လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ
အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း
မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း
မပတ်သက်ဘူး
တကယ်တော့ ရင့်ကျက်မှုဆိုတာ
အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။
ကျနော်အကြိုက်ဆုံးကတော့
ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး..
"ရင့်ကျက်တယ်ဆိုတာ
တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ . . .
ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက်
သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့
ချုပ်ချယ်ကြတယ်ကြီးလာတော့ သူ့ရဲ့
လွတ်လပ်ခွင့်ဆိုတာကို
နားလည်ပေးနိုင်လာကြတယ် . . .
ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ
သိတယ် မိဘကိုပူဆာတယ် . . . . မိဘနဲ့ ပြဿနာတွေ
ဖြစ်တယ်ကြီးလာတော့ . . ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ
အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ
နေရက်နဲ့ သူတို့က ဘယ်လိုလို့ . . . တွေးတတ်ကြတယ် . .
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ
မာန်မဲတတ်တယ် . .
ကိုယ့်အထက်လူကြီးတွေကိုလည်း
ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား . . . .
ဆုံးဖြတ်တာကလည်း နှေးလိုက်တာ . .
မပြတ်သားလိုက်တာ
ပျော့လိုက်တာ . . စသဖြင့် အပြစ်တင်မိတတ်တယ် . . . .
အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် . . . . . . .
ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆိုတာ
ကိုယ် ရင့်ကျက်လာတာပဲပေါ့ ။
အဲ့လိုမဟုတ်ဘဲ
''''''''''''''အရင်ကလည်း ဒီစိတ်''''''''''''
''''''''''''''ခုလည်း . . . . ဒီစိတ် """""" ဆိုရင်တော့ . . . .
အချိန်တွေသာကုန်သွားတယ်
ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ . . .
ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ
တချို့တွေများ
" ရင့် သာ ရင့် လာတယ်
မ ကျက် သေးဘူး"
"လိုရင်းရှာတော့ ကိုယ်ချင်းစာ" တဲ့
ကိုယ်ချင်းစာနိုင်လာလေလေ
ရင့်ကျက်လာလေလေပါပဲ. . . . . .
ကိုယ်ချင်းစာတယ်ဆိုတာ
EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ် . .
ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက်
အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ . .
ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ . . .
တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက်
ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက်
တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲ
ဆိုတာက . . ?
မယုံမရှိပါနဲ့ တချိန်မှာ ကိုယ့်အနာဂတ်အတွက်
အရေးပါလာပါလိမ့်မယ်။
..
.
(စာကြွင်း)
EQ emotional quotient အရေးကြီးတယ်လို့
ရေးခဲ့တာနဲ့ပတ်သက်ပြီး နည်းနည်းတော့ ဖွင့်ချချင်ပါတယ်
အဲ့ဒီ စိတ်အရည်အသွေးနဲ့ ပတ်သက်လို့
ကျနော့ကို ကျနော် သုံးသပ်တာပါ . . . .
ကျနော် EQ "တကယ်" ကောင်းတဲ့ထဲမပါဘူး
အလုပ်အောင်မြင်တာကတော့
အလုပ်ထဲ မှာ Emotional ဖြစ်ရင်
" ဂွမ်း " သွားမယ်ဆိုတာသိလို့
အောင့်အည်း သီးခံ ထိမ်းထားရတာလေ. . . . .
အကောင်းစား ဟုတ်မယ်မထင်ဘူး
အသင့်အတင့်ပေါ့ . . . . . .
လောကဓံကို ကြံ့ကြံ့ခံနိုင်သူမှသာ
တကယ်EQကောင်းတာ. . . . .
အဲ့ဒီမှာ
ကျနော်တို့ " ဗုဒ္ဓ " ရဲ့ EQ က အမြင့်ဆုံးပဲ ။
EQ နဲ့ပတ်သက်လို့
ဒီလိုလေးတော့ ခွဲခြားပြောချင်ပါတယ် . . . . . .
သင့်ရဲ့စိတ်ထိမ်းသိမ်းနိုင် စွမ်းအားကို
အမှတ်ပေး အကဲဖြတ်ကြည့်မယ် ဆိုပါစို့ . . .
ပတ်ဝန်းကျင် အခြေအနေ တစ်ခုထဲမှာ
သင် ဘယ်လောက် လိုက်လျောညီစွာနေထိုင်နိုင် လဲ
ဆိုတာကြည့်ပြီး မှန်းဆ ပြောလို့ရနိုင်ပေမယ့်. . .
တကယ့် စိတ် အရည်အသွေး နဲ့ အဆင့်အတန်း
ကိုကျတော့" လောကဓံ အပေါ် ခံနိုင်ရည် " နဲ့
တိုင်းမှ မှန်မယ် ထင်ပါတယ် . . .
အဲ့မှာ ကျနော် မရင့်ကျက်ပဲ
တော်တော့ကို ညံ့ နေသေးတယ် ဆိုတာ
ဝန်ခံပါရစေ . . . . . . ။
━━━━━━━━━━━━━━━━━━━━
🗿
🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/ knowledgevillage11/
#source
အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း
မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း
မပတ်သက်ဘူး
တကယ်တော့ ရင့်ကျက်မှုဆိုတာ
အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။
ကျနော်အကြိုက်ဆုံးကတော့
ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး..
"ရင့်ကျက်တယ်ဆိုတာ
တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ . . .
ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက်
သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့
ချုပ်ချယ်ကြတယ်ကြီးလာတော့ သူ့ရဲ့
လွတ်လပ်ခွင့်ဆိုတာကို
နားလည်ပေးနိုင်လာကြတယ် . . .
ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ
သိတယ် မိဘကိုပူဆာတယ် . . . . မိဘနဲ့ ပြဿနာတွေ
ဖြစ်တယ်ကြီးလာတော့ . . ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ
အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ
နေရက်နဲ့ သူတို့က ဘယ်လိုလို့ . . . တွေးတတ်ကြတယ် . .
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ
မာန်မဲတတ်တယ် . .
ကိုယ့်အထက်လူကြီးတွေကိုလည်
ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား . . . .
ဆုံးဖြတ်တာကလည်း နှေးလိုက်တာ . .
မပြတ်သားလိုက်တာ
ပျော့လိုက်တာ . . စသဖြင့် အပြစ်တင်မိတတ်တယ် . . . .
အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် . . . . . . .
ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆိုတာ
ကိုယ် ရင့်ကျက်လာတာပဲပေါ့ ။
အဲ့လိုမဟုတ်ဘဲ
''''''''''''''အရင်ကလည်း ဒီစိတ်''''''''''''
''''''''''''''ခုလည်း . . . . ဒီစိတ် """""" ဆိုရင်တော့ . . . .
အချိန်တွေသာကုန်သွားတယ်
ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ . . .
ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ
တချို့တွေများ
" ရင့် သာ ရင့် လာတယ်
မ ကျက် သေးဘူး"
"လိုရင်းရှာတော့ ကိုယ်ချင်းစာ" တဲ့
ကိုယ်ချင်းစာနိုင်လာလေလေ
ရင့်ကျက်လာလေလေပါပဲ. . . . . .
ကိုယ်ချင်းစာတယ်ဆိုတာ
EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ် . .
ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက်
အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ . .
ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ . . .
တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက်
ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက်
တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲ
ဆိုတာက . . ?
မယုံမရှိပါနဲ့ တချိန်မှာ ကိုယ့်အနာဂတ်အတွက်
အရေးပါလာပါလိမ့်မယ်။
..
.
(စာကြွင်း)
EQ emotional quotient အရေးကြီးတယ်လို့
ရေးခဲ့တာနဲ့ပတ်သက်ပြီး နည်းနည်းတော့ ဖွင့်ချချင်ပါတယ်
အဲ့ဒီ စိတ်အရည်အသွေးနဲ့ ပတ်သက်လို့
ကျနော့ကို ကျနော် သုံးသပ်တာပါ . . . .
ကျနော် EQ "တကယ်" ကောင်းတဲ့ထဲမပါဘူး
အလုပ်အောင်မြင်တာကတော့
အလုပ်ထဲ မှာ Emotional ဖြစ်ရင်
" ဂွမ်း " သွားမယ်ဆိုတာသိလို့
အောင့်အည်း သီးခံ ထိမ်းထားရတာလေ. . . . .
အကောင်းစား ဟုတ်မယ်မထင်ဘူး
အသင့်အတင့်ပေါ့ . . . . . .
လောကဓံကို ကြံ့ကြံ့ခံနိုင်သူမှသာ
တကယ်EQကောင်းတာ. . . . .
အဲ့ဒီမှာ
ကျနော်တို့ " ဗုဒ္ဓ " ရဲ့ EQ က အမြင့်ဆုံးပဲ ။
EQ နဲ့ပတ်သက်လို့
ဒီလိုလေးတော့ ခွဲခြားပြောချင်ပါတယ် . . . . . .
သင့်ရဲ့စိတ်ထိမ်းသိမ်းနိုင်
အမှတ်ပေး အကဲဖြတ်ကြည့်မယ် ဆိုပါစို့ . . .
ပတ်ဝန်းကျင် အခြေအနေ တစ်ခုထဲမှာ
သင် ဘယ်လောက် လိုက်လျောညီစွာနေထိုင်နိုင်
ဆိုတာကြည့်ပြီး မှန်းဆ ပြောလို့ရနိုင်ပေမယ့်. . .
တကယ့် စိတ် အရည်အသွေး နဲ့ အဆင့်အတန်း
ကိုကျတော့" လောကဓံ အပေါ် ခံနိုင်ရည် " နဲ့
တိုင်းမှ မှန်မယ် ထင်ပါတယ် . . .
အဲ့မှာ ကျနော် မရင့်ကျက်ပဲ
တော်တော့ကို ညံ့ နေသေးတယ် ဆိုတာ
ဝန်ခံပါရစေ . . . . . . ။
━━━━━━━━━━━━━━━━━━━━
https://www.facebook.com/
#source

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။