ဒီပုံရိပ်ကို
တွေ့ မိတော့ `နှလုံးသားထဲက သူရဲကောင်း´ အတွက် ရေးချင်စိတ် ဖြစ်တာနဲ
့ရေးလိုက်တာပါ။ အခု ဒီနိုင်ငံမှာ ဖြစ်နေတာက ဘာဘဲဖြစ်ဖြစ် လူထုခေါင်းဆောင်
ခေါင်းပေါ်အကုန်ပုံချပြီး ဖြေရှင်းဆောင်ရွက်နေရတာကို တွေ့ မြင်နေရပါတယ်။
ဒီအခါမှာ ဦးနု ရေးခဲ့တဲ့ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ထဲက ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်ဗျာ။ အင်္ဂလိပ်အရေးပိုင်တစ်ယောက် တောလိုက်ထွက်ပါတယ်။ သူ့ မိတ်ဆွေတွေလည်း ပါပါတယ်။ အခြံအရံတွေ အခိုင်းအစေတွေ အများကြီးနဲ့ ပေါ့။ ဗမာစကား မတတ်တတတ်ပေါ့။ ဒီလိုနဲ့ တောချောက်လိုက် သေနတ်နဲ့ ပစ်လိုက်ကြ - ထိသွားပြီလို့ အော်လိုက်ရင်ဖြင့် ပထမဦးစွာ နာပစ်တာ နာပစ်တာကွ ဆိုပြီး အင်္ဂလိပ်ကြီးက အော်ပါတယ်။ ဒီလိုနဲ့ တစ်နေရာအရောက်မှာ တောချောက်ပေးပြီး သေနတ်ပစ်သံတွေအဆုံးမှာ ထိသွားပြီ ထိသွားပြီဆိုပြီး အော်သံကြားပြီးနောက် လူတစ်ယောက်ကို ထိသွားတာဟု ဆက်ကြားရလိုက်ချိန်တွင်မူ နာမဟုတ်ဘူး နင်ပစ်တာ နင်ပစ်တာဆိုပြီး ပြောပါသတဲ့။
အခုအချိန်တွင်လည်း ကောင်းတာ နာမည်ကောင်းထွက်တာ တစ်ခုခုဆို `ငါပစ်တာ ငါပစ်တာ´ ဆိုတဲ့ လူတွေသာများနေပြီး ပြဿ နာဖြစ်ပြီ ဖြေရှင်းရတော့မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သည်သာ ဒိုင်ခံဖြေရှင်းနေရပါသည်။
ဖိအားတွေ ပြောဆိုမှုတွေ ဖြစ်လာပြီဆိုရင်ဖြင့် သိကြတဲ့အတိုင်းပါပဲ။ `ခိုင်းလို့ လုပ်ရသလိုမျိုး - ညွှန်ကြားနေသလိုမျိုး´ စတာတွေနဲ့ မသိချင်ယောင်ဆောင်ပြီး အရူးကွက်နင်းနေကြသည်သာ ဖြစ်တယ်။ လူထုခေါင်းဆောင်က အကုန်လုံးကို ခေါင်းခံကာ ခေါင်းဆောင်ကောင်းပီသစွာဖြင့် ဘာမှမပြောပဲ နေပါတယ်။
ဒါတွေကို `တစ်ချက်လောက်တော့ သိသင့်ပါတယ် - စောင်းငဲ့ကြည့်သင့်ပါတယ်´ ဒီလောက် `ပညာပြည့်ဝ နှလုံးလှသူ ကံကြမ္မာရဲ့ အကောင်းဆုံးလက်ဆောင်´ ကို တန်ဖိုးထား လေးစားကြည်ညိုတယ် ဆိုရင်ဖြင့် (စတိမဟုတ် ပကတိပါ) `ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်အရည်အချင်းနဲ့ ကိုယ် - ကိုယ်ရည်ကိုယ်သွေး´ ထုတ်ပြကြကာ `ပြည်သူ့ အကျိုးစီးပွား တိုးတက်မြင့်မားရေးအမြင်နဲ့ `အပြောတွေလျှော့ပြီး အလုပ်ဖြင့် လက်တွေ့ သက်သေပြသင့်ချိန်တန်ပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ် ခင်ဗျာ…
အေးချမ်းပါစေ
AKM (8 - 11 - 17)
ဒီအခါမှာ ဦးနု ရေးခဲ့တဲ့ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ထဲက ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်ဗျာ။ အင်္ဂလိပ်အရေးပိုင်တစ်ယောက် တောလိုက်ထွက်ပါတယ်။ သူ့ မိတ်ဆွေတွေလည်း ပါပါတယ်။ အခြံအရံတွေ အခိုင်းအစေတွေ အများကြီးနဲ့ ပေါ့။ ဗမာစကား မတတ်တတတ်ပေါ့။ ဒီလိုနဲ့ တောချောက်လိုက် သေနတ်နဲ့ ပစ်လိုက်ကြ - ထိသွားပြီလို့ အော်လိုက်ရင်ဖြင့် ပထမဦးစွာ နာပစ်တာ နာပစ်တာကွ ဆိုပြီး အင်္ဂလိပ်ကြီးက အော်ပါတယ်။ ဒီလိုနဲ့ တစ်နေရာအရောက်မှာ တောချောက်ပေးပြီး သေနတ်ပစ်သံတွေအဆုံးမှာ ထိသွားပြီ ထိသွားပြီဆိုပြီး အော်သံကြားပြီးနောက် လူတစ်ယောက်ကို ထိသွားတာဟု ဆက်ကြားရလိုက်ချိန်တွင်မူ နာမဟုတ်ဘူး နင်ပစ်တာ နင်ပစ်တာဆိုပြီး ပြောပါသတဲ့။
အခုအချိန်တွင်လည်း ကောင်းတာ နာမည်ကောင်းထွက်တာ တစ်ခုခုဆို `ငါပစ်တာ ငါပစ်တာ´ ဆိုတဲ့ လူတွေသာများနေပြီး ပြဿ နာဖြစ်ပြီ ဖြေရှင်းရတော့မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သည်သာ ဒိုင်ခံဖြေရှင်းနေရပါသည်။
ဖိအားတွေ ပြောဆိုမှုတွေ ဖြစ်လာပြီဆိုရင်ဖြင့် သိကြတဲ့အတိုင်းပါပဲ။ `ခိုင်းလို့ လုပ်ရသလိုမျိုး - ညွှန်ကြားနေသလိုမျိုး´ စတာတွေနဲ့ မသိချင်ယောင်ဆောင်ပြီး အရူးကွက်နင်းနေကြသည်သာ ဖြစ်တယ်။ လူထုခေါင်းဆောင်က အကုန်လုံးကို ခေါင်းခံကာ ခေါင်းဆောင်ကောင်းပီသစွာဖြင
ဒါတွေကို `တစ်ချက်လောက်တော့ သိသင့်ပါတယ် - စောင်းငဲ့ကြည့်သင့်ပါတယ်´ ဒီလောက် `ပညာပြည့်ဝ နှလုံးလှသူ ကံကြမ္မာရဲ့ အကောင်းဆုံးလက်ဆောင်´ ကို တန်ဖိုးထား လေးစားကြည်ညိုတယ် ဆိုရင်ဖြင့် (စတိမဟုတ် ပကတိပါ) `ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်အရည်အချင်းနဲ့ ကိုယ် - ကိုယ်ရည်ကိုယ်သွေး´ ထုတ်ပြကြကာ `ပြည်သူ့ အကျိုးစီးပွား တိုးတက်မြင့်မားရေးအမြင်နဲ့ `အပြောတွေလျှော့ပြီး အလုပ်ဖြင့် လက်တွေ့ သက်သေပြသင့်ချိန်တန်ပြီဖြစ
အေးချမ်းပါစေ
AKM (8 - 11 - 17)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။