Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 16, 2017

သမီးရည်းစား တွဲတာကြာလာရင် ဘာဖြစ်လဲ

သမီးရည်းစား တွဲတာကြာလာရင် ဘာဖြစ်လဲ
-----------------------------------------------

ပထမဦးစွာ ကျမပြောလိုတာက ကျမရေးတဲ့ ဒီဆောင်းပါးဟာ မိန်းကလေးတွေကိုပဲ ရည်ရွယ်တာပါ ဆိုတာပါပဲ… ဟုတ်ပါပြီ… ဒါဆိုရင် ခေါင်းစဉ်လေးကို ဆက်ဆွေးနွေးလိုက်ကြရအောင်….
“မိန်းကလေးများ ရည်းစားတယောက်နဲ့ တွဲတာကြာလာရင် ဘာဖြစ်လဲ…”
ကျမတို့ပတ်ဝန်းကျင်မှာ သိပ်ကိုရေပန်းစားတဲ့ မေးခွန်းပါ… အားလုံးလဲ ကြားဖူးကြမှာပါ… “သူနဲ့သူကောင်လေးက တွဲတာကြာနေပြီ မယူကြဘူးလား မသိဘူး…” , “ဒီလောက်အကြာကြီးတွဲပြီးမှ ကောင်လေးက မယူဘူးဆိုတော့ သူမှာ ဘာပြစ်ချက်ရှိနေလဲမှ မသိတာ…” , “ဒီလောက်အကြာကြီးတွဲမှတော့ ဖွတ်လပွတ်ကြေနေလောက်ပြီ…”
ကျမသိပ်မုန်းတဲ့စကားတွေ… ကျမစဉ်းစားလို့မရတာတခုက လူတွေဟာ ကိုယ့်နဲ့မဆိုင်တဲ့ ကိုယ်အတွင်းကျကျမသိတဲ့ ကိစ္စတခုကို ဘာလို့အလွယ်တကူ တံဆိပ်ကပ်ချင်ကြတာလဲ… ကဲ… ကျမကို မေးပါပြီတဲ့… ကျမဖြေမဲ့ အဖြေကတော့ “မိန်းကလေးတယောက်ဟာ ရည်းစားတယောက်နဲ့ တွဲတာကြာသည်ဖြစ်စေ ၊ မကြာသည်ဖြစ်စေ ယူယူ ၊ မယူယူ ဘာမှမဖြစ်ပါဘူး….” ဘာလို့ဘာမှမဖြစ်တာလဲ… အားလုံးမှာ ကျမတို့မသိတဲ့ Behind the story တွေအများကြီးရှိပါတယ်… အများအမြင်မှာ ပျော်ရွှင်နေပေမဲ့ ကွယ်ရာငိုကြွေးနေရတဲ့ မိန်းကလေးတွေအများကြီးပါ… သူတို့ကိုလဲ အပြစ်မဆိုသာ… ဘယ်သူကကော ကိုယ့်အတွင်းအပူမှန်သမျှကို အပြင်ကိုဖြန့်ဝေနေမှာလဲ… အဲ့တော့ လူအများရှေ့မှာ ပျော်ရွှင်နေတိုင်း relationship တိုင်းဟာပျော်ရွှင်နေကြတာ မဟုတ်ပါဘူး… (တကယ်ပျော်ရွှင်နေတဲ့သူများလဲ ရှိမှာပါ…)
သေချာတာကတော့ ဘယ်မိန်းကလေးကမှ တွဲတာကြာပြီဖြစ်တဲ့ ရည်းစားကို မပြတ်ချင်ပါဘူး… ဖြစ်နိုင်ရင် ကိုယ့်ချစ်သူနဲ့ မြန်မြန်လက်တွဲချင်တာပါပဲ… လက်မထပ်သေးဘူး ၊ ဒါမှမဟုတ် လက်တွဲဖြုတ်ချင်တယ် ဆိုကတည်းက သူတို့မှာ လူတွေမသိတဲ့ မထွေးနိုင်မအံနိုင်ပြသနာတွေ ရှိနေလို့ပါ…
ဘယ်လိုပြသနာတွေလဲ…
-နောက်တယောက် ဖောက်ပြန်နေတာမျိုး
-အကျင့်မကောင်းတဲ့ယောင်္ကျားမှန်း တဖြေးဖြေး သိလာတာမျိုး
-သူမိဘဟာ ကိုယ့်ကို မကြည်ဖြူတာမျိုး
-လက်ပါတတ်တဲ့ယောင်္ကျားမှန်း သိလာရတာမျိုး
-အနာဂါတ်ဟာ မသေချာ မရေရာနေတာမျိုး
-စိတ်သဘောထားချင်းညှိနှိုင်းလို့ အဆင်မပြေသေးတာမျိုး
စသည်ဖြင့် အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်…
အပေါ်မှာပြောခဲ့တဲ့အချက်တွေထဲက တချက်လဲ ဖြစ်နိုင်သလို အကုန်လုံးလဲ ဖြစ်နိုင်ပါတယ်… ကဲ… ကျမမေးမယ်… စာဖတ်သူတွေလဲ အပေါ်မှာပြောတဲ့ အချက်တချက်နဲ့ ငြိနေတဲ့ ယောင်္ကျားနဲ့ ကြုံဆုံလာပြီထားပါတော့ … တွဲတာလဲ အချိန်တခု ကြာနေပြီပဲ ထားပါတော့ … ကဲ… အဲ့ယောင်္ကျားကိုယူမလား… ခေါင်းခါကြမယ်မဟုတ်လား… ဟုတ်တာပဲလေ… ကျမဆိုရင်လဲ ငြင်းမိမှာပဲလေ… ဘာလို့လဲဆိုတော့ ကျမတို့က မြန်မာမိန်းကလေးတွေလေ… တသက်မှာ တခါရွေးချယ်ခွင့်ရတဲ့ ယောင်္ကျားကို လက်လွှတ်စပယ် ကြံရာလူဆွဲယူလိုက်လို့ ဖြစ်မလား… အကြိမ်ကြိမ်အခါခါ လက်ထပ်တာကိုတောင် အပြစ်မမြင်တဲ့ ပတ်ဝန်းကျင်မျိုး ၊ အနောက်နိုင်ငံကြီးတွေလိုမှာတောင် လက်မထပ်ခင် သေချာအပြန်ပြန်အလှန်လှန် စဉ်းစားကြတာ… တအိမ်ထဲအတူတူအကြာကြီး အတူတူနေချင်နေပေမဲ့ လက်ထပ်ချင်မှ လက်ထပ်ကြတာလေ… တကယ်တမ်းတော့ လက်ထပ်တယ်ဆိုတာ စာရွက်တခုမှာ လက်မှတ်ထိုးလိုက်တာထက် အများကြီးပိုပါတယ်… လူနှစ်ယောက်ဟာ တဘ၀လုံးစာ စိတ်ဓါတ် ၊ အမူအကျင့် အားလုံးကို ညှိယုရတော့မယ်… အဲ့တော့ ကိုယ်လက်တွဲမဲ့သူကို စိတ်တိုင်းကျ ရှာဖွေမိတာ မှားလားရှင်… တွဲတာတော့ကြာပါပီ… ဒါပေမဲ့ မကောင်းတဲ့သူတယောက်ကို သိသိလျက်နဲ့ ဇွတ်မှိတ်ယူသင့်လား… တကယ်တော့သူတို့ဟာ သိပ်သနားဖို့ကောင်းပါတယ်… “စားရမှာလဲ သဲတလျှပ်လျှပ် ၊ ပြစ်ရမှာလဲ အဆီတ၀င်းဝင်း” ဆိုတဲ့ အဖြစ်မျိုး… တဖက်ကလဲ ကိုယ်နှစ်တွေအကြာကြီး မြှပ်နှံပြီးချစ်ရတဲ့ချစ်သူ၊ တဖက်ကလဲ ရေရှည်ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ သိနေတယ်… နောက် ပတ်ဝန်းကျင် ၊ ဆွေမျိုးအသိုင်းအ၀ိုင်း က လက်ညှိုးထိုးမှာလဲ ကြောက်ရသေး… ဘယ်လောက်များအားငယ်နေလိုက်မလဲ… ဘယ်လောက်များ ဝေခွဲမရဖြစ်နေလိုက်မလဲ… ဒီအချိန်ဟာ ဘ၀မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ချရတဲ့အချိန်မို့ အင်မတန်ကို stress များရှာမှာပါ… တချို့ဆို စိတ်ကျရောဂါတောင် ရလေရဲ့… ဘုရားမှတ်လို့ ကိုးကွယ်ကာမှ ၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရတဲ့ အဖြစ်… ကုန်သွားတဲ့အချိန်တွေကလဲ နှမြောစရာ…
အဲ့လိုကြုံနေတဲ့ညီမလေးတွေကို ကျမပြောနေကျစကားတခွန်းရှိတယ်… “ကိုယ်တွဲနေတဲ့သူဟာ မကောင်းတဲ့သူ၊ မဖြစ်သင့်တဲ့သူမှန်းသိရင် အမြန်ဆုံးလမ်းခွဲပါ… အဆုံးမရှိတဲ့လမ်းကို ၁၀လှမ်းလျှောက်မိရင် ၁၀လှမ်းစာ နောက်ပြန်ဆုတ်ရပါလိမ့်မယ်… မကောင်းတဲ့သူဟာ မကောင်းတဲ့အမူအကျင့်သာ ရှိမှာမို့ အခုလမ်းမခွဲလဲ နောင်တချိန် လမ်းခွဲရမှာပဲ… ယူပြီးကာမှ လမ်းခွဲရင် တခုလပ်ဖြစ်မယ်… ကလေးတယောက်မွေးပြီးကာမှ လမ်းခွဲရင် ကလေးအမေ တလင်ကွာ ဖြစ်မယ်… ကလေး၂ယောက်မွေးပြီးကာမှ လမ်းခွဲရင် ကလေး၂ယောက်အမေ တလင်ကွာ ဖြစ်မယ်… မကောင်းတဲ့သူဟာ တသက်လုံးကောင်းလာမှာမဟုတ်လို့ တချိန်ချိန်ခွဲကို ခွဲရမှာပဲ… အဲ့တော့ စောစောစီးစီး သိပြီး လမ်းခွဲခွင့်ရခြင်းကပဲ ကံကောင်းခြင်းလို့ မှတ်ယူလိုက်ပါ… ကုသိုလ်ကောင်းမှုများများလုပ်လို့ ၀ဋ်ကြွေးမြန်မြန်ကြေတယ်ပဲ မှတ်လိုက်ပါ…”လို့… နောက်သူတို့ ကိုယ်သူတို့ အမြဲမေးနေတဲ့ မေးခွန်းက “နောက်ထပ်တွဲတဲ့တယောက်က ဒီတယောက်ထက်ဆိုးနေရင်ဘယ်လိုလုပ်မလဲ”… ဆိုတာပဲ… ဒါဆိုလဲ ကျမပြောနေကျစကားပဲ ပြန်ပြောပါမယ်… “ကိုယ်ဟာ ၁၀၀ တန်ရင် ၁၀၀ တန် ယောင်္ကျားရပါလိမ့်မယ်… ကိုယ်ဟာ တစ်သိန်း တန်ရင် တစ်သိန်း တန်ယောင်္ကျား လာပါလိမ့်မယ်… အဲ့တော့ ပိုကောင်းတဲ့ ယောင်္ကျားကို လိုချင်ရင် ထိုင်စိတ်မညစ်ပါနဲ့… ထိုင်ဆုမတောင်းပါနဲ့… ပိုတော် ၊ ပိုလှတဲ့ မိန်းကလေး ဖြစ်အောင်ပဲ ကြိုးစားပါ…”
အမှန်တကယ်တော့ ရည်းစားသက်တမ်းကြာပြီး မယူဖြစ်သေးတဲ့အတွဲတွေမှာ လူမသိတဲ့ပြသနာကိုယ်စီ ရှိတတ်ပါတယ်… (အဆင်ပြေလျက်နဲ့ မယူသူများလဲ ရှိပါတယ်… အားလုံးကို မဆိုလိုပါ… ) မိန်းကလေးတိုင်းဟာ ရည်းစားထားမှတော့ ယူဖို့အထိပဲ ရည်ရွယ်ကြတာပါ… ဘယ်သူမှ အပျော်ရယ်လို့ မတွဲကြပါဘူး… ကံမကောင်းလိုသာ အချိန်အကြာကြီး မြှပ်နှံထားပေမဲ့ လမ်းခွဲရတာပါ… အဲ့လိုကံမကောင်းတဲ့သူတယောက်ကို အကြောင်းအရင်းသေချာမသိဘဲ ဝေဖန်နေခြင်းဟာ “ရေနစ်သူ ၀ါးထိုးကု” ဆိုသလို ဖြစ်မနေဘူးလား… အဲ့လိုဝေဖန်နေတဲ့သူတွေ ကိုယ့်ညီမ ၊ သမီးဆိုရင်ကော ဘယ်လိုအကြံညဏ်ပေးမလဲ သိချင်မိရဲ့…
ကျမဒီဆောင်းပါးကိုရေးရင်း ပုံပြင်လေးတပုဒ်ကို သွားသတိရတယ်… မျောက် ၅ ကောင်ပုံပြင်… မျောက် ၅ ကောင်ကို လှောင်အိမ်ထဲထည့်ထားတယ်… လှောင်အိမ်ထိပ်မှာ ဌက်ပျောသီးကို ချိတ်ထားတယ်… မျောက်၅ ကောင်ထဲက တကောင် ဌက်ပျောသီး ယူတာနဲ့ အောက်ကဆွဲချတယ်… အဲ့တော့ မျောက်အားလုံးဟာ ဌက်ပျောသီးကို ယုရင်ဆွဲချခံရမယ် ဆိုတာသိတော့ ဘယ်သူမှသွားမယူရဲတော့ဘူး… နောက်ရက်နဲနဲကြာတော့ မျောက်အဟောင်း ၁ကောင်ကို ထုတ်ပြီး မျောက်အသစ် ၁ကောင်ထည့်တယ်… မျောက်အသစ်က ဌက်ပျောသီးအကြောင်းမသိတော့ တက်ယူဖို့ကြိုးစားတာပေါ့… အဲ့အခါမှာတော့ အပြင်လူက ဆွဲမချတော့ဘူး… သို့ပေမဲ့ ကျန်တဲ့မျောက် ၄ကောင်က ဆွဲချတယ်… သူတို့တုန်းက ဆွဲချခံခဲ့ရတာကိုး… ဒီလိုနဲ့ ရက်နဲနဲစီခြားပြီးမျောက်တွေ ၁ကောင်ပြီး ၁ကောင်လဲလာလိုက်တာ မျောက်အဟောင်းတွေ တကောင်မှမကျန်တော့ဘဲ လှောင်အိမ်ထဲမှာ မျောက်အသစ်တွေပဲ ရှိတော့တယ်… မျောက်အသစ်တွေဟာလဲ ဌက်ပျောသီးကို ဘယ်သူယူယူ ဆွဲချနေတုန်းပဲ…
ဒီပုံပြင်လေးထဲက မျောက်တွေဟာ ကျမတို့ ပတ်ဝန်းကျင်ကသူတွေနဲ့ အတူတူပဲ… ကိစ္စတခုဟာ တကယ်မှန်ခြင်း ၊ မှားခြင်း ဝေဖန်ဆုံးဖြတ်ဖို့ထက် “ငါတို့တုန်းကလဲ ဒီလိုပဲ နေခဲ့ရတာပဲ” ဆိုတဲ့အကြောင်းပြချက်က အရာရာကို ကိုယ်လိုရာဆွဲတွေးဖို့ ၊ အတ္တ​တွေကို အရောင်တင်ပေးဖို့ ဗီတိုအာဏာပဲ… ကံလေးကောင်းပြီး လင်ကောင်းသားကောင်းရသွားသူတွေဟာလဲ ဇီးသီးသည်မဗျိုင်းလိုပဲ… ကိုယ့်တုန်းက ဘယ်လိုခံစားခဲ့ရလဲဆိုတာမေ့ ၊ ကိုယ်ချင်းစာစိတ်တွေ ပျောက်ဆုံးပြီး သူများကို လက်ညှိုးထိုးဖို့ အဆင်သင့်… မိမိနှုတ်ခမ်းဖျားမှာ သူတပါးရဲ့အရှက်သိက္ခာတွေကို လောင်းကြေးထပ်ထားတယ်ဆိုတာ မသိရော့လေလား… 😐😐😐
ကျမတို့ မိန်းမသားတွေဘ၀ကို ကျမတို့မိန်းမသားတွေကပဲတတ်နိုင်သလောက် ကယ်တင်ကြရအောင်လားနော်… 😥
တိတ်တိတ်လေးငိုနေတဲ့ မျက်ရည်တွေကို အားပေးစကားလေးတွေ ပြောပြီး သုတ်ပေးကြရအောင်လား… 😥
ပတ်ဝန်းကျင်ကို ကြောက်လို့ ၊ မိဘကိုကြောက်လို့ အရာရာကို မဆုံးဖြတ်ရဲတဲ့ ကလေးလေးတွေကို အမှောင်ထဲက ဆွဲထုတ်ကြရအောင်လား… 😥
သူတို့ရဲ့အရှေ့မှာ လှပတဲ့ကောင်းကင်ကြီးရှိတယ်ဆိုတာကို အတူတူပြသကြရအောင်လားနော်… 😥
ကျမကတော့ စာဖတ်သူညီမလေးတွေ စိတ်ချမ်းသာ၊ ပျော်ရွှင်နေရင် ကျေနပ်ပါတယ်…💓💕

ချစ်​သဉ္ဇာ
၁၆.၉.၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။