Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 9, 2017

မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်သာ

 
 
မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်သာ
==================
==================

ကိုမိုးဟာ ငယ်စဉ်ကပင် မောင်နှမ ခြောက်ယောက်၌ အငယ်ဆုံးဖြစ်ပြီး အစ်မငါးယောက်၏ အုပ်ထိန်းမှုကို ခံလာရ သူ။ ကျိုးမှာစိုး၊ ကန်းမှာစိုး၊ ပဲ့မှာစိုးနှင့် စိုးရိမ်ခြင်း အချက်များစွာကြောင့် ဂေါ်လီပင် ကောင်းကောင်း မရိုက်တတ်ခဲ့သူ။ ကိုးတန်းရောက်မှ အဖေနှင့် ကြက်တောင်ကောင်းကောင်းကစားဖြစ်၏။ မြို့နယ်အ ဆင့်ရှိသူနှင့်လည်း ပြိုင်ရိုက်ဖူး၏။ နိုင်၏။ ပြိုင်ပွဲဝင်ခွင့်တော့မရ။ အိမ်က ခွင့်မပြု။ အိမ်ကကွင်းမှာပင် လာကစားခွင့်ရှိ၏။ အစ်မလတ် အိမ်ထောင်ကျတော့မှ ယောက်ဖတစ်ယောက် ရလာ၏။ ကိုတင်မောင်အုန်း။ သူနဲ့ အစ်မလက်ထပ်တာ ကျွန်တော့်အတွက်တော့ အတော် ကံကောင်း၏။ ဂစ်တာတီးခွင့် ရသွား၏။ သူသင်ပေး၏။ အပြင်မှာ ကရာတေး သင် တန်း တက်၏။

ကိုမိုးရဲ့ဝါသနာက စာဖတ်တာ အဓိက ဖြစ်ပေမဲ့ လက်ဝှေ့ပွဲတွေကြည့်ရတာလည်း နောက်တိုးဝါသနာဖြစ်လာ၏။ ဆိုချင်တာက ကိုမိုးဟာ ဘောလုံးပွဲကြည့် ပရိသတ်အများစုလိုပင် ကိုယ်သာအဖြစ်ရှိ အောင် မထိုးတတ်တာ အားနည်းချက် တော့ မြင်တတ်၏။ ကလော်ဆဲတတ်တယ် ဆိုတာပါ။

အခု MMA အ ပြိုင်ပွဲကြီး မကျင်းပမီကပင် မြန်မာ့လက်ဝှေ့လောကမှာ ဝေဖန်သံတွေ ဆူညံနေ၏။ မြန်မာ့လက်ဝှေ့သည် အမှတ်ပေးစနစ်ဖြင့် ထိုးရသည့် ပွဲမဟုတ်။ လဲရှုံး၊ ကွဲရှုံး၊ ကျန်တာ သရေပွဲဖြစ်၏။ ဒါကို အမှတ်ပေးစနစ်ဖြင့် ပြိုင်ခိုင်း၏ဟု ဆိုကြ ၏။ မြန်မာ့လက်ဝှေ့သည် သတ်ကိုးသတ်ရှိ ၏။ သတ်ကိုးသတ်ပိုင်မှ ရ၏။ ထိုတိုက်ကွက်များမှာ ခေါင်းတိုက်ခွင့်နှင့် တံတောင် သုံးခွင့်ဖြုတ်၏။ ဒါကိုလည်း မြန်မာ့လက်ဝှေ့ ချစ်ပရိသတ်မနှစ်ခြိုက်ကြ။ လူမှုကွန်ရက်စာမျက်နှာတွင် ဆူညံစွာ ပလူပျံအောင် ဖတ်ခဲ့ရ၏။

တကယ်တော့ MMA သည် ကိုယ်ခံ ပညာပေါင်းစုံယှဉ်ပြိုင်တဲ့ အားကစားပွဲ ဖြစ်၏။ မြန်မာ့လက်ဝှေ့ပွဲ လုံးဝမဟုတ်။ ကိုယ်ခံပညာပေါင်းစုံတတ်မြောက်သည့် ပညာရှင်များ ယှဉ်ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့သမားများက ဝင်ရောက်ယှဉ်ပြိုင်ခြင်းသာဖြစ်၏။ ထို့ကြောင့် သူတို့ စည်းကမ်းနှင့် သူတို့ရှိသည်။ သူများနိုင်ငံမှာ သွားပြီးနေထိုင်သောသူသည် သူများနိုင်ငံ၏ ချမှတ်ထားသော ဥပဒေကို လိုက် နာရမည်။ ထိုကဲ့သို့ သဘောပင်ဖြစ်၏။ ဒါကို မြန်မာ့လက်ဝှေ့ ချစ်ပရိသတ်တို့ နားမရှင်းကြခြင်းပင်ဖြစ်၏။

အသိသာဆုံးနှင့် အမြင်သာဆုံး ဥပမာ တစ်ခုပြပါမည်။ အောင်လနှင့် ဂါလာနီတို့ ထိုးသတ်ပွဲကိုပင် ဥပမာပြပါမည်။ ပြိုင်ပွဲနှင့် ဝေးသေးသော ကာလများမှာ အောင်လ၏ မှတ်ချက်မှာ ဟဲဗီးဝိတ်မှ ဂါလာနီသည် အလွန်လျင်မြန်ပြီး အားကောင်း သော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်၏။ ထို့ကြောင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဟု ဆိုခဲ့၏။ ပြိုင်ပွဲနီးကပ်သော အချိန်တွင် အောင်လသည် သူ့ကိုယ်သူ ယုံကြည်သွား၏။ မည်သည့်ပညာရှင်မဆို ပြောခဲလှသော စကားမျိုးကို သူပြောနိုင်သွား၏။ နှစ်ချီအတွင်း အလဲထိုးမည်ဟု ပြောလာသည်။ လက်တွေ့တွင်မူ ပထမအချီပင်မကြာလိုက်ပါ။ ဘာကြောင့်လဲ။ MMA သည် အောင်လ ကျင်လည်ကျက် စားသည့်နေရာ။ လက်ရှိ ချန်ပီယံလည်း ဖြစ်နေပြီ။

ဂါလာနီဘက်ကို ကြည့်ကြရအောင်။ ဂါလာနီ၏ ခြေကန်ချက် တစ်ချက်ထိလျှင်ပင် လဲကျပြီး ရှုံးသွားကြသော်လည်း ဂါလာနီ၏ ခြေကန်ချက်ကို အောင်လက ဂရု မစိုက်သည့်အပြင် မျက်နှာကိုပင် တန်ပြန် လက်သီးထိုးနိုင်ခဲ့၏။ ဂါလာနီက အောင် လကို အပေါ်မှဖိ၍ ထိုးနေသော လက်သီး လေးငါးချက်သည် အခြားပြိုင်ဘက်များ ကို ရှုံးသွားစေသော်လည်း ကြံ့ခိုင်မှု အား ကြီးသည့် အောင်လကိုမူ မတိုးနိုင်ခဲ့။

အောင်လသည် အောက်မှ ပက်လက် အနေအထားမှ မတ်တတ်ရပ်ရန် ညာ က်လက်ကို တံတောင်ဖြင့် ကြမ်းပြင်၌ ထောက်ထားစဉ်အချိန်တွင် အောင်လ၏ မျက်နှာသည် ဂါလာနီ၏ ဘက်လက်ဖြင့် ထိုးသတ်ရန် အဆင်သင့်ဖြစ်နေ၏။ သို့ သော် ဂါလာနီသည် မွေထိုင်း ချန်ပီယံသာ ဖြစ်၍ ဂျူဂျစ်ဆုကို အောင်လလောက် မကျွမ်းကျင်။ မျက်နှာကို မထိုး ဘဲ အောင်လ၏ ညာလက်ကို အတင်းဖြုတ်ပြီး အောင်လမတ်တတ်မရပ်နိုင်ရန်သာ ကြိုး စား၏။ အပေါ်စီးအနေအထားကို မစွန့်လွှတ်ချင်။ ဂါလာနီ၏ တစ်ကိုယ်လုံးတွင် လည်ပင်းတစ်နေရာသာ အားအပျော့ဆုံး ဖြစ်သော်လည်း ထိုသည်ပင်းကို ဂါလာနီ က အောင်လနှင့် ဝေးအောင် မထားနိုင် ချေ။ ထို့ကြောင့်ပင် ဂါလာနီရှုံး၏။

ဆိုလိုသည်မှာ မွေထိုင်းချန်ပီယံ ဖြစ်ခဲ့ သော်လည်း MMA သည် MMAသာ ဖြစ်၏။ အပူးအသတ် အချုပ်တို့တွင် ချန်ပီယံ ဖြစ်ထားသော အောင်လကို ဂါလာနီသည် သူကျွမ်းကျင်ရာမဟုတ်၍ ရှုံး၏ဟု ကျွန်တော်မြင်၏။
အလားတူပင် မြန်မာ့လက်ဝှေ့ အား ကစား သမားများသည် ကိုယ်ခံပညာ ပေါင်းစုံ ပါဝင်ဆင်နွှဲနိုင်သော MMA ကို ယှဉ်ပြိုင်ချင်လျှင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါ သည်။ ထိပ်ဆုံးရောက်ရန်မူ ဂျူဂျစ်ဆုကို ပူးတွဲသင်ယူရမည်။ ကျွန်တော်တို့ လိုချင် သည်မှာ ခေါင်းမဖြုတ်၊ တံတောင်မပယ်၊ အမှတ်ပေးစနစ်မပါသော မြန်မာ့ကိုယ်ပိုင် အားကစားလက်ဝှေ့ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ပင် ကမ္ဘာကျော်စေလိုခြင်းဖြစ်၏။ ကိုယ့်နိုင်ငံမှ မြန်မာ့လက်ဝှေ့သည် ပင်မ အားကစားဖြစ်ပြီး ထိုမှတစ်ဆင့် ခွဲဖြာထွက်သော အားကစားသည် ယနေ့အချိန်တွင် ကမ္ဘာပင်ကျော်နေပြီဖြစ်၏။ အကြောင်းရင်းမှာ နိုင်ငံရေး ခေတ်စနစ်မကောင်းခဲ့၍ပင် ဖြစ်၏။ ယခုလို ကာလတွင် မြန်မာ့လက်ဝှေ့ကို မူပိုင်အတိုင်း ကမ္ဘာကျော်အောင် ဖော်ထုတ်နိုင်ရန် အခွင့်အလမ်းများစွာ ရနေပေပြီ။ မြေတောင် မြှောက်ပေးမှု အားနည်းလွန်းနေသေး၍ ကမ္ဘာမကျော်ခြင်းသာဖြစ်၏။

စစ်တုရင်ကို ကမ္ဘာ့အဆင့်အထိ အောင်မြင်အောင် နွှဲလာပြီး အပြန်ခရီးတွင် လေဆိပ်၌ မိသားစုမှတစ်ပါး ကြိုဆိုသူ မရှိသည့် နိုင်ငံသည်လည်း မြန်မာနိုင်ငံပင် ဖြစ်ခဲ့ပြီးပြီ။
ဟုတ်ကဲ့ ၊ တခြားအားကစားတွေထက် ထိုးဖောက်အောင်မြင်ရန် ပိုမိုအခွင့်အလမ်း သာသော မြန်မာ့လက်ဝှေ့ကို မြန် မာစည်းကမ်းအတိုင်း ကမ္ဘာ့အလယ် ထင်ပေါ်စေဖို့ ဝိုင်းဝန်းပေးကြပါရန် ဆော်ဩ လိုက်ပါရစေခင်ဗျား။



ကိုမိုး

===========

Kumudra

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။