Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 9, 2017

"လူတွေကို အလုပ်လုပ်စေတဲ့ နည်းကောင်း ၂ ခု"

"လူတွေကို အလုပ်လုပ်စေတဲ့ နည်းကောင်း ၂ ခု"

ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ

တော်တော်များများ မြင်ဖူးကြမယ့် မြင်ကွင်းတစ်ခုပါ၊၊

ဒီဟော်တယ်လေးမှာက ဓါတ်လှေကားမရှိတော့ လှေကားကနေပဲ တက်ရတယ်၊၊ အဲဒါကို တက်ချင်အောင် ဒီလိုမျိုးလေးလုပ်ပြီး ပြထားတာပေါ့၊၊ လှေကားဘယ်နှထစ် တက်ရင် ကယ်လိုရီဘယ်လောက်လောင်ကျွမ်းမယ် မြင်လိုက်တော့ 'ဟင် လှေကားကြီးနဲ့ တက်ရမှာလား' ဆိုပြီး ညည်းမယ့်လူက မညည်းဖြစ်တော့ဘူး၊ ငါတော့ ဝိတ်ကျတော့မှာပဲ ဆိုပြီး တက်ချင်သွားတယ်၊၊ အဲ့လိုမဟုတ်တောင် အနည်းဆုံးတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ လှေကားတက်တော့မှာပေါ့၊၊

လုပ်ငန်းခွင်မှာလည်း ဒီလိုပဲ၊၊ ကိုယ်က စီမံခန့်ခွဲရတဲ့နေရာ၊ ဦးဆောင်ရတဲ့နေရာ ရောက်လာရင် သူမကြိုက်လောက်မယ့်စကားတွေ ပြောရတာတို့၊ တာဝန်ပေးရတာတို့က ရှောင်လွှဲလို့ မရတော့ဘူး၊၊ ခု ဒီမှာ ဓါတ်လှေကားမရှိတော့ မဖြစ်မနေ လှေကားနဲ့ တက်ခိုင်းရသလိုပဲ၊၊

ကိုယ်ရွေးလို့ရတာက
လှေကားနဲ့ တက်တော့တက်ခိုင်းရမှာပဲ၊ ဒါပေမယ့် တက်တက်ကြွကြွ၊ ပြုံးပြုံးရွှင်ရွှင်လေး တက်စေချင်သလား၊ ဒါမှမဟုတ် ဝတ်ကျေတန်းကျေ မဖြစ်မနေမို့ တက်ရတာ၊ မကျေမနပ်နဲ့ တက်ရတာမျိုး ဖြစ်စေချင်သလား၊၊

ဒီတော့ လုပ်စရာ ၂ခု ရှိလာတယ်၊၊
ပထမတစ်ခုက လူတွေကို စိတ်ဓါတ်တက်ကြွလာအောင် လုပ်ပေးဖို့၊၊

လူတွေဟာ ဘယ်အချိန်မှာ တက်ကြွလဲ စဉ်းစားကြည့်ပါ၊၊
တခုခုကို လိုချင်တဲ့အချိန်မှာ တက်ကြွတယ်၊၊
မိဘက ဘယ်လောက်ပြောပြော နေမြင့်မှ အိပ်ရာထတတ်တဲ့ ကောင်လေးက ကောင်မလေးကို တွေ့ဖို့ကျ မနက်အစောကြီး နိုးနေတတ်တယ်၊၊
စာပြီးရင် ဂိမ်းပေးကစားမယ်ဆို ကလေးက စာကျက်ပိုမြန်တယ်၊၊
လူတစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေ မတူကြပါဘူး၊၊
တချို့က ပျော်စရာကောင်းတဲ့ Working environment မျိုး လိုချင်တယ်၊ တချို့က Achievement အောင်မြင်မှု၊ တချို့က ငွေကြေး၊ ဒါမှမဟုတ် အသိအမှတ်ပြုမှုတခုခု၊ တချို့ကျ ပညာ၊ တချို့ကျ တက်လမ်း စသဖြင့် မျိုးစုံဖြစ်နိုင်တယ်၊၊
အဲဒီလို သူတို့ရဲ့လိုအပ်ချက်တွေကို နားလည်ပြီး ဒီအလုပ်လုပ်ခြင်းဖြင့် အဲဒါတွေရနိုင်ကြောင်း ပြောပြပေးရမယ်၊ တကယ်လည်း ရနိုင်စေရမယ်၊၊

နောက်ပြီး ကိုယ့်အလုပ်ရဲ့ အရေးကြီးမှုကို နားလည်ထားရင်၊ ကိုယ့်အလုပ်အပေါ်ထားတဲ့ ခံယူချက်မှန်ရင်လည်း စိတ်ဓါတ်တက်ကြွတယ်၊၊ အထက်ကခိုင်းလို့ လုပ်ရတာထက် ကိုယ် ဘာကြောင့်ဒါကိုလုပ်နေရသလဲ ဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားရင် ဘယ်သူခိုင်းတာမှ စောင့်မနေတော့ဘူး၊၊

လုပ်ရမယ့် နောက်ထပ်တစ်ခုကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ လုပ်ချင်အောင် ဘယ်လိုတာဝန်ပေးမလဲ၊ တည့်တည့်ရေးရရင်၊ ဘယ်လိုခိုင်းမလဲ၊၊

ရှင်းပါတယ်၊ ချိုချိုသာသာ ပြောပေါ့၊၊ ဒါ လုပ်ကိုလုပ်ပေးရမယ် ဆိုတဲ့ပုံစံမျိုး မဟုတ်ဘဲ လုပ်ပေးနိုင်မလား ဆိုတာမျိုးနဲ့ ချဉ်းကပ်နိုင်ရမယ်၊၊ ကိုယ့်လူတွေအပေါ် လေးစားမှုထားရမှာ ဖြစ်သလို ကိုယ့်လက်အောက်ကပဲ ဖြစ်ပါစေဦး၊ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လေးစားပေးရမယ်၊၊ မှားခဲ့ရင်လည်း အပြစ်မတင်ဘဲ အဖြေရှာမယ်၊ မှန်ခဲ့ရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးမယ်၊ သူတို့အခက်အခဲတွေ၊ အမြင်တွေ၊ ခံစားချက်တွေကို နားထောင်ပေးမယ်၊ နားလည်းနားလည်ပေးရမယ်၊၊
ဒီလိုလူကြီး၊ ဒီလိုခေါင်းဆောင်မျိုးကသာ လုပ်ခိုင်းရင် ဘယ်လောက်ခက်ခဲပင်ပန်းတာမျိုးဖြစ်ဖြစ် အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကြပါလိမ့်မယ်၊၊

ဒီတော့ ကိုယ့်လုပ်ငန်းခွင်ကို ဒီလှေကားပုံစံ တည်ဆောက်ထားပါ၊၊
၁၊၊ လှေကားတစ်ထစ် တက်တိုင်းတက်တိုင်း သူတို့အတွက် အကျိုးရှိစေတယ် ဆိုတာ သိနေပါစေ၊ ဒီအခါ သူတို့ဟာသူတို့ကို ပြောစရာမလိုဘဲ လှေကားတက်ကုန်ကြလိမ့်မယ်၊၊

၂၊၊ လှေကားတက်ရစဉ်ကာလတစ်လျှောက်လုံးမှာလည်း ပြုံးရွှင်နေပါစေ၊ ချိုချိုသာသာ ပြောပါ၊ ချီးကျူးပါ၊ နားထောင်ပေးပါ၊ နားလည်ပေးပါ၊၊

၁၂.၁၁.၂၀၁၆
- - - - - - - - - - -
Power of Passion မှ နောက်တစ်ပတ်ထဲမှာ ဒီသင်တန်းတွေ ဖွင့်သွားဖို့ရှိပါတယ်။

"လက်တွေ့စီမံခန့်ခွဲမှုသင်တန်း (Management in Practice, Batch-3)"

• စတင်မည့်နေ့ - နိုဝင်ဘာ ၉ ရက်၊ ၂၀၁၇ ခုနှစ်
• နေ့ရက် - အပတ်စဉ် ကြာသပတေး၊ သောကြာ
• အချိန် - ညနေ(၆)နာရီမှ (၈)နာရီ
• ကြာမြင့်ချိန် - ၁၂ ပတ် (စုစုပေါင်း ၂၄ ချိန်၊ ၄၈ နာရီ)
• နေရာ - အမှတ်-၂၈၊ ၁၆၇ လမ်း၊ တာမွေမြို့နယ်၊ Active English သင်တန်း
• သင်တန်းကြေး - ၁၅၀,၀၀၀ ကျပ်

သင်တန်းမှာ ပါဝင်မယ့် Module နဲ့ သင်ကြားချိန်တွေကတော့

၁။ Strategic Management (၈ ချိန်)
၂။ Human Resource Management (၄ ချိန်)
၃။ Marketing and Sales (၆ ချိန်)
၎။ Accounting (၂ ချိန်)
၅။ Leadership and personal development (၄ ချိန်) တို့ဖြစ်ပါတယ်။

အသေးစိတ်ကို ဒီမှာဖတ်နိုင်ပါတယ်

https://web.facebook.com/powerofpassion.drthurein.zinzae.drphio/posts/2035725206657922
- - - - - - - - - - -
"ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုသင်တန်း (Personal development, Batch - 4)"

• နေ့ရက် - နိုဝင်ဘာ ၁၁ - ၁၂ ရက်၊ ၂၀၁၇ ခုနှစ်
• အချိန် - နံနက် (၉)နာရီမှ ညနေ (၆))နာရီ
• ကြာမြင့်ချိန် - ၂ ရက် (စုစုပေါင်း ၁၈ နာရီ)
• နေရာ - အမှတ်-၂၈၊ ၁၆၇ လမ်း၊ တာမွေမြို့နယ်၊ Active English သင်တန်း
• သင်တန်းကြေး - ၂၅,၀၀၀ ကျပ် (Tea break ၂ ကြိမ်နှင့် နေ့လည်စာ ပါဝင်ပြီး)

သင်တန်းမှာ ပါဝင်မယ့် အကြောင်းအရာတွေကတော့

• Communication skill (ဆက်သွယ်ပြောဆိုခြင်း)
• Presentation skill (ရှင်းလင်းတင်ပြခြင်း)
• Self-management (မိမိကိုယ်မိမိ စီမံခန့်ခွဲမှု)
• Self-motivation (စိတ်ဓါတ်တက်ကြွမှု)
• Effective thinking (ထိရောက်သော တွေးခေါ်မှု)
• Leadership and Management (ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု)
• Emotional Intelligence (စိတ်ပိုင်းဆိုင်ရာ အရည်အသွေး)
• Self-branding (ကိုယ့် Brand ကို တည်ဆောက်ခြင်း)
• Career improvement (အလုပ်ခွင်မှာ တိုးတက်အောင် လုပ်ခြင်း)
• Personal goal setting (ကိုယ်ပိုင်ရည်မှန်းချက်တစ်ခု တည်ဆောက်ခြင်း) တို့ဖြစ်ပါတယ်။

အသေးစိတ်ကို ဒီမှာဖတ်နိုင်ပါတယ်

https://web.facebook.com/powerofpassion.drthurein.zinzae.drphio/posts/2039941012903008

အတန်းတိုင်းမှာ သင်တန်းသားဦးရေကို ကန့်သတ်ထားပါတယ်။ ဖုန်းနဲ့စာရင်းပေးပြီး လာမတက်ဖြစ်ရင် တကယ်တက်ချင်သူတွေ နစ်နာနိုင်တာမို့ သင်တန်းကျောင်းမှာ လာအပ်ရတဲ့စနစ်ကို သုံးပါတယ်။ တကယ်လို့ လာရ အဆင်မပြေ ဖြစ်နေရင်တော့ ဖြိုးသီဟ KBZ ATM 999- 3070-1000-935-001 သို့မဟုတ် CB ATM 95030-8000-3357-014 ကို သင်တန်းကြေး လွှဲပြီး လွှဲထားကြောင်း Page ကို ပြောပြပေးရင် လုံလောက်ပါတယ်။

မှတ်ချက် - MLM ကုမ္ပဏီများတွင် ပါဝင်ဆောင်ရွက်နေသူများအား (လုံးဝ) တက်ရောက်ခွင့်မပြုပါ။

လေးစားစွာဖြင့်
Power of Passion အဖွဲ့သားများ
"သင်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်တော်တို့ အဖြစ်ချင်ဆုံးအရာပါ"
"Your development is our passion"

ဆက်သွယ်ရန်-
ဖုန်း - ဒေါက်တာ ဖြိုးသီဟ 09-515-6826
လိပ်စာ - အမှတ် ၂၈၊ ၁၆၇ လမ်း၊ တာမွေမြို့နယ် (Active English သင်တန်းနေရာ)၊ 09 4311 5202

(သင်တန်း မြေပုံကိုလည်း Message ကနေ လှမ်းတောင်းနိုင်ပြီး သင်တန်းမတက်ဖြစ်ခဲ့ရင်တောင် Power of Passion Page ကို reader လို့ မက်ဆေ့ခ်ျပို့ပေးမယ်ဆိုရင် ကျွန်တော်တို့တင်ပေးသမျှ ဆောင်းပါးတွေကို မလွတ်တမ်း ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။