#ကျွန်တော့်အကြောင်းစာစီစာကုံး
************************
ကျွန်တော့်၏နာမည်မှာ မောင်လှဖြစ်ပါသည်။
ကျွန်တော်၏ ဖခင်အရာရှိကြီး ဦးလှနှင့်
မိခင်ဘွဲ့ရကြီး ဒေါ်လှတို့မှ မွေးဖွားသော
သားလှ ရတနာဖြစ် ပါသည်။
ဖေဖေဦးလှမှာ
အရာရှိကြီး ဖြစ်ပါ၍ မကြာခဏ
ခရီးထွက်ရပါသည်။ ဖေဖေခရီးထွက်လျှင်
မေမေ ဘွဲ့ရကြီးဒေါ်လှနှင့် ကျွန်တော်
မောင်လှတို့ ရံဖန်ရံခါ လိုက်ပါတတ်ပါသည်။
ကျွန်တော်သည် သူများစိုက်ထားသော
ချဉ်ပေါင်ခင်းများ လိုအပ်သလို ချိုးယူပါသည်။
အိမ်ပြန် ရောက်လျှင်လည်း ...
လက်ဆောင် ပစ္စည်းများ ပါလာတတ်ပါသည်။
ကျွန်တော့်တွင် ပြိုင်ကားများလည်း ရှိပါသည်။
အခြားကားများ လည်း ရှိပါသည်။ ကျွန်တော်
လက် ဆောင်ရထားသည်များ ဖြစ်ပါသည်။
ကျွန်တော်သည် ရှယ်ယာများလည်း အများကြီး
ရပါသည်။ ကျွန်တော် သည် လုပ်ငန်းများကို
ဘာမှ မလုပ်တတ်ပါ။ အိမ်မှာ ပါဝါရိန်းဂျားကား
ကြည့်ရင်းနဲ့သာ အချိန်ကုန်ပါသည်။ သို့သော်
ဖေဖေတပည့်များက "သား အတွက် ရှယ်ယာ"
ဆိုပြီး မကြာခဏ လာပေးတတ်ကြပါသည်။
ဘာလုပ် ငန်းတွေလုပ်ပြီး
ကျွန်တော်ရှယ်ယာ ရမှန်းမသိပါ။
ဖေဖေ့တပည့်များက
တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး
မော်တော်ကားများ၊ ဘဏ်မှာ အပ်၍ရသော
မုန့်ပုံးများ မကြာခဏ လာပေးကြပါသည်။
"ဒါဟာသား အတွက် ရှယ်ယာ၊
ဒါဟာ သားလုပ်ငန်းအတွက်ရတဲ့ အမြတ်ငွေ"
ဆိုပြီး လာပေးကြပါသည်။
ကျွန်တော် ဘာလုပ်ငန်းတွေ လုပ်နေလဲ
ကျွန်တော်မသိပါ။ ပါဝါ ရိန်းဂျား ကစားလျှင်
ရှယ်ယာရသည်ဟု ကျွန်တော် ထင်ပါသည်။
မေမေက လည်း အမြဲပြောပါသည်။
"အောင်မလေး ...
နင်တို့ အဘသာ အားကိုး ရင်
ငါတို့လည်း ငတ် နေ တာကြာပြီ၊
နင်တို့ လည်း သိတဲ့အတိုင်းပဲ ...
နင်တို့အဘက တာဝန်ပဲ၊ တာဝန်က
လွဲပြီး ဘာမှ စိတ်ဝင်စားတာ မဟုတ်ဘူး။
ဒီသားလေး စီးပွားရေး လုပ်လို့"
ကျွန်တော်
ပါဝါရိန်းဂျားကစားရင်း ဘယ်အချိန်
စီးပွားရေး လုပ်ခဲ့မှန်း ကျွန်တော်မသိပါ။
ပြိုင်ကားတွေတော့ ရနေပါသည်။
ပိုက်ဆံတွေလည်း အများ ကြီးရပါသည်။
ရံဖန်ရံခါ၌လည်း ကျွန်တော်၏
မေမေ ဘွဲ့ရကြီး ဒေါ်လှ ကလည်း
ကျွန်တော့်ခေါင်းလေး ပွတ်သပ်ကာ ...
"ဟိုတစ်နေ့ကလည်း သားလေးက
သူ့အဖေ နင် တို့အဘကို ပူဆာနေတာ"
"ဘာပူဆာ လို့လဲ မမ"
"ကလေး ဆိုတော့ လေ
ဘာသိပ် တောင်းတတ်မှာလဲ၊
သူသိသလောက်လေး ပူဆာတာပေါ့"
"ဘာများလဲ မမ"
"ကလေးက ...
ပဲခူး ရိုးမလေးပဲ လိုချင်လို့တဲ့ဟေ့၊
သူ့ ခမျာ ကလေးဆိုတော့ ဘယ်သိပါ့မလဲ၊
လိုသလောက်လေး တောင်းတာပေါ့၊
ကလေးဆိုတော့ လောဘကလည်းနည်း"
အမှန်တော့ ကျွန်တော်လည်း မတောင်းပါ။
မေမေက သူလိုချင်တာကို ...
ကျွန်တော့်အမည်တပ်တောင်းခြင်းဖြစ်ပါသည်။
ပဲခူး ရိုးမ ဘယ်မှာရှိမှန်း
ကျွန် တော်မသိပါ။
နာမည်လည်း မကြား ဖူးပါ။
ကျွန်တော်သာ တကယ်တောင်းဆိုရလျှင်
"ဘာဘီ" အရုပ်ကလေးသာ
တောင်းဆိုမည် ဖြစ်ပါသည်။
ဖေဖေ၏ တပည့်များကလည်း မေမေ့ကို ...
"အဘဆီက လက်မှတ်သာရရင်
သားတောင်းထားတဲ့ ပဲခူးရိုးမ
လုပ်ငန်းတွေ ကျွန်တော်လုပ်ပေးပါ့မယ်၊
သားလည်း ... ရှယ်ယာပိုရတာပေါ့"
"အေး အေး မင်းတို့ပဲ အားကိုးနေရတာ"
ပြောရင်းဆိုရင်း
ကျွန်တော် ရှယ်ယာရပါသည်။
ဖေဖေ၏ တပည့်များ ပြောကြားချက်အရ
ကျွန်တော့်တွင် ...
အစုရှယ်ယာလုပ်ငန်းများ၊
ရွှေတွင်းလုပ်ငန်းများ၊
သစ်တောလုပ်ငန်းများ၊
စားသောက်ကုန်လုပ်ငန်းများ၊
ဂျာနယ်လုပ်ငန်းကအစ
အခြား ကျွန်တော်မသိသော
လုပ်ငန်းပေါင်း မြောက်မြားစွာ
ရှိနေပါသေးသည်ဟု ဆိုကြပါသည်။
ကျွန်တော် ဘာလုပ်ငန်းတွေ ရှိသည်ကို
ကျွန်တော်သေသေ ချာချာမသိပါ။
ကျွန်တော်သည်
တီဗီဂိမ်းဝါသနာကြီး၍ ကျောင်းစာမရပါ။
အဆင့် တစ်သာ ရပါသည်။
စာမေးပွဲဖြေ မရလည်း
အဆင့်တစ်တော့ ရပါသည်။
အဆင့် နံပါတ်နည်း၍
ကျွန်တော် အားကြီး စိတ်ဆိုးရပါသည်။
ကျောင်းထဲတွင်
ကျွန်တော်တို့အခန်းက လူနည်းပါသည်။
လူများသော အခန်း တွင် မနေရပါ။
ကျွန်တော်တို့ အခန်းတွင်းမှ
ကျောင်းသားများတွင် ပြိုင်ကားများရှိကြပါသည်။
သူတို့သည်လည်း ကျွန်တော်မောင်လှလို
အဘ သားများဖြစ်ပေလိမ့်မည်။
ကျွန်တော်သည်
ကျောင်းနေရသည်လည်း ပျော်ပါသည်။
ရှယ်ယာ များရသည်လည်း ပျော်ပါသည်။
မမောင်းတတ်သေးသော
ပြိုင်ကားများ ရ၍လည်း ပျော်ပါသည်။
ကျွန်တော်လည်း ကြီးလာလျှင် ဖေဖေလို
__________________________ ___________
#အရာရှိကြီးဖြစ်ပြီးတာဝန်သိ သောအဘ
__________________________ ___________
ဖြစ်အောင် ကြိုးစားပါမည်ဟု ကတိပြုပါသည်။
#အကြည်တော်
************************
ကျွန်တော့်၏နာမည်မှာ မောင်လှဖြစ်ပါသည်။
ကျွန်တော်၏ ဖခင်အရာရှိကြီး ဦးလှနှင့်
မိခင်ဘွဲ့ရကြီး ဒေါ်လှတို့မှ မွေးဖွားသော
သားလှ ရတနာဖြစ် ပါသည်။
ဖေဖေဦးလှမှာ
အရာရှိကြီး ဖြစ်ပါ၍ မကြာခဏ
ခရီးထွက်ရပါသည်။ ဖေဖေခရီးထွက်လျှင်
မေမေ ဘွဲ့ရကြီးဒေါ်လှနှင့် ကျွန်တော်
မောင်လှတို့ ရံဖန်ရံခါ လိုက်ပါတတ်ပါသည်။
ကျွန်တော်သည် သူများစိုက်ထားသော
ချဉ်ပေါင်ခင်းများ လိုအပ်သလို ချိုးယူပါသည်။
အိမ်ပြန် ရောက်လျှင်လည်း ...
လက်ဆောင် ပစ္စည်းများ ပါလာတတ်ပါသည်။
ကျွန်တော့်တွင် ပြိုင်ကားများလည်း ရှိပါသည်။
အခြားကားများ လည်း ရှိပါသည်။ ကျွန်တော်
လက် ဆောင်ရထားသည်များ ဖြစ်ပါသည်။
ကျွန်တော်သည် ရှယ်ယာများလည်း အများကြီး
ရပါသည်။ ကျွန်တော် သည် လုပ်ငန်းများကို
ဘာမှ မလုပ်တတ်ပါ။ အိမ်မှာ ပါဝါရိန်းဂျားကား
ကြည့်ရင်းနဲ့သာ အချိန်ကုန်ပါသည်။ သို့သော်
ဖေဖေတပည့်များက "သား အတွက် ရှယ်ယာ"
ဆိုပြီး မကြာခဏ လာပေးတတ်ကြပါသည်။
ဘာလုပ် ငန်းတွေလုပ်ပြီး
ကျွန်တော်ရှယ်ယာ ရမှန်းမသိပါ။
ဖေဖေ့တပည့်များက
တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး
မော်တော်ကားများ၊ ဘဏ်မှာ အပ်၍ရသော
မုန့်ပုံးများ မကြာခဏ လာပေးကြပါသည်။
"ဒါဟာသား အတွက် ရှယ်ယာ၊
ဒါဟာ သားလုပ်ငန်းအတွက်ရတဲ့ အမြတ်ငွေ"
ဆိုပြီး လာပေးကြပါသည်။
ကျွန်တော် ဘာလုပ်ငန်းတွေ လုပ်နေလဲ
ကျွန်တော်မသိပါ။ ပါဝါ ရိန်းဂျား ကစားလျှင်
ရှယ်ယာရသည်ဟု ကျွန်တော် ထင်ပါသည်။
မေမေက လည်း အမြဲပြောပါသည်။
"အောင်မလေး ...
နင်တို့ အဘသာ အားကိုး ရင်
ငါတို့လည်း ငတ် နေ တာကြာပြီ၊
နင်တို့ လည်း သိတဲ့အတိုင်းပဲ ...
နင်တို့အဘက တာဝန်ပဲ၊ တာဝန်က
လွဲပြီး ဘာမှ စိတ်ဝင်စားတာ မဟုတ်ဘူး။
ဒီသားလေး စီးပွားရေး လုပ်လို့"
ကျွန်တော်
ပါဝါရိန်းဂျားကစားရင်း ဘယ်အချိန်
စီးပွားရေး လုပ်ခဲ့မှန်း ကျွန်တော်မသိပါ။
ပြိုင်ကားတွေတော့ ရနေပါသည်။
ပိုက်ဆံတွေလည်း အများ ကြီးရပါသည်။
ရံဖန်ရံခါ၌လည်း ကျွန်တော်၏
မေမေ ဘွဲ့ရကြီး ဒေါ်လှ ကလည်း
ကျွန်တော့်ခေါင်းလေး ပွတ်သပ်ကာ ...
"ဟိုတစ်နေ့ကလည်း သားလေးက
သူ့အဖေ နင် တို့အဘကို ပူဆာနေတာ"
"ဘာပူဆာ လို့လဲ မမ"
"ကလေး ဆိုတော့ လေ
ဘာသိပ် တောင်းတတ်မှာလဲ၊
သူသိသလောက်လေး ပူဆာတာပေါ့"
"ဘာများလဲ မမ"
"ကလေးက ...
ပဲခူး ရိုးမလေးပဲ လိုချင်လို့တဲ့ဟေ့၊
သူ့ ခမျာ ကလေးဆိုတော့ ဘယ်သိပါ့မလဲ၊
လိုသလောက်လေး တောင်းတာပေါ့၊
ကလေးဆိုတော့ လောဘကလည်းနည်း"
အမှန်တော့ ကျွန်တော်လည်း မတောင်းပါ။
မေမေက သူလိုချင်တာကို ...
ကျွန်တော့်အမည်တပ်တောင်းခြင
ပဲခူး ရိုးမ ဘယ်မှာရှိမှန်း
ကျွန် တော်မသိပါ။
နာမည်လည်း မကြား ဖူးပါ။
ကျွန်တော်သာ တကယ်တောင်းဆိုရလျှင်
"ဘာဘီ" အရုပ်ကလေးသာ
တောင်းဆိုမည် ဖြစ်ပါသည်။
ဖေဖေ၏ တပည့်များကလည်း မေမေ့ကို ...
"အဘဆီက လက်မှတ်သာရရင်
သားတောင်းထားတဲ့ ပဲခူးရိုးမ
လုပ်ငန်းတွေ ကျွန်တော်လုပ်ပေးပါ့မယ်၊
သားလည်း ... ရှယ်ယာပိုရတာပေါ့"
"အေး အေး မင်းတို့ပဲ အားကိုးနေရတာ"
ပြောရင်းဆိုရင်း
ကျွန်တော် ရှယ်ယာရပါသည်။
ဖေဖေ၏ တပည့်များ ပြောကြားချက်အရ
ကျွန်တော့်တွင် ...
အစုရှယ်ယာလုပ်ငန်းများ၊
ရွှေတွင်းလုပ်ငန်းများ၊
သစ်တောလုပ်ငန်းများ၊
စားသောက်ကုန်လုပ်ငန်းများ၊
ဂျာနယ်လုပ်ငန်းကအစ
အခြား ကျွန်တော်မသိသော
လုပ်ငန်းပေါင်း မြောက်မြားစွာ
ရှိနေပါသေးသည်ဟု ဆိုကြပါသည်။
ကျွန်တော် ဘာလုပ်ငန်းတွေ ရှိသည်ကို
ကျွန်တော်သေသေ ချာချာမသိပါ။
ကျွန်တော်သည်
တီဗီဂိမ်းဝါသနာကြီး၍ ကျောင်းစာမရပါ။
အဆင့် တစ်သာ ရပါသည်။
စာမေးပွဲဖြေ မရလည်း
အဆင့်တစ်တော့ ရပါသည်။
အဆင့် နံပါတ်နည်း၍
ကျွန်တော် အားကြီး စိတ်ဆိုးရပါသည်။
ကျောင်းထဲတွင်
ကျွန်တော်တို့အခန်းက လူနည်းပါသည်။
လူများသော အခန်း တွင် မနေရပါ။
ကျွန်တော်တို့ အခန်းတွင်းမှ
ကျောင်းသားများတွင် ပြိုင်ကားများရှိကြပါသည်။
သူတို့သည်လည်း ကျွန်တော်မောင်လှလို
အဘ သားများဖြစ်ပေလိမ့်မည်။
ကျွန်တော်သည်
ကျောင်းနေရသည်လည်း ပျော်ပါသည်။
ရှယ်ယာ များရသည်လည်း ပျော်ပါသည်။
မမောင်းတတ်သေးသော
ပြိုင်ကားများ ရ၍လည်း ပျော်ပါသည်။
ကျွန်တော်လည်း ကြီးလာလျှင် ဖေဖေလို
__________________________
#အရာရှိကြီးဖြစ်ပြီးတာဝန်သိ
__________________________
ဖြစ်အောင် ကြိုးစားပါမည်ဟု ကတိပြုပါသည်။
#အကြည်တော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။