါပြောတာလုပ် ဆိုတာမျိုးပဲ ရှိခဲ့တာပါ။ ကိုယ်က မှားလို့တောင်းပန်ဖို့ ဆိုတာဝေးလို့"ချစ်တယ်" ပြောတာတွေ၊ ထွေးပွေ့ နမ်းရှုပ် တာတွေကို ၁၀ နှစ်ကျော်လာတဲ့ ကလေးတွေကို ပြုလုပ်တာ နည်းလှပါတယ်။ မိသားစု စကားဝိုင်းလေးလို ကလေးတို့ရဲ့ တစ်နေ့တာ အဖြစ်အပျက်ကစ သူတို့ရဲ့ ခံစားချက် ထင်မြင်ချက်တွေ ပြောခွင့်ပေးတာ နည်းလှပါတယ်။ လိုချင် ဖြစ်စေချင်တာဆို အော်လိုက် ငေါက်လိုက် ရိုက်လိုက်တာပဲ များခဲ့ပါတယ်။ ကလေးရဲ့ အတွေးဆိုတာတွေကို ထည့်စဉ်းစားခဲ့ကြတာ နည်းလှပါတယ်။ ၂၀၁၇ မှာတော့ အဲဒီနည်းလမ်းတွေဟာ မရတော့ပါဘူး။ ကလေးတို့ကလည်း ပိုပြီး နားလည်လာတတ်ကြသလို ကျမတို့ မိဘတွေကလည်း ပြောင်းလဲကြဖို့ လိုလာပါပြီ။

လေးလေးနက်နက် Sorry ပြောတာ အရှုံးပေးတာ မဟုတ်ပါဘူး။
လေးလေးနက်နက် Sorry ပြောတာ ရှက်စရာ မဟုတ်ပါဘူး။
လေးလေးနက်နက် Sorry ပြောတာ ပိုချစ်လို့ပါ။
လေးလေးနက်နက် Sorry ပြောတာ ပိုအင်အားကြီးတဲ့ မေတ္တာကြိုး ချည်နှောင်ဖို့ပါ။
လေးလေးနက်နက် Sorry ပြောတာ ပိုပျော်စရာကောင်းတဲ့ မိသားစုလေး တည်ဆောက်ဖို့ပါ။

မေတ္တာဖြင့်
ယုငယ်
၂၂/၀၃/၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။