Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 12, 2017

မိုးရွာနေစဉ်ယာဉ်ဘယ်လိုမောင်းမလဲ?

မိုးရွာနေစဉ်ယာဉ်ဘယ်လိုမောင်းမလဲ?


ယာဉ်မောင်းနှင်မှုမှာ ရာသီဥတု ဟာ အထူးအရေးကြီးတဲ့အချက်ဖြစ် ပါတယ်။ ရာသီဥတုတကယ်ဆိုးပြီ ဆိုရင်တော့ သင့်ခရီးစဉ်ကို ပြောင်းတာအကောင်းဆုံးပါပဲ။ ရာသီဥတု သတင်းကို ရေဒီယို၊ တီဗွီနဲ့ သတင်း စာ တွေမှာ ကြည့်လေ့ရှိတာကလည်း အလေ့အထ ကောင်းတစ်ခုပါပဲ။

⚝ရှေ့ မီတာ (၁၀၀) (၃၂၈ ပေ) လောက်ကို မမြင်နိုင်ဘူးဆိုရင် သင့်ယာဉ်ရဲ့ ရှေ့မီးကြီး ကိုဖွင့်ရပါမယ်။ ဒါပေမယ့် မြင်နိုင်စွမ်း ကောင်းလာရင်တော့ မီး များပိတ်ရပါမယ်။ စိုစွတ်တဲ့မိုးရာသီ မှာ ယာဉ်မောင်းများ အန္တရာယ်ကင်းဖို့ အကြံပြုချက်များ အောက်ပါအတိုင်း ဖော်ပြပါတယ်။
ဒီအချိန်ဟာ မုန်တိုင်း ရှိချိန်မို့ အခြားယာဉ်တွေကို မြင်ဖို့ ခက်ခဲပါတယ်။ လမ်းကြောင်းမပြောနဲ့ မျက်စေ့အောက်က လမ်းကိုပင် သင် မြင်ဖို့ခက်ခဲပါတယ်။

🕯အောက်ပါအချက် တွေကိုလိုက်နာပါ 🕯

🚩(၁) ပထမဆုံးအချက်အနေနဲ့ အရှိန်လျှော့ချပါ။ မိုးရွာစဉ်ဘရိတ်နင်း ရင် ရပ်တန့်မှုအကွာအဝေးပိုစေပါ တယ်။

🚩(၂) သင်အလယ်လမ်းကိုပဲ မောင်းပါ။ အပြင်ဘက်လမ်း အစွန် တွေမှ ရေများ နေပါမယ်။

🚩(၃) သင့်လျော်တဲ့ နောက်လိုက် အကွာအဝေး (၃ စက္ကန့်စည်းမျဉ်း) ကို ထိန်းသိမ်းလိုက်နာပါ။ မိုးရွာနေစဉ် တော့ (၃) စက္ကန့်စည်းမျဉ်းများကို တိုးမြှင့်ပြီး (၆) စက္ကန့်သို့ တိုးရပါ မယ်။

🚩(၄) ထရပ်ကား (သို့) ဘတ်စ် တစ်စီး သင့်ယာဉ်ရှေ့မှာရှိနေရင် ထရပ်ကားကြီး / ဘတ်စ်ကားကြီးများ နောက်က သိပ်ကပ် မလိုက်ပါနဲ့။ ၎င်း တို့ နောက်တာယာကြီး များကြောင့် ရေဖြာထွက်နေခြင်းဟာ သင့်ရဲ့မြင် ကွင်းကို ကန့်သတ်ထိခိုက်ပါတယ်။ ထရပ်၊ ဘတ်စ်ကားကြီးများကို ကျော် ဖြတ်ရင်လည်း ရေဖြာထွက်မှုများကို ဂရုစိုက်ရပါမယ်။ မြန်မြန်လုံခြုံစွာ ဖြတ်ကျော်ပါ။

🚩(၅) မိုးရွာထဲမှာ ချောနေတဲ့ လမ်းမောင်းလျှင် ပိုမိုသတိရှိပါ။ ရှေ့ ကားရဲ့ ဘရိတ်မီး အမြဲသတိပြု။

🚩(၆) တတ်နိုင်သရွေ့ သင် ဘရိတ်နင်းမှု မပြုလုပ်ပါနဲ့။ အရှိန် လျှော့ရန် လီဗာ (Lever) နင်းထားတဲ့ ခြေထောက်ကိုဖယ်လိုက်ပါ။

🚩(၇) မိုးနည်းနည်းဖြစ်ပါစေ ရှေ့မီးကြီးများ ကိုဖွင့်ပါ။ မြူကျ (သို့) မှုန်ဝါးနေလျှင်လည်း ဖွင့်ပါ။ မီးဖွင့် တာဟာ သင်လမ်းကိုမြင်ဖို့တင် မဟုတ်ပါ။ အခြားယာဉ်မောင်းများက လည်း သင့်ကိုမြင်စေရန်ဖြစ်ပါတယ်။ သင် နေ့အချိန် မီးသွားထိုးတဲ့အတွက် နောက်ကားကလည်း သင့်ကို ကောင်း ကောင်းမြင်မှာဖြစ်ပါတယ်။

🚩(၈) မိုးထဲမှာ မမောင်းမီ ၀ိုက် ပါများ အသစ်လဲလှယ်ပါ။

🚩(၉) လမ်းဘေးက မောင်းခြင်း မပြုပါနဲ့။ လမ်းဘေးတွေမှာ ရေဘယ်လောက်နက်တယ် ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။

🚩(၁၀) သင်မြင်ကွင်းကျော်လွန် ပြီး မမြင်ဘဲနဲ့ မမောင်းပါနဲ့။ ညအချိန် မိုးရွာတဲ့လမ်းတွေ မောင်းရင် အထူး သဖြင့် ကပြောင်းကပြန် ဖြစ်လာပါ မယ်။ ရှေ့မီးကြောင့် မျက်စေ့ပြာမှု၊ ကားမှန်ပေါ်ကျနေတဲ့ မိုးသံများ ကြောင့် မျက်စေ့ပြာမှု၊ ကားမှန်ပေါ်ကျ နေတဲ့ မိုးသံများ ကြောင့် ယာဉ်မောင်း ပင်ပန်းလာပါမယ်။ မိုးရွာစဉ် လမ်း ဖြတ်သူများ၊ တိရစ္ဆာန်များ၊ တောရိုင်း တိရစ္ဆာန်များကို ခန့်မှန်းရခက်ခဲပါ တယ်။

🚩(၁၁) ရေအောက်ရှိလမ်းကို မမြင်ရဘဲ ရေထဲဖြတ်မမောင်းပါနဲ့။ သင့်ကားကို လမ်းဘေးသို့ ရိုက်ထုတ် ခြင်းခံရလိမ့်မည်။

🚩(၁၂) ရေအနက်သေချာမသိဘဲ ခြေနင်းခုံ လောက် ရေရောက်နေမယ် ဆိုပါက ဖြည်းဖြည်း မောင်းပါ။ ကား တံခါးအထိ ရေရောက်လာပြီ ဆိုရင်တော့ အခြားလမ်းတစ်လမ်းကို ရှာပြီး ကွေ့သွားပါ။ ခေတ်သစ်ယာဉ်များ၏ အီလက်ထရောနစ်စနစ်သည် ရေထိပါ က ကြီးမားစွာပျက်စီးစေနိုင်ပါတယ်။

🚩(၁၃) ခြေကျင်လျှောက်သူများ အား ဗွက်ရေစင်မှု မဖြစ်စေရန် ဖြည်း ဖြည်းမောင်းပါ။

🚩(၁၄) ဖြစ်နိုင်ရင်တော့ မိုး သည်းသည်း မည်းမည်းရွာနေချိန်မှာ ယာဉ်မမောင်းဘဲ စောင့်နေဖို့ပါပဲ။ လျှပ်စီးလျှပ်လျှင် ယာဉ်မောင်းမျက်စေ့ ပြာ ထိတ်လန့်သွားပြီး မောင်းနှင်မှု ကို ထိခိုက်စေနိုင်ပါတယ်။ မိုးကြီး လေကြီးတိုက်မှု တွဲဖက်လာပြီဆိုလျှင် ယာဉ်မောင်းနှင်မှု အခြေအနေကိုများ စွာထိခိုက်စေပါမယ်။

မိုးရာသီယာဉ်မောင်းခြင်း ဂရု ပြုရန်အချက်များ

မိုးရွာတဲ့နေ့ဟာ အားသစ်တိုး စေပါတယ်။ မိုးရေထဲ လမ်းလျှောက် ရတာကိုက စိတ်ကူးယဉ်ရသလိုပါပဲ။ မိုးရွာထဲယာဉ်မောင်းရတာဟာလည်း ဘာဖြစ်ဖြစ် သင်ရှောင်ရှားရမယ့် အန္တရာယ် ထူးခြားမှုတွေများပါတယ်။ လမ်းဥပဒေများကို လိုက်နာပြီး အ လျှော့ပေးမောင်းတဲ့ ယာဉ်မောင်းဖြစ် ရင်တော့ အန္တရာယ်ကင်း ယာဉ်မောင်း ဖြစ်မှာပါ။ ဒါပေမယ့် သင့်ပတ်ဝန်း ကျင်ယာဉ်မောင်းကို ကြည့်ပါဦး။

သင်သာ မိုးရွာတဲ့နေ့ကို ယာဉ် မောင်းမယ်ဆိုရင် ယာဉ်တိုက်မှု အစဉ် အလာလျော့ကျစေရန် မိုးထဲသွားလာ မှုလျှော့ချပါ။ ယာဉ်မောင်း ခြင်းမပြုမီ ယာဉ်သွားလာမှု မှတ်တမ်းများအရ သင်သွားမယ့်လမ်း ရေလွှမ်းနေသ လား၊ ယာဉ်တိုက်မှုဖြစ်နေသလား၊ လမ်းပိတ်နေသလား စုံစမ်းစိစစ်ပါ။
မိုးရွာထဲ ယာဉ်မောင်းနှင်မှုကို ပိုမိုအ ထောက်အကူပြုမယ့် အန္တရာယ် ကင်း ရှင်းရေး အောက်ပါအချက် တချို့ကို ဖော်ပြရမယ်ဆိုရင်

💡(၁) ယာဉ်လမ်းကြောင်း (Freeway) တွင်စောင့်နေစဉ် ၎င်းင်း အပြင် (အစွန်) ဘက်လမ်းများ ရေ ၀င်လာပြီဆိုရင် အလယ်လမ်းကို ပြောင်းမောင်းပါ။

💡(၂) ရှေ့မီးကြီးဖွင့်ပါ။ ဒါမှ မိုး ရွာတဲ့နေ့များ၊ မြူကျတဲ့နေ့များမှာ အခြားယာဉ်မောင်းသင့်ကို ကောင်း ကောင်းမြင်ဖို့နဲ့ သင်ကောင်းကောင်း မြင်ဖို့ အကူအညီရပါမယ်။

💡(၃) ရှေ့ယာဉ်ဘရိတ်မီးကို စောင့်ကြည့်ဖို့နဲ့ မိုးရွာရင်နောက်လိုက် အကွာအဝေးတိုးမြှင့်ဖို့ (ရှေ့ယာဉ်ကို ခွာသွားဖို့) လိုပါမယ်။

💡(၄) အရှိန်လျှော့ပါ။ စွတ်စို နေတဲ့ရာသီဥတုမှာ ကားရပ်ရန် အတွက် ဘရိတ်နင်းရင် ရပ်တန့်မှု အကွာအဝေးပိုရှည်ပါမယ်။ ရေ ထုထည်များလေ သင်မြန်မြန်မောင်း ဖို့ ခက်ခဲလေဖြစ်ပါမယ်။

💡(၅) ရေဘယ်လောက်နက်နေ လဲ မမြင်ရဘူးဆိုရင် ဖြည်းဖြည်းဖြတ် မောင်းပါ။ သင်ထင်တာထက် ရေနက် နေရင် နောက်ပြန်ဆုတ်ပါ။

💡(၆) ရေအနက်ဘယ်လောက်ရှိ မှန်း မသိဘဲနဲ့ ရေစီးနေတဲ့နေရာကို ဖြတ်မမောင်းပါနဲ့။ သင့်ယာဉ်လမ်း ပေါ်ကနေ ရေစီးနောက်ပါသွားလိမ့် မယ်။

မိုးရာသီယာဉ်ပြုပြင်မှုလိုအပ် ချက်

📌(၁) မိုးရွာထဲစတင်မမောင်းမီ သင့်ရဲ့ ရေသုတ်တံ ၀ိုက်ပါအဟောင်း တွေလဲပါ။ ၀ိုက်ပါ (Wiper Blades) ဈေးသက်သာပြီး အလွယ်တကူ တပ် ဆင်နိုင်ပါတယ်။

📌(၂) တာယာပန်းများ၊ ပန်း (၀.၃) မီလီမီတာသာကျန်ရင် အသစ် လဲပါ။ တာယာ၏သတ်မှတ်လေပေါင် ပြန်ဖြည့်ပါ။

📌(၃) သင်နဲ့အတူ ပေါ့ပါးတဲ့ ကားစက်နှိုးကိရိယာယူသွားရေး စဉ်း စားပါ။ သင့်ဘက်ထရီအားကုန်သွား လျှင် အပြင်မထွက်ရဘဲ သင့်ကားထဲမှ စက်နှိုးရန်ဆောင်ရွက်နိုင်မှာပါ။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
awjmyanmar
Photo:google

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။