Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 16, 2017

ဖေ့စ်ဘုတ်ခ်ပေါ်မှာ လိင်မုဆိုးများ ရှိသည်

 
 
#အမျိုးသမီးများသတိ

ဖေ့စ်ဘုတ်ခ်ပေါ်မှာ လိင်မုဆိုးများ ရှိသည်
===========================

မညိုညိုသင်း (၂၀ နှစ်)က သူနေထိုင်တဲ့နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးတာကြောင့် ရန်ကုန်အထည်ချုပ်စက် ရုံတစ်ရုံမှာ အလုပ်လုပ်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ သူရန်ကုန်မြို့ ရောက်တဲ့အချိန်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ အဆောင်တစ်ခုကို တစ်လ ကျပ် ၂၅,၀၀၀ နဲ့ ငှားရမ်းနေထိုင်ပါတယ်။ အလုပ်လုပ်ပြီး ပြန်ချိန်ဆိုရင် သူ့အတွက် ပင်ပန်းတာတွေဖြေဖျောက်ပေးနိုင်ဖို့ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ခ် ကိုသာအဖော်ပြုပါတယ်။ နယ်ကအ လုပ်လာလုပ်တဲ့ မိန်းကလေးဖြစ်တာကြောင့် သူ့ကိုချောင်းနေတဲ့ အွန်လိုင်းမုဆိုးတွေများစွာရှိနေပါတယ်။

သူက’ဖေ့စ်ဘုတ်ခ်ချက်ဘောက်စ် ကနေ မျိုးသန့်နာမည်နဲ့ အကောင့်ပိုင်ရှင်က စကားစပြောရင်း သူနဲ့ခင်သွားတယ်၊ တစ်ယောက်အကြောင်းတစ်ယောက် ပြောပြတယ်၊ သူက နာမည်ကြီး ကုမ္မဏီတစ်ခုက မန်နေဂျာတစ်ယောက်ဖြစ်တယ်၊ ပြီးတော့ ညီမကိုပုံတွေပို့ခိုင်းတယ်၊ အလုပ်တစ်နေရာပေးမယ်ပြောတယ်၊ နောက်ပိုင်းကျတော့ အပြင်မှာတွေ့ဖို့ချိန်းတယ်၊ ကြာတော့သူနဲ့ ချစ်သူတွေဖြစ်သွယဒတယ်၊ ညီမအမှားလို့ပဲ ပြောရမလား၊ လူတစ်ယောက် ကို လွယ်လွယ်ယုံပြီး သူတောင်းဆိုသမျှတွေကိုလိုက်လျောပေးခဲ့တယ်၊ နောက်ပိုင်းညီမတို့ ငါးလလောက်တွဲပြီး ညီမကိုပေးမယ်ဆိုတဲ့ အလုပ်မရဘူးလားလို့ မေးလိုက်တယ်၊ အဲဒီနောက်ပိုင်း အဆက်အသွယ်မရတော့ဘူးလို့ ပြောပါတယ်။

မညိုညိုသင်းမှာ မျိုးသန့်ဆိုသူနဲ့ ကိုယ်ဝန်ရခဲ့တယ်။ သည်ကိုယ်ဝန်ကို ရွာကမိဘတွေကိုဖွင့်ပြောပြီး ဖျက်ချလိုက်တယ်။ အခုနောက်ပိုင်း မညိုညိုသင်းကတော့ အရောင်းစင်တာတစ်ခုမှာ အရောင်းဝန်ထမ်းလုပ်ကိုင်နေပြီး ဘဝကိုရဲရဲရင့်ရင့် ပြန်လည်တည်ဆောက်နေပါတယ်။ သည်အဖြစ်အပျက်က ၂၀၁၄ ခုနှစ်လောက် က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ။

နည်းမျိုးစုံနဲ့ချဉ်းကပ်
သည်လိုဖေ့စ်ဘုတ်ခ်မုဆိုးတွေက နယ်ကလာရောက်နေထိုင်တဲ့ မိန်းကလေးတွေ၊ အပျိုကြီးတွေနဲ့ အိမ်ထောင်ရှိအမျိုးသမီးတွေကို ချောင်းတာများပါတ ယ်။ သူတို့တွေသားကောင်လိုက်တော့မယ်ဆိုရင် အရင်ဆုံးစကားစပြော တစ်ယောက်အကြောင်းတစ်ယောက်ပြောပြပြီး ရင်းနှီးအောင်လုပ်ကြတယ်။ နောက်ပိုင်း ချစ်ခွင့်တောင်းတယ်။ သူတို့လိုချင်တာကိုရအောင်ယူပါတယ်။ သည်လိုအွန်လိုင်းမုဆိုးတွေရဲ့ အသက်က ၂၀ ကျော်ကနေ ၃၀ဝန်းကျင် လောက်ရှိ တဲ့ ရုပ်ရည်သန့်ပြန့်တဲ့သူတွေဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ်မုဆိုးတွေက ချဉ်းကပ်တော့မယ်ဆိုရင် မိန်းကလေးတွေမက်လောက်တဲ့ အရာတွေကိုအရင်ဆုံးပြောပြီး ဖုန်းဘေလ်ဖြည့်ပေးတာတွေ၊ လိုအပ်တာတွေဝယ်ပေး ပြီး မက်လုံးပေးပါတယ်။ သည်လိုလူ တွေအပြင် အခုနောက်ပိုင်းတွေ့နေ ရတာကတော့ မိန်းကလေးတွေဆီကနေ ပြန်တောင်းနေသူတွေကိုလည်းတွေ့ရပါတယ်။ ချစ်သူနဲ့ အတူနေထိုင်၊ လမ်းခွဲလိုက်တဲ့ သူတွေကိုလည်း နှစ်သိမ့်တာတွေလုပ်ပေးသလိုနဲ့ ချောင်းနေတဲ့ဖေ့စ်ဘုတ်ခ်မုဆိုးတွေများစွာရှိပါတယ်။

အသက် ၃၅ နှစ်အရွယ်အပျိုကြီး မမြတ်သူကလည်း သည်လိုအဖြစ် အပျက်ကိုကြုံတွေ့ခဲ့ရပါတယ်။ သူကြုံတွေ့ခဲ့တာကတော့ ‘ကျွန်မက ဖေ့စ်ဘုတ်ခ်ဆိုတာကြီးကိုလဲ အပြစ်တင်ချင်တယ်၊ဘာလို့လဲဆိုတော့ ဒါ တွေပေါ်လာမှ ကျွန်မလဲဒုက္ခရောက်ရတာ၊ တစ်သက်လုံးထိန်းလာတဲ့ သိက္ခာတွေလဲကျတယ်၊ ဘယ်လိုဖြစ် တာလဲဆိုတော့ ကျွန်မ အရင်နှစ်က ဖေ့စ်ဘုတ်ခ်စသုံးတယ်၊ ပုံလေးတင်လိုက်တော့ စကားတွေလာပြောကြတယ်၊ မိတ်ဆွေဖွဲ့ကြတာပေါ့၊ အဲဒီ မှာ အညာဆိုတဲ့တစ်ယောက်က ကျွန်မကို စိတ်ဝင်စားတယ်ဆိုပြီး ပြောတယ်၊ လက်ဆောင်တွေပို့တယ်၊ နောက်ပိုင်းကျတော့ အဖြေတောင်းတော့ ပေးလိုက်တယ်၊ အဲဒီနောက်ပိုင်း ကျွန်မကို ပိုက်ဆံတွေတောင်းတယ်၊ သူတောင်းတာက သိန်း ၁၀ဝ ကျော်သွားတယ်၊ ကျွန်မက ပြန်တောင်းတော့ ကျွန်မကိုလက်ထပ်မယ်၊ လူကြီးတွေစုထားလာတောင်းမယ်ဆိုပြီးလုပ်ရော၊ ပြီးတော့အဲဒီနေ့ကျတော့ လုံးဝရောက်မလာဘူး၊ အဲဒီထဲက ပိုက်ဆံတွေလဲကုန်အရှက်တွေလဲကွဲရတာပါပဲ၊တော်သေးတာပေါ့ ဘဝမပျက်သွားတာလို့ ပြောပါတယ်။

မမြတ်သူကတော့ အခုနောက်ပိုင်း အထည်ချုပ်စက်ရုံ အသေးစားလေးထောင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေပါတယ်။ မမြတ်သူအတွက်ကတော့ငွေကြေးနဲ့ အရှက်တရားတွေဆုံးရှုံးခဲ့ရတဲ့အပြင် သူ့ရဲ့ အမေကဆိုရင် သမီးစိတ်နဲ့ အသက် ဆုံးရှုံးတဲ့အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။ အခုတော့ မမြတ်သူက ဖေ့စ်ဘုတ်ခ်ကို အချစ်ရေးရာတွေအတွက်သုံးဖို့စိတ်ကူးမရှိတော့ဘဲ လုပ်ငန်းကိစ္စတွေမှာသာအသုံးပြုတော့တယ်လို့ ပြောပါတယ်။

ချဉ်းကပ်ပုံများ
ဖေ့စ်ဘုတ်ခ်မုဆိုးတွေက သားကောင်တွေကိုချဉ်းကပ်တဲ့အခါမှာ ချစ်သူရှိလား၊ မရှိဘူးလား အရင်ဆုံး မေးတတ်တယ်။ သူကတော့ ချစ်သူနဲ့ ဘယ်လိုလမ်းခွဲလိုက်တာစသည်ဖြင့် မိန်းကလေးတွေကိုသနားအောင်ပြုလုပ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပိုင်ဆိုင်မှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေကိုထုတ်ဖော်ပြောပြပြီး ချဉ်းကပ်တဲ့အပြင်အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေကိုလည်းစာနာနားလည်တဲ့ပုံစံမျိုးတွေနဲ့ ချဉ်းကပ်တတ်ပါတယ်။

တချို့မိန်းကလေးတွေဆိုရင် ကောက်ကျစ်တဲ့သူတွေကြောင့်အသက်ပါ စတေးလိုက်ရတာတွေရှိပါတယ်။ တချို့တွေကအုပ်စုဖွဲ့ပြီး မိန်းကလေးတစ်ယောက်ကိုဝိုင်းပြီး အမဲလိုက်တာတွေရှိပါတယ်။ သူငယ်ချင်း အချင်းချင်းတွေမိန်းကလေးတစ်ယောက်ကို ပစ်မှတ်ထားပြီး ရည်းစားစကားကိုဖေ့စ်ဘုတ်ခ်ကနေ ပြောကြတာပါ။ တစ်ယောက်နဲ့ချစ်သူဖြစ်ပြီး အတူတူ (living together) နေထိုင် ပြီးပြီဆိုရင် ဓာတ်ပုံတွေရိုက်ယူထားတယ်။ နောက်ပြီး သူငယ် ချင်းတွေကြားထဲပြန်ပြကြတာပါ

ညီမတို့မြို့က အသိတွေပဲ၊ ကိုယ်ခင်ရတဲ့ အစ်ကိုတစ်ယောက်ပေါ့၊ သူက ညီမနဲ့ မတွေ့တာတော်တော်ကြာနေပြီ၊ နောက်ပိုင်းပြန်တွေ့တော့ရင်းရင်းနှီးနှီး စကားတွေလာပြောတယ်၊ ပြီးတော့ မကြာဘူး၊ နောက်ထပ်တစ်ယောက်က ခင်ချင်တယ်ဘာညာဆိုပြီး စကားလာပြောတယ်၊ ညီမကတော့ ရိုးရိုးသားသား ထင်ပြီးလက်ခံစကားပြောတယ်၊ နောက်တော့မှသူတို့တွေကတစ်အိမ်တည်းမှာအတူတူနေတာကိုသိတယ်၊ သိတဲ့အချိန်မှာ ညီမနဲ့ ရင်းနှီးတဲ့အစ် ကိုနဲ့ ညီမနဲ့က ချစ်သူတွေဖြစ်နေပြီ၊ လွန်လွန်ကျူးကျူးတွေလဲဖြစ်ပြီးပြီ၊ နောက်တော့မှ သူနဲ့ကိုယ်နဲ့ အတူတူ ရှိနေတုန်းကပုံတွေကို မြင်ဖူး တယ်ဆို တဲ့ အကြောင်းတွေပြောပြတယ်၊ ညီမ က မေးချင်လို့ ဖုန်းဆက်လိုက်တော့ ဖုန်းကတ်တွေလဲလိုက်တယ်၊ ပြီးတော့ ဖေ့စ်ဘုတ်ခ်ကနေလဲ ဘလော့သွားတယ်၊ ညီမလို တခြားသူတွေကိုလုံးဝမဖြစ်စေချင်ပါဘူးလို့ ဖေ့စ်ဘုတ်ခ်မုဆိုးတွေရဲ့ သားကောင်ဖြစ် ခဲ့ဖူးတဲ့ မနီနီ(အမည်လွှဲ)က ပြောပါ တယ်။

မနီနီက အရင်ချိန်တုန်းကကုမ္မဏီတစ်ခုမှာ စာရေးအလုပ်ကိုလုပ်ကိုင်နေတာပါ။ သည်လိုကိစ္စ ဖြစ်ခဲ့တာကြောင့် အလုပ်ထွက်လိုက်ပြီး တခြားအိမ်နေရာအသစ် အလုပ်သစ်တစ်ခုကို ပြောင်းရွှေ့သွားပါတယ်။ အခုချိန်မှာတော့ သူကအိမ်ထောင်ကျသွားပြီး သာယာတဲ့အိမ်ထောင်ကိုပိုင်ဆိုင်ထားပါတယ်။

သူတို့ပုံစံတွေ
သည်လို အွန်လိုင်းမုဆိုးတွေရဲ့ ပုံစံတွေက သူတို့တွေရဲ့အကောင့်နာမည်တွေ၊ ဓာတ်ပုံတွေကိုအစစ်အမှန်ဖော်ပြတာတွေမရှိဘဲ နိုင်ငံခြားမင်းသားပုံတွေ၊ မြန်မာမင်းသားပုံတွေကိုသုံးတာဖြစ်ပါတယ်။ နာမည်တွေကိုလည်း နိုင်ငံခြားနာမည်တွေနဲ့ တခြားနာမည်တွေကိုပေးတတ်ပါတယ်။ ဥပမာချစ်တတ်သူ၊ နှလုံးလှလူမိုက်၊ မချင်ရင် မနေနိုင် အဲသည်လို နာမည်တွေဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ခ် စစသုံး တဲ့မိန်းကလေးတွေကတော့ သည်လိုနာမည်ပေးထားတဲ့ အကောင့်ကို အကောင့်တုတွေမှန်းမသိနိုင်တာကြောင့် ကိုယ့်ကိုလာပြီး သူငယ်ချင်းဖွဲ့တဲ့အခါမှာလည်း လွယ်လွယ်ကူကူလက်ခံလိုက်ကြပါတယ်။

သူတို့တွေက အမျိုးသမီးတွေကိုချဉ်းကပ်တဲ့အခါမှာ အရင်ဆုံးခင်လို့ ရနိုင်လားဆိုတာကို မေးတတ်တာဖြစ်ပြီး နောက်ပိုင်းစကားပြောရင်းနဲ့ ဓာတ်ပုံတွေတောင်းလာတာတွေ၊ အပြင်မှာတစ်ခါလောက်ဆုံပြီး အတူတူတစ်ခုခုစားချင်တယ်ဆိုတာတွေဖြစ်ပါတယ်။ သည်လိုမျိုး တစ်ခါလောက်တွေ့ပြီးရင်လည်း နောက်ထပ်ထပ်တွေ့ချင်ကြောင်းတွေပြောဆိုပြီး နောက်ပိုင်းမှာအလုပ်ကိစ္စရှိတာကြောင့်၊ စိတ်မချနိုင်တာကြောင့် တစ်ကြိမ်တစ်ခါလောက် အတူတူနေချင်ကြောင်းပြောဆိုပြီး လှည့်ဖျားလာတာဖြစ်ပါတယ်။ သည်လိုမျိုး တွေမဟုတ်ဘဲ တခြားနည်းလမ်းက တစ်ခါလောက်တွေ့ချင်တယ်ဆိုပြီးချိန်းဆိုတာတွေပြုလုပ်ပြီး နောက်အစားအစာတွေထဲကိုအိပ်ဆေးတွေထည့်ပြီး ဖျက်ဆီးတာတွေရှိပါတယ်။သည်လို ဖျက်ဆီးပြီးနောက်ပိုင်းအတူအိပ်ထားတဲ့ပုံတွေကို ဖြန့်ပစ်မယ်ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေ၊ တချို့တွေဆိုရင်ပြန်ရောင်းစားတာတွေပါရှိပါတယ်။

ဖရန့်လာအပ်ပြီဆိုရင်
မိန်းကလေးတစ်ယောက်အနေ နဲ့ ကိုယ့်ကိုဖရန့်လာအပ်ပြီဆိုတာနဲ့ သေချာစစ်ဆေးပြီးမှလက်ခံသင့်ပါတယ်။ လာအပ်သမျှကို လက်ခံနေမယ်ဆိုရင်တော့ သည်လို အွန်လိုင်းမုဆိုးတွေပါဝင်လာနိုင်တာကြောင့်လာအပ်ပြီဆိုတာနဲ့ နာမည်ရင်းအမှန်မဟုတ်တဲ့ သူတွေရဲ့အကောင့်ထဲကိုဝင်ပြီး သေချာစစ်ဆေးသင့်ပါတယ်။ စစ်ဆေးမယ်ဆိုရင်လည်း သူတို့တွေရဲ့ အကောင့်ထဲကိုဝင်ပြီး about ကနေတစ်ဆင့် သူတို့ရဲ့အလုပ်အကိုင်တွေ၊ နေရပ်တွေကိုလေ့လာနိုင်ပါတယ်။ သည်ထဲမှာဆိုရင် သူတို့တွေလိုက်ခ်လုပ်ထားတဲ့ ပေ့ခ်ျတွေကိုပါတွေ့မြင်ရမှာဖြစ်ပါတယ်။

တချို့တွေဆိုရင် မကောင်းတဲ့ပေ့ခ်ျတွေကိုလိုက်ခ်လုပ်ထားတာတွေလည်းရှိတတ်ပါတယ်။ သည်လိုလူတွေဆိုရင်တော့သေချာပေါက်ရှောင်ရှားရမှာဖြစ်ပါတယ်။ လက်ခံမိ လို့ စကားလာပြောတယ်ဆိုရင်လည်း အမျိုးသမီးတွေဘက်က ပြန် လည်တုံ့ပြန်တာကို ချက်ချင်းမပြု လုပ်ဘဲ သူ့ရဲ့စကားအပြောအဆိုကို သေချာလေ့လာသင့်ပါတယ်။ တချို့တွေက စကားပြန်မပြောဘူးဆိုရင် ရိုင်းရိုင်းစိုင်းစိုင်းတွေပြန်လည်ဆက်ဆံတတ်တာကြောင့် သည်လိုလူတွေက ဖေ့စ်ဘုတ်ခ်မုဆိုးတွေဟုတ်နိုင် မဟုတ်နိုင်ကို ဆန်းစစ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖေ့စ်ဘုတ်ခ်မုဆိုးနဲ့ ကြုံတွေ့ခဲ့ပြီး ဘဝပျက်စီးသွားတဲ့ သာလိကာကျေးရွာမှာနေထိုင်သူ မစန္ဒာထွန်းက ‘အခုနောက်ပိုင်းကျတော့ဖေ့စ်ဘုတ်ခ်သုံးတဲ့ သူတွေလဲအရမ်းများလာတယ်၊ တစ်ယောက်ကို အကောင့်ကတစ်ခုမကဘူး၊ အများ ကြီးကိုလွယ်လွယ်နဲ့လုပ်လို့ရနေ ပြီ၊ အဲဒီတော့ တစ်ယောက်မှာ အ နည်းဆုံး အကောင့်လေးခုလောက်တော့ရှိတယ်၊ တချို့တွေကျတော့ မိန်းကလေးက ယောကျာ်းလေးနာမည်တွေနဲ့ဖွင့်တယ်၊ တချို့အမျိုးသားတွေ ကျတော့လဲ အမျိုးသမီးနာမည်တွေ၊ ပုံတွေကိုသုံးတတ်တယ်၊ ညီမဆိုမိန်းကလေးအချင်းချင်းပဲဆိုပြီးသွားတွေ့လိုက်တာကနေ ဘဝပျက်သွားတာပါ၊ သူတို့တွေက အဖွဲ့တွေနဲ့လေ၊ အဲဒီအဖွဲ့မှာမိန်းမတွေလဲပါတယ်၊ အ နည်းဆုံးငါးယောက်တစ်ဖွဲ့ရှိတယ်၊ သူတို့တွေကတစ်ယောက်ကိုပစ်မှတ်ထားပြီဆိုရင် အကုန် လုံးဝိုင်းပြီး သူငယ်ချင်းအပ်ကြတာ တွေကိုလုပ်တယ်၊ မိန်းကလေးကိုတွေ့မယ်ဆိုလို့ သွားရင်းနဲ့ ဒီလူတွေက သူ့ရဲ့ သူငယ်ချင်းတွေပါဆို ပြီး မိတ်ဆက်ပေးရင်းကနေ ညီမ ဘဝကိုဖျက်ဆီးလိုက်တာပါ၊ ညီမ လို ဘယ်မိန်းကလေးကိုမှ မဖြစ်စေချင်ပါဘူးလို့ ပြောပါတယ်။

မစန္ဒာထွန်းကတော့ နယ်ကနေရန်ကုန်မှာ အလုပ်လာရောက် လုပ်ကိုင်နေထိုင်သူ ဖြစ်ပါတယ်။ သူကံကောင်းတာကတော့ သည်လို မုဆိုးတွေကြောင့် ဘဝပျက်သွားတယ်ဆိုပေမဲ့ ကိုယ်ဝန်မရခဲ့တာပါ။ အခုချိန်မှာသူက အရှေ့ဒဂုံ မှာရှိတဲ့ မုန့်စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်ကိုင်နေပါတယ်။

မိဘတွေ နားလည်မှုပေးပါ
သည်လိုမျိုး လူမှုကွန်ရက်ဖေ့စ်ဘုတ်ခ်ကို အခုခေတ်မှာလူတိုင်းသုံးလာကြပါတယ်။ မိဘတွေက သည်လိုသုံးတာကိုမကောင်းဘူးထင်တာကြောင့် ပိတ်ပင်တားဆီးတာတွေရှိပါတယ်။ သူတို့တွေအနေနဲ့ကလည်း လမ်းမှားကိုရောက်မှာဆိုးတာကြောင့် မသုံးခိုင်းတာဖြစ်ပါတယ်။ ပိတ်ပင်တားဆီးတာတွေ မလုပ်ဘဲသားသမီးနဲ့ မိဘတိုင်တိုင်ပင်ပင်လုပ်သင့်ပါတယ်။ ကိုယ့်သားသမီးနဲ့စကားပြောနေတဲ့ သူက ဘယ်လိုလူဆိုတာကို ကိုယ်တိုင်စစ်ဆေးကြည့် တယ်ဆိုရင်တော့အကောင်းဆုံး ဖြစ်ပါတယ်။ အခုခေတ်လူကြီးတွေလည်း ဖေ့စ်ဘုတ်ခ်တွေသုံးနေတာကြောင့် ကိုယ့်သားသမီးရဲ့ အကောင့်နဲ့ သူငယ် ချင်းဖြစ်နေတဲ့သူတွေကို သူငယ်ချင်းအဖြစ် လိုက်အပ်ထားသင့်ပါတယ်။

ဖေ့စ်ဘုတ်ခ်မုဆိုးရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ မညိုညိုသင်းက ‘ညီမ တို့ဆိုရင် နယ်ဘက်ကနေလာတာဆိုတော့ ဖေ့စ်ဘုတ်ခ်ဆိုတာက အမေတို့နဲ့ တအားစိမ်းတယ်၊ အဲဒီတော့ သူတို့တွေကသုံးတာကိုသိပ်မကြိုက်ကြဘူး၊ တားဆီးတယ်ပိတ်ပင်တယ်၊ အဲဒီတော့ ခိုးသုံးတယ်၊ ကိုယ့်ကိုတွေ့ချင်တဲ့သူတွေကိုခိုးတွေ့တယ်၊ အဲဒီတော့မဖြစ်သင့်တာတွေဖြစ်လာတယ်၊ မိဘတွေဘက်ကနေတော့ နားလည်မှုပေးနိုင်ဖို့ကတော့အရေးကြီးဆုံးအချက်ပါပဲ၊ သားသမီးတွေကမိဘကိုအရမ်းကြောက်ပြီး ဘာမှတိုင်ပင်လို့မရဘူးဆိုရင် မဖြစ်သင့်တာဖြစ်သွားနိုင်တယ်၊ ညီမတို့လိုပေါ့လို့ ပြောပါတယ်။

မိဘတွေအနေနဲ့သားသမီးတွေရဲ့ တိုင်ပင်ဖော်သူငယ်ချင်းတစ်ယောက်အနေနဲ့ ရှိနေဖို့ကအရေးကြီးပါတယ်။ သားသမီးတွေနဲ့ အွန်လိုင်းကနေချစ်ကြိုက်နေတဲ့ သူကတွေ့ချင်တယ်လို့ချိန်းတယ်ဆိုရင်တောင်ကိုယ်တိုင်လိုက်ပြီး လေ့လာသင့်ပါတယ်။

သည်လိုမျိုးတွေဖြစ်လာပြီဆိုရင် တိုင်တန်းပြီးအမှုဖွင့်အရေးယူ ခိုင်းတာတွေနည်းပါးနေတယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးတွေ ဖြစ်တာကြောင့် တစ်ရှက်က နေနှစ်ရှက်ဖြစ်လာမှာ ကြောက်တာကြောင့် ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ ဖြေရှင်းတာတွေရှိပါတယ်။ တိုင်တန်းလိုက်တယ်ဆိုရင်ငွေကြေးအရရော၊ မိဘတွေရဲ့ သိက္ခာတွေအရရော ဂုဏ်သိက္ခာတွေကျဆင်းသွားနိုင်တာကြောင့် ဖျက်ဆီးခံလိုက်ရတယ်ဆိုရင်လည်း သည်အတိုင်းငြိမ်နေလိုက်ရတာတွေရှိနေပါတယ်။

ရှေ့နေကိုအောင်က အခုကတော်တော်ဆိုးတာက အရွယ်ရောက်တဲ့သူတွေအွန်လိုင်းကနေ ချစ်သူတွေဖြစ်၊ လွန်လွန်ကျူးကျူးတွေဖြစ်ပြီးရင်တိုင်ဖို့အရမ်းကို ဝန်လေးကြတယ်၊ ဘာလို့လဲဆိုတော့ မိဘတွေက်နှာကိုကြည့်ကြတယ်၊ ပြီးတော့ ပတ်ဝန်းကျင်မှာ နာမည်ပျက်မှာကြောက်လို့ ဘာမှမဖစ်သလိုတွေ နေပြီးလွတ်ထားတာတွေလဲရှိတယ်၊ ဒီလိုတရားစွဲတာတွေကို မလုပ်တော့ အွန်လိုင်းကနေလိမ်လည်ပြီး ကာမမှုတွေကိုကျူးလွန်နေတဲ့သူတွေက တစ် ယောက်ပြီးတစ်ယောက်ကို ထပ် ထပ်ဖျက်ဆီးလာကြတာပါ၊ နောက်တစ်ခုက အဲဒီလိုမျိုး အတူတူနေပြီး ဓာတ်ပုံတွေကိုအွန်လိုင်းမှတင်မယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတာတွေကိုလဲ တရားစွဲကြပါ၊ သက်သေနဲ့တကွတိုင်တန်းကြပါ၊ ဒါမှ နောက်ထပ်အဲဒီလိုလုပ်မယ့်သူတွေကထပ်မလုပ်ရဲတော့မှာပါ၊ အရေးယူသင့်တာကို အရေးယူနိုင်အောင်တိုင်တန်းကြပါလို့ ပြောပါတယ်။

သည်လိုမျိုး အမှုဖွင့်အရေးယူတာတွေမလုပ်တော့ ဖေ့စ်ဘုတ်ခ်မုဆိုးတွေကလည်း ပိုပိုအတင့်ရဲလာပြီး အမျိုးသမီးပျိုတွေကိုသာမက အိမ်ထောင်ရှိ အမျိုးသမီးတွေကိုပါဖြားယောင်းဖျက်ဆီးလာပါတယ်။ သည်လူတွေနောက်ထပ်ပြစ်မှုတွေမကျူးလွန်နိုင်အောင် ဘဝပျက်ခဲ့ရတဲ့ မိန်းကလေးတွေက အမှုဖွင့်ပြီး အရေးယူသင့်တယ်လို့ သိရပါတယ်။

မထူးဇာတ်ခင်း
သည်လိုအွန်လိုင်းမုဆိုးတွေကြောင့် ဘဝပျက်သွားတဲ့သူတွေလည်းရှိနေပါတယ်။ တချို့တွေဆိုရင် လူကုန်ကူးခံရတာတွေ၊ ရောင်းစားခံရတာတွေကိုလည်း ကြုံတွေ့နေရပါတယ်။ အွန်လိုင်းကနေ ချစ်သူတွေဖြစ်ပြီး လက်ထပ်လိုက်ကြပြီး နိုင်ငံခြားမှာသွားရောက်အလုပ်လုပ်ကိုင်မယ်ဆိုပြီး တရုတ်ဘက်နဲ့ ထိုင်း ဘက်ကိုရောင်းစား ကြတာပါ။

အွန်လိုင်းမှာချစ်သူတွေဖြစ်ပြီး အပြင်မှာ ချိန်းတွေ့တဲ့အချိန်အိပ်ဆေးခတ်လိုက်တယ်။ အိပ်ပျော်သွားချိန်မှာ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အပြင် တခြားသူတွေကို ပိုက်ဆံတောင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းတာတွေလည်း ရှိပါတယ်။

သည်လိုအဖြစ်အပျက်တွေကြုံပြီး ကိုယ့်ကိုယ်ကိုမပြုပြင်နိုင်ဘဲ တကယ်ဘဝပျက်သွားတဲ့သူတွေက မကောင်းတာလုပ်ကိုင်စားသောက်ပြီး ဘဝကိုဆက် လက်ရပ်တည်နေပါတယ်။
‘ညီမက အခုမှ ၁၈ နှစ်ပါ၊ ဘယ်လို ဒီဘဝကိုရောက်လာတာလဲဆိုတော့ ပြောရရင်တော့ အရှည်ကြီးပါပဲ၊ ဆယ်တန်းကျပြီးတော ကျောင်းတစ်နှစ် နားလိုက်တယ်၊ ပြီးတော့ အမေနဲ့အတူတူအခွေရောင်းတယ်၊ အားတဲ့အချိန်ဆိုအွန်လိုင်းသုံးတယ်၊ အဲဒီတော့အဲဒီလိုပဲ စကားတွေဖောင်ဖွဲ့ဘာညာလာ ပြောပြီးခင်တယ်၊ နောက်တစ်ဆင့်ကတော့ ချစ်သူတွေဖြစ်သွားတယ်ပေါ့၊ အဲဒါနဲ့ သူခေါ်တဲ့ နောက်ကိုလိုက်သွားတော့ သူ့သူငယ်ချင်းတွေရော အကုန်လုံး ဝိုင်းဖျက်ဆီးလိုက်တာပါ၊ အမေသိတော့ မထူးဘူးဆိုပြီးလုပ်ဖြစ်သွားတာပါ၊ ဒီအလုပ်မှာလဲပျော်နေပါပြီ၊ အခုသူနဲ့ ညီမနဲ့ယူထားပါတယ်˘ လို့ အွန်လိုင်းမုဆိုးကြောင့် ဘဝပျက်ခဲ့ရသူ မမြတ်မွန်က ပြောပါတယ်။

အယုံမလွယ်ပါနဲ့
ဖေ့စ်ဘုတ်ခ်မှာ သူငယ်ချင်းတွေလက်ခံမယ်ဆိုရင် နာမည်အမှန်၊ ပုံအမှန်တင်ထားသူတွေကိုသာစိစစ်ပြီး လက်ခံသင့်ပါတယ်။ တစ်ယောက်လာအပ်ပြီ ဆိုရင် သူ့ရဲ့ wall ထဲကို အရင်ဆုံးဝင်ကြည့်သင့်ပါတယ်။

လိုက်ချောင်းနေတဲ့ အွန်လိုင်းမုဆိုးတွေက အွန်လိုင်းကိုကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးတဲ့ နယ်ကမိန်းကလေးတွေကိုအဓိကပစ်မှတ်ထားတယ်။ အရမ်းလည်လွန်းတဲ့သူတွေကိုလည်း သူတို့တွေရဲ့ ပစ်မှတ်တစ်ခုလိုသဘောထားနေတာကြောင့် မိန်းကလေးတွေဘက်က အွန်လိုင်းကို ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချတတ်ဖို့တော့ လိုအပ်ပါတယ်။

Author – လိမ္မာ

===========

Kumudra

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။