လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်၊ ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရဲ့ လမ်းမတစ်ခုထက်မှာ ကမ္ဘာ့အလှဘုရင်မအဖြစ်
တင်စားခေါ်ဝေါ်ကြတဲ့ ဗြိတိသျှတော်ဝင်မျိုးနွယ်ဝင် မင်းသမီးဒိုင်ယာနာတစ်ယောက်
ကားမတော်တဆဖြစ်မှုတစ်ခုနဲ့အတူ ကွယ်လွန်ခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ
ဒိုင်ယာနာဟာ ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး
ဒိုင်ယာနာရဲ့နောက်ဆုံးထွက်သက်နဲ့ ထိတွေ့ခွင့်ရခဲ့တာကတော့ Xavier Gourmelon
လို့ခေါ်တဲ့ ကယ်ဆယ်ရေးမီးသတ်ရဲဘော်တစ်ဦးပါ။ ဒိုင်ယာနာကွယ်လွန်ခြင်း နှစ် ၂၀
ပြည့်အခမ်းအနားမှာ သူတွေ့ခဲ့ရတဲ့ ဒိုင်ယာနာရဲ့ နောက်ဆုံးအချိန်ကို
ပြောပြခဲ့တာဖြစ်ပြီး Pont de l’Alma ဥမင်အတွင်းက မင်းသမီးစီးလာတဲ့
မာစီးဒီးကားဆီကနေ မင်းသမီးကိုကယ်ထုတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
သူကတော့ သူကယ်တင်ခဲ့ရတဲ့
ဒိုင်ယာနာရဲ့အကြောင်းကို ယခုလိုပဲပြောပြပါတယ်။ "ကျွန်တော်တို့
သူ့ကိုကယ်ခဲ့ရတုန်းက ဒါဟာကမ္ဘာ့နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်း
မသိခဲ့ကြပါဘူး။ အကူအညီလိုနေတဲ့သူရဲ့ အသက်ကိုကယ်ဖို့ သွားခဲ့ကြတာပါပဲ။
ဒိုင်ယာနာက ကျွန်တော့်ကိုပြောခဲ့ပါတယ်။ ‘My God, what’s happened?’
(ဘုရားရေ၊ ဘာတွေဖြစ်ကုန်ပြီလဲ?) လို့ပါ။ သူမဟာ ကားနောက်ခန်းရဲ့
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပြီး ခပ်ဖြည်းဖြည်းလေး လှုပ်နေတာပါ။
သူမရဲ့ညာဘက်ပုခုံးမှာ ဒဏ်ရာအနာတရဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
သူ့ကိုယ်ပေါ်မှာတော့ သွေးတွေလုံးဝမတွေ့ရပါဘူး"
သူမအသက်ရှင်ကျန်ဖို့အတွက်
ရည်ရွယ်ကယ်တင်ခဲ့ပေမယ့် သူ့ရဲ့မျှော်လင့်ချက်ကတော့ မအောင်မြင်ခဲ့ပါဘူး။
"သူမခဏတော့ အသက်ရှုခဲ့ပါတယ်။ ဆေးရုံကားပေါ်တင်ပေးခဲ့ပြီး
အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့်။ ဆေးရုံမှာသေသွားပြီဆိုတော့
စိတ်မကောင်းဖြစ်ရပါတယ်" လို့ဆိုပါသေးတယ်။ ဒါဇာတ်လမ်းလေးကတော့ အနှစ် ၂၀
ရှိပြီဖြစ်ပေမယ့် သမိုင်းမှာတော့ အကြီးမားဆုံးလှုပ်ခတ်မှုတစ်ခုအဖြစ်
အမြဲရှိနေမှာပါ။ ဒိုင်ယာနာမင်းသမီးရဲ့ အကြောင်းတွေကလည်း
လူထဲရဲ့ပါးစပ်ဖျားမှာစွဲထင်ကျန်နေဆဲပါပဲ။ လူချစ်လူခင်များတဲ့သူမ
ကောင်းရာမွန်ရာ ဘုံဘ၀တစ်ခုခုမှာ ရှိနေမယ်ဆိုတာ သေချာပါတယ်။
Ref: TMZ
အောင်ခန့်
အောင်ခန့်
http://www.momolay.com/p/34884/text
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။