══════════════════════════
❖ တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာ
❖ များမကြာမီမှာပဲ မိန်းကလေးဟာသူ့ယောက္ခမကြီးနဲ
❖ သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်။
❖ ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှ
❖ ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူ
နာတွေအကုန်အေးရော ဆိုတော့
ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်
အေးဟ ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ် ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ တော့လိုမယ် တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး ငါပြောတဲ့အတိုင်းနင်မလိုက်န
စိတ်ချုပါဦးလေးရာ ဦးလေးပြောတဲ့အတိုင်း ကျမအတိအကျ လိုက်နာပါမယ်
ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေး တစ်ထုတ်ပါ လာတယ်။
❖ ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူး
❖ မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင် အထည်ဖော်ပါတော့တယ်။
❖ ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေ ကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်
❖ ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ စိတ်အေးချမ်းလာပါတယ်။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ ယောက္ခ မကြီးဟာ ကြင်နာတတ်သူ ဆက်ဆံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်။
❖ ယောက္ခမကြီးရဲ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်။ သူ့သမီးအရင်း လေးတစ်ယောက်လို ချစ်ခင်လာသတဲ့။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမ လေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှ
❖ တစ်နေ့မှာတော့ ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည်စက်လက်နဲ့ ပြောပါတယ်
❖ ဦးလေးရယ် ကယ်ပါဦး ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား ကျမ ယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ် ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ်နေပြီ ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး
❖ ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်၊
ငါ့တူမ နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို
အဲ့ဒါက အဲ့ဒီတုန်းကလေ ခုမှကျမ သူကောင်းမှန်းသိရတာ ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ် တောင်းပန်ပါတယ်
❖ လို့ပြောကာမျက်ရည်တွေကျဆင်း
ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ် ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး
❖ ဦးလေးပေးလိုက်တာ အားဆေးတွေပါ သူ့အတွက်ပိုလို့တောင် ကျန်းမာရေး အထောက်အကူပြုသေးတယ် တကယ်အဆိပ်သင့်နေတာက တူမကြီးရဲ့  စိတ်နေသဘောထားတွေပါ ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီး သူ့အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြ
❖ လူအချင်းချင်း လှည့်ပတ်ခြင်း၊ မုန်းတီးခြင်း ကင်းရှင်း၍ ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်သော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။
Credit - သုခဆရာတော် အရှင် ပညာဝံသ ဘဝခွန်အား မျှဝေစာစုများ။
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည် - Win Soe (KL)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။